အဆီ၊ အမျှင်ဓာတ် နှင့် မရှိမဖြစ် အာဟာရများအတွက် လမ်းညွှန်ချက်
အဆီ၊ အမျှင်ဓာတ် နှင့် မရှိမဖြစ် အာဟာရများအတွက် လမ်းညွှန်ချက်
ကလေးများအတွက် မျှတသောအာဟာရက ဘာလဲလို့မေးလာရင် ဗီတာမင်နှင့် သတ္တုဓာတ်များလို့သာဖြေကြမှာပါ။ အဆီအလွန်အကျွံစားခြင်းသည် ကျန်းမာရေးနှင့်မညီညွတ်သောကြောင့် စိုးရိမ်သောမိဘများသည် ၎င်းတို့၏ကလေးများအား “အဆီမရှိ” သောအစားအစာများကိုသာ လွန်ကဲစွာကျွေးတတ်ကြသည်။ ကျန်းမာသောအဆီနှင့် အမျှင်များသည် စွမ်းအင်အတွက်မရှိမဖြစ်လိုအပ်ပြီး ဆဲလ်များကြီးထွားမှုကို ပံ့ပိုးပေးခြင်း၊ ကျွန်ုပ်တို့၏ ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ပေးခြင်း၊ အာဟာရစုပ်ယူမှုကို ကူညီခြင်း၊ ဟော်မုန်းထုတ်လုပ်ခြင်းနှင့် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို နွေးစေပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သော အဆီအစားအစာ အရင်းမြစ်များစွာရှိပြီး ထိုအဆီများကို အာဟာရဖြည်စွက် အစားအစာ ( ဥပမာ Pediasure ) ကျွေးမွေးခြင်းမှလည်းရနိုင်ပါသည်။1,8
အဆီတိုင်းက ဒုက္ခမပေးပါ။
အဆီများကို အခွံမာသီး၊ ပဲနှင့် အစေ့အဆန်များသည့်အသီးအရွက်များနှင့် အသားများမှရရှိပြီး ကျန်းမာရေးနှင့် အညီညွတ်ဆုံးအဆီကို ငါးမှရရှိပါသည်။ ထိုအစားအစာများမှ အဆီများသည် Omega 3 (α -Linolenic acid) Fatty acid, Omega 6 (Linoleic acid), decosahexaenoic acid (DHA) နှင့် Vitamin E တို့ရဲ့အဓိက အရင်းမြစ်များဖြစ်သည်။1,3 ၎င်းအဆီများသည် ကျွန်ုပ်တို့၏ ကိုယ်တွင်းအင်္ဂါများအတွက် ကူရှင်အလွှာတစ်ခုအဖြစ်ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်အတွက်လည်း စွမ်းအင်ရင်းမြစ် တစ်မျိုးဖြစ်သည်။ ကြွက်သား နှင့် အရိုးတစ်သျှူးတည်ဆောက်မှုအတွက် အရေးပါသော Vitamin A,D,E နှင့် K ကဲ့သို့သော အဆီတွင်ပျော်ဝင်နိုင်သော ဗီတာမင်များကို စုပ်ယူရန်အတွက် အဆီများကို လိုအပ်ပါသည်။ အဆီသည် ကယ်လ်ဆီယမ် ကို တိုက်ရိုက်မစုပ်ယူနိုင်သော်လည်း Vitamin D စုပ်ယူမှုကို ပိုကောင်းစေပါသည်။
အမျှင်ဓာတ်ကသင့်ကိုကူညီပေးနိုင်ပါတယ်။
အမျှင်ဓာတ်သည် အူလမ်းကြောင်းလုပ်ငန်းဆောင်တာများဖြစ်သော ဗိုက်ပြည့်ခြင်းခံစားချက်နှင့် ဝမ်းပုံမှန်သွားရန် အတွက် အရေးကြီးပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သည့် အမျှင်ဓာတ်များပါသော အစားအစာများကို စားသုံးသော ကလေးများသည် အသက်ကြီးလာသောအခါ ကိုလက်စထရောနှင့် သွေးတွင်းသကြားဓာတ်နဲ့ပတ်သက်တဲ့ ရောဂါများဖြစ်နိုင်ခြေနည်း ပါးပါသည်။ အဘယ်ကြောင့်ဆိုသော် အမျှင်ဓာတ်သည် ဂလူးကို့စ်နှင့် အဆီစုပ်ယူမှုနှေးကွေးစေပြီး အစားအလွန်အကျွံ မစားမိအောင် ကာကွယ်ပေးသောကြောင့်ဖြစ်သည်။ ကလေးများ၏ အူသည် အမျှင် ဓာတ်ကို အစားချေဖျက်ရန်အတွက် သဘာဝအတိုင်းမထုတ်လုပ်နိုင်သောကြောင့် ၎င်းတို့ကို အူအတွက်ကောင်းသော ဘက်တီးရီယားများကြွယ်ဝသော အစားအစာများ သို့မဟုတ် အချဉ်ဖောက်ထားသော အစားအစာများကို လည်း ကျွေးသင့်ပါသည်။ အမျှင်ဓာတ်သည် ၎င်းတို့အတွက် အစားအစာဖြစ်ပြီး ခန္ဓာကိုယ်မှ မကောင်းသော အရာများကို တိုက်ထုတ်ရန် စွမ်းအင်ပေးသည်။ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို ရှာဖွေရန်မခဲခက်ပဲ သင့်ကလေးသော ကြိုက်သော အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ စီရီရယ်နှင့် အစေ့အဆန်များအများစုတွင် အများအပြားပါဝင်ပါသည်။4,5
ဖြည့်စွက်စာများက ဘယ်လိုလဲ ။
ကလေးများသည် ၎င်းတို့မကြိုက်သော အရာများကို စားသုံးရန်အတွက် အရမ်းခက်ခဲပါသည်။ ထို့ကဲ့သို့သော အချိန်များတွင် အစားအစာများမှ လိုအပ်သော အာဟာရဓာတ်များကို ဖြည့်ပေးရန် အတွက် အာဟာရဖြည့်စွက်စာမျာကို ကျွေးနိုင်ပါသည်။ ကြီးထွားမှုကို ထောက်ပံ့ပေးသည့် Arginine ကဲ့သို့ အမိုင်နိုအက်စစ်များ၊ အရည်အသွေးမြင့် ပရိုတင်းများ၊ Prebiotic အမျှင်ဓာတ် FOS ( Fructooligosaccharides) အပါအဝင် မရှိမဖြစ်မဖြစ်လိုအပ်သော ဗီတာမင် နှင့် သတ္တုဓာတ် ၃၇ မျိုး ဖြင့် ဖော်စပ်ထားပါသည်။6,7 လက်တွေ့လေ့လာမှုပေါင်း ၂၀ ကျော်ဖြင့် သက်သေပြထားသော Pediasure သည် အစာချေခြင်းကို ပိုမိုကောင်းမွန်စေခြင်း၊ အစာစားချင်စိတ်ကို တိုးမြှင်ပေးခြင်းကြောင့် အစားရွေးသည့်ကလေးပင်လျှင် အကောင်းဆုံး ခန္ဓာကိုယ်ကြီးထွားမှုကို ထိန်းသိမ်းပေးနိုင်သော ပြီးပြည့်စုံပြီး မျှတသော အာဟာရဓာတ်များ ပါဝင်ပါသည်။6,8
ကောင်းမွန်သော အာဟာရစုပ်ယူမှုသည် အာဟာရဓာတ်များကို ပေးစွမ်းနိုင်သော်လည်း ကျန်းမာရေးနှင့်ညီညွတ်သော အဆီနှင့် အမျှင်ဓာတ် ကဲ့သို့သော အာဟာရများကို ထောက်ပံ့ပေးနိုင်မှုပေါ်တွင် မူတည်ပါသည်။ ကလေးများအာဟာရပြည့်ဝရန်အတွက် တတ်နိုင်သမျှထောက်ပံ့ပေးရန်မှာ မိဘများ၏ တာဝန်ဖြစ််သည်။ Pediasure သည် သင့်ကလေးအား ပျော်ရွှင်စွာ ကြီးပြင်းလာစေရန်အတွက် သင့်အားသေချာပေါက် ကူညီပေးနိုင်သော ဖြည့်စွက်အာဟာရတစ်ခုဖြစ်သည်။ Pediasure သည် သင့်ကလေးနှင့် သင့်လျော်ခြင်းရှိမရှိ သိနိုင်ရန်အတွက် ကလေးအထူးကုဆရာဝန် သို့မဟုတ် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပါ။ ကလေးအာဟာရဆိုင်ရာ အကြံပြုချက်များ သို့မဟုတ် ထုတ်ကုန်နာမူနာများကို တောင်းဆိုရန်အတွက် ယနေ့ပဲ Pediasure Myanmar သို့သွားရောက်ကြည့်ရှုပါ။8
Existing URL (If Repurposed): https://pediasuremyanmar.com/food-guide-for-healthy-nutrition/
References:
- https://kidshealth.org/en/parents/fat.html
- https://well.blogs.nytimes.com/2014/12/01/ask-well-eating-fat-to-boost-vitamin-d-and-calcium/#:~:text=The%20reason%20is%20that%20dietary,Dr.
- https://www.livestrong.com/article/13731635-foods-high-in-healthy-fat/
- https://health.clevelandclinic.org/figuring-dietary-fiber-child-need/
- https://www.webmd.com/digestive-disorders/prebiotics-overview
- Alarcon PA, et al. Clin Pediatr (Phila). 2003
- Huynh DT, et al. J Hum Nutr Diet. 2015
- https://pediasuremyanmar.com/formulation-support/
Additional Readings: