ကိုယ်အလေးချိန်လျော့နေခြင်း
သင့်ကလေသည် အခြားကလေးများနှင့်မတူဘဲ ကိုယ်အလေးချိန်လျော့နေခြင်း
ကလေးငယ်များ စားသုံးသည့်အရာများသည် ကြီးထွားနှုန်းနှင့် သင်ယူနိုင်မှုကို မြန်ဆန်စေရုံသာမက ၎င်းတို့၏ ကျန်းမာရေးအပေါ်တွင်လည်း အကျိုးသက်ရောက်မှုများ ဖြစ်စေပါသည်။ ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားသည့်ကလေးများသည် ကြီးပြင်းလာသည့်အမျှ အရပ်နှင့်ကိုယ်အလေးချိန် ပြဿနာရှိမည် မဟုတ်ပါ။ ကလေးဘဝတွင် မကြာခဏအာဟာရချို့တဲ့ခြင်းသည် ဆယ်ကျော်သက်နှင့်အရွယ်ရောက်သည့်အခါ အရိုးများ၊ ကြွက်သားများနှင့် နှလုံး တို့တွင် ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်သည်။ ကလေးများအတွက် အကောင်းဆုံးအာဟာရများကို အစားအစာနှင့် ကြီးထွားမှုအတွက် သီးသန့်အာဟာရဖြည့်စွက်စာများ (ဥပမာ PediaSure ) ပံ့ပိုးပေးခြင်းများကို မိဘများက တတ်နိုင်သမျှပံ့ပိုးပေးသင့်ပါသည်။
ကလေးများကိုယ်အလေးချိန်မပြည့်ခြင်းက ဘာလဲ။
အရိုးရှင်းဆုံးအမြင်အာရုံနှင့် မြင်နိုင်စေသောနည်းလမ်း ( အဝတ်အစားများfit ဖြစ်ခြင်း၊ နံရိုးများထွက်နေခြင်း) သည် ၎င်းတို့ကို အခြားကျောင်းသူ၊ ကျောင်းသား သူငယ်ချင်းများနှင့် နှိုင်းယှဉ်ရန်ဖြစ်သည်။ ဒုတိယနည်းလမ်းမှာ သင့်ကလေး၏ ကိုယ်အလေးချိန် (ကီလိုဂရမ်) နှင့် အရပ် (စင်တီမီတာ)ကို အတိအကျသိလိုပါက ကိုယ်အလေးချိန် (ကီလိုဂရမ်) ကိုအရပ် (စင်တီမီတာ) နှစ်ထပ်ကိန်းဖြင့် စား၍ ၁၀၀၀၀ ဖြင့်မြှောက်ပါ ( Body Mass Index = ကိုယ်အလေးချိန် (ကီလိုဂရမ်) ÷ (အရပ် (စင်တီမီတာ) x အရပ်(စင်တီမီတာ)) x 10000 ) သို့မဟုတ် ( Body Mass Index = ကိုယ်အလေးချိန် (ကီလိုဂရမ်) ÷ (အရပ် (မီတာ))2 ။ BMI ဇယားများသည် online တွင် ကြည့်ရှုနိုင်ပြီး သင့်နှစ်သက်သော ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့် သင့်ကလေးသည် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို ကြည့်ရှုပါ။ သင်ရရှိသောနံပါတ် သည် ၁၈ အောက်ဖြစ်ပါက သင့်ကလေးသည် ကိုယ်အလေးချိန်လျော့နည်းနေပါသည်။ သင်နှစ်သက်သော ဆေးဖက်ဆိုင်ရာ ပညာရှင်နှင့် စမ်းသပ်မှုအချို့ပြုလုပ်ပြီး အကြောင်းအရင်းများကိုရှာဖွေကာ ကုသမှုများပြလုပ်ပါ။
ကလေးများ၏ အရပ်အမြင့်နှင့် ကိုယ်အလေးချိန် တွင် ပြဿနာဖြစ်စေသော အကြောင်းအရင်းများ
ကိုယ်အလေးချိန်လျော့နည်းခြင်း (ကြီးထွားမှုနှေးကွေးခြင်း အကျိုးသက်ရောက်မှု) နှင့် အဝလွန်ခြင်း (အစောပိုင်းနှလုံးဆိုင်ရာပြဿနာများနှင့် ဆီးချိုသွေးချိုရောဂါ) တို့နှင့်သက်ဆိုင်သောကြောင့် အာဟာရပညာရှင်နှင့် တိုင်ပင်၍ ၎င်းတို့၏အစားအစာကို အစားအစာကို ထိန်းညှိပေးပါ။ သင့်ကလေး၏ ကိုယ်အလေးချိန်ပြဿနာများကို ဖြစ်စေသော ယေဘုယျအကြောင်းအရင်များမှာ
အစားအစာနှင့်ဓာတ်မတည့်ခြင်း သို့မဟုတ် အစာကြေးများခြင်း – ၎င်းသည် အသွင်အပြင်၊ အနံ့နှင့် အမြင်အာရုံဆွဲဆောင်မှုများဖြင့် အာဟာရကြွယ်ဝသောအစားအစာများကို ကန့်သတ်ထားပြီး ကယ်လိုရီလုံလောက်စွာ ရရှိရန်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ မရှိမဖြစ်လိုအပ်သသော အာဟာရဓာတ်များကို ချို့တဲ့သောအခါ ခန္ဓာကိုယ်မှ အဆီ၊ ကာဗိုဟိုက်ဒရိတ်နှင့် ကယ်လိုရီများကို လောင်ကျွမ်းစေသည့် နည်းလမ်းများကို ပြောင်းလဲနိုင်သည်။
အစာခြေခြင်းဆိုင်ရာ ပြဿနာများ – အူသိမ် အူမများမအီမသာဖြစ်ပါက အာဟာရစုပ်ယူရာတွင် မလုံလောက်သောကြောင့် အစာစားသော်လည်း ကိုယ်အလေးချိန် ပြဿနာများ ဖြစ်ပေါ်စေပါသည်။
မိဘများ အကျပ်ရိုက်ခြင်း – သင့်ကလေးအား တစ်ခုခုစားနေသရွေ့ မည်သည့်အစားအစာမဆို စားခွင့်ပေးခြင်းသည် ၎င်းတို့အား အာဟာရချို့တဲ့သော အစားအစာများဖြင့် ပြည့်စေနိုင်သည်။ တစ်ဖက်တွင် ကယ်လိုရီများသော သကြားလုံးများ၊ ကိတ်မုန့်များ နှင့်အဆီများသော အစားအစာများကို ကျွေးခြင်းဖြင့် ကိုယ်အလေးချိန်တတ်စေရန် တွန်းအားပေးသောကြောင့် ကလေးဘဝတွင် အဝလွန်ခြင်းကို ဖြစ်စေနိုင်သည်။
ကျန်းမာရေးနှင့်ညီညွတ်သောကိုယ်အလေးချိန်တတ်လာစေရန် ဘယ်လိုပြုလုပ်ရမလဲ
ကလေးအာဟာရပညာရှင်တစ်ဦးသည် အစားအစာများကို ငြီးငွေ့ခြင်းနှင့် အာဟာရချို့တဲ့ခြင်းများကို ကာကွယ်ရန်အတွက် သင့်လျော်သောအစားအသောက်အစီအစဉ်များကို ပံ့ပိုးပေးနိုင်သည်။
၁။ ကြီးထွားမှုတိုးတတ်သည့် ဇယားကို တိုင်ပင်ပါ။
၂။ အစာစားချင်စိတ်ကို တိုးပွားစေသော ကိုယ်လက်လှုပ်ရှားမှုများကို အားပေးပါ။
၃။ ကလေးအား အသက်အရွယ်အလိုက် သင့်လျော်သော အစားအစာကို ကျွေးပါ။ ကျန်းမာသော အစားအစာပန်ကန်ပုံစံ ( ပရိုတင်း ¼ ၊ ကစီဓာတ်နှင့် အစေ့အဆန်များ ¼ ၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ ½)
၄။ ညစာအချိန်ဇယားအတိုင်းထား၍ အိပ်ရာဝင်ခါနီးတွင် သရေစာထပ်ထည့်ပါ။ (ဥပမာ Pediasure ၁ ခွက် = ၅ ဇွန် ( ၄၈.၆ ဂရမ်) အမှုန့် + ရေ ၁၉၀ မီလီလီတာ = ၂၂၅ မီလီလီတာ တစ်ခွက်)
ကလေးတစ်ဦးသည် နေ့စဉ် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ ၅ ခါ၊ အာလူးနှင့် ဂျုံကဲ့သို့သော ကစီဓာတ်ရှိသည့် အသီးအနှ့များ သို့ဟုတ် အစေ့အဆန်များကို အမြောက်အများ စားသုံးပေးသင့်သည်။ ဖြည့်စွက်စာများသည် ဗီတာမင်နှင့် သတ္တုဓာတ်များပါရှိပြီး ကြီးထွားမှုကို ထောက်ပံ့ပေးကာ အစားအစာများမှ လိုအပ်သော အာဟာရများကို ဖြည့်ဆည်းပေးပါသည်။ Pediasure 3+ သည် ကလေးများအတွက် ကောင်းမွန်သော အာဟာရအထောက်အပံ့တစ်ခုဖြစ်သည်။ ပရိုတင်း၊ ဗီတာမင် D ကယ်လ်စီယမ်၊ ဗီတာမင် E တို့ပါဝင်သည့် ကြီးထွားမှုကို အထောက်အကူပြုသော အရေးကြီးသည့် အာဟာရ ၃၇မျိုးဖြင့် သိပ္ပံနည်းကျ ဖော်စပ်ထားသောကြောင့် သင့်ကလေးသည့် ကြီးထွားဖွံ့ဖြိုးမှုကို အမှီလိုက်ကာ ပြည့်စုံသောဘဝနေထိုင်ရန် အထောက်အပံ့ရရှိနိုင်မည်ဖြစ်သည်။ နောက်ထပ်အချက်လက်များနှင့် နာမူနာများအတွက် ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်ခြင်းသို့မဟုတ် Pediasure Myanmar တွင် ဝင်ရောက်လေ့လာပါ။
References:
- https://health.clevelandclinic.org/dietitians-best-advice-child-underweight/
- https://health.clevelandclinic.org/whats-a-healthy-bmi/
- https://www.nhs.uk/live-well/healthy-weight/childrens-weight/underweight-children-6-12-advice-for-parents/
- https://thenourishedchild.com/feeding-skinny-kid/
- https://abbottfamily.com.sg/products/page/pediasure
- https://abbottfamily.com.sg/articles/science/complete-nutrition
Supplemental Reading:
- https://pediasuremyanmar.com/choosing-the-right-milk/
- https://www.eatright.org/health/wellness/your-overall-health/safe-weight-gain-tips-for-underweight-kids
- https://www.morefm.co.nz/home/trending/2020/03/these-are-the-foods-that-fussy-eaters-hate-eating-the-most.html