ဖျားလွယ်သော ကလေးများတွင် ဖြစ်နေကျ ကြီးထွားဖွံ့ဖြိုးမှု ပြဿနာများ
ဖျားလွယ်သော ကလေးများတွင် ဖြစ်နေကျ ကြီးထွားဖွံ့ဖြိုးမှု ပြဿနာများ
ကောင်းမွန်သော ကိုယ်ခံအားစနစ်သည် ကလေးငယ်များကြီးထွားမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မကြာခဏ ဖျားနာမှု ကာလများ လျော့နည်းသွားခြင်းသည် ကလေးငယ် ကြီးထွားဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို တိုးပွားလာစေပါသည်။ အစားအစာမှ ရရှိသော အာဟာရဓာတ်များသည် အူလမ်းကြောင်းဆိုင်ရာ microbiome များကို ထောက်ပံ့ပေးနိုင်ပြီး ရောဂါ ပိုးများကို ပြန်လည် တိုက်ထုတ်နိုင်ပြီး ခုခံအားစနစ်ကို ကောင်းမွန်စေသည်။ အာဟာရ ပြည့်စုံ မျှတစွာ ပါဝင်တဲ့ အစားအစာများဖြင့် ထောက်ပံ့ပေးခြင်းနှင့် Pediasure 3+ ကဲ့သို့သော ကလေးအာဟာရဖြည့်စွက်စာများဖြင့် ဖြည့်စွက်ပေးခြင်းသည် ကလေးများအတွက် မှန်ကန်သော ကြီးထွားဖွံ့ဖြိုးမှုလမ်းကြောင်းကို ကူညီဖော်ဆောင်ပေးပါသည်။ 4, 7
ကိုယ်ခံအားစနစ်သည် အဘယ်ကြောင့် အရေးကြီးပုံ (သို့) ကိုယ်ခံအား စနစ်ရဲ့ အရေးကြီးပုံ
ကိုယ်ခံအားစနစ်သည် ကိုယ်အင်္ဂါများ၊ တစ်ရှူးများနှင့် ဆဲလ်များ၏ လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင် ဖို့ ကာကွယ်ပေးနေသော အရေးကြီးတဲ့ စနစ်တစ်ခုဖြစ်သည်။4 ထို့ကြောင့် ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးရန် စွမ်းအင်နှင့် အာဟာရဓာတ် အမြောက်အများလိုအပ်ပါသည်။ ကလေးတစ်ယောက်သည် အာဟာရဓာတ် လုံလုံလောက်လောက်မရခဲ့လျှင် ကြီးထွားမှု နှောင့်နှေးသွားနိုင်သည်။ ထို့အပြင် ကလေး၏ ခန္ဓာကိုယ်တွင်းသို့ မကြာခဏ ရောဂါပိုးဝင်ခြင်းကြောင့် နာတာရှည် ရောင်ရမ်းမှုကို ခံစားနိုင်ရပြီး ထိုအခါ ခန္ဓာကိုယ်၏ အာဟာရဖြန့်ဖြူးနိုင်စွမ်းကို လျော့နည်းစေသည်။
မကြာခဏ ရောဂါ ပိုးဝင်ရောက်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ကြောင့် မောပန်းနွမ်းနယ်ခြင်း၊ အဖျားတက်ခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ အဆစ်အမြစ်များ ရောင်ရမ်းနာကျင်ခြင်း၊ ပါးစပ်အတွင်း အနာပေါက်ခြင်း၊ ဗိုက်နာခြင်း တို့ကို ဖြစ်စေသည်။ ၎င်းတို့ကြောင့် အစားအစာများကို စားသောက်ဖို့ မသက်မသာ ဖြစ်စေကာ အစာစားချင်စိတ်ကို ပျောက်ကွယ်စေသည်။ ဤရောဂါဝေဒနာများကြောင့် ကြီးထွားမှုဖြစ်စဉ် နှောင့်နှေးစေကာ ကလေးကြီးထွားဖွံ့ဖြိုးမှုအပေါ် သိသိသာသာ သက်ရောက်မှုဖြစ်စေသည်။1
အလေ့အထ ပြောင်းလဲခြင်းများဖြင့် ထောက်ပံ့ခြင်း
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်သည် ဆိုသော်ငြားလည်း
စိုးရိမ်ပူပန်လွန်းခြင်းသည် မလိုလားအပ်သော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်ကို သတိချပ်ရန် လိုအပ်သည်။ သင်တို့၏ကလေးငယ်များကို အပြင်ဘက်တွင် ထွက်ကစားစေခြင်းနှင့် ပြင်ပပတ်ဝန်းကျင်နှင့် ထိတွေ့စေခြင်းသည် ကိုယ်ခံအား ခုခံမှုတည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေသည်။ (နေရောင်ခြည်နှင့် ထိတွေ့ခြင်းသည် ဗီတာမင် ဒီ ကိုရစေသည်။ ၎င်းဗီတာမင် ဒီ သည် ကိုယ်ခံအားစနစ် တည်ဆောက်ရာတွင် အထောက်အပံ့ဖြစ်စေသော အရေးကြီးသည့် နေရာမှပါဝင်သည်)။ သို့သော် အပြင်မှ ပြန်လာပြီးတိုင်း၊ ရေချိုးခန်းအိမ်သာ အသုံးပြုပြီးတိုင်းနှင့် အစားမစားမီအချိန်တိုင်း အညစ်အကြေးနှင့် ပိုးမွှားများ ကင်းစင်စေဖို့အတွက် သင့်ကလေး၏လက်များကို သေချာစွာဆေးကြောပြီး ရေချိုးပေးရန်လိုအပ်ပါသည်။3
မှန်ကန်သောအာဟာရဖြင့် ထောက်ပံ့ခြင်း
မိသားစုတစ်ခုလုံး ကျန်းမာနေစေရန်အတွက် ကလေးနှင့် မိဘတို့ကိုယ်တိုင် ကျန်းမာစေနိုင်သော ကိုယ်ခံအား မြှင့်တင်ပေးသည့် အစာစားသောက်မှု ပုံစံတစ်ခု ရှိမရှိကို မိဘများက တွေးတောတတ်ကြသည်။ ပုံမှန်အားဖြင့် ထိုအစာစားသောက်မှုပုံစံ ရှိသော်လည်း အူလမ်းကြောင်းအတွင်းရှိ မိုက်ခရိုဘိုင်အိုမီး စနစ်သည် ရှုပ်ထွေးသောကြောင့် သတ်မှတ်ထားသော ပုံစံတစ်ခုအနေဖြင့် ရှိနေခြင်းမဟုတ်ပဲ အစာစားသောက်ပုံ စနစ်ကြီး တစ်ခုအနေဖြင့် ရှိနေခြင်းဖြစ်သည်။5 မျှတသော အစာအာဟာရသည် စွမ်းအင်အဆင့်ကို တည်ငြိမ်စေရုံသာမက ကလေးငယ်များအား အာဟာရဓာတ် ကောင်းစွာထောက်ပံ့ထားနိုင်လျှင် အရွယ်ရောက်လာသောအခါ ကျန်းမာရေးနှင့်ပတ်သက်သော ပြဿနာများ ဖြစ်ပေါ်စေနိုင်မှု အလားလာ လျော့နည်းစေပါသည်။ အစားအစာများ၊ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် ဗီတာမင် စီ ကြွယ်ဝသော အစေ့အဆန်များကို မျှတစွာ ကျွေးသင့်သည်။ ဗီတာမင် စီသည် ကိုယ်ခံအား ဆဲလ်များမှ ထုတ်ပေးသော ကိုယ်ခံအားကို တိုးတတ်စေသကဲ့သို့ ဇင့်ဓာတ်သည်လည်း ရောဂါကူးစက်ခံရပြီးနောက်ပိုင်း မြန်မြန်ဆန်ဆန် ပြန်လည်ကျန်းမာလာအောင် ကူညီပေးသည်။ ငှက်ပျောသီးများနှင့် ကညွှတ်ကဲ့သို့သော အစားအစာများသည် ပရိုဘိုင်အော့တစ် ဘက်တီးရီးယားများ ( အကျိုးပြု ဘက်တီးရီးယား)က ၎င်းတို့၏လုပ်ငန်းများကို ဆောင်ရွက်ရန် အသုံးပြုရသော ပရီဘိုင်အော့တစ် အမျှင်များကြွယ်ဝသည်။4
ကလေးငယ်များသည် အစားရွေးခြင်း (သို့) အစားကြေးများခြင်း၊ အာရုံကြောဆိုင်ရာ ပြဿနာများ သို့မဟုတ် ဓာတ်မတည့်မှုများကြောင့် အစားအသောက် စားသောက်ပုံစံ ပြောင်းသွားနိုင်ပြီး မိဘများအနေဖြင့် ထပ်တိုးအာဟာရ အထောက်အပံ့များကို ကလေးအာဟာရ ဖြည့်စွက်စာများမှတစ်ဆင့် ရှာဖွေရယူသင့်သည်။ ဥပမာ Pediasure 3+ ကလေးအာဟာရဖြည့်စွက်စာသည် မိဘများအတွက် ယုံကြည်စေနိုင်သော ထုတ်ကုန်တစ်ခုဖြစ်သည်။ Pediasure 3+ တွင် မရှိမဖြစ်အရေးပါသော အာဟာရဓာတ် ၃၇မျိုးနှင့် ပရိုဘိုင်အော့တစ်နှင့် ပရီဘိုင်အော့တစ်တို့ကို ထူးခြားပေါင်းစပ်ထုတ်လုပ်ထားသဖြင့် ကလေးငယ်များ၏ ကိုယ်ခံစွမ်းအားကို တိုးတက်စေရန် အကူအညီပေးနိုင်ပါသည်။ ဖျားနာမှု ကာလများ လျော့နည်းသွားခြင်းသည် ကြီးထွားဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို တိုးလာစေသည်။ အခုပဲ Pediasure Myanmar website သို့ ဝင်ရောက်ပြီး Pediasure 3+ နမူနာ ရယူလိုက်ပါ။ 6, 7
References:
- https://www.pnas.org/doi/10.1073/pnas.1717522115
- https://www.nature.com/articles/s41577-019-0159-y#:~:text=Mounting%20an%20immune%20response%20against,requires%20mobilization%20of%20stored%20fuels.
- https://www.health.harvard.edu/blog/6-reasons-children-need-to-play-outside-2018052213880
- https://nutricia.com.au/aptamil/parents-corner/nutrition-essentials/importance-nutrition-growth-immunity/
- https://www.hsph.harvard.edu/nutritionsource/nutrition-and-immunity/
- https://pediasuremyanmar.com/formulation-support/
- https://abbottfamily.com.sg/products/page/pediasure
^^ Alarcon PA, et al. Clin Pediatr (Phila). 2003
Additional Readings: