ကလေးများအတွက် အစာပိရမစ် (Food Pyramid)

ကလေးတစ်ယောက်၏ ပထမဆုံးသော ၅ နှစ်တာကာလပတ်အတွင်း အာဟာရမည်မျှရရှိမှုနှင့် ကြီးထွားဖွံ့ဖြိုးမှုသည် ၎င်းတို့ အသက်ကြီးလာသည့်အခါ ကြီးထွားဖွံ့ဖြိုးမှုနှုန်းကို တိုင်းတာနိုင်သည့် အချက်တစ်ခုအဖြစ် အသုံးချနိုင်သည်။ မိဘများအနေဖြင့် မိမိကလေး အရပ်ရှည်စေရန်အတွက် နို့ နှင့် ကယ်လ်စီယမ်ဓာတ်များသော အစားအစာများကို အမြောက်အများကျွေးရန် တွေးခေါ်တတ်ကြသော်လည်း အစာအုပ်စုစုံလင်စွာ ကျွေးခြင်းသည် အာဟာရပြည့်ဝစေရန် မှန်ကန်သောနည်းလမ်းဖြစ်သည်။ အကယ်၍ သင်၏ကလေးသည် အစားများများစားသော်လည်း ခန္ဓာကိုယ် ဖွံ့ဖြိုးမှု နှေးကွေးနေသည့် အကြောင်းအရင်းကို သင် စဉ်းစားနေပါက သူ၏အစားအသောက်ပုံစံကို ပြန်လည် ဆန်းစစ်ကြည့်ရန် လိုပြီဖြစ်သည်။ အာဟာရပုံစံ သို့မဟုတ် အာဟာရလမ်းကြောင်းဟုလည်း သိကြသော အစားအစာ ပိရမစ်သည် ကောင်းမွန်သော ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် အစားအသောက်ပုံစံကို ဖော်ပြပေးသည်။ အစာအုပ်စုစုံလင်စွာ ကျွေးခြင်းသည် သော့ချက်တစ်ခုဖြစ်ပြီး တစ်ခါတစ်ရံတွင် သင့်ကလေး၏ ဆရာဝန် ညွှန်းသော ဖြည့်စွက်စာ ( ဥပမာ – Pediasure ) တို့ကို ဖြည့်စွက် တိုက်ကျွေးရန် လိုအပ်ပါသည်။1

အခြေခံ အစားအစာ ပိရမစ် ပုံစံက ဘယ်လိုရှိသလဲ

အစားအစာပိရမစ်၏ ပုံစံသည် ဒေသနှင့် ရိုးရာပုံစံ အပေါ်ကို မူတည်၍ ပြောင်းလဲနိုင်သော်လည်း ၎င်းတို့အားလုံးတွင် အသီးများ၊ အရွက်များ၊ အစေ့အဆံများ၊ ပရိုတိန်း နှင့် နို့ထွက်ပစ္စည်းများဟူ၍ အဖွဲ့ ငါးဖွဲ့ ပါဝင်သည်။ အပေါ်မှအောက်သို့ဖြစ်စေ အခြားပုံစံဖြင့်ဖြစ်စေ ပိရစ်မစ်၏ ကျဉ်းသောအပိုင်းတွင်ပါဝင်သော အစားအစာများသည် အနည်းငယ်သာ စားရမည်ဟုဖော်ပြပြီး ပိုကျယ်သောအစာအဖွဲ့မှ အစားအစာများသည် ပိုမိုစားသောက်ပေးရမည့် အစားအစာများဟု ဖော်ပြသည်။ ပုံမှန်အားဖြင့် စီရီရယ်၊ အစေ့အဆံများနှင့် သစ်စေ့များသည် လုံလောက်ရုံသာ စားရမည်ဖြစ်ပြီး အသီးနှင့်အရွက်များသည် အများအပြား သို့မဟုတ် ဆန်ထက်ပို၍စားပေးရမည်ဖြစ်သည်။ အသားနှင့် နို့ထွက်ပစ္စည်းများကို သင့်ကလေး၏ အစားအသောက်ပုံစံတွင် အနည်းငယ်ပါဝင်ရမည်ဖြစ်ပြီး အဆီ၊ သကြား၊ ဆားနှင့် အသင့်ထုပ်ပိုးထားသော အစားအစာများကို သရေစာအဖြစ် သို့မဟုတ် အနည်းငယ်သာကျွေးသင့်ပါသည်။1, 2, 3

 

အစားအစာပိရမစ်သည် အရာအားလုံး၏ အစသာဖြစ်သည်

အကယ်၍ မိဘများအနေဖြင့် ကလေးအရပ်ရှည်လာရမည့်အစား အလေးချိန်တိုးလာခြင်းမည်ကို စိတ်ပူနေပါက ကလေးကြိုက်သော အစားအစာများကို လျှော့ကျွေးခြင်းထက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်စေခြင်းက ပို၍ အထောက်အကူဖြစ်စေပါသည်။ အားလပ်ရက်များတွင် လေ့လာရေးခရီးသွားစေခြင်း၊ ကျောင်းတက်ရက်များတွင် အားကစားပွဲများ သို့မဟုတ် ထိုကဲ့သိုသော လှုပ်ရှားမှုများတွင် ပါဝင်စေခြင်း နှင့် တစ်ရက်လျှင်အနည်းဆုံး တစ်နာရီခန့် အပြင်ထွက်၍ ကစားစေခြင်းများ ပြုလုပ်ပေးရပါမည်။1

အစားအစာပမာဏထက် အရည်အသွေးကို ထိန်းချုပ်ခြင်းသည် အရေးပါသည်။ အကယ်၍ကလေးသည် မကောင်းသော အစားအသောက်ပုံစံရှိပါက မိဘထံမှအတုယူခြင်းကြောင့်ဖြစ်သည်။ သင်ကြိုက်သော သို့မဟုတ် မကြိုက်သော အစားအစာများကို ကလေးအား အတင်းကျွေးပါက အာဟာရချို့တဲ့တတ်ပါသည် (ဥပမာ – သတ်သတ်လွတ် စားစေခြင်းကြောင့် ဗီတာမင် B12 ချို့တဲ့ခြင်း၊ အကြောင်းမှာ ၎င်းသည် အသားမှရသောကြောင့်ဖြစ်သည်)။ ကာဗွန်ဟိုက်ဒရိတ်ပါဝင်သော အစားအစာများကိုလည်း ဂရုစိုက်ရမည်။ အကြောင်းမှာ ၎င်းတို့သည် ပမာဏ တူညီစွာ ထုတ်လုပ်ထားခြင်းမဟုတ်သော ကြောင့်ဖြစ်သည်။ သင်၏ကလေးကို လတ်ဆတ်သန့်ရှင်းသော သဘာဝအစားအစာများနှင့် ပြုပြင်ပြောင်းလဲထားခြင်းမရှိသော အစားအစာများမှရသော ကျန်းမာရေးနှင့်ညီသည့် ကာဗွန်ဟိုက်ဒရိတ်များကို ကျွေးရမည်ဖြစ်သည်။ ထိုအစားအစာများတွင်သာ အာဟာရဓာတ် ပိုမိုပါဝင်သောကြောင့်ဖြစ်သည်။ ထိုအစားအစာများတွင် တိုက်ဆိုင်စွာဖြင့် အမျှင်ဓာတ် အမြောက်အများပါဝင်သောကြောင့် သင့်ကလေး၏အလေးချိန်ကို ထိန်းနိုင်ပြီး ခန္ဓာကိုယ်ကို အချိန်ကြာကြာ ပြည့်ဖြိုးစေပါသည်။1, 3

အစားအစာပိရမစ်ကို ပန်းကန်တစ်ပြားစာအတွက် အသီးနှင့် အရွက်များက ၅၀% ကာဗွန်ဟိုက်ဒရိတ်နှင့် အစေ့အဆန်များက ၂၅% နှင့် ပရိုတိန်း ကျန်းမာရေးနှင့်ညီသော အဆီ ၂၅% ပါဝင်သော ကျန်းမာသည့် စားပွဲသဘောတရားနှင့် ပေါင်းစည်းနိုင်ပါသည်။ တစ်ရက်စာအတွက် အစေ့အဆံနှင့် ကာဗွန်ဟိုက်ဒရိတ်ကို တစ်ခါပြင် ၃ ပွဲမှ ၅ ပွဲ၊ အသီးနှင့် အရွက်များကို တစ်ခါပြင် ၂ ပွဲ၊ အသား တစ်ခါပြင် ၂ ပွဲ နှင့် နို့ထွက်ပစ္စည်း သို့မဟုတ် နို့နှင့်ဆက်စပ်သော အစားအစာများ တစ်ခါပြင်စာ ၁ ပွဲတို့ ကျွေးမွေးသင့်ပါသည်။3,4 သို့သော် ကလေးများသည် အစားရွေးတတ်သောကြောင့် မိဘများမှ အာဟာရဓာတ်ကို ထောက်ပံ့ပေးရန်လိုအပ်ပါသည်။ ဥပမာအနေနဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ကူညီထောက်ပံ့ပေးတဲ့ PediaSure ကို ဖြည့်စွက် တိုက်ကျွေးနိုင်ပါသည်။ ဗီတာမင်နှင့် သတ္တုဓာတ် ၃၇မျိုး သင့်တင့်မျှတစွာ ပါဝင်ကာ အရိုးတည်ဆောက်မှုအတွက်အထောက်အကူပြုသော ကယ်လ်ဆီယမ်၊ ဗီတာမင် ဒီ၊ ဗီတာမင် ကေ နှင့် ကျန်းမာရေးအတွက်ကောင်းမွန်စေသော အဆီများအပါအဝင် ကြွက်သားများ သန်မာစေရန် ပရိုတိန်း၃ဆ ပါဝင်သော အထူးဓာတ်ပေါင်းများလည်း ပါဝင်ပါသည်။ သင့်ကလေးဆရာဝန်၏ ညွှန်ကြားချက်ဖြင့် Pediasure ကို အစားအစာနှင့် တွဲဖက်၍သော်လည်းကောင်း ဖြည့်စွက်စာအနေဖြင့်သော်လည်းကောင်း သင့်ကလေးကို အာဟာရဓာတ်ပြည့်ဝစေပြီး ကောင်းမွန်သော ကြီးထွားဖွံ့ဖြိုးမှုကို ရရှိစေနိုင်ပါသည်။1, 5

References:

  1. National Institute of Nutrition ICMR. Dietary Guidelines for Indians – A Manual.; 2011.
    https://www.nin.res.in/downloads/DietaryGuidelinesforNINwebsite.pdf endorsed by Food and Agriculture Organization of the United Nations
  2. https://www.fao.org/nutrition/education/food-dietary-guidelines/regions/countries/thailand/en/
  3. https://www.fao.org/3/as979e/as979e.pdf
  4. https://www.healthhub.sg/live-healthy/578/A%20Healthy%20Food%20Foundation%20-%20for%20Kids%20and%20Teens
  5. https://pediasuremyanmar.com/formulation-support/

Additional Readings:

  1. World Health Organization. Healthy Diet Fact Sheet No. 394. September 2016. https://www.who.int/elena/healthy_diet_fact_sheet_394.pdf. Accessed October 7, 2016.
  2. U.S. Department of Health and Human Services and U.S. Department of Agriculture. 2015 – 2020 Dietary Guidelines for Americans. 8th Edition. December 2015. https://health.gov/sites/default/files/2019-09/2015-2020_Dietary_Guidelines.pdf. Accessed October 7, 2016