မိဘများသိထားသင့်သော ကလေးများတွင်အဖြစ်များသည့် ရောဂါများနှင့် ၎င်းတို့၏ကွာခြားချက်များ
မိဘများသိထားသင့်သော ကလေးများတွင်အဖြစ်များသည့် ရောဂါများနှင့် ၎င်းတို့၏ကွာခြားချက်များ။
ကလေးများ၏ခန္ဓာကိုယ်များသည် အာရုံခံစားမှု၊ အရသာခံစားမှု အသစ်များနှင့် လိုက်လျောညီထွေမှုဖြစ်အောင် နေပြီး ကိုယ်ခံအားစနစ်ကို တည်ဆောက်ကြသည်။ ထိုအခြေအနေမျိုးတွင် မိဘများသည် မိမိတို့၏ကလေးများကို ဖျားခြင်း မဖြစ်စေချင်ပါ။ ယေဘုယျအားဖြင့် ကျန်းမာစေသောအခြေခံအာဟာရများနှင့် ကာကွယ်စောင့်ရှောက်မှုများသည် တုပ်ကွေးဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်းနှင့် အော့အန်ခြင်းနှင့် သာမန်ဖျားနာမှုများကြောင့် ကလေးများကို ပြန်လည်သက်သာလာစေရန် သို့မဟုတ် ထိခိုက်မှုများကို နည်းပါးစေပါသည်။ တစ်ခါတစ်ရံတွင် အချို့ရောဂါများသည် အလားတူလက္ခဏာများပြသနိုင်ပြီး မိဘများကို ပြောပြရန်ခက်ခဲပါသည်။ ထို့ကြောင့် ပိုမိုသေချာစွာကုသမှုခံယူနိုင်ရန် ဆရာဝန်ထံ သွားရောက်ပြသရန် အကြံပြုထားသည်။ လတ်ဆတ်သောအစားအစာများ၊ ကြိုတင်ကာကွယ်စောင့်ရှောက်မှုနှင့် Pediasure 3+ ကဲ့သို့သော ကိုယ်ခံအားကိုထောက်ပံ့ပေးသည့် အာဟာရဖြည့်စွက်စာများကို ကျွေးခြင်းဖြင့် ကလေးများအား ပြီးပြည့်ပြီး မျှတသောအာဟာရဖြင့် ကြီးထွားလာစေရန် ကူညီပေးနိုင်ပါသည်။
တုပ်ကွေးနှင့် အအေးမိခြင်း
လည်ချောင်းနာခြင်း၊ နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်းတို့သည် နှစ်မျိုးလုံးတွင် အဖြစ်များပါသည်။ ကွာခြားချက်မှာ စတင်ဖြစ်ပွားခြင်းနှင့် ပြင်းထန်မှုဖြစ်သည်။ အအေးမိခြင်းသည် ရက်အနည်းငယ်ကြာပြီးနောက် နှာရည်ယိုခြင်း သို့မဟုတ် နှာရည်ယိုခြင်းမှ ရပ်သွားလေ့ရှိပြီး ဖျားနာခြင်းမှာရှားပါသည်။ တုပ်ကွေးရောဂါအတွက် လက္ခဏာများသည် ပိုမိုပြင်းထန်လာပြီး စတင်ဖြစ်ပွားသည်နှင့် ဆက်တိုက်ဆိုသလို ကြွက်သားနာကျင်ခြင်း၊ ကြွက်တတ်ခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အဖျားတတ်ခြင်းတို့ဖြစ်စေသည်။ ရောဂါလက္ခဏာများသည် ပိုမိုပြင်းထန်ပြီး ပင်ပန်းနွမ်းနယ်လာကာ အနည်းဆုံးတစ်ပတ်ကြာသည့်အချိန်တွင် တုပ်ကွေးသည် အဆုပ်ရောင်ရောဂါကဲ့သို့ ပိုမိုပြင်းထန်သည့် နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ပြုစုခြင်း – ၎င်းတို့၏ကိုယ်အပူချိန်ကို စောင့်ကြည့်ပါ။ သာမန်အအေးမိခြင်းသည် ကိုယ်အပူချိန် ၁၀၁ F (38 C) အထက်ဖြစ်ခြင်းမှာရှားပါသည်။ သင့်ကလေးကို လူများသောနေရာများနှင့် တတ်နိုင်သမျှ ဝေးဝေးတွင်ထားကာ များများအနားယူခိုင်းပါ။ အရည်များများပါသောအရာများကျွေးခြင်း၊ စွပ်ပြုတ်ပူပူ၊ နွားနို့ပူပူ သို့မဟုတ် အခြားရွေးချယ်စရာများ ( ဥပမာ Pediasure) ဗီတာမင် စီကြွယ်ဝသော ဟင်းသီးဟင်းရွက်များ နှင့် သစ်သီဝလံများ နှင့် ခန္ဓာကိုယ်ကိုက်ခဲမှုများ ကိုသက်သာစေရန် ရေနွေးအိတ်ကပ်၍ နှိပ်နယ်ပေးပါ။
ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းနှင့် အော့အန်ခြင်း
ဤလက္ခဏာ၂ မျိုးလုံးသည် တုပ်ကွေး၏ ညွှန်ပြချက်တစ်ခုဖြစ်နိုင်သောကြောင့် သေချာစွာသိရှိရန် သင့်ကလေး၏ ကိုယ်အပူချိန်ကို ယူ၍ အခြားအဖြစ်များသော တုပ်ကွေးလက္ခဏာမျာကို ရှာဖွေပါ။ တစ်နည်းအားဖြင့် အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများသည် မသန့်ရှင်းသောအစားအစာများနှင့်သောက်စရာများကြောင့် ညစ်ညမ်းမှုများကို ဖြစ်စေပြီး အီကိုလီ၊ ကပ်ပါးပိုးများ သိုမဟုတ် အစာအဆိပ်သင့်စေသောပိုးများ ကိုဖြစ်စေပါသည်။ သို့သော်လည်း အစားအသောက်နှင့် ဓာတ်မတည့်ခြင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။
ပြုစုခြင်း – ဝမ်းလျှောခြင်း သို့မဟုတ် အော့အန်ခြင်းသည် ရေဓာတ်ခန်းခြောက်စေနိုင်သောကြောင့် သင့်ကလေးကို ရေဓာတ်ကောင်းစွာပြည့်ဝအောင်ထားပါ။ အဖက်များသည် စားသုံးနိုင်ရန်ခက်ခဲသောကြောင့် ရိုးရိုးဆန်ပြုတ် သို့မဟုတ် အရသာနည်းငယ်ထည့်ထားသော ဆန်ပြုတ် သို့မဟုတ် ပေါင်မုန့်တို့သည် အစာကြေလွယ်စေပါသည်။
ကြိုတင်ကာကွယ်ခြင်း – အစာမစားမီ လက်ဆေးခြင်း၊ ဖျားနည်သည်ဟုသင်သံသယရှိသူများနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကလေးများ ပါးစပ်ထဲသို့ ညစ်ညမ်းစေမည့်အရာများကို မထည့်မိစေရန် တားဆီးပေးခြင်းသည် ရောဂါအများစုကို ကာကွယ်ပေးပါသည်။ ကျန်းမာခန္ဓာကိုယ်သည် ရောဂါပိုးများကို ခုခံကာကွယ်ရာတွင် ပိုမိုကောင်းမွန်သောကြောင့် Pediasure 3+ ကဲ့သို့သော ကိုယ်ခံအားကို ပံ့ပိုးကူညီပေးသည့် အာဟာရဖြည့်စွက်စာများသည် ကူညီပေးနိုင်ပါသည်။ ပရိုတင်း၊ ဗီတာမင် D၊ ကယ်လ်စီယမ်၊ ဗီတာမင် E တို့ပါဝင်သည့် ကြီးထွားမှုကို အထောက်အကူပြုသည့် အရေးပါသော အာဟာရ ၃၇ မျိုးကို သိပ္ပံနည်းကျ ဖော်စပ်ထားသောကြောင့် သင့်ကလေးသည် ကြီးထွားမှုကို အမီလိုက်နိုင်ပြီး ကြွယ်ဝပြည့်စုံသော ဘဝကို ဖြတ်သန်းနိုင်သည်။
References:
- https://abbottfamily.com.sg/articles/toddler/common-illness#
- https://www.cdc.gov/flu/symptoms/coldflu.htm#:~:text=What%20are%20the%20symptoms%20of,than%20the%20symptoms%20of%20flu.
- https://www.webmd.com/cold-and-flu/flu-cold-symptoms
- https://pediasure.com/child-development-nutrition/powerful-nutrition-kids
- https://pediasuremyanmar.com/formulation-support/