ကလေးများအတွက်ပြည့်စုံသော အစာနှင့် အာဟာရ
ကလေးများအတွက်ပြည့်စုံသော အစာနှင့် အာဟာရ

ပြီးပြည့်စုံသည့်အစာနှင့်အာဟာရသည် ကလေးများ၏ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးသည့်အခန်းကနေ ပါဝင်နေပါသည်။အစားအစာစားသုံးသည့်အချိန်တိုင်းတွင် Carbohydrates, Protein, အဆီနှင့် အမျှင်ဓာတ်များ ကိုလိုအပ်သော ပမာဏအတိုင်း ပါဝင်အောင်စားသောက်သင့်သည်။ ဤအစာအုပ်စုကြီး (၅) စုသည် ကြီးထွားနေစဲဖြစ်သော ကလေးများအတွက် လိုအပ်သောအာဟာရများဖြည့်ဆည်းပေးသည်။ အုပ်စုတစ်ခုစီတိုင်းတွင် အာဟာရအတွက် သီးသန့်အကျိုးကျေးဇူးများရှိပါသည်။
Carbohydrates သည်အဓိကစွမ်းအင်ရရှိစေသည့်အရင်းမြစ်တစ်ခုဖြစ်သည်။ ကလေးငယ်တစ်ဦး၏ တတ်ကြွသောနေထိုင်မှုပုံစံအတွက် Carbohydrates သည်အရေးကြီးသော စွမ်းအင်တစ်ခု ဖြစ်သည်။
Proteins ကိုအသား၊ငါးများ၊ ဥများ၊အခွံမာအသီးများနှင့် ပဲများတွင်တွေ့နိုင်ပါသည်။ ကလေးများ၏ကြီးထွားမှု လိုအပ်ချက်များကြောင့် ၄င်းတို့ကြီးထွားရန်နှင့် ခန္ဓာကိုယ် တစ်သျှူးများပြန်လည်ဖွဲ့စည်းနိုင်ရန် လုံလောက်သော ပရိုတင်းပမာဏရရှိရန်လိုအပ်ပါသည်။
Fats – အဆီအမျိုးမျိုးမှ ကောင်းသောစွမ်းအင်အရင်းမြစ်များစွာရရှိနိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်သော အဆီတွင်ပျော်ဝင်နိုင်သော Vitamins များဖြစ်သည့် Vitamins A,D,E နှင့် K တို့ကို စုပ်ယူရန် ကူညီပေးသည်။ အဆီများသည် ခန္ဓာကိုယ်အတွင်းရှိအာရုံကြော တစ်သျှူးများကို ကာကွယ်ပေးပြီး ဟော်မုန်းများကို တည်ဆောက်ပေးသည်။
Vitamins များသည်ကလေးများကျန်းမာစေရန် အရေးကြီးသည်။ ဥပမာအားဖြင့် Vitamin C သည် အရိုးဖွဲ့စည်းခြင်းနှင့် သံဓာတ်စုပ်ယူရာတွင် အကူအညီပေးသော အရေးကြီးသည့် Antioxidant ဖြစ်သည်။ ၄င်းကို စတော်ဘယ်ရီ နှင့် လိမ္မော်သီးများတွင်တွေ့နိုင်သည်။ အခွံမာသီးများ၊ အစေ့များနှင့် ဟင်းသီးဟင်ရွက်များတွင်တွေ့ရသော Vitamin E သည်ကျန်းမာသော ဦးနှောက်အာရုံကြောစနစ်နှင့် ဖွံ့ဖြိုးဆဲ ဆဲလ်များကို အထောက်အကူပြုရန်အရေးကြီးသော အာဟာရဓာတ်အတွက်အဓိက Antioxidant ဖြစ်သည်။
Minerals – ကလေးငယ်များသည် ငယ်ရွယ်စဥ်ကပင်ကျန်းမာသောသွားများ၊ အရိုးနှင့်ကြွက်သားများ ဖွံ့ဖြိုးတိုးတတ်လာစေရန် သတ္တုဓာတ်များလိုအပ်ပါသည်။ ကလေးတစ်ဦး၏ ပထမ (၁၀) နှစ်တာကာလအတွင်း သွား၊ အရိုးနှင့် ကြွက်သားများသည် သိသိသာသာ ဖွံ့ဖြိုးတိုးတတ်လေ့ရှိသည်။ အရေးကြီးသော သတ္တုဓာတ်၏ ဥပမာတစ်ခုမှာ ကယ်လ်ဆီယမ်ဖြစ်သည်။ ၄င်းသည် ခန္ဓာကိုယ်တွင် အမြောက်အမြား တွေ့ရှိရသော သတ္တုဖြစ်ပြီး ကြံ့ခိုင်သန်စွမ်းသည့် အရိုး၊သွားနှင့် ကြွက်သားများတည်ဆောက်ရန် မရှိမဖြစ်လိုအပ်သည်။ နောက်ထပ်အရေးကြီးသည့် သတ္တုဓာတ်မှာ Potassium ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ အဓိကလုပ်ငန်းဆောင်တာ များတွင်အရေးပါသည်။ ၄င်းကို ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများတွင် တွေ့နိုင်သည်။
Fiber – အမျှင်ဓာတ်သည်ကလေးများ၏ အူသိမ်ကိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကောင်းမွန်စွာလည်ပတ်နိုင်ရန် ကိုယ်ခံအားစနစ်ကို အထောက်အကူပြုစေရန်နှင့် ပုံမှန်အူသိမ်လှုပ်ရှားမှုများတွင် ကူညီပေးပါသည်။ အမျှင်ဓာတ်သည် ဝမ်းချုပ်ခြင်းနှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများ၏ အန္တရာယ်ကို လျော့ချရာတွင် ကူညီပေးပါသည်။ ပန်းသီး၊ ငှက်ပျောသီး၊ လိမ္မော်သီး ကဲ့သို့သောသစ်သီးများ၊ ပန်းဂေါ်ဖီစိမ်းနှင့် မုန့်ညှင်းဖူး စသည့်အရွက်များသည် အမျှင်ဓာတ်ကို များစွာပါဝင်သော အရင်းအမြစ်များ ဖြစ်ပါသည်။
References:
- National Institute of Nutrition ICMR. Dietary Guidelines for Indians – A Manual.; 2011. http://ninindia.org/DietaryGuidelinesforNINwebsite.pdf endorsed by Food and Agriculture Organisation of the United Nations http://www.fao.org/nutrition/education/food-based-dietary-guidelines/regions/countries/india/en/
- World Health Organisation. Healthy Diet Fact Sheet No. 394. September 2016. http://www.who.int/elena/healthy_diet_fact_sheet_394.pdf. Accessed October 7, 2016.
- U.S. Department of Health and Human Services and U.S. Department of Agriculture. 2015 – 2020 Dietary Guidelines for Americans. 8th Edition. December 2015. https://health.gov/dietaryguidelines/2015/guidelines/. Accessed October 7, 2016
- FAO of the United Nations. Fats and Fatty Acids in Human Nutrition.; 2010. http://www.fao.org/docrep/019/i1953f/i1953f.pdf
- Anderson JW, Baird P, Davis RH, et al. Health benefits of dietary fiber. Nutrition Reviews. 2009;67(4):188-205. doi:10.1111/j.1753-4887.2009.00189.x.
- Stewart, Nathan, ” The health benefits of dietary fiber consumption of adults in the United States” (2014). Graduate Research Papers. Paper37.
- http://scholarworks.uni.edu/grp/37
- https://pediasure.com/child-development-nutrition/powerful-nutrition-kids