FAQ
Q: PediaSure 3+ ဖော်မြူလာအသစ်မှာ ဘာတွေ ပြောင်းလဲထားသလဲ။
ကလေးတစ်ယောက်က သူစားသုံးလိုက်တဲ့ အစားအစာတွေကို အူလမ်းကြောင်းတစ်လျှောက် အာဟာရဓာတ်တွေ ကောင်းမွန်စွာ မစုပ်ယူနိုင်ဘူးဆိုရင် ၎င်းတို့မှ အကျိုးကျေးဇူးတွေ မရနိုင်တော့ပါဘူး။ PediaSure 3+ ဖော်မြူလာ အသစ်မှာ ကယ်လ်ဆီယမ်ဓာတ်၊ သံဓာတ်၊ ဇင့်ဓာတ် စတဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့ အာဟာရဓာတ်တွေကိုဆွဲငင်ပေးနိုင်ပြီး စုပ်ယူမှုပိုမိုအားကောင်းဖို့အတွက် ထောက်ပံ့ပေးနိုင်တဲ့ မီနီပက်တိုက်ဒ် ပါဝင်ပါတယ်။ ယခင် ဖော်မြူလာ နဲ့ နှိုင်းယှဥ်ရင် သကြား ပါဝင်မှုကို ၂၅% လျော့ချထားပြီး အရသာမှာ ယခင်အတိုင်းဖြစ်ပါတယ်။ တခြားပါဝင်ပစ္စည်းတွေကတော့ အတူတူပါပဲ။
Q: Mini Peptides ဆိုတာဘာလဲ။ သို့မဟုတ် Mini Peptides က ဘာအတွက်ကောင်းသလဲ။
မီနီပက်တိုက်ဒ်ဟာ နို့ဓမ်းရည်မှရရှိသော အဓိက နို့ပရိုတင်းတစ်မျိုးဖြစ်ပြီး ကယ်လ်ဆီယမ်ဓာတ်၊ သံဓာတ်၊ ဇင့်ဓာတ် စတဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့ အာဟာရဓာတ်တွေကိုဆွဲငင်ပေးနိုင်ပြီး စုပ်ယူမှုပိုမိုအားကောင်းစေရန်အတွက် ထောက်ပံ့ပေးနိုင်ပါတယ်။
Q: PediaSure 3+ ဖော်မြူလာအသစ်မှာ ယခင်ဖော်မြူလာ နဲ့ တူညီတဲ့အရသာရှိပါသလား။
တူညီတဲ့ အရသာ ရှိပါတယ်။ သုံးစွဲသူများအား ဆန်းစစ်ရာမှာ PediaSure 3+ ဖော်မြူလာအသစ်ဟာ ကလေးများရဲ့ နှစ်သက်မှုကို ရရှိထားကြောင်း ဖော်ပြထားပါတယ်။
Q. PediaSure 3+ မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက ဘာတွေလဲ။
PediaSure 3+ ဟာ ကြီးထွားဖွံဖြိုးမှု လိုအပ်ချက်ရှိတဲ့ ဖွံ့ဖြိုးဆဲကလေးများကို ကြီးထွားဖွံ့ဖြိုးမှု မြှင့်တင်ပေးဖို့အတွက် သိပ္ပံနည်းကျဖော်စပ်ထားတဲ့ ပထမဆုံးကလေးဖြည့်စွက်စာဖြစ်ပါတယ်။ PediaSure 3+ ဖော်မြုလာအသစ်မှာ ကယ်လ်ဆီယမ်ဓာတ်၊ သံဓာတ်၊ ဇင့်ဓာတ် စတဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့ အာဟာရဓာတ်တွေကိုဆွဲငင်ပေးနိုင်ပြီး စုပ်ယူမှုပိုမိုအားကောင်းဖို့အတွက် ထောက်ပံ့ပေးနိုင်တဲ့ မီနီပက်တိုက်ဒ်အပြင် ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အရေးပါတဲ့ အာဟာရဓာတ် ၃၇ မျိုးတို့ ပါဝင်လာတယ်။ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတဲ့ အရည်အသွေးမြင့် ပရိုတင်းနဲ့ စွမ်းအင်၊ အရိုးတွေကို ပိုမိုကြီးထွား* ပိုမိုသန်မာ**စေဖို့ အာဂျီနင်းနဲ့ သဘာဝဗီတာမင်ကေ၂တို့လည်းပါဝင်ပါတယ်။ ကျန်းမာစွာ ကိုယ်အလေးချိန် တက်လာစေဖို့ ပြည့်စုံမျှတ အာဟာရပါဝင်ပါတယ်။ ယခင် ဖော်မြူလာ နဲ့ နှိုင်းယှဥ်ရင် သကြားပါဝင်မှုကို ၂၅% လျော့ချပေးထားပါတယ်။ ကိုယ်ခံစွမ်းအားကိုထောက်ပံ့ပေးတဲ့ ဗီတာမင်အေ၊ ဒီ နဲ့ စီ ပါဝင်ပါတယ်။
Q. PediaSure 3+ ၏ ဖော်မြူလာအသစ်က ယခင်ဖော်မြူလာထက် ဘာကြောင့် သကြားနည်းသွားရသလဲ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သကြားစားသုံးမှုကို စုစုပေါင်းစွမ်းအင်စားသုံးမှု၏ 10% အောက်သို့လျှော့ချရန် အကြံပြုထားသည်။ ကောင်းမွန်တဲ့ အရသာနှင့်အတူ WHO မှ အကြံပြုထားသော သကြားအဆင့် သတ်မှတ်ချက်ခြင့် ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တစ်ခုဖြစ်ဖို့ အရေးကြီးပါသည်။ ထို့ကြောင့် PediaSure 3+ ကို ယခင်ဖော်မြူလာနှင့် နှိုင်းယှဉ်ပါက သကြားပါဝင်မှု 25% လျော့ချထားပြီး ကလေးများအတွက် အရသာရှိစေဖို့အတွက် ပြုပြင်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။
For more info, please refer to https://www.who.int/news/item/04-03-2015-who-calls-on-countries-to-reduce-sugars-intake-among-adults-and-children
Q. အသစ် ထပ်မံ ထည့်သွင်းထားတဲ့ Mini Peptides (CPP) ကို စားသုံးရန် ဘေးကင်းရဲ့လား။
နို့ဓမ်းရည်မှ ရေသွင်း ဖြိုခွဲထားသော ပက်တိုက်ဒ် ကို US အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ GRAS (Generally Recognized As Safe) အစားအစာဒြပ်စင်အဖြစ်အတည်ပြုထားပါတယ်။
For more info, please refer to https://www.who.int/news/item/04-03-2015-who-calls-on-countries-to-reduce-sugars-intake-among-adults-and-children
Q. PediaSure ကို ဘယ်မှာဝယ်လို့ရမလဲ။
PediaSure ထုတ်ကုန်များကို နီးစပ်ရာ ကုန်စုံဆိုင်များ၊ ဆေးဆိုင်များ၊ Super Market များ၊ စတိုးဆိုင်များနှင့် City Mall Online တို့တွင် ဝယ်ယူနိုင်ပါတယ်ရှင်။ https://www.citymall.com.mm/citymall/my/%E1%80%95%E1%80%85%E1%80%B9%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%A1%E1%80%85%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8/Brands/PEDIASURE/c/P0114
Q. PediaSure 3+ ဈေးနှုန်းလေးတွေ သိချင်လို့ပါ။
မင်္ဂလာပါ PediaSure 3+ (ဗင်နီလာ, စတော်ဘယ်ရီ) 400g ကို 33,400 Ks , PediaSure 3+ (ဗင်နီလာ) 850g ကို 68,950 Ks နဲ့ PediaSure 3+ အသင့်ဖျော် တစ်ခါသောက်အထုပ် (ဗင်နီလာ, စတော်ဘယ်ရီ) ကို 2,800 Ks နဲ့ဝယ်ယူလို့ရပါတယ်ရှင်။ ဝယ်ယူသည့်ဆိုင်ပေါ် မူတည်ပြီးဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်ရှင်။
Q. PediaSure ကို ဘယ်အရွယ်ကနေ ဘယ်အရွယ်ထိတိုက်လို့ရလဲ သိချင်ပါတယ်။
မင်္ဂလာပါ PediaSure 3+ ကို အသက် ၃နှစ်မှစပြီး ၁၀ နှစ်ထိ တိုက်ကျွေးလို့ရပါတယ်ရှင်။
Q. PediaSure 3+ ရဲ့ ဖော်စပ်ပုံ အချိုးအစား သိပါရစေ။
၂၂၅ မီလီလီတာရှိသော PediaSure တစ်ခွက်ရရှိရန်အတွက် ကနဦးကျိုချက်ထားပြီးသော ၃၅ ဒီဂရီစင်တီဂရိတ်အောက်ရောက်အောင် အအေးခံထားသည့်ရေကို သန့်ရှင်းသော ခွက် အတွင်းသို့ ၁၉၀မီလီလီတာ ထည့်ပါ။ PediaSure အမှုန့် ၅ဇွန်း (ဗူးထဲ၌ အသင့်ပါသောဇွန်းဖြင့်) ကိုထည့်၍ တဖြည်းဖြည်းပျော်ဝင်အောင် ဖျော်စပ်ပေးရပါတယ်ရှင်။
Q. Pedisure ထုတ်ကုန်များကို ဘယ်နိုင်ငံမှာ ထုတ်လုပ်ထားပါသလဲ။
PediaSure 3+ Powder သည် Singapore တွင် ထုတ်လုပ်ထားပါတယ်ရှင်။
Q. ဖျော်ပြီးဘယ်နှစ်နာရီထားလို့ရလဲ။
မင်္ဂလာပါ PediaSure3+ ကို ဖျော်စပ်ပြီး ချက်ချင်းတိုက်ကျွေးသင့်ပါတယ်။ချက်ချင်းမတိုက်ဖြစ်ပါက အဖုံးကိုသေချာလုံအောင်ဖုံးပြီး ရေခဲသေတ္တာအတွင်း သိမ်းဆည်းကာ ၂၄ နာရီအတွင်း ကုန်အောင် တိုက်ကျွေးပေးပါရှင်။
Q. တစ်နေ့ဘယ် နှစ်ကြိမ်တိုက်လို့ရလဲ။
မင်္ဂလာပါ Peidasure3+ ကို အသက်မှ ၃ နှစ်မှ ၈ နှစ် ဆိုရင် တစ်နေ့ ၂ကြိမ် နဲ့ အသက် ၉ နှစ် မှ ၁၀ နှစ်ဆိုရင် တစ်နေ့ ၂ကြိမ် မှ သုံးကြိမ်ထိ တိုက်ကျွေးလို့ရပါတယ်ရှင်။
Q. အာဂျီနင်း၊ သဘာဝဗီတာမင်ကေ ၂ က ကလေးအတွက် ဘာတွေကောင်းလဲ။
Arginine ဟာ အရိုးများ သန်မာဖွံ့ဖြိုးရန်အတွက် တစ်ရှူးများမှ လိုအပ်သော ကြီးထွားဖွံ့ဖြိုးမှု ဟော်မုန်းထွက်ပေါ်မှုကို ကူညီပေးပြီး အရိုးများကို ပိုမိုကြီးထွားစေပါတယ်။ Vitamin K2 က တော့ Osteocalcin ရဲ့ လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပြီး အရိုးကြံ့ခိုင်မှုအတွက် လိုအပ်သော calcium ရရှိအောင် ထောက်ပံ့ပေးခြင်းဖြင့် အရိုးများကို သဘာဝအတိုင်း သန်စွမ်းအောင် ကူညီပေးပါတယ်ရှင်။