ကလေးများ အာဟာရဓာတ်များကို လက်လွှတ်မဆုံးရှုံးရစေရန်အတွက် ကျန်းမာရေးနှင့်ညီသော အစားအစာများနှင့် အစားထိုးခြင်း

မိဘတစ်ဦးဖြစ်လာသည်နှင့်အမျှ သင်သည် သင့်ကလေး၏ အစားရွေးသော အလေ့အကျင့်အပေါ်  စိတ်တိုင်းမကျမှုများအား ပို၍ပို၍ အလျှော့ပေးလာရသည်ကို ကြုံတွေ့ရလိမ့်မည်။ သင်၏ စိတ်တိုင်းမကျမှုသည် အမှန်ပင်ဖြစ်သော်လည်း သင်၏ကလေးသည် ဖွံ့ဖြိုးဆဲဖြစ်သောကြောင့် သူ၏ အရသာရွေးချယ်မှုသည်လည်း ပုံမှန်ပင်ဖြစ်သည်။ အကယ်၍ ကလေး၏ အစားရွေးချယ်မှုကြောင့် အရေးကြီးသော အာဟာရဓာတ်များမရနိုင်မည်ကို သင်စိတ်ပူပါက အာဟာရဓာတ် လိုအပ်ချက်မရှိစေရန် အစားအစာပြောင်းလဲသော နည်းလမ်းမျာစွာရှိပါသည်။ အာဟာရဓာတ်သည် အသက်ရှင်နေထိုင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အစားအစာ ထိန်းချုပ်ခြင်းနည်းလမ်းများ၊ စားချင်သဖွယ်ဖြစ်အောင် ဖန်တီးထားသော အစားအစာ အစားထိုးမှုများနှင့်အပြိုင် အာဟာရဖြည့်စွက်စာ (ဥပမာ – Pediasure ) ၏အကူအညီဖြင့် သင့်ကလေး၏ စားသောက်ပုံကို ပုံစံမှန်စေပြီး ပျော်ရွှင်ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးစေပါသည်။17

 

မနှစ်သက်သော ဟင်းသီးဟင်းရွက်များ

ခရမ်းချဉ်သီး၊ သခွားသီး၊ အစိမ်းရောင်ရှိသော ငရုတ်ပွသီး၊ ဂေါ်ဖီထုပ်။

 

အခြားရွေးချယ်စရာများ

ပုံမှန်အားဖြင့် ကလေးများသည် ထိုရိုးရှင်းသော အစားအစာများကို ၎င်းတို့၏ အရသာနှင့် ပြင်းထန်သည့် ခပ်စိမ်းစိမ်း အနံ့တို့ကြောင့် မကြိုက်ကြခြင်းဖြစ်သည်။ ထိုအစားအစာများတွင် ရေဓာတ်အမြောက်အများပါဝင်ပြီး အန်တီအောက်ဆီဒန့် ဗီတာမင် စီ၊ အရိုးသန်မာမှုကို ထောက်ပံ့ပေးသော ဗီတာမင် ကေ၊ မျက်လုံး၏ကျန်းမာရေးနှင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသော ဗီတာမင် အေတို့ ကြွယ်ဝစွာ ပါဝင်သည်။ ထို အာဟာရဓာတ်များကို လက်လွှတ်မဆုံးရှုံးရန်အတွက် အမျိုးစုံသော ရောင်စုံ ကန်စွန်းဥများ၊ ချိုသော လိမ္မော်သီးများ၊ စတော်ဘယ်ရီသီးများ၊ ဖရဲသီးများ သို့မဟုတ် ရွှေဖရုံသီးများ သို့မဟုတ် ဖရုံစေ့များဖြင့် အစားထိုးနိုင်ပါသည်။14

 

မနှစ်သက်သော အသားများ

ငါးအများစုနှင့် ပြုတ်ထားသော ဥများ။

 

အခြားရွေးချယ်စရာများ

အစားဓာတ်မတည့်ခြင်းမှလွဲ၍ ကလေးများ ထိုအစားအစာများကို မကြိုက်ရခြင်းမှာ ၎င်းတို့၏ ပုံပန်းသွင်ပြင် မလှခြင်း၊ ငါးညှီနံ့နှင့် ဆာလဖာနံ့ ကဲ့သို့သော အနံ့များ ရှိခြင်းတို့ကြောင့်ဖြစ်သည်။ ဆဲလ်များကို ထိန်းသိမ်းပေးသော ဆီလီနီယမ်၊ ဦးနှောက်နှင့် မျက်လုံးဖွံ့ဖြိုးမှုတွင် အထောက်အကူပြုပေးသော ဖက်တီအက်စစ်နှင့် ကြွက်သားအားလုံးအတွက် အရေးပါသော ပရိုတိန်းဓာတ်တို့ကို ရရှိစေရန်အတွက် မွေးမြူရေးမဟုတ်သော သဘာဝကြက်သား၊ ဘရာဇီး အခွံမာသီး၊ ချိစ့် အမျိုးမျိုးနှင့် အစေ့မှရသော အဆီများ သို့မဟုတ် ထောပတ်တို့ဖြင့် အစားထိုးပေးရပါမည်။14

 

မနှစ်သက်သော အစေ့အဆန်များ

အုတ်ဂျုံ၊ ပြောင်းဖူး၊ ဆန်လုံးညို။

 

အခြားရွေးချယ်စရာများ

ထိုကဲ့သို့သော အမျှင်ဓာတ်နှင့် ကျန်းမာရေးနှင့်ညီသော ကာဗိုဟိုက်ဒရိတ် ကြွယ်ဝသည့် အစားအစာများကို ကလေးများ မကြိုက်ရသည့်အကြောင်းမှာ ၎င်းတို့သည် မာကျောပြီး ၎င်းတို့ကိုယ်တိုင် အရသာမရှိခြင်းကြောင့်ဖြစ်သည်။ အမျှင်ဓာတ်သည် အစားစားရာတွင် စိတ်ကျေနပ်မှုရစေခြင်းနှင့် ဝမ်းမချုပ်စေရန် အထောက်အကူဖြစ်စေသည်။ အမျှင်ဓာတ်သည် ကိုယ်တွင်း ကလီစာထဲတွင်ရှိသည့် မကောင်းသော ဘက်တီးရီးယားများကို တိုက်ထုတ်ပြီး ကလေး၏ ကိုယ်ခံစွမ်းအားကို အထောက်အကူပြုရန်အတွက် ကောင်းသော ဘက်တီးရီးယားများကို အာဟာရဖြည့်ရာတွင်လည်း အရေးပါသည်။ ထို့ကြောင့် ထိုအချက်များကို ဖြည့်စွက်ရန်အတွက် သစ်သီးအနှစ်များ၊ သစ်သီးအဖတ်ပါသော ဖျော်ရည်များ၊ အိမ်လုပ် ယိုများ၊ သဘာဝ နေဖြင့်အခြောက်လှန်းထားသော အသီးများ သို့မဟုတ် အာနိသင် ဖြည့်ထားသော စီရီယယ်များ သို့မဟုတ် ဂျုံဖြင့်ပြုလုပ်ထားသော အစားအစာများဖြင့် အစားထိုးပေးရပါမည်။123

 

အစားအစာ အစားထိုးနည်းအချို့ကို အာဟာရဖြည့်စွက်စာများဖြင့် ပြောင်းလဲနိုင်ပါသလား

ကလေးများအား ၎င်းတို့မကြိုက်သောအစားအစာများနှင့် ရင်းနှီးစေရန် အလွယ်ကူဆုံးနည်းလမ်းမှာ ငယ်ရွယ်စဉ်အချိန်မှစ၍ ထိုအစားအစာများအား ကျွေးခြင်းဖြစ်သည်။ ဈေးဝယ်သောအခါတွင် ပါဝင်ပစ္စည်းစာရင်းများကို ဖတ်သောအလေ့အထ ပြုလုပ်သင့်ပါသည်၊ အဘယ်ကြောင့်ဆိုသော် သင့်ကလေးသည် သွားရည်စာများ စား၍မရသည့်အတွက် မဟုတ်သော်လည်း  ထိုသွားရည်စာများတွင်ပါဝင်သော ပါဝင်ပစ္စည်းများကို ကျန်းမာရေးနှင့်ညီညွတ်သည့် ပါဝင်ပစ္စည်းများနှင့် အစားထိုး၍ အိမ်တွင် လုပ်ကျွေးပါက သင့်ကလေး စား၍ရသောကြောင့်ဖြစ်သည်။ အကယ်၍ သင်သည် လိုအပ်သော အာဟာရဓာတ်များကို ဖြည့်ဆည်းပေးရန် အကူအညီလိုအပ်နေသေးပါက အစားထိုးအစားအစာများက ကူညီနိုင်ပါသည်။ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးရန်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များဖြစ်သည့် ဗီတာမင် စီ၊ ကေ၊ အေ၊ ဆီလီနီယမ်၊ အရည်အသွေးမြင့်သော ပရိုတိန်းဓာတ်နှင့် အစာလမ်းကြောင်းအတွက်ကောင်းမွန်သော အမျှင်ဓာတ် စသည်တို့ ပါဝင်သည့် ဘက်စုံအသုံးပြုနိုင်သော ဖြည့်စွက်စာအမှုန့် သို့မဟုတ် အရည် ရွေးချယ်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ကျွမ်းကျင်သူများမှ5, 6 ထောက်ခံချက်ပေးထားသော Pediasure သည် အပေါ်တွင်ဖော်ပြထားသော အချက်တင်မက သန်မာသော အရိုးအဆစ်ဖွံ့ဖြိုးမှုနှင့် ကြွက်သားတစ်ရှူးများ တည်ဆောက်မှုကို မြှင့်တင်ပေးသော အာဟာရဓာတ် ၃၇မျိုး သင့်တင့်မျှတစွာ ပေါင်းစပ်ပါဝင်ပါသည်။ သင်၏ကလေး Pediasure နှင့် သင့်တော်မှုရှိမရှိ သိရန်အတွက် စာရင်းသွင်းထားသော အာဟာရဓာတ်ကျွမ်းကျင်သူများနှင့် ဆွေးနွေးလိုက်ပါ။7

  

References:

  1. https://pediasurearabia.com/ae/en/healthy-eating-tips/want-to-win-over-a-child/yuck-o-meter
  2. https://www.healthychildren.org/English/healthy-living/nutrition/Pages/Kids-Need-Fiber-Heres-Why-and-How.aspx
  3. https://fitbottomedgirls.com/2011/08/mission-get-the-kids-to-like-whole-grains/
  4. https://www.thedailymeal.com/cook/top-15-foods-kids-hate-eat-and-how-make-them-change-their-minds-slideshow
  5. Alarcon P et al. Pediatr.2003; 42: 209-217
  6. Huynh DTT. et al. J Hum Diet: doi 10-1111/jhn. 12306
  7. https://pediasuremyanmar.com/formulation-support/