ကျန်းမာရေးနှင့်ညီသော စားသောက်မှုပုံစံကို သင်ပြရာတွင် အတင်းမခိုင်းပါနှင့်

သင့်ကလေးတွင် ကျန်းမာသော အစားစားပုံ အလေ့အကျင့်ရှိစေရန် ငယ်ငယ်ကတည်းမှစ၍ လေ့ကျင့်ပေးပါ။ ကျန်းမာအောင် မည်သို့နေရမည်ကို ပြောပြနေမည့်အစား လုပ်ပြလိုက်ပါ။ ကလေးတွေကို အစားရွေးချယ်ရာတွင် ပါဝင်စေပြီး တချို့အစားအစာတွေကို ကလေးများ မုန်းသွားစေနိုင်သည့် အကျင့်ကို မလုပ်မိပါစေနှင့်။ ထိုကဲ့သို့လုပ်ခြင်းအားဖြင့် သင့်ကလေး၏ တစ်သက်စာအတွက်  အစားအသောက်နှင့် ကောင်းမွန်သော ဆက်သွယ်မှုတစ်ခုကို ရရှိစေရန် အကူအညီ ပေးနိုင်ပါသည်။ သင့်ကလေး မည်မျှ စားသည်ကို သင်မထိန်းချုပ်နိုင်သော်လည်း မည့်သည့်အရာတွေစားသင့်သည်ကို သင်ထိန်းချုပ်နိုင်ကြောင်း ( ဥပမာ – အသင့်စား အစားအစာများအစား ကျန်းမာရေးနှင့်ညီညွတ်သည့် ပြောင်းလဲမှုများနှင့် Pediasure 3+ ကဲ့သို့ ကလေးများအတွက် ဖော်စပ်ဖြည့်စွက်စာ တိုက်ကျွေးခြင်း)ကို မမေ့သင့်ပါ။ သင့်ကလေးကို ကောင်းမွန်သော စားသောက်မှုပုံစံ ရရှိစေနိုင်သော လမ်းကို ပြပေးနေသော အချိန်တွင် သတိထားရမည့် အချက် ၃ ချက်ကို အောက်တွင်ဖော်ပြထားပါသည်။16

 

လမ်းညွှန်သူဖြစ်ပါစေ အာဏာရှင် မဆန်ပါစေနှင့်

အချို့သော မိဘများသည် ကလေးအစားစားစေရန် “ငါကမိဘ ပြန်မမေးနဲ့ ” ဟူသော စကားကို အသုံးပြုသော အလေ့အကျင့်ရှိသည့် အခြေအနေသို့ ရောက်ရှိနေကြပါသည်။ ထိုစကားသည် ခဏတာ အလုပ်ဖြစ်နေမည်ဖြစ်သော်လည်း သင့်ကလေးကို အစားအစာနှင့် မကောင်းသော ဆက်သွယ်မှုကို ဖြစ်စေနိုင်သည့်အန္တရာယ်ရှိပါသည်။ မိဘများ၏ အစားအစာနှင့်ပတ်သက်သည့် မကောင်းသော အလေ့အထသည် ကလေးများထံ အလွယ်တကူ ကူးစက်နိုင်ပါသည်။ ထိုအချက်ကြောင့် သင့်ကလေး လိုက်လုပ်နိုင်သော ကျန်းမာရေးနှင့်အညီစားသည့် စံပြအလေ့အထတစ်ခုကို စတင်ပြုလုပ်ရန် စောလွန်းလှသည် မဟုတ်တော့ပါ။ အိမ်တွင် ကျန်းမာရေးနှင့် ညီသော ရွေးချယ်စရာ အမြောက်အမြား ပြုလုပ်ပေးပြီး မည်သည့်အရာကိုမှ မစားရဟု သတ်မှတ်မထားပဲ တစ်ခါတစ်ရံ စားခွင့်ပြုရပါမည်။12

 

သွားရည်စာအတွက် အစီအစဉ်ချပါ

တစ်နေ့တာအတွက် သွားရည်စာ စားချိန်ကို အတိအကျ သတ်မှတ်လိုက်သောအခါ အမှန်တကယ် ထမင်းစားချိန်ကို မထိခိုက်ပဲ သင့်ကလေး၏ ဆာလောင်မှုကို ထိန်းချုပ်နိုင်ပါသည်။ သွားရည်စာ စားချိန်သည် ထမင်းစားချိန်တွင် မပါဝင်သော ပစ္စည်းများကို ထည့်သွင်းကျွေးမွေးနိုင်သော အကောင်းဆုံးအချိန်ဖြစ်ပြီး ၎င်းတို့ကို ကျန်းမာရေးနှင့်ညီစေသော အခွင့်အရေးတစ်ခုဖြစ်သည်။ ကလေးများသည် သွားရည်စာစားချိန်ကို နှစ်သက်ကြပြီး သူတို့ အနည်းငယ်ဝင်ပါခွင့်ရလျှင် အစားအစာပေါ် ပိုမိုကောင်းမွန်စွာ တုံ့ပြန်ကြမည်ဖြစ်သည်။ တစ်ခါတစ်ရံစားသော အာလူးကြော် လက်တစ်ဆုပ် သို့မဟုတ် ကွတ်ကီး အနည်းငယ်ကို တားမြစ်မနေပဲ သစ်သီးအစုံ၊ အဆီနည်းသော ဒိန်ချဉ်၊ ပဲထောပတ် ဂျယ်လီပေါင်မုန့်နှင့် ဂျုံဖြင့် ပြုလုပ်ထားပြီး ချိစ့်ပါသော ခရက်ကာတို့ကို များများကျွေးပါ။ သစ်သီးများကို အလွယ်တကူ စားနိုင်သော အစိပ်ပုံစံ သို့မဟုတ် အတုံးပုံစံဖြင့် သင်ကြိုတင်ပြင်ဆင်ထားလို့လည်း ရပါသည်။ ကလေးများသည် စားလို့ရသောအစာများကို စားနိုင်ချေများသောကြောင့် အိမ်တွင် အချိုနှင့် အသင့်စားအစားအစာ ရွေးချယ်စရာများကို ကန့်သတ်နိုင်သော စွမ်းအားသည် မိဘများတွင်သာ ရှိပါသည်။34

 

သင့်ကလေး ကြိုက်သည့်အရာနှင့် မကြိုက်သည့်အရာများကို ယုံကြည်ပါ။

သင့်ကလေး၏ သူတို့၏ စားချင်စိတ်နှင့် ကြိုက်မကြိုက်ကို သိကြပါသည်။ အတင်းကုန်အောင်စားခိုင်းခြင်းသည် ၎င်းတို့ကို ထိုအစားအစာနှင့် ပိုဝေးအောင်သာ ပြုလုပ်ပေးပါလိမ့်မည်။ သင့်ကလေးသည် သူကြိုက်သော အစားအစာကို မကြာခဏတောင်းဆိုနေပြီး အခြားသော အစားအစာများကို ငြင်းဆန်နေမည်ဟူသော အမှန်တရားကို သင်လက်ခံပေးရပါလိမ့်မည်။ ကလေးများသည် ဆုံးဖြတ်ချက်ချရသည်ကို ကြိုက်နှစ်သက်ကြပြီး ၎င်းတို့ မကြိုက်သောအရာများကို အခြားအစားထိုးတစ်ခုခုဖြင့် ထောက်ပံ့ပေးခြင်းသည် ၎င်းတို့အား အစားအစာ အသစ်ကို စမ်းစားစေသော အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သင်သည် ၎င်းတို့စားသော ပမာဏကို မထိန်းချုပ်နိုင်သော်လည်း အရည်အသွေးကို အသေအချာ ထိန်းချုပ်နိုင်ပါသည်။35

 

ကောင်းမွန်သော အလေ့အကျင့်တစ်ခုကို တည်ဆောက်ရန် အချိန်လိုအပ်ပါသည်။ ထိုအချက်ကြောင့် ကျန်းမာရေးနှင့် ညီသော ရွေးချယ်စရာများကို နေ့စဉ်စားသောက်မှုတွင် ထည့်သွင်းနိုင်သော နည်းလမ်းများကို အမြဲရှာဖွေရန်မှာ အရေးပါရခြင်းဖြစ်သည်။ ယခုအချိန် ကောင်းမွန်သော စားသောက်မှုပုံစံရှိပါက သင့်ကလေး၏ တစ်သက်လုံးတွင် ကျန်းမာရေးနှင့်ညီသော ရွေးချယ်မှုများကိုသာ ပြုလုပ်သွားနိုင်ချေ များလာပါမည်။ သို့သော် အစားတစ်မျိုးတည်းဖြင့် မလုံလောက်သောအချိန်တွင် Pediasure 3+ မှကူညီပေးနိုင်ပါသည်။ အာဂျင်နင်း နှင့် သဘာဝဗီတာမင် K2 တို့အပါအဝင် အရေးပါသော အာဟာရဓာတ် ၃၇မျိုးကို သင့်တင့်မျှတစွာဖြင့် အခြေပြုထုတ်လုပ်ထားသော Pediasure 3+သည် လိုအပ်နေသော ကလေးများအား ကြီးထွားမှုကို အလှမ်းမှီစေရန် ထောက်ပံ့ပေးနိုင်ပါသည်။^^ Pediasure 3+ ကို ကျွမ်းကျင်သူများ (ကလေးအထူးကု ဆရာဝန်များ)၏ လမ်းညွန်မှုအတိုင်း ပုံမှန်အတိုင်းပဲ ဖော်စပ်ဖြည့်စွက်စာ အနေဖြင့်သော်လည်းကောင်း၊ အစာပြေအနေဖြင့်သော်လည်းကောင်း သောက်သုံးနိုင်ပါသည်။ ယနေ့ပဲ Pediasure Myanmar သို့လာရောက် စာရင်းပေးသွင်းပြီး နမူနာ ရယူလိုက်ပါ။6

 

References:

  1. https://www.webmd.com/children/kids-healthy-eating-habits
  2. https://www.nytimes.com/article/kids-healthy-eating-habits.html
  3. https://health.clevelandclinic.org/5-dos-and-donts-for-teaching-kids-good-eating-habits/
  4. https://www.verywellfamily.com/how-to-build-healthy-eating-habits-in-kids-620670
  5. https://kidshealth.org/en/parents/habits.html
  6. https://pediasuremyanmar.com/formulation-support/

^^  Alarcon PA, et al. Clin Pediatr (Phila). 2003

Additional Readings:

  1. https://pediasuremyanmar.com/request-a-free-sample/
  2. https://pediasure.com/healthy-eating-kids/feeding-children