မိဘများအတွက် သင့်ကလေး၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာအလေ့အကျင့်များကို ပျိုးထောင်မြှင့်တင်ခြင်း
မိဘများအတွက် သင့်ကလေး၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာအလေ့အကျင့်များကို ပျိုးထောင်မြှင့်တင်ခြင်း
သင်သည် ကလေးထိန်းတစ်ဦး သို့မဟုတ် မြေးဖြင့် ပျော်ရွှင်စွာ အချိန်ကုန်ဆုံးနေရသော အဖိုးအဖွားတစ်ဦး သို့မဟုတ် ကစားမက်သည့် ကလေး နှင့် အလုပ်ကြားတွင် ပင်ပန်းနေသော မိဘတစ်ဦး ဖြစ်ပါက သင့်ကလေးကို ကျန်းမာစေသော နည်းလမ်းအနည်းငယ် လိုအပ်ပါသည်။ မိဘတိုင်းသည် ကျန်းမာရေးနှင့်ညီသော အစားအသောက်ပုံစံက တစ်ဘဝလုံးစာ၏ ကျန်းမာရေးကောင်းစေသည်ကို အမှန်တကယ်သိရှိကြပြီး သင်၏ကလေးကို ကျန်းမာရေးနှင့်အညီ စားသောက်တတ်အောင် သင်ကြားပေးရန် အသုံးပြုနိုင်သော နည်းလမ်း များစွာရှိပါသည်။ သင့်ကလေး၏ အစားစားသော အလေ့အကျင့်ကို တိုးတက်စေနိုင်သည့်နည်းလမ်းများကို ရှာဖွေနေသော မိဘများအတွက် အသုံးဝင်သော လမ်းညွှန်ချက်များကို အောက်တွင်ဖော်ပြပေးထားပါသည်။ 1, 2, 3, 4, 5, 6
ကောင်းမွန်တဲ့အာဟာရဓာတ်တွေရဲ့ အကျိုးကို သိရှိနားလည်အောင် လေ့လာပါ။
ကာဗိုဟိုက်ဒရိတ်နည်းပါးပြီး အဆီနှင့် ပရိုတိန်းပါဝင်သော အစားအသောက်ပုံစံမှ ပြုပြင် ပြောင်းလဲထားခြင်း မရှိသည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များအထိ အစားအသောက်ပုံစံသည် နာမည်မျိုးစုံရှိတက်ကြပါသည်။ မည်သို့ပင်ဖြစ်စေ ကလေး၏ ကြီးထွားမှုကို ထောက်ပံ့ပေးသော ပရိုတိန်းများ၊ ကျန်းမာရေးနှင့်ညီသည့် အဆီများ၊ အရည်အသွေးမှီသော ကာဗိုဟိုက်ဒရိတ်များ၊ အမျှင်ဓာတ်များ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ မျှတစွာပါဝင်ပါက ကောင်းမွန်သော စားသောက်မှုပုံစံဖြစ်သည်။ အဆုံးသတ်ထုတ်ကုန်သည် မူလရင်းမြစ်နှင့် နီးကပ်လေလေ အာဟာရဓာတ်ပိုများလေလေ ဖြစ်သည်။ အနည်းငယ်သာ ပြုပြင်ထားသော ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ ပဲပင်များ၊ အစေ့အဆန်များ၊ အစိများ၊ အဆီနည်းသော ပရိုတိန်းများ၊ သဘာဝ ထောပတ်နှင့် အဆီများသည် အလိုအလျှောက် အရည်အချင်းပြည့်မှီပါသည်။1, 2 ကလေးအတွက် အစားအစာတစ်ခုတည်းနှင့် အာဟာရလိုအပ်ချက် မပြည့်မည်ကို သင်စိုးရိမ်နေပါက ကလေး အထူးကုဆရာဝန်များနှင့် တိုင်ပင်ပြီး ကလေးအတွက် အာဟာရဓာတ် ပြည့်စုံမျှတစွာ ပါဝင်သည့် ဖြည့်စွက်စာ (ဥပမာ – အမေရိကန် ကလေး အထူးကုတွေရဲ့ နံပါတ် (၁) အညွှန်းခံရဆုံး ဘရန်းဖြစ်သည့် PediaSure 3+ (တစ်ခါသောက် PediaSure ဘူး) ) ကို ရွေးချယ်တိုက်ကျွေးနိုင်ပါသည်။6
သွားရည်စာ စားတာကို မပိတ်ပင်ပဲ ကျန်းမာရေးနှင့် ညီညွတ်တဲ့ စားသောက်မှု ပုံစံကို ပြောင်းလဲပေးပါ
မိဘများသည် ကလေးကို ကျန်းမာရေးနှင့်အညီ စားသောက်စေလိုသောကြောင့် ပြုလုပ်မိသော သာမန်အမှားတစ်ခုမှာ သွားရည်စာ သကြားလုံးများနှင့် မုန့်များကို စားခွင့်မပြုခြင်းဖြစ်သည်။ အမှန်တွင် သကြားလုံး သို့မဟုတ် အစားတစ်မျိုးကို မစားရန် မပိတ်ပင်ပဲ ကျန်းမာရေးနှင့် အညီပြောင်းလဲထားသော ချက်နည်းပြုတ်နည်းများကို လေ့လာရမည်ဖြစ်သည်။ ဆိုဒါနှင့် နာမည်ကြီး အသင့်သောက် ဖျော်ရည်များအစား အမျှင်ဓာတ်နှင့် အာဟာရဓာတ် ထိန်းသိမ်းနိုင်ရန် အဖတ်ပါသော သဘာဝ သစ်သီးဖျော်ရည်များကို တိုက်ပေးရပါမည်။ ဟင်းသီးဟင်းရွက်ဆီများအစား သဘာဝအပင် သို့မဟုတ် နို့ထွက် ထောပတ် သို့မဟုတ် သံလွင်ဆီတို့ကို အသုံးပြု၍ ရွေးချယ်ချက်ပြုတ်ရပါမည်။ သွားရည်စာ အလွန်အကျွံစားခြင်းနှင့် ထမင်းစားချိန် အစာစားချင်စိတ်နည်းခြင်းတို့ကို ရှောင်ရှားရန်အတွက် သွားရည်စာစားချိန်ကို သတ်မှတ်ပေးပြီး ညစာစားဝိုင်းတွင်သာ စားခွင့်ပြုရပါမည်။ ထို့အပြင် သင့်ကလေးကို မုန့် တစ်ဘူးလုံး သို့မဟုတ် တစ်ထုပ်လုံး ပေးမည့်အစား သင့်တော်သော ပမာဏမျှသာ ထုတ်၍ကျွေးရပါမည်။3, 4
ကျန်းမာရေးနှင့်ညီသော စားသောက်မှုပုံစံအပေါ် စိတ်သောကမရှိအောင် ကူညီပေးပါ
သင်နှင့် သင့်ကလေး စားမည့် အစားအစာကို တစ်ကြိမ်လျှင် ၇ရက်စာ ကြိုတင်စီစဉ်ပြီး စာရင်းနှင့်အညီ ဈေးဝယ်ထွက်မည့် ရက်ပါဝင်သော အစီအစဉ်ကို ချမှတ်ပါ။ ဘယ်နေ့တွင် ဘာအစားအစားကျွေးမည့် အစီအစဉ်ကို စနစ်တကျနှင့် တသမတ်တည်းဖြစ်အောင် လုပ်ထားခြင်းသည် သင့်ကလေးနှင့် အစားအသောက်ကြား ကောင်းမွန်သော ဆက်နွယ်မှုတစ်ခုကို တည်ဆောက်နိုင်မို့ လွယ်ကူသွားမည့် အဓိက သော့ချက်ဖြစ်သည်။ ၎င်းတို့၏ တစ်နေ့တာကို အမြင်အားဖြင့် ဆွဲဆောင်မှု ရှိသော မနက်စာဖြင့် စတင်ပေးလိုက်ပါက လိုအပ်လာသောအချိန်တွင် တစ်နေ့တာလုံး အာရုံစိုက်နိုင်အောင် ကူညီပေးပြီး အခြားသော အစာစားချိန်များအတွက် ကျန်းမာရေးနှင့်ညီသော စံပြစားသောက်ပုံစံအတိုင်း ကျွေးမွေးရပါမည်။ သင့်ကလေး၏ အသက်အရွယ်၊ ကျား/မ နှင့် အရွယ်အစားပေါ်မှုတည်ပြီး အစားအစာ ပမာဏပြောင်းလဲနိုင်သည် ဖြစ်သော်လည်း တစ်ခါစားအစာ သဘောတရားအရ တစ်ပန်းကန်တွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက် နှစ်ပုံတစ်ပုံ၊ ဂျုံ လေးပုံတစ်ပုံနှင့် ပရိုတိန်း လေးပုံတစ်ပုံ ပါဝင်ရမည်မှာ အတူတူပင်ဖြစ်သည်။ သင့်ကလေး၏ ဆာလောင်မှုဆိုင်ရာ အချက်များကို နားလည်လာသည်နှင့်တစ်ပြိုင်နက် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုအလေ့အထကို မြှင့်တင်ရန် အဆင့်များကို သင်လုပ်ဆောင်နိုင်ပါသည်။3, 5
သင်သည် မိဘတစ်ဦးဖြစ်လာသည်နှင့်အမျှ တတ်မြောက်လာသော ပျိုးထောင်ရေး ကျွမ်းကျင်မှုသည် ဆက်လက်လုပ်ဆောင်ရန် အကောင်းဆုံးသော အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ သင်သည် အစားအစာ အရည်အသွေးကို ထိန်းချုပ်ပေးပြီး ကလေးများက သင့်လုပ်ဆောင်ချက်ကို မြင်သည့်အတိုင်း လိုက်၍လုပ်ဆောင်ကြလိမ့်မည်။ သို့သော် သင့်ကလေး၏ အစားအသောက်ပုံစံသည် သတ်မှတ်ချက်အရမ်းများနေသည်ဟု စိုးရိမ်နေပါက ပြည့်ဝမျှတသော ကလေးအာဟာရဓာတ် ဖြည့်စွက်စာ Pediasure 3+ ကကူညီပေးနိုင်ပါသည်။ Pediasure 3+သည် သင်၏ကလေးအတွက် အမြင့်ဆုံးသော ကြီးထွားမှုစွမ်းအင်ကို ရရှိစေနိုင်ရန်အတွက် အာဟာရဓာတ် ၃၇မျိုးထဲတွင် အာဂျင်နင်းနှင့် ဗီတာမင် K2 တို့ကို ပိုမိုအားဖြည့် ထုတ်လုပ်ထားပါသည်။ မိဘများအဆင်ပြေစေရန်အတွက် ပုံမှန် Pediasure 3+ကို ကလေးများ ကြိုက်နှစ်သက်သည့် အရသာများဖြစ်သည့် ချောကလက်၊ စတော်ဘယ်ရီ နှင့် ဗနီလာ အရသာများဖြင့် အသင့်သောက်သုံးနိုင်သော ပုံစံဖြင့်လည်း ထုတ်လုပ်ထားပါသည်။ ထို့ကြောင့် သင့်ကလေးသည် သွားရည်စာ (အစားပြေ) အဖြစ် သောက်သုံးချိန်မှာတောင် ကြီးထွားမှု ရပ်တန့်သွားခြင်းမရှိအောင် ကူညီပေးပါသည်။ ယနေ့ပဲ Pediasure Myanmar သို့လာရောက် စာရင်းပေးသွင်းပြီး နမူနာ ရယူလိုက်ပါ။6
References:
- https://www.eatingwell.com/article/289744/what-exactly-does-healthy-mean/
- https://fit.sanfordhealth.org/blog/10-ways-to-get-kids-to-eat-healthy-food-article
- https://www.niddk.nih.gov/health-information/weight-management/healthy-eating-physical-activity-for-life/helping-your-child-tips-for-parents
- https://www.parents.com/kids/nutrition/healthy-eating/get-your-kids-to-eat-better/
- https://familydoctor.org/nutrition-tips-for-kids/
- https://pediasuremyanmar.com/pediasure-overview/
^^ Alarcon PA, et al. Clin Pediatr (Phila). 2003
Additional Readings:
- https://pediasuremyanmar.com/request-a-free-sample/
- https://mydoctor.kaiserpermanente.org/mas/Images/90199%20R1-12%20CL_tcm88-1595771.pdf
- https://www.rasmussen.edu/degrees/education/blog/how-to-get-kids-to-eat-healthy/