အစားရွေးသည့်များကလေးငယ်များအတွက် နည်းလမ်း (၅) ခု

မိဘများအနေနှင့် မိမိတို့၏ကလေးအစားရွေးသည့်အခါ စိတ်ညစ်ရလေ့ရှိပါသည်။ အချို့သောမိဘများသည် ၎င်းတို့ နှစ်သက်သည့်အစားအစာ တစ်ခုတည်းကိုသာ ကျွေးလေ့ရှိကြပါသည်။ ဤနည်းလမ်းသည် အစားရွေးသည့်ကလေးများကို ဖြေရှင်းရန်နည်းလမ်းတစ်ခုမဟုတ်ပါ။ အစားရွေးသည့်ကလေးများကို မည်သို့ထိန်းချုပ်ရမည်ဆိုသည်များကို အောက်တွင်ဖော်ပြထားပါသည်။

 

၁။ အစားအသောက်စီစဉ်သည့်အခါ ကလေးများကိုလည်း ပါဝင်ခွင့်ပေးပါ

ကလေးများသည်သင်နှင့်အတူအစားအသောက်များစီစဉ်သည့်အခါအလွန်ကောင်းမွန်ပါသည်။ ကလေးများ၏ ထင်မြင်ချက်ကို နားထောင်ပေးပြီး ကျန်းမာပြီး အာဟာရမျှတသည့် အစားသောက်များကို စားသုံးရန် အကြံပေးပါ။ အချုပ်အားဖြင့်ဆိုလျှင် အစားအသောက်ပြင်ဆင်ရာတွင် သူတို့ကြိုက်နှစ်သက်သည့်အရာများ ပါဝင်ပါက ပြင်ဆင်ခြင်းကို အဆုံးထိပြီးအောင် ပြုလုပ်ချင်စိတ်များ ဖြစ်ပေါ်နိုင်ပါသည်။

 

၂။ အစားအသောက်ဝယ်သည့်အခါတွင်လည်း ကလေးငယ်များပါဝင်ပါစေ 

ဤနည်းလမ်းသည် ကလေးငယ်များပိုမိုပါဝင်နိုင်သည့် နည်းလမ်းဖြစ်ပါသည်။ ဈေးဝယ်သည့်အခါ မည်သို့ရွေးချယ်ရမည်နည်း၊ အိတ်ထဲမည်သို့ထည့်ရမည်နည်းနှင့် မည့်သို့ရေတွက်ပေးချေနည်း တို့ကို သင်ကြားပေးနိုင်ပါသည်။

 

၃။ ကောင်းမွန်သော အစားအစာနှင့် ကျန်းမာရေးဆက်နွယ်မှု 

သင်နှင့်သင်ကလေး၏အစားအစာနှင့် ပါတ်သတ်ပြီး ကောင်းမွန်သောဆက်ဆံရေးရရှိရန် ကလေးများမကြိုက်နှစ်သက်သော အရာကို အတင်းအကျပ်မပြုလုပ်ရန်အရေးကြီးပါသည်။ သင့်ကလေးများအား အမျိုးမျိုးသောအစားအစာများအား ပေးထိတွေ့ပါ။ အကြောင်းကတော့ကလေးများ၏ အတွေးအာရုံကျယ်စေပြီး အာရုံခံစားနိုင်စေရန်ဖြစ်သည်။ အတင်းကျွေးခြင်းဖြင့် အစားအသောက်အပေါ် မကောင်းမြင်စိတ်များ ဖြစ်ပေါ်လာနိုင်သည်။ ကလေးများကြိုက်နှစ်သက်သောအစားအစာများတွင် ပါဝင်သည့် ဗီတာမင်များအကြောင်ကို ပြောပြပါ။ ဥပမာအားဖြင့် သံပုရာသီးတွင် ကိုယ်ခံစွမ်းအားမြှင့်တင်ပေးသည့် ဗီတာမင် စီမြင့်မားစွာပါဝင်သည်ကို ကလေးများအားပြောပြပါ။

 

၄။ ချက်ပြုတ်ခြင်းနှင့် ပျော်စရာများ

 ချက်ပြုတ်ခြင်းသည် ပျော်စရာကောင်းရုံသာမကမိဘနှင့် ကလေးများအနှောင်အဖွဲ့ကောင်းတစ်ခုလည်း ဖြစ်နိုင်ပါသည်။ ဟင်းချက်နည်းများဖတ်ခြင်း၊ ကြက်ဥအခွံခွာခြင်း၊ ဆော့စ့်များပြုလုပ်ခြင်းနှင့် ပါဝင်များတိုင်းတာခြင်းစသည့်ရိုးရှင်းသည့်လုပ်ငန်းများလုပ်ဆောင်ခြင်းနှင့် စတင်ပါ။ ကလေးများ တိုးတတ်လာသည်နှင့် အမျှ ၎င်းတို့ကို တာဝန်များပိုမိုပေးအပ်ပါ။