Category: Nutrition Facts

ကလေးများအတွက် အစားအစာ ပိရမစ် (အစားအုပ်စု) ၏ အရေးပါသော အကျိုးကျေးဇူးများ

ကလေးများအတွက် အစားအစာ ပိရမစ် (အစားအုပ်စု) ၏ အရေးပါသော အကျိုးကျေးဇူးများ

အစားအစာ ပိရမစ် (အစားအုပ်စု)၊ သို့မဟုတ် ဇယားကွက်တို့သည် ပြည့်စုံမျှတသော စားသောက်မှုပုံစံကို မိဘများနားလည်နိုင်စေရန်အတွက် အခြေခံ လမ်းညွှန်မှုတစ်ခုကို ပေးစွမ်းသည်။ အများအားဖြင့် မျှတသော စားသောက်မှုပုံစံတစ်ခုတွင် အစားအစာအဖွဲ့ (ဂျုံ၊ အသီးနှင့် ဟင်းသီးဟင်းရွက်များ၊ ပရိုတိန်း၊ နို့ထွက်ပစ္စည်းများ၊ အဆီနှင့် သကြားများ) ၃ဖွဲ့မှ ၅ဖွဲ့အထိပါဝင်ရမည်ဖြစ်ပြီး ဖြည့်စွက်စာများ( ဥပမာ Pediasure 3+) ပါဝင်ရမည်ဖြစ်သည်။ သင့်ကလေး၏ ကြီးထွားနေသော ခန္ဓာကိုယ် အတွက် လိုအပ်သော အာဟာရ များကို ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။1, 7

အစားအစာ ပိရမစ် (အစားအုပ်စု) နှင့် ကျန်းမာသည့် စံပြ အစားအစာပန်းကန် ပုံစံ နှိုင်းယှဉ်ချက်

ပိရမစ် ပုံစံ (အစားအုပ်စု) သည် မည့်သည့်အရာများကို အများဆုံး စားသုံးသင့်သည်ကို ပြသပေးသော အစားအစာ ဇယားကွက်ပုံစံ တစ်ခုဖြစ်သည်။ ၎င်းတွင် သင့်ကလေးအတွက် ပျမ်းမျှအားဖြင့် လိုအပ်သော အဆီများ၊ ဗီတာမင်များ၊ သတ္တုဓာတ်များ နှင့် ကာဗိုဟိုက်ဒရိတ်များ ပါဝင်သည်။1, 2, 3

အစားအစာပန်းကန်ပုံစံသည် ကျွန်ုပ်တို့ နေ့စဉ် တစ်နေ့တာ စားသုံးသင့်သော အစားအစာ အဖွဲ့ ၅ ဖွဲ့စီမှ အစားအစာများ ၏အချိုးအစားများကို အရောင်အသွေးစုံလင်စွာဖြင့် ပါဝင်သင့်သည်။ ၎င်းတွင်ပါဝင်သော ဟင်းပွဲတစ်ခုစီကို ချက်လုပ်ရာတွင် အသုံးပြုထားသော အစားအစာပစ္စည်းများ ( ဥပမာ အဆီများ၊ ဆားများ၊ သကြားများ)ကို ပါဝင်ပစ္စည်းအနေဖြင့် ယူဆထားသောကြောင့် အသေးစိတ်ဖော်ပြခြင်း မရှိပါ။1, 2, 4

အစားအစာ ပိရမစ် (အစားအုပ်စု) သည် ကလေးများ ကျန်းမာသည့် အစားအသောက် အလေ့အကျင့်ရရှိစေရန် ကူညီပေးသည်

ငယ်ရွယ်သောကလေးများသည် လှည့်ပတ်ပြေးလွှားပြီး မိဘများကို အလုပ်ရှုပ်စေရန်အတွက် အဆုံးမရှိ စွမ်းအင်များရရှိနေသည်ဟု မှတ်ယူနေနိုင်ပါသည်။ ကလေးများသည် စွမ်းအင်အမြောက်အများ လိုအပ်ပြီး ၎င်းတို့၏ ဖွံ့ဖြိုးဆဲ ခန္ဓာကိုယ်သည် အကောင်းဆုံးသော ကြီးထွားမှုကို ရရှိရန်အတွက် ကာဗိုဟိုက်ဒရိတ်များ၊ ဗီတာမင်များ၊ သတ္တုဓာတ်များ၊ ပရိုတိန်းများ၊ အမျှင်နှင့် အဆီများ အမြောက်အများ လိုအပ်ပါသည်။1, 2, 3  အစားအစာ ပိရမစ်ကို လိုက်နာခြင်း သို့မဟုတ် ကျန်းမာသော စံပြ အစားအစာပန်းကန် ပုံစံကို အသုံပြုခြင်းသည် သင့်ကလေးအား အစားအသောက်နှင့်ပတ်သက်ပြီး တုံ့ပြန်မှုများကောင်းမွန်စေရန် အကူအညီပေးပါလိမ့်မည်။ အစားအစာ ပိရမစ် အားလေ့လာပြီး ကိုယ်ပိုင်ကျန်းမာသည့် အစားအသောက်ပန်းကန်တစ်ခုအဖြစ် ပြုလုပ်ခြင်းသည် မိဘများအနေဖြင့် ၎င်းတို့ ကလေးများ၏ အာဟာရလိုအပ်ချက်ကို ပြည့်စုံမျှတအောင် ပြုလုပ်ရာတွင် ရှုပ်ထွေးမှုကို လျော့နည်းစေနိုင်ပါသည်။ ထို လမ်းညွှန်ချက်များနှင့် ကလေးတစ်ဦးစီ၏ အာဟာရလိုအပ်ချက်များ မတူညီသည်ကို သတိထားရပါမည်။ တစ်ခါတစ်ရံတွင် သင်၏ကလေးအား ပျိုးထောင်လာခဲ့သော အလေ့အကျင့် အပေါ်မူတည်၍ ပိရမစ်ပုံစံသည် ပြောင်းလဲနိုင်ပါသည်။5

Pediasure 3+ မှရရှိသော အကျိုးကျေးဇူးများသည် မည်သည့်အပိုင်းမှ ပါဝင်ပုံ

အစားအစာ ပိရမစ်သည် သင့်ကလေး၏ အထွေထွေကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင် A၊ D၊ E၊ K နှင့် အာမီနိုအက်စစ်အတွက် ပရိုတိန်းတို့ ကဲ့သို့သော အာဟာရဓာတ်များရရှိနိုင်ရန် ဖော်ပြပေးသော လမ်းညွှန်ချက် တစ်ခုဖြစ်သည်။ ၎င်းသည် လမ်းညွှန်သီးသန့်သာ ဖြစ်သောကြောင့် အစားကြေးများခြင်းကြောင့်ဖြစ်စေ၊ ဓာတ်မတည့်မှုကြောင့်ဖြစ်စေ အခြား ကန့်သတ်ချက်များကြောင့်ဖြစ်စေ တစ်ခါတစ်ရံ အစားအစာ တစ်ခုတည်းဖြင့် အာဟာရဖြည့်ရန် မလုံလောက်မှု ဖြစ်ပွားတတ်ပါသည်။ ထိုနေရာတွင် Pediasure 3+ စတင်ပါဝင်လာပါသည်။6 အမှုန့်ပုံစံဖြင့်ပါ ရရှိနိုင်သော Pediasure 3+သည် ပါဝင်သော အာဟာရဓာတ် ၃၇မျိုးထဲတွင် အာဂျင်နင်း၊ သဘာဝ ဗီတာမင် K2 တို့ကို အားဖြည့်ပေးထားသောကြောင့် သင့်ကလေး၏ အရပ်ကို ရှည်လာစေရန်အတွက် အထောက်အကူပြုပေးပါသည်။8 ကလေးများအကြိုက် စတော်ဘယ်ရီအရသာနှင့် ဗနီလာအရသာတို့ဖြင့် ရရှိနိုင်သောကြောင့် မုန့်စားနေသောအချိန်မှာပင် သင့်ကလေးအား ကြီးထွားဖွံ့ဖြိုးချိန် မရပ်တန့်သွားစေရန် ကူညီပေးပါသည်။ အချိုမကြိုက်သော်လည်း အထက်ပါအကျိုးကျေးဇူးများကို တူညီစွာ ရရှိလိုသော ကလေးများအတွက် Sucrose သကြားမပါသော Pediasure 3+ Sucrose Free ကို အသုံးပြုကြည့် နိုင်ပါသည်။ မုန့်စားနေသောအချိန်မှာပင် ကြီးထွားမှုကို လက်မလွှတ်ရစေရန်အတွက် Pediasure တွင် အသင့်သောက်သုံးနိုင်သော ပုံစံဖြင့် ထုတ်လုပ်ထားသည့် Pediasure RPB ကိုအသုံးပြုနိုင်ပါသည်။7

မိဘတစ်ဦးအနေဖြင့် ရရှိလာသော ပျိုးထောင်မှု ကျွမ်းကျင်ခြင်းသည် ဆက်လက်တည်ဆောက်သွားရမည့် အခြေခံအုတ်မြစ်တစ်ခုကို ပေးစွမ်းနိုင်သည်။ သို့သော် သင့်ကလေး၏ အစားစားသောက်မှုပုံစံသည် အကန့်အသတ်ရှိနေသည်ဟု သင်စိုးရိမ်ပါက အသစ်ပြုပြင်ထုတ်လုပ်ထားသော ပြည့်စုံမျှတသည့် ကလေးအာဟာရဓာတ် ဖြည့်စွက်စာ Pediasure 3+က အကူအညီပေးနိုင်ပါသည်။ အစားအစာ ပိရမစ် သို့မဟုတ် စံပြ ပန်းကန် ပုံစံကို အသုံးပြု၍ သင့်ကလေး၏ အာဟာရလိုအပ်ချက်များကို သင်နားလည်လာသောအခါ ၎င်းတို့အတွက် ကျန်းမာသည့် စားသောက်မှု အလေ့အထတစ်ခု တည်ဆောက်ပေးရန် စတင်ကြိုးစားနိုင်ပါသည်။ နမူနာရယူရန်အတွက် Pediasure Myanmar သို့ ယနေ့ပဲ လာရောက်စာရင်း ပေးသွင်းလိုက်ပါ။

References:

  1. https://parenting.firstcry.com/articles/food-pyramid-for-kids-know-the-key-components/
  2. https://www.momjunction.com/articles/healthy-food-guide-pyramid-kids-teens_0022685/
  3. https://www.parentune.com/parent-blog/importance-of-food-pyramid-for-your-child/256
  4. https://kidshealth.org/en/kids/pyramid.html
  5. (Thailand Food Pyramid) https://www.fao.org/3/as979e/as979e.pdf
  6. https://pediasuremyanmar.com/pediasure-overview/
  7. https://pediasuremyanmar.com/available-products/
  8. Alarcon PA, et al. Clin Pediatr (Phila). 2003

မိဘများအတွက် သင့်ကလေး၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာအလေ့အကျင့်များကို ပျိုးထောင်မြှင့်တင်ခြင်း

မိဘများအတွက် သင့်ကလေး၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာအလေ့အကျင့်များကို ပျိုးထောင်မြှင့်တင်ခြင်း

သင်သည် ကလေးထိန်းတစ်ဦး သို့မဟုတ် မြေးဖြင့် ပျော်ရွှင်စွာ အချိန်ကုန်ဆုံးနေရသော အဖိုးအဖွားတစ်ဦး သို့မဟုတ် ကစားမက်သည့် ကလေး နှင့် အလုပ်ကြားတွင် ပင်ပန်းနေသော မိဘတစ်ဦး ဖြစ်ပါက သင့်ကလေးကို ကျန်းမာစေသော နည်းလမ်းအနည်းငယ် လိုအပ်ပါသည်။ မိဘတိုင်းသည် ကျန်းမာရေးနှင့်ညီသော အစားအသောက်ပုံစံက တစ်ဘဝလုံးစာ၏ ကျန်းမာရေးကောင်းစေသည်ကို အမှန်တကယ်သိရှိကြပြီး သင်၏ကလေးကို ကျန်းမာရေးနှင့်အညီ စားသောက်တတ်အောင် သင်ကြားပေးရန် အသုံးပြုနိုင်သော နည်းလမ်း များစွာရှိပါသည်။ သင့်ကလေး၏ အစားစားသော အလေ့အကျင့်ကို တိုးတက်စေနိုင်သည့်နည်းလမ်းများကို ရှာဖွေနေသော မိဘများအတွက် အသုံးဝင်သော လမ်းညွှန်ချက်များကို အောက်တွင်ဖော်ပြပေးထားပါသည်။ 1, 2, 3, 4, 5, 6

 

ကောင်းမွန်တဲ့အာဟာရဓာတ်တွေရဲ့ အကျိုးကို သိရှိနားလည်အောင် လေ့လာပါ။

ကာဗိုဟိုက်ဒရိတ်နည်းပါးပြီး အဆီနှင့် ပရိုတိန်းပါဝင်သော အစားအသောက်ပုံစံမှ ပြုပြင် ပြောင်းလဲထားခြင်း မရှိသည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များအထိ အစားအသောက်ပုံစံသည် နာမည်မျိုးစုံရှိတက်ကြပါသည်။ မည်သို့ပင်ဖြစ်စေ ကလေး၏ ကြီးထွားမှုကို ထောက်ပံ့ပေးသော ပရိုတိန်းများ၊ ကျန်းမာရေးနှင့်ညီသည့် အဆီများ၊ အရည်အသွေးမှီသော ကာဗိုဟိုက်ဒရိတ်များ၊ အမျှင်ဓာတ်များ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ မျှတစွာပါဝင်ပါက ကောင်းမွန်သော စားသောက်မှုပုံစံဖြစ်သည်။ အဆုံးသတ်ထုတ်ကုန်သည် မူလရင်းမြစ်နှင့် နီးကပ်လေလေ အာဟာရဓာတ်ပိုများလေလေ ဖြစ်သည်။ အနည်းငယ်သာ ပြုပြင်ထားသော ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ ပဲပင်များ၊ အစေ့အဆန်များ၊ အစိများ၊ အဆီနည်းသော ပရိုတိန်းများ၊ သဘာဝ ထောပတ်နှင့် အဆီများသည် အလိုအလျှောက် အရည်အချင်းပြည့်မှီပါသည်။1, 2 ကလေးအတွက် အစားအစာတစ်ခုတည်းနှင့် အာဟာရလိုအပ်ချက် မပြည့်မည်ကို သင်စိုးရိမ်နေပါက ကလေး အထူးကုဆရာဝန်များနှင့် တိုင်ပင်ပြီး ကလေးအတွက် အာဟာရဓာတ် ပြည့်စုံမျှတစွာ ပါဝင်သည့် ဖြည့်စွက်စာ  (ဥပမာ – အမေရိကန် ကလေး အထူးကုတွေရဲ့ နံပါတ် (၁) အညွှန်းခံရဆုံး ဘရန်းဖြစ်သည့် PediaSure 3+ (တစ်ခါသောက် PediaSure ဘူး) ) ကို ရွေးချယ်တိုက်ကျွေးနိုင်ပါသည်။6

 

သွားရည်စာ စားတာကို မပိတ်ပင်ပဲ ကျန်းမာရေးနှင့် ညီညွတ်တဲ့ စားသောက်မှု ပုံစံကို ပြောင်းလဲပေးပါ

မိဘများသည် ကလေးကို ကျန်းမာရေးနှင့်အညီ စားသောက်စေလိုသောကြောင့် ပြုလုပ်မိသော သာမန်အမှားတစ်ခုမှာ သွားရည်စာ သကြားလုံးများနှင့် မုန့်များကို စားခွင့်မပြုခြင်းဖြစ်သည်။ အမှန်တွင် သကြားလုံး သို့မဟုတ် အစားတစ်မျိုးကို မစားရန် မပိတ်ပင်ပဲ ကျန်းမာရေးနှင့် အညီပြောင်းလဲထားသော ချက်နည်းပြုတ်နည်းများကို လေ့လာရမည်ဖြစ်သည်။ ဆိုဒါနှင့် နာမည်ကြီး အသင့်သောက် ဖျော်ရည်များအစား အမျှင်ဓာတ်နှင့် အာဟာရဓာတ် ထိန်းသိမ်းနိုင်ရန် အဖတ်ပါသော သဘာဝ သစ်သီးဖျော်ရည်များကို တိုက်ပေးရပါမည်။ ဟင်းသီးဟင်းရွက်ဆီများအစား သဘာဝအပင် သို့မဟုတ် နို့ထွက် ထောပတ် သို့မဟုတ် သံလွင်ဆီတို့ကို အသုံးပြု၍ ရွေးချယ်ချက်ပြုတ်ရပါမည်။ သွားရည်စာ အလွန်အကျွံစားခြင်းနှင့် ထမင်းစားချိန် အစာစားချင်စိတ်နည်းခြင်းတို့ကို ရှောင်ရှားရန်အတွက် သွားရည်စာစားချိန်ကို သတ်မှတ်ပေးပြီး ညစာစားဝိုင်းတွင်သာ စားခွင့်ပြုရပါမည်။ ထို့အပြင် သင့်ကလေးကို မုန့် တစ်ဘူးလုံး သို့မဟုတ် တစ်ထုပ်လုံး ပေးမည့်အစား သင့်တော်သော ပမာဏမျှသာ ထုတ်၍ကျွေးရပါမည်။3, 4

 

ကျန်းမာရေးနှင့်ညီသော စားသောက်မှုပုံစံအပေါ် စိတ်သောကမရှိအောင် ကူညီပေးပါ

သင်နှင့် သင့်ကလေး စားမည့် အစားအစာကို တစ်ကြိမ်လျှင် ၇ရက်စာ ကြိုတင်စီစဉ်ပြီး စာရင်းနှင့်အညီ ဈေးဝယ်ထွက်မည့် ရက်ပါဝင်သော အစီအစဉ်ကို ချမှတ်ပါ။ ဘယ်နေ့တွင် ဘာအစားအစားကျွေးမည့် အစီအစဉ်ကို စနစ်တကျနှင့် တသမတ်တည်းဖြစ်အောင် လုပ်ထားခြင်းသည် သင့်ကလေးနှင့် အစားအသောက်ကြား ကောင်းမွန်သော ဆက်နွယ်မှုတစ်ခုကို တည်ဆောက်နိုင်မို့ လွယ်ကူသွားမည့် အဓိက သော့ချက်ဖြစ်သည်။ ၎င်းတို့၏ တစ်နေ့တာကို အမြင်အားဖြင့် ဆွဲဆောင်မှု ရှိသော မနက်စာဖြင့် စတင်ပေးလိုက်ပါက လိုအပ်လာသောအချိန်တွင် တစ်နေ့တာလုံး အာရုံစိုက်နိုင်အောင် ကူညီပေးပြီး အခြားသော အစာစားချိန်များအတွက် ကျန်းမာရေးနှင့်ညီသော စံပြစားသောက်ပုံစံအတိုင်း ကျွေးမွေးရပါမည်။ သင့်ကလေး၏ အသက်အရွယ်၊ ကျား/မ နှင့် အရွယ်အစားပေါ်မှုတည်ပြီး အစားအစာ ပမာဏပြောင်းလဲနိုင်သည် ဖြစ်သော်လည်း တစ်ခါစားအစာ သဘောတရားအရ တစ်ပန်းကန်တွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက် နှစ်ပုံတစ်ပုံ၊ ဂျုံ လေးပုံတစ်ပုံနှင့် ပရိုတိန်း လေးပုံတစ်ပုံ ပါဝင်ရမည်မှာ အတူတူပင်ဖြစ်သည်။ သင့်ကလေး၏ ဆာလောင်မှုဆိုင်ရာ အချက်များကို နားလည်လာသည်နှင့်တစ်ပြိုင်နက် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုအလေ့အထကို မြှင့်တင်ရန် အဆင့်များကို သင်လုပ်ဆောင်နိုင်ပါသည်။3, 5

သင်သည် မိဘတစ်ဦးဖြစ်လာသည်နှင့်အမျှ တတ်မြောက်လာသော ပျိုးထောင်ရေး ကျွမ်းကျင်မှုသည် ဆက်လက်လုပ်ဆောင်ရန် အကောင်းဆုံးသော အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ သင်သည် အစားအစာ အရည်အသွေးကို ထိန်းချုပ်ပေးပြီး ကလေးများက သင့်လုပ်ဆောင်ချက်ကို မြင်သည့်အတိုင်း လိုက်၍လုပ်ဆောင်ကြလိမ့်မည်။ သို့သော် သင့်ကလေး၏ အစားအသောက်ပုံစံသည် သတ်မှတ်ချက်အရမ်းများနေသည်ဟု စိုးရိမ်နေပါက ပြည့်ဝမျှတသော ကလေးအာဟာရဓာတ် ဖြည့်စွက်စာ Pediasure 3+ ကကူညီပေးနိုင်ပါသည်။ Pediasure 3+သည် သင်၏ကလေးအတွက် အမြင့်ဆုံးသော ကြီးထွားမှုစွမ်းအင်ကို ရရှိစေနိုင်ရန်အတွက် အာဟာရဓာတ် ၃၇မျိုးထဲတွင် အာဂျင်နင်းနှင့် ဗီတာမင် K2 တို့ကို ပိုမိုအားဖြည့် ထုတ်လုပ်ထားပါသည်။ မိဘများအဆင်ပြေစေရန်အတွက် ပုံမှန် Pediasure 3+ကို ကလေးများ ကြိုက်နှစ်သက်သည့် အရသာများဖြစ်သည့် ချောကလက်၊ စတော်ဘယ်ရီ နှင့် ဗနီလာ အရသာများဖြင့် အသင့်သောက်သုံးနိုင်သော ပုံစံဖြင့်လည်း ထုတ်လုပ်ထားပါသည်။ ထို့ကြောင့် သင့်ကလေးသည် သွားရည်စာ (အစားပြေ) အဖြစ် သောက်သုံးချိန်မှာတောင် ကြီးထွားမှု ရပ်တန့်သွားခြင်းမရှိအောင် ကူညီပေးပါသည်။ ယနေ့ပဲ Pediasure Myanmar သို့လာရောက် စာရင်းပေးသွင်းပြီး နမူနာ ရယူလိုက်ပါ။6

 

References:

  1. https://www.eatingwell.com/article/289744/what-exactly-does-healthy-mean/
  2. https://fit.sanfordhealth.org/blog/10-ways-to-get-kids-to-eat-healthy-food-article
  3. https://www.niddk.nih.gov/health-information/weight-management/healthy-eating-physical-activity-for-life/helping-your-child-tips-for-parents
  4. https://www.parents.com/kids/nutrition/healthy-eating/get-your-kids-to-eat-better/
  5. https://familydoctor.org/nutrition-tips-for-kids/
  6. https://pediasuremyanmar.com/pediasure-overview/

^^        Alarcon PA, et al. Clin Pediatr (Phila). 2003

Additional Readings:

  1. https://pediasuremyanmar.com/request-a-free-sample/
  2. https://mydoctor.kaiserpermanente.org/mas/Images/90199%20R1-12%20CL_tcm88-1595771.pdf
  3. https://www.rasmussen.edu/degrees/education/blog/how-to-get-kids-to-eat-healthy/

ကြီးထွားဖွံ့ဖြိုးအပေါ် သဘာဝနှင့် ပြုစုပျိုးထောင်မှုများ၏ သက်ရောက်ပုံ

ကြီးထွားဖွံ့ဖြိုးအပေါ် သဘာဝနှင့် ပြုစုပျိုးထောင်မှုများ၏ သက်ရောက်ပုံ

ကြီးထွားခြင်းနှင့် ဖွံ့ဖြိုးခြင်းကို အပြန်အလှန် အားဖြင့် အသုံးပြုကြသော်လည်း တစ်ခုနှင့်တစ်ခု ကွာခြားမှုများရှိပါသည်။ သဘာဝ(မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်) နှင့် ပျိုးထောင်ခြင်း (အာဟာရ)တို့သည် ကလေးတစ်ဦး၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှု နှစ်ခုလုံးအတွက် အထောက်အပံ့ပေးပါသည်။ သို့သော် မိဘထံမှရရှိသော မျိုးရိုးဗီဇ၊ စားသောက်သည့်အစားစာ ( အစာ နှင့် Pediasure 3+ ကဲ့သို့ ကလေးများအတွက် ဖော်စပ်ဖြည့်စွက်စာ) နှင့် မည်သည့်နေရာတွင် ကြီးပြင်းလာသည်တို့က ကြီးမားသော ခြားနားချက်ကို ဖြစ်စေပါသည်။ သင့်ကလေးသည် သင်ထင်ထားသလို ကြီးထွားမှုမရှိဟု ခံစားနေရပါက စောင့်ကြည့်ရမည့်အချက်များကို အောက်တွင်ဖော်ပြထားပါသည်။1, 6

သဘာဝ၏ သက်ရောက်မှု

ကလေးတစ်ဦး၏ ခန္ဓာကိုယ်သည် ပတ်ဝန်းကျင်နှင့် ၎င်းတို့ကို ပြုစုပျိုးထောင်မှုတို့အပေါ် မူတည်ပြီး ဖွံ့ဖြိုးကြသည်။ သင့်ကလေးရရှိနိုင်သော အရပ်နှင့် ကိုယ်လုံးပုံစံသည် သင်နှင့် သင့်မတိုင်ခင်မျိုးဆက်အပေါ်တွင် မူတည်နေပါသည်။ သို့သော် အာဟာရဓာတ်များနှင့် ကောင်းမွန်စွာ ပြုစု ပျိုထောင်းပေးပါက ကြီးထွားဖွံ့ဖြိုးမှုကို ကူညီထောက်ပံ့ပေးနိုင်ပါသည်။1,2 အာဟာရဓာတ်သည် ကြီးထွားမှုလမ်းကြောင်းကို ဖွင့်ပေးသော သော့ချက်တစ်ခုဖြစ်နိုင်ပြီး သင့်ကလေး၏ ကြီးထွားမှုကို လမ်းကြောင်းမှန်အောင် ထိန်းညှိပေးနိုင်ပါသည်။ သင်၏ကလေး တစ်နေ့လျှင် ထမင်းသုံးကြိမ်ဖြင့် ကြားထဲတွင် မုန့်စားခြင်း ရှိမရှိ၊ ၎င်းတို့၏ အစားကြေးများသော အလေ့အကျင့် သို့မဟုတ် ၎င်းတို့စားသော အစားအစာများတွင် ကယ်လိုရီမြင့်ပြီး အာဟာရဓာတ်နည်းသော အစာများ ပါမပါ ကြည့်ကြည့်ပါ။ ထိုအချက်များသည် ကြီးထွားမှုအပေါ် သက်ရောက်မှုရှိနိုင်သော အချက်များဖြစ်သောကြောင့် ထိုမေးခွန်းသည် အရေးပါပါသည်။ သင့်ကလေး၏ အမြင့်ဆုံး (အလားလာ အများဆုံး) သော ကြီးထွားဖွံ့ဖြိုးလာနိုင်မှုကို ပိုမိုနားလည်လာနိုင်ရန်အတွက် Pediasure Myanmar ဝက်ဘ်ဆိုဒ်တွင် တင်ထားသော ကြီးထွားဖွံ့ဖြိုးမှု ရာခိုင်နှုန်းကို တွက်ချက်ပေးသော Calculator နှင့် မိတ်ဆက်ပေးချင်ပါသည်။ သင့်ကလေး၏ ကျား/မ၊ မွေးနေ့၊ ၎င်းတို့၏ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ မိခင်၏ အရပ်အမြင့်နှင့် ဖခင်၏ အရပ်အမြင့်တို့ကို ထည့်သွင်းလိုက်ပါက သင့်ကလေး၏ ကြီးထွားဖွံ့ဖြိုးလာနိုင်တဲ့ အလားလာ ကို တွေ့မြင်နိုင်ပါသည်။8

အာဟာရ အာမခံချက်

ကိုယ့်ကလေး၏ အရပ်ကို ပိုရှည်လာအောင် လုပ်နိုင်ပါသလား။ ရပါသည်။ ထိုအချက်အတွက် အာဟာရဓာတ်သည် အရေးကြီးသော အခန်းမှ ပါဝင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အာဟာရဓာတ် မပြည့်ဝခြင်း သို့မဟုတ် အလွန်အကျွံစားခြင်းသည် ကြီးထွားမှုကို ဆိုးရွားစွာ ထိခိုက်စေနိုင်သော ကျန်းမာရေး ပြဿနာများသို့ ဦးတည်နေသောကြောင့် ဖြစ်သည်။ ကျန်းမာရေးနှင့်ညီသော ကြီးထွားမှုကို ထောက်ပံ့ပေးသည့် အရေးပါသော အာဟာရဓာတ်များမှာ ဗီတာမင်များ (K2, D, ဟင်းရွက်များ)၊ သတ္တုဓာတ်များ (ကယ်လ်ဆီယမ်၊ ဘနို့၊ ပဲ၊ အစေ့အဆန်များ)၊ အာမီနို အက်စစ် (အာဂျင်နင်း၊ အနီရောင်ရှိသော အသား၊ ကြက်သား၊ ဖရုံစေ့များ)၊ ပရိုတိန်း ( ဥများ၊ ပဲများ၊ ငါး)၊ ကာဗိုဟိုက်ဒရိတ် ( ဂျုံနှင့်လုပ်သော အစားအစာများ၊ quinoa (အစေ့အဆံတစ်မျိုး) ၊ လုံးတီးဂျုံ (whole-wheat couscous) နှင့် ဆန်လုံးညို(brown rice)) နှင့် အဆီများ ( အစေ့အဆန်များ၊ အစေ့အဆန်များမှထုတ်လုပ်သော အဆီများ)တို့ဖြစ်သည်။ ဗီတာမင် D သည် ပိုမိုခိုင်ခံ့သော အရိုးကိုရရှိနိုင်ရန်နှင့် ကောင်းမွန်စွာ ကြီးထွားစေရန်အတွက် အဓိကလိုအပ်သော ကယ်လ်ဆီယမ်ကို သင့်ကလေးခန္ဓာကိုယ်မှ စုပ်ယူနိုင်ရန် ကူညီပေးသည်။ ဗီတာမင် C နှင့် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များမှရသော အန်တီအောက်ဆီးဒင့်သည် ကိုယ်ခံစွမ်းအားစနစ်ကို ထောက်ပံ့ပေးသောကြောင့် သင့်ကလေး ကြီးထွားဖွံ့ဖြိုးနိုင်သော ကာလကို ပိုမိုရှည်ကြာစေပါသည်။3, 4, 5

ပြည့်စုံမျှတသော အစားအသောက်ပုံစံကဲ့သို့ပင် သဘာဝသည်လည်း ကလေးတစ်ဦး၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအတွက် အရေးပါပါသည်။ ကျန်းမာပြီး မျှတသည့် အစားအသောက်ပုံစံတွင် ထမင်းတစ်ခါစားတိုင်း ကာဗိုဟိုက်ဒရိတ်၊ ပရိုတိန်း၊ အဆီများ၊ ဗီတာမင်များနှင့် အမျှင်ဓာတ်တို့ကို လိုအပ်သည့်ပမာဏအတိုင်း ပါဝင်ပါသည်။ ကျန်းမာရေးနှင့်ညီသည့် အစားအစာများကို အမြဲရွေးချယ်ရမည်ဖြစ်ပြီး အစားတစ်မျိုးတည်းဖြင့် မလုံလောက်သောအချိန် သို့မဟုတ် အစားကြေးများသူနှင့် တွေ့ရသောအချိန်တွင် Pediasure 3+ မှကူညီပေးနိုင်ပါသည်။ အာဂျင်နင်း နှင့် သဘာဝဗီတာမင် K2 တို့အပါအဝင် အရေးပါသော အာဟာရဓာတ် ၃၇မျိုးကို သင့်တင့်မျှတစွာဖြင့် အခြေပြုထုတ်လုပ်ထားသော Pediasure 3+သည် လိုအပ်နေသော ကလေးများအား ကြီးထွားမှုကို အလှမ်းမီစေရန် ထောက်ပံ့ပေးနိုင်ပါသည်။ Pediasure 3+ ကို ကျွမ်းကျင်သူများ၏ လမ်းညွန်မှုအတိုင်း ကလေးများအတွက် ဖော်စပ်ဖြည့်စွက်စာ အနေနဲ့ သောက်သုံးနိုင်သလို အစားပြေအနေဖြင့် သောက်သုံးနိုင်ပါသည်။ Pediasure 3+ကို သင့်ကလေး ကြိုက်မကြိုက် သိလိုပါသလား။ Pediasure Myanmar သို့လာရောက် စာရင်းသွင်းပြီး နမူနာ ရယူလိုက်ပါ။6, 7, 9

References:

  1. https://parenting.firstcry.com/articles/factors-that-affect-growth-and-development-in-children/
  2. https://www.momjunction.com/articles/foods-for-increasing-height-in-children_00121489/
  3. https://www.healthxchange.sg/children/food-nutrition/healthy-food-growing-children
  4. https://raisingchildren.net.au/school-age/nutrition-fitness/daily-food-guides/school-age-food-groups#:~:text=Protein%2Drich%20foods%20include%20lean,and%20omega%2D3%20fatty%20acids.
  5. https://www.eatright.org/health/wellness/healthy-aging/nutrition-for-growing-bodies
  6. https://pediasuremyanmar.com/formulation-support/
  7. https://abbottfamily.com.sg/products/page/pediasure
  8. https://growthtracker.pediasuremyanmar.com/mm

^^  Alarcon PA, et al. Clin Pediatr (Phila). 2003

Additional Readings:

  1. https://pediasuremyanmar.com/request-a-free-sample/

ကလေးများ အာဟာရဓာတ်များကို လက်လွှတ်မဆုံးရှုံးရစေရန်အတွက် ကျန်းမာရေးနှင့်ညီသော အစားအစာများနှင့် အစားထိုးခြင်း

ကလေးများ အာဟာရဓာတ်များကို လက်လွှတ်မဆုံးရှုံးရစေရန်အတွက် ကျန်းမာရေးနှင့်ညီသော အစားအစာများနှင့် အစားထိုးခြင်း

မိဘတစ်ဦးဖြစ်လာသည်နှင့်အမျှ သင်သည် သင့်ကလေး၏ အစားရွေးသော အလေ့အကျင့်အပေါ်  စိတ်တိုင်းမကျမှုများအား ပို၍ပို၍ အလျှော့ပေးလာရသည်ကို ကြုံတွေ့ရလိမ့်မည်။ သင်၏ စိတ်တိုင်းမကျမှုသည် အမှန်ပင်ဖြစ်သော်လည်း သင်၏ကလေးသည် ဖွံ့ဖြိုးဆဲဖြစ်သောကြောင့် သူ၏ အရသာရွေးချယ်မှုသည်လည်း ပုံမှန်ပင်ဖြစ်သည်။ အကယ်၍ ကလေး၏ အစားရွေးချယ်မှုကြောင့် အရေးကြီးသော အာဟာရဓာတ်များမရနိုင်မည်ကို သင်စိတ်ပူပါက အာဟာရဓာတ် လိုအပ်ချက်မရှိစေရန် အစားအစာပြောင်းလဲသော နည်းလမ်းမျာစွာရှိပါသည်။ အာဟာရဓာတ်သည် အသက်ရှင်နေထိုင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အစားအစာ ထိန်းချုပ်ခြင်းနည်းလမ်းများ၊ စားချင်သဖွယ်ဖြစ်အောင် ဖန်တီးထားသော အစားအစာ အစားထိုးမှုများနှင့်အပြိုင် အာဟာရဖြည့်စွက်စာ (ဥပမာ – Pediasure ) ၏အကူအညီဖြင့် သင့်ကလေး၏ စားသောက်ပုံကို ပုံစံမှန်စေပြီး ပျော်ရွှင်ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးစေပါသည်။1, 7

 

မနှစ်သက်သော ဟင်းသီးဟင်းရွက်များ

ခရမ်းချဉ်သီး၊ သခွားသီး၊ အစိမ်းရောင်ရှိသော ငရုတ်ပွသီး၊ ဂေါ်ဖီထုပ်။

 

အခြားရွေးချယ်စရာများ

ပုံမှန်အားဖြင့် ကလေးများသည် ထိုရိုးရှင်းသော အစားအစာများကို ၎င်းတို့၏ အရသာနှင့် ပြင်းထန်သည့် ခပ်စိမ်းစိမ်း အနံ့တို့ကြောင့် မကြိုက်ကြခြင်းဖြစ်သည်။ ထိုအစားအစာများတွင် ရေဓာတ်အမြောက်အများပါဝင်ပြီး အန်တီအောက်ဆီဒန့် ဗီတာမင် စီ၊ အရိုးသန်မာမှုကို ထောက်ပံ့ပေးသော ဗီတာမင် ကေ၊ မျက်လုံး၏ကျန်းမာရေးနှင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသော ဗီတာမင် အေတို့ ကြွယ်ဝစွာ ပါဝင်သည်။ ထို အာဟာရဓာတ်များကို လက်လွှတ်မဆုံးရှုံးရန်အတွက် အမျိုးစုံသော ရောင်စုံ ကန်စွန်းဥများ၊ ချိုသော လိမ္မော်သီးများ၊ စတော်ဘယ်ရီသီးများ၊ ဖရဲသီးများ သို့မဟုတ် ရွှေဖရုံသီးများ သို့မဟုတ် ဖရုံစေ့များဖြင့် အစားထိုးနိုင်ပါသည်။1, 4

 

မနှစ်သက်သော အသားများ

ငါးအများစုနှင့် ပြုတ်ထားသော ဥများ။

 

အခြားရွေးချယ်စရာများ

အစားဓာတ်မတည့်ခြင်းမှလွဲ၍ ကလေးများ ထိုအစားအစာများကို မကြိုက်ရခြင်းမှာ ၎င်းတို့၏ ပုံပန်းသွင်ပြင် မလှခြင်း၊ ငါးညှီနံ့နှင့် ဆာလဖာနံ့ ကဲ့သို့သော အနံ့များ ရှိခြင်းတို့ကြောင့်ဖြစ်သည်။ ဆဲလ်များကို ထိန်းသိမ်းပေးသော ဆီလီနီယမ်၊ ဦးနှောက်နှင့် မျက်လုံးဖွံ့ဖြိုးမှုတွင် အထောက်အကူပြုပေးသော ဖက်တီအက်စစ်နှင့် ကြွက်သားအားလုံးအတွက် အရေးပါသော ပရိုတိန်းဓာတ်တို့ကို ရရှိစေရန်အတွက် မွေးမြူရေးမဟုတ်သော သဘာဝကြက်သား၊ ဘရာဇီး အခွံမာသီး၊ ချိစ့် အမျိုးမျိုးနှင့် အစေ့မှရသော အဆီများ သို့မဟုတ် ထောပတ်တို့ဖြင့် အစားထိုးပေးရပါမည်။1, 4

 

မနှစ်သက်သော အစေ့အဆန်များ

အုတ်ဂျုံ၊ ပြောင်းဖူး၊ ဆန်လုံးညို။

 

အခြားရွေးချယ်စရာများ

ထိုကဲ့သို့သော အမျှင်ဓာတ်နှင့် ကျန်းမာရေးနှင့်ညီသော ကာဗိုဟိုက်ဒရိတ် ကြွယ်ဝသည့် အစားအစာများကို ကလေးများ မကြိုက်ရသည့်အကြောင်းမှာ ၎င်းတို့သည် မာကျောပြီး ၎င်းတို့ကိုယ်တိုင် အရသာမရှိခြင်းကြောင့်ဖြစ်သည်။ အမျှင်ဓာတ်သည် အစားစားရာတွင် စိတ်ကျေနပ်မှုရစေခြင်းနှင့် ဝမ်းမချုပ်စေရန် အထောက်အကူဖြစ်စေသည်။ အမျှင်ဓာတ်သည် ကိုယ်တွင်း ကလီစာထဲတွင်ရှိသည့် မကောင်းသော ဘက်တီးရီးယားများကို တိုက်ထုတ်ပြီး ကလေး၏ ကိုယ်ခံစွမ်းအားကို အထောက်အကူပြုရန်အတွက် ကောင်းသော ဘက်တီးရီးယားများကို အာဟာရဖြည့်ရာတွင်လည်း အရေးပါသည်။ ထို့ကြောင့် ထိုအချက်များကို ဖြည့်စွက်ရန်အတွက် သစ်သီးအနှစ်များ၊ သစ်သီးအဖတ်ပါသော ဖျော်ရည်များ၊ အိမ်လုပ် ယိုများ၊ သဘာဝ နေဖြင့်အခြောက်လှန်းထားသော အသီးများ သို့မဟုတ် အာနိသင် ဖြည့်ထားသော စီရီယယ်များ သို့မဟုတ် ဂျုံဖြင့်ပြုလုပ်ထားသော အစားအစာများဖြင့် အစားထိုးပေးရပါမည်။1, 2, 3

 

အစားအစာ အစားထိုးနည်းအချို့ကို အာဟာရဖြည့်စွက်စာများဖြင့် ပြောင်းလဲနိုင်ပါသလား

ကလေးများအား ၎င်းတို့မကြိုက်သောအစားအစာများနှင့် ရင်းနှီးစေရန် အလွယ်ကူဆုံးနည်းလမ်းမှာ ငယ်ရွယ်စဉ်အချိန်မှစ၍ ထိုအစားအစာများအား ကျွေးခြင်းဖြစ်သည်။ ဈေးဝယ်သောအခါတွင် ပါဝင်ပစ္စည်းစာရင်းများကို ဖတ်သောအလေ့အထ ပြုလုပ်သင့်ပါသည်၊ အဘယ်ကြောင့်ဆိုသော် သင့်ကလေးသည် သွားရည်စာများ စား၍မရသည့်အတွက် မဟုတ်သော်လည်း  ထိုသွားရည်စာများတွင်ပါဝင်သော ပါဝင်ပစ္စည်းများကို ကျန်းမာရေးနှင့်ညီညွတ်သည့် ပါဝင်ပစ္စည်းများနှင့် အစားထိုး၍ အိမ်တွင် လုပ်ကျွေးပါက သင့်ကလေး စား၍ရသောကြောင့်ဖြစ်သည်။ အကယ်၍ သင်သည် လိုအပ်သော အာဟာရဓာတ်များကို ဖြည့်ဆည်းပေးရန် အကူအညီလိုအပ်နေသေးပါက အစားထိုးအစားအစာများက ကူညီနိုင်ပါသည်။ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးရန်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များဖြစ်သည့် ဗီတာမင် စီ၊ ကေ၊ အေ၊ ဆီလီနီယမ်၊ အရည်အသွေးမြင့်သော ပရိုတိန်းဓာတ်နှင့် အစာလမ်းကြောင်းအတွက်ကောင်းမွန်သော အမျှင်ဓာတ် စသည်တို့ ပါဝင်သည့် ဘက်စုံအသုံးပြုနိုင်သော ဖြည့်စွက်စာအမှုန့် သို့မဟုတ် အရည် ရွေးချယ်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ကျွမ်းကျင်သူများမှ5, 6 ထောက်ခံချက်ပေးထားသော Pediasure သည် အပေါ်တွင်ဖော်ပြထားသော အချက်တင်မက သန်မာသော အရိုးအဆစ်ဖွံ့ဖြိုးမှုနှင့် ကြွက်သားတစ်ရှူးများ တည်ဆောက်မှုကို မြှင့်တင်ပေးသော အာဟာရဓာတ် ၃၇မျိုး သင့်တင့်မျှတစွာ ပေါင်းစပ်ပါဝင်ပါသည်။ သင်၏ကလေး Pediasure နှင့် သင့်တော်မှုရှိမရှိ သိရန်အတွက် စာရင်းသွင်းထားသော အာဟာရဓာတ်ကျွမ်းကျင်သူများနှင့် ဆွေးနွေးလိုက်ပါ။7

  

References:

  1. https://pediasurearabia.com/ae/en/healthy-eating-tips/want-to-win-over-a-child/yuck-o-meter
  2. https://www.healthychildren.org/English/healthy-living/nutrition/Pages/Kids-Need-Fiber-Heres-Why-and-How.aspx
  3. https://fitbottomedgirls.com/2011/08/mission-get-the-kids-to-like-whole-grains/
  4. https://www.thedailymeal.com/cook/top-15-foods-kids-hate-eat-and-how-make-them-change-their-minds-slideshow
  5. Alarcon P et al. Pediatr.2003; 42: 209-217
  6. Huynh DTT. et al. J Hum Diet: doi 10-1111/jhn. 12306
  7. https://pediasuremyanmar.com/formulation-support/

အစာစားပြီးချိန် စပ်ကြားတွင် ကျွေးသည့် အဆာပြေသည် အဘယ်ကြောင့် အရေးပါသနည်း။ (ဖျော်ရည်ရွေးချယ်ခြင်း) 

အစာစားပြီးချိန် စပ်ကြားတွင် ကျွေးသည့် အဆာပြေသည် အဘယ်ကြောင့် အရေးပါသနည်း။ (ဖျော်ရည်ရွေးချယ်ခြင်း)

အသီးအနှံအရည်ဖျော်ခြင်းသည် ကလေးများအတွက် လိုအပ်သော အာဟာရဓာတ် လိုအပ်ချက်များကို ဖြည့်စွမ်းပေးနိုင်ရုံသာမက ရေဓာတ်ကိုပါ ဖြည့်ပေးသောကြောင့် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်သည်။ ဖျော်ရည်များအားလုံးသည် တစ်ပုံစံတည်းထုတ်လုပ်ထားခြင်း မဟုတ်သောကြောင့် အိမ်တွင် သကြားမထည့်ပဲ သစ်သီးအဖတ်လေးများ ပါဝင်အောင် ပြုလုပ်ထားသော သစ်သီးဖျော်ရည်များသည် အကောင်းဆုံးဖြစ်သည်။ မနက်စာ၊ နေ့လည်စာ၊ ညစာ ကဲ့သို့သော အဓိက အစာစားသည့်အချိန်များအတွက် အာရုံစိုက်ပေးခြင်းသည် သင်၏ကလေးကို အာဟာရဓာတ်အမြောက်အများ ပေးစွမ်းနိုင်သော်လည်း ထိုအချိန်များ၏ ကြားထဲတွင်ကျွေးသော အထူးသဖြင့် ဖျော်ရည်များသည်လည်း ထပ်တူထပ်မျှ အရေးပါပါသည်။ ရေဓာတ်သည် သင့်ကလေး၏ ခန္ဓာကိုယ်ကို ကောင်းမွန်စွာလည်ပတ်နိုင်စေရန်နှင့် ခွန်အားရှိစေရန် အထောက်အကူပြုပေးသော အရာဖြစ်သည်။ နို့သည်လည်း အရိုးများသန်မာစေသည့် အရေးပါသော သောက်စရာများထဲတွင် တစ်ခုပါအဝင်ဖြစ်သောကြောင့် မမေ့သင့်သည့်ပါ။5 သို့သော် နို့ တစ်မျိုးတည်းဖြင့် မလုံလောက်ပါက ကလေးများအတွက် အာဟာရဓာတ် ဖြည့်စွက်စာဖြစ်သော Pediasure 3+ က လိုအပ်သော ထောက်ပံ့မှုများကို ပေးနိုင်ပါသည်။6

 

ဦးဆုံးအနေဖြင့် ရေကို ရွေးချယ်ပါ။

ရေသည် သင့်ကလေး၏ ရေဆာခြင်းကို ပြေစေသည့်နေရာတွင် အရေးပါသည်သာမက ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအားလုံး၏ အလုပ်လုပ်ဆောင်ချက်အတွက်လည်း မရှိမဖြစ် အရေးပါပါသည်။ တစ်ခါသောက်သုံးမှုတိုင်းတွင် ကယ်လိုရီ 0 သာပါဝင်ပြီး အာဟာရဓာတ်များကို လိုအပ်သောနေရာသို့ ရောက်ရှိအောင် ကူညီပို့ဆောင်ပေးသည့် အရာဖြစ်သည်။ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ရေကို ၄ခွက်မှ ၈ခွက်အထိ သောက်သော ကလေးသည် ခန္ဓာကိုယ် လှုပ်ရှားမှုပေါ်မှုတည်၍ စိတ်ဓာတ်တည်ငြိမ်ခြင်း၊ အာရုံစူးစိုက်နိုင်စွမ်းပိုများခြင်းနှင့် မှတ်ဉာဏ်ထိန်းသိမ်းနိုင်စွမ်းအား တိုးတက်ခြင်းတို့ကို ရရှိစေနိုင်ပါသည်။ ရေသောက်နှုန်းကို မြှင့်တင်ရန်အတွက် သဘာဝ သစ်သီးများနှင့် ရောစပ်ခြင်း၊ သစ်သီးအတုံးလေးများပါဝင်သော ရေခဲတုံးများ ပြုလုပ်ခြင်း၊ သဘာဝ သစ်သီးဖျော်ရည်ဖြင့်ပြုလုပ်သော ရေခဲချောင်းများ ကျွေးခြင်း သို့မဟုတ် ရေဓာတ်ပါဝင်မှုများသော သစ်သီးများ ကျွေးခြင်းတို့ကို ပြုလုပ်ရပါမည်။ ဥပမာ – ရေဓာတ်ပါဝင်မှုများသော သစ်သီးများမှာ ဖရဲသီးများ၊ နာနတ်သီးများနှင့် သခွားသီးများတို့ဖြစ်ပါသည်။1

 

သဘာဝသစ်သီးဖျော်ရည်များတွင် အာဟာရဓာတ်များ ပိုမိုပါဝင်ပါသည်။

စတိုးဆိုင်များမှ ဝယ်ယူသည့် အသင့်ထုပ်ပိုးထားသော သစ်သီးဖျော်ရည်များတွင် အာနိသင်ဖြည့်ထားသော ဗီတာမင်များနှင့် သတ္တုဓာတ်များပါဝင်သော်လည်း ၎င်းတို့တွင် သကြား အမြောက်အများပါဝင်ပြီး အိမ်လုပ်ဖျော်ရည်များ ကဲ့သို့ ကျန်းမာရေးနှင့်ညီသည့် အမျှင်ဓာတ်များ ပါဝင်မှု မရှိသလောက် နည်းပါးပါသည်။ ဖျော်ရည်ထဲတွင် သစ်သီးအဖတ်လေးများ ပါဝင်နေသရွေ့ သစ်သီးအရည်ဖျော်ခြင်းသည် သင့်ကလေး၏ တစ်နေ့တာအတွက် သစ်သီးစားသုံးမှု ပမာဏကို ဖြည့်ဆည်းပေးနိုင်သော ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ထို့ပြင် အသီးအနှံအရည်ဖျော်ခြင်းသည် သစ်သီးများအတွက်သာ ကန့်သတ်ထားခြင်းမဟုတ်သဖြင့် သခွားသီးနှင့် မုန်လာဥတို့ကဲ့သို့သော အသီးအရွက်များ ကိုလည်း ထည့်ဖျော်နိုင်ပါသည်။2 ကျန်းမာရေးအတွက် ကောင်းမွန်စေသော အရွက်များဖြစ်သည့် ဟင်းနုနယ်ရွက်နှင့် ကိုက်လန်ရွက်တို့၏ အနံ့အရသာကို ဖုံးနိုင်ရန်အတွက် ပန်းသီးများ၊ သစ်တော်သီးများ၊ လိမ္မော်သီးများထည့်၍ ဖျော်ထားသော ဖျော်ရည်ကို တိုက်ခြင်းဖြင့် သင်၏ကလေးသည် ဗီတာမင် အေ နှင့် စီ ( ကိုယ်ခံစွမ်းအားစနစ်ကို အထောက်အကူပြုသည်)၊ ဗီတာမင် K1 ( အရိုးကျန်းမာရေးကို အထောက်အကူပြုသည်)နှင့် အစာမှ စွမ်းအင်သို့ပြောင်းလဲရာတွင် အထောက်အကူဖြစ်စေသော ဗီတာမင် B6 တို့ကို ရရှိစေနိုင်ပါသည်။3

 

နို့နှင့် အခြားရွေးချယ်စရာများ

နွားနို့သည် ကြွက်သားကျန်းမာရေးနှင့် ကလေးများအတွက် ကြီးထွားဖွံ့ဖြိုးမှုကို အလှမ်းမှီစေသော အရိုးသန်မာမှုတို့ အတွက် အရေးပါသည့် ဗီတာမင် ဒီ၊ ကယ်လ်ဆီယမ်နှင့် ပရိုတိန်းတို့ ရရှိနိုင်သည့် ကောင်းမွန်သော အရင်းမြစ်တစ်ခုဖြစ်သည်။ နွားနို့သောက်နိုင်သောကလေးများအတွက် တစ်နေ့စာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အစားအစာမှရရှိသော အာဟာရဓာတ်များနှင့်အတူ နွားနို့ကိုတစ်နေ့လျှင် အနည်းဆုံး ၂ ကြိမ် ( တစ်ခါသောက်လျှင်၂၅၀ မီလီလီတာ ) သောက်ရမည်ဟု အကြံပြုထားပါသည်။4, 5

ထို့အတူပင် အပင်မှရသော ပဲနို့၊ ဗာဒံသီးတို့သည် တူညီသော ဗီတာမင်နှင့် သတ္တုဓာတ်များကို ပေးစွမ်းနိုင်သော်လည်း ထိုထုတ်ကုန်များ၏ အရသာကြောင့် ကလေးများသည် အများအားဖြင့် မကြိုက်ကြပါ။ ထိုအချက်ကြောင့် မိဘများအနေဖြင့် နို့မသောက်ခြင်းကြောင့် မရရှိလိုက်သော အာဟာရဓာတ်များကို ပြန်လည်ဖြည့်ဆည်းပေးရန် ကလေးအာဟာရ ဖြည့်စွက်စာများကို ရှာဖွေရတတ်ပါသည်။ ဥပမာအားဖြင့် Pediasure 3+ ကလေးများအတွက် ဖော်စပ်ဖြည့်စွက်စာ နို့မှုန့်သည် သည် မရှိမဖြစ်အရေးပါသော အာဟာရဓာတ် ၃၇မျိုး၊ အာဂျင်နင်းတို့အပြင် လိုအပ်သောနေရာများ၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် အပိုအထောက်အကူပေးသော ဗီတာမင် K2 တို့ဖြင့် ပေါင်းစပ် ထုတ်လုပ်ထားပါသည်။ Pediasure ကလေးအာဟာရဖြည့်စွက်စာ နို့မှုန့်သည် ကလေးများကြိုက်နှစ်သက်သော အရသာ ရှိပြီး မစ်ရှိတ်ပုံစံမျိုး ဖျော်၍ရသည့်အပြင် ရေခဲချောင်းအဖြစ် ပြုလုပ်၍လည်းရသောကြောင့် သင့်ကလေး၏ တစ်နေ့စာ ဗီတာမင်နှင့် သတ္တုဓာတ် လိုအပ်ချက်များကို ပျော်ရွှင်စရာကောင်းသော နည်းလမ်းများဖြင့် ထောက်ပံ့ပေးနိုင်မည် ဖြစ်ပါသည်။ အခုပဲ Pediasure Myanmar website သို့ ဝင်ရောက်ပြီး Pediasure 3+ နမူနာ ရယူလိုက်ပါ။ 6

 

References:

  1. https://www.healthychildren.org/English/healthy-living/nutrition/Pages/Choose-Water-for-Healthy-Hydration.aspx
  2. https://www.eujuicers.com/magazine/the-health-benefits-of-juicing-for-kids
  3. https://www.healthline.com/nutrition/foods/carrots#vitamins-and-minerals
  4. https://www.webmd.com/children/news/20121213/cups-milk-preschoolers#1
  5. https://www.momjunction.com/articles/benefits-of-milk-for-kids_00351190/
  6. https://abbottfamily.com.sg/products/page/pediasure

^^  Alarcon PA, et al. Clin Pediatr (Phila). 2003

Additional Readings:

  1. https://pediasuremyanmar.com/request-a-free-sample/

အဆီ၊ အမျှင်ဓာတ် နှင့် မရှိမဖြစ် အာဟာရများအတွက် လမ်းညွှန်ချက်

အဆီ၊ အမျှင်ဓာတ် နှင့် မရှိမဖြစ် အာဟာရများအတွက် လမ်းညွှန်ချက်

ကလေးများအတွက် မျှတသောအာဟာရက ဘာလဲလို့မေးလာရင် ဗီတာမင်နှင့် သတ္တုဓာတ်များလို့သာဖြေကြမှာပါ။ အဆီအလွန်အကျွံစားခြင်းသည်  ကျန်းမာရေးနှင့်မညီညွတ်သောကြောင့် စိုးရိမ်သောမိဘများသည် ၎င်းတို့၏ကလေးများအား “အဆီမရှိ” သောအစားအစာများကိုသာ လွန်ကဲစွာကျွေးတတ်ကြသည်။ ကျန်းမာသောအဆီနှင့် အမျှင်များသည် စွမ်းအင်အတွက်မရှိမဖြစ်လိုအပ်ပြီး ဆဲလ်များကြီးထွားမှုကို ပံ့ပိုးပေးခြင်း၊ ကျွန်ုပ်တို့၏ ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ပေးခြင်း၊ အာဟာရစုပ်ယူမှုကို ကူညီခြင်း၊ ဟော်မုန်းထုတ်လုပ်ခြင်းနှင့် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို နွေးစေပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သော အဆီအစားအစာ အရင်းမြစ်များစွာရှိပြီး ထိုအဆီများကို အာဟာရဖြည်စွက် အစားအစာ ( ဥပမာ Pediasure ) ကျွေးမွေးခြင်းမှလည်းရနိုင်ပါသည်။1,8

 

အဆီတိုင်းက ဒုက္ခမပေးပါ။

အဆီများကို အခွံမာသီး၊ ပဲနှင့် အစေ့အဆန်များသည့်အသီးအရွက်များနှင့် အသားများမှရရှိပြီး ကျန်းမာရေးနှင့် အညီညွတ်ဆုံးအဆီကို ငါးမှရရှိပါသည်။ ထိုအစားအစာများမှ အဆီများသည် Omega 3 (α -Linolenic acid) Fatty acid, Omega 6 (Linoleic acid), decosahexaenoic acid (DHA) နှင့် Vitamin E  တို့ရဲ့အဓိက အရင်းမြစ်များဖြစ်သည်။1,3 ၎င်းအဆီများသည် ကျွန်ုပ်တို့၏ ကိုယ်တွင်းအင်္ဂါများအတွက် ကူရှင်အလွှာတစ်ခုအဖြစ်ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်အတွက်လည်း စွမ်းအင်ရင်းမြစ် တစ်မျိုးဖြစ်သည်။ ကြွက်သား နှင့် အရိုးတစ်သျှူးတည်ဆောက်မှုအတွက် အရေးပါသော Vitamin A,D,E နှင့် K ကဲ့သို့သော အဆီတွင်ပျော်ဝင်နိုင်သော ဗီတာမင်များကို စုပ်ယူရန်အတွက် အဆီများကို လိုအပ်ပါသည်။ အဆီသည် ကယ်လ်ဆီယမ် ကို တိုက်ရိုက်မစုပ်ယူနိုင်သော်လည်း Vitamin D စုပ်ယူမှုကို ပိုကောင်းစေပါသည်။

 

အမျှင်ဓာတ်ကသင့်ကိုကူညီပေးနိုင်ပါတယ်။

အမျှင်ဓာတ်သည် အူလမ်းကြောင်းလုပ်ငန်းဆောင်တာများဖြစ်သော ဗိုက်ပြည့်ခြင်းခံစားချက်နှင့် ဝမ်းပုံမှန်သွားရန် အတွက် အရေးကြီးပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သည့် အမျှင်ဓာတ်များပါသော အစားအစာများကို စားသုံးသော ကလေးများသည် အသက်ကြီးလာသောအခါ ကိုလက်စထရောနှင့် သွေးတွင်းသကြားဓာတ်နဲ့ပတ်သက်တဲ့ ရောဂါများဖြစ်နိုင်ခြေနည်း ပါးပါသည်။ အဘယ်ကြောင့်ဆိုသော် အမျှင်ဓာတ်သည် ဂလူးကို့စ်နှင့် အဆီစုပ်ယူမှုနှေးကွေးစေပြီး အစားအလွန်အကျွံ မစားမိအောင် ကာကွယ်ပေးသောကြောင့်ဖြစ်သည်။ ကလေးများ၏ အူသည် အမျှင် ဓာတ်ကို အစားချေဖျက်ရန်အတွက် သဘာဝအတိုင်းမထုတ်လုပ်နိုင်သောကြောင့် ၎င်းတို့ကို အူအတွက်ကောင်းသော ဘက်တီးရီယားများကြွယ်ဝသော အစားအစာများ သို့မဟုတ် အချဉ်ဖောက်ထားသော အစားအစာများကို လည်း ကျွေးသင့်ပါသည်။ အမျှင်ဓာတ်သည် ၎င်းတို့အတွက် အစားအစာဖြစ်ပြီး ခန္ဓာကိုယ်မှ မကောင်းသော အရာများကို တိုက်ထုတ်ရန် စွမ်းအင်ပေးသည်။ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို ရှာဖွေရန်မခဲခက်ပဲ သင့်ကလေးသော ကြိုက်သော အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ စီရီရယ်နှင့် အစေ့အဆန်များအများစုတွင် အများအပြားပါဝင်ပါသည်။4,5

 

ဖြည့်စွက်စာများက ဘယ်လိုလဲ ။

ကလေးများသည် ၎င်းတို့မကြိုက်သော အရာများကို စားသုံးရန်အတွက် အရမ်းခက်ခဲပါသည်။ ထို့ကဲ့သို့သော အချိန်များတွင် အစားအစာများမှ လိုအပ်သော အာဟာရဓာတ်များကို ဖြည့်ပေးရန် အတွက် အာဟာရဖြည့်စွက်စာမျာကို ကျွေးနိုင်ပါသည်။ ကြီးထွားမှုကို ထောက်ပံ့ပေးသည့် Arginine ကဲ့သို့ အမိုင်နိုအက်စစ်များ၊ အရည်အသွေးမြင့် ပရိုတင်းများ၊ Prebiotic အမျှင်ဓာတ် FOS ( Fructooligosaccharides) အပါအဝင် မရှိမဖြစ်မဖြစ်လိုအပ်သော ဗီတာမင် နှင့် သတ္တုဓာတ် ၃၇ မျိုး ဖြင့် ဖော်စပ်ထားပါသည်။6,7  လက်တွေ့လေ့လာမှုပေါင်း ၂၀ ကျော်ဖြင့် သက်သေပြထားသော Pediasure သည် အစာချေခြင်းကို ပိုမိုကောင်းမွန်စေခြင်း၊ အစာစားချင်စိတ်ကို တိုးမြှင်ပေးခြင်းကြောင့် အစားရွေးသည့်ကလေးပင်လျှင် အကောင်းဆုံး ခန္ဓာကိုယ်ကြီးထွားမှုကို ထိန်းသိမ်းပေးနိုင်သော ပြီးပြည့်စုံပြီး မျှတသော အာဟာရဓာတ်များ ပါဝင်ပါသည်။6,8

ကောင်းမွန်သော အာဟာရစုပ်ယူမှုသည် အာဟာရဓာတ်များကို ပေးစွမ်းနိုင်သော်လည်း ကျန်းမာရေးနှင့်ညီညွတ်သော အဆီနှင့် အမျှင်ဓာတ် ကဲ့သို့သော အာဟာရများကို ထောက်ပံ့ပေးနိုင်မှုပေါ်တွင် မူတည်ပါသည်။ ကလေးများအာဟာရပြည့်ဝရန်အတွက် တတ်နိုင်သမျှထောက်ပံ့ပေးရန်မှာ မိဘများ၏ တာဝန်ဖြစ််သည်။ Pediasure သည် သင့်ကလေးအား ပျော်ရွှင်စွာ ကြီးပြင်းလာစေရန်အတွက် သင့်အားသေချာပေါက် ကူညီပေးနိုင်သော ဖြည့်စွက်အာဟာရတစ်ခုဖြစ်သည်။ Pediasure သည် သင့်ကလေးနှင့် သင့်လျော်ခြင်းရှိမရှိ သိနိုင်ရန်အတွက် ကလေးအထူးကုဆရာဝန် သို့မဟုတ် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပါ။ ကလေးအာဟာရဆိုင်ရာ အကြံပြုချက်များ သို့မဟုတ် ထုတ်ကုန်နာမူနာများကို တောင်းဆိုရန်အတွက် ယနေ့ပဲ Pediasure Myanmar သို့သွားရောက်ကြည့်ရှုပါ။8

Existing URL (If Repurposed): https://pediasuremyanmar.com/food-guide-for-healthy-nutrition/

References:

  1. https://kidshealth.org/en/parents/fat.html
  2. https://well.blogs.nytimes.com/2014/12/01/ask-well-eating-fat-to-boost-vitamin-d-and-calcium/#:~:text=The%20reason%20is%20that%20dietary,Dr.
  3. https://www.livestrong.com/article/13731635-foods-high-in-healthy-fat/
  4. https://health.clevelandclinic.org/figuring-dietary-fiber-child-need/
  5. https://www.webmd.com/digestive-disorders/prebiotics-overview
  6. Alarcon PA, et al. Clin Pediatr (Phila). 2003  
  7. Huynh DT, et al. J Hum Nutr Diet. 2015
  8. https://pediasuremyanmar.com/formulation-support/

Additional Readings:

  1. https://pediasuremyanmar.com/request-a-free-sample/

သင့်ကလေး၏ ကြီးထွားဖွံ့ဖြိုးနှုန်းကို စောင့်ကြည့်ခြင်းသည် အရေးကြီးသည်။

သင့်ကလေး၏ ကြီးထွားဖွံ့ဖြိုးနှုန်းကို စောင့်ကြည့်ခြင်းသည် အရေးကြီးသည်။

ကလေးတိုင်းသည် မတူကွဲပြားစွာ ကြီးပြင်းလာကြပြီး ကောင်းမွန်သည့် သမိုင်းမှတ်တိုင်များ ရှိကြသောအခါ မိဘများအတွက် ပျော်စရာများဖြစ်ပါတယ်။ ကြီးထွားသည့်အချိန်တွင် နှောင်နှေးနေခြင်းသည် ကြီးထွားမှုကို ရပ်တန့််သွားစေနိုင်ပါသည်။ ကိုယ်အလေးချိန်နှင့်အရပ်များကို တိုင်းတာခြင်းကို မှတ်တိုင်များထားရှိပြီး မှတ်သားထားခြင်းသည် မိမိကလေး၏ အခြေအနေကို ကောင်းစွာသိရှိနိုင်ပြီး မည်သည့်အချိန်သည် စိုးရိမ်ရသည်ကို သိရှိရန် အလွယ်ကူဆုံးနည်းလမ်းဖြစ်သည်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်းအပြင် မှန်ကန်သောကိုယ်လက်လှုပ်ရှားမှု၊ လတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများနှင့် အသက်အရွယ်အလိုက် သင့်လျော်သောအာဟာရဖြည့်စွက်စာများ (ဥပမာ Pediasure) ကို လိုအပ်သည့်အခါတွင် တိုက်ကျွေးခြင်းဖြင့် သင့်ကလေး၏ ကြီးထွားမှု လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင်ကူညီပေးနိုင်ပါသည်။

 

ကြီးထွားမှုမှတ်တမ်းများကို ခြေရာခံ၍ ကိုယ်အလေးချိန်၊ အရပ်အမြင့် ဇယားများ၏ အရေးပါမှု

ဥပမာအားဖြင့် ပထမဆုံးသမိုင်းမှတ်တိုင်အနေဖြင့် ၎င်းတို့သွားများ ကျိုးခြင်း၊ စိတ်ဝင်စားနှစ်သက်သော အရာများကို ပြသခြင်း၊ ခံစားချက်များကို ရှင်းလင်းစွာဖော်ပြခြင်း သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုခုချပြီးသော အခါတွင် ပြောသောစကားလုံးများဖြစ်သည်။ သင့်ကလေးသည် ၎င်းတို့၏အသက်အရွက်အတွက် တိုင်းတာမှုတွင် ပျမ်းမျှစံနှုန်း သတ်မှတ်ချက်နှင့်ပြည့်မှီပါက ကိုယ်အလေးချိန်နှင့် အရပ်အမောင်းကို ပြသသောဇယားသည် သင့်အား ချက်ချင်မြင်နိုင်အောင်ကူညီပေးပါသည်။ ၎င်းတို့သည် မည်မျှကြီးထွားလာခြင်း ကိုယ်အလေးချိန်တိုးခြင်း သို့မဟုတ် ကိုယ်အလေးချိန်ဆုံးရှုံးခြင်းများကို သိရှိအောင်လည်း ကူညီပေးသည်။ ကိုယ်အလေးချိန် မပြည့်သောကလေးသည် ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်နှေးနိုင်သည်။ အွန်လိုင်းတွင် ရရှိနိုင်သော ကိုယ်အလေးချိန်နှင့် အရပ်အမြင့် ဇယားသည် အများအပြားရှိသော်လည်း သင့်ပြည်တွင်း ကလေးအထူးကုဆရာဝန် သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်သည် ယဉ်ကျေးမှုနှင့်ဒေသအလိုက် ပိုမိုနားလည်လွယ်စေရန်အတွက် ဆက်စပ်မှုတစ်ခုကို ပေးစွမ်းနိုင်ပါသည်။ သင့်ကလေး၏ အရပ်၊ ကိုယ်အလေးချိန်နှင့် အသက်အရွယ်တို့ကို ပိုမိုကောင်းမွန်စွာ ဆွေးနွေးတိုင်ပင်ရန် အတွက် မှတ်သားထားတဲ့ဇယားတစ်ခုကို ထားရှိပါ။

 

ကြီးထွားမှု နှေးကွေးသည့် လက္ခဏာများရှိနေလျှင် ဘာလုပ်သင့်သလဲ။

ကြီးထွားမှုနှေးကွေးခြင်း၏ လက္ခဏာများမှာ စကားပြောနှေးခြင်း၊ နှေးကွေးပြီး ပင်ပန်းနွမ်းနယ်နေသော လှုပ်ရှားမှုများ၊ စိတ်အမျိုးမျိုးပြောင်းခြင်း၊ ကောင်းစွာမကစားခြင်း နှင့် ပညာရေးတွင်အခြားသူများထက် အားနည်းခြင်းတို့ဖြစ်သည်။ သင့်ကလေး၏ ဖွံ့ဖြိုးမှုအတွက် အမှန်တကယ်စိတ်ပူပါက စောစီးစွာ ဆရာဝန်နှင့် တိုင်ပင်ပါ။ အပြုအမူဆိုင်ရာ ပြဿနာများအပြင် အသက်အရွယ်နှင့် ကိုယ်အလေးချိန် အရပ်အမောင်း ကျန်းမာသန်စွမ်းသော ကလေးတစ်ဦးသည် အရိုးနှင့် ကြွက်သား ကျန်းမာရေးအတွက် အာဟာရပြည့်ဝစွာ စားသုံးမှု ရှိမရှိကို အချက်ပြနေပါသည်။

ပျမ်းမျှအားဖြင့် အသက် ၅ နှစ်ကလေးတစ်ဦးသည် ကိုယ်အလေးချိန် ၁၆.၄၇ ကီလိုဂရမ် မှ ၂၀.၂၈ ကီလိုဂရမ်ခန့်ရှိသင့်ပြီး အရပ်အမြင့် ၁၀၄.၉၀ စင်တီမီတာမှ ၁၁၂.၂၇ စင်တီမီတာ ရှိသင့်သည်။ ကလေးတစ်ဦးသည် ၎င်းအသက်အရွယ်အလိုက် ပျမ်းမျှအရပ်ထက်နိမ့်ပါက မျိုးရိုးဗီဇအပြင် အာဂျင်နင်၊ Vitamin K2, D, Zinc နှင့် ကြွက်သားကျန်းမာရေး (ခန္ဓာကိုယ် ကိုလှုပ်ရှားနိုင်စေရန်နှင့် ထိန်းသိမ်းထားရန်) မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်စစ်များ ကဲ့သို့ အရိုးအတွက် လိုအပ်သော အာဟာရများ မရရှိသောကြောင့် ဖြစ်နိုင်သည်။ သင့်ကလေးသည် အစားကောင်းကောင်းစားနေပါက ကယ်လိုများရရှိနိုင်သော်လည်း အာဟာရဓာတ်များနည်းနိုင်သောကြောင့် ၎င်းတို့၏အစားအစာများကို သေချာစွာကြည့်ရှုစစ်ဆေးပါ။ အာဟာရဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့်အတူ အထိုင်များသောအရာများကို ကန့်သတ်ခြင်း၊ ကျောင်းတွင်းလှုပ်ရှားမှုများတွင် ပါဝင်ခိုင်းခြင်းနှင့် မိဘတစ်ဦးအနေဖြင့် ပိုမိုကောင်းမွန်သော လူနေမှုပုံစံကို စံနာမူနာပေးပါ။ လေ့ကျင့်ခန်းနှင့် မကြာခဏ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်ကို လိုက်လျောညီထွေဖြစ်အောင် လှုံ့ဆော်ပေးပြီး  ပိုမိုသန်မာသော ကြွက်သားများနှင့် အရိုးများကို တည်ဆောက်ရန် ကူညီပေးပါသည်။

 

အာဟာရဖြည့်စွက်မှုအတွက်ရွေးချယ်စရာ

သင့်ကလေးကို ပဲအမျိုးမျိုး၊ အရေခွံမပါသော ကြက်သား၊ အခွံမာသီးများ၊ ဟင်းနုနွယ်ရွက်၊ ဂေါ်ဖီထုပ်၊ ဒိန်ချဉ်၊ ကန်စွန်းဥ၊ ဥအမျိုးမျိုး၊ ဘယ်ရီသီး၊ ဆယ်လ်မွန်နှင့် နို့တို့ကို များများကျွေးပါ။ ၎င်း အစားအစာများတွင် ပရိုတင်း၊ ဗီတာမင် B၊E၊C၊D၊K၊A ကယ်လ်ဆီယမ်၊ အိုမီဂါ ဖက်တီးအက်စစ်နှင့် ပရိုဘိုင်အိုတစ်များ သည် ကြီးထွားမှုကို ကူညီမပေးသော်လည်း အူလမ်းကြောင်းကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်ကို စောင့်ရှောက်ပေးပါသည်။ ပိုမိုပြည့်စုံသော ပံ့ပိုးမှုတစ်ခုအတွက် မိဘများသည် ကလေးများကို အစားအစာတစ်ခုတည်းမှ အာဟာရမလုံလောက်သောအခါတွင် ကလေးဖြည့်စွက်စာများထံမှ အာဟာရအထောက်အပံ့ကို ရရှိနိုင်ပါသည်။ ထိုအခြေအနေများအတွက် Pediasure 3+ ကဲ့သို့သော အာဟာရဖြည့်စွက်စာများသည် အသုံးဝင်ပါသည်။ Pediasure 3+ တွင အရေးပါသောအာဟာရဓာတ် ၃၇ မျိုး၊ အာဂျင်နင်နှင့် သဘာဝဗီတာမင် K2 တို့ပါဝင်ပါသည်။ ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်ခြင်း သို့မဟုတ် ပိုမိုသိရှိစေရန်နှင့် နာမူနာများကို Pediasure Myanmar သို့ ဝင်ရောက်ကြည့်ရှုပြီး သင့်ကလေးသည် ကြီးထွားမှု လမ်းကြောင်းပေါ်တွင် ရှိစေရန် အတွက် မည်သည့်အရာသည် အဆင်ပြေကြောင်ကို ရှာဖွေနိုင်သည်။

 

အခမဲ့ နမူနာ ရယူပါ။

 

References:

  1. https://www.nutriciaresearch.com/immunology/supporting-the-immune-system-through-nutrition/
  2. https://nutricia.com.au/aptamil/parents-corner/first-weeks/synbiotics-and-child-gut-health/
  3. https://mamaknowsnutrition.com/probiotic-foods-for-kids/#probiotics-probiotic-foods
  4. https://www.laurafuentes.com/probiotic-foods/
  5. https://weelicious.com/probiotic-foods-for-kids/
  6. https://abbottfamily.com.sg/products/page/pediasure
  7. https://pediasuremyanmar.com/

မည်သည့်အစားအစာများသည် Probiotics အများဆုံးပါဝင်သနည်း။

သင့်ကလေး၏အစားစားချင်စိတ်ကို အဘယ်ကြောင့်အာရုံစိုက်သင့်သနည်း။

ဖျားနာခြင်းမှ ခုခံကာကွယ်ခြင်းမှာ ကလေး၏ အူလမ်းကြောင်းသည် တစ်ခုအပါအဝင်ဖြစ်သည်။ အစာချေဖျက်ရာတွင် ကူညီပေးသည့် Probiotics ဟုခေါ်သော ကောင်းမွန်သည့် ဘက်တီရီးယားများသည် အူလမ်းကြောင်းအတွင်းတွင်ရှိနေပြီး မကောင်းသော ဘက်တီးရီးယားများကို တိုက်ထုတ်နိုင်ပါသည်။ ကလေးတစ်ဦးတွင် Probiotics နှင့် Prebiotics ( Probiotics များအတွက် အစားအစာဖြစ်သောအမျှင်) များဖြင့် ရောနှောထားသော သဘာဝအတိုင်ရရှိသည့်အမျှင်များ ဖြစ်ပြီး ၎င်းတို့ရရှိသည့် အာဟာရသည် Microbiome ကြီးထွားမှုနှင့် ကိုယ်ခံစွမ်အား ကျန်းမာရေကို မြှင့်တင်ပေးသည့် အပေါ် သက်ရောက်မှုရှိသည်။ Probiotics အမျိုးအစားများစွာရှိပြီး ၎င်းတို့တစ်ခုစီတွင် အပြုသဘောဆောင်သော ရည်ရွယ်ချက်များရှိသည်။ ပြီးပြည့်စုံပြီး မျှတသော အာဟာရအကျိုးခံစားခွင့်များရရှိစေရန် လိုအပ်သည့် အခါတွင် Probiotics ဂုဏ်သတ္တိများနှင့် Prebiotics အမျှင်များ (ဥပမာ Pediasure 3+) ပါဝင်သော သင့်ကလေးအား Probiotics ကြွယ်ဝသည့် အစားအစာများနှင့် အာဟာရဖြည့်စွက်စာများကို ပံ့ပိုးပေးပါ။

Probiotics သည့်ဘာကြောင့် အရေးကြီးသနည်း။

Probiotics နှင့် Prebiotics ၏ ပေါင်းစပ်မှုစနစ်ကို Symbiotic ဟုခေါ်သည်။ နှစ်မျိုးလုံး၏ မှန်ကန်သော ရောစပ်မှုသည် ကလေး၏ အူလမ်းကြောင်းတစ်လျှောက်တွင် Probiotics များ ရှင်သန်ကြီးထွားစေရန် သေချာစေပါသည်။ မကောင်းသည့် ဘက်တီးရီးယားများသည် ကောင်းမွန်သော Probiotics များထက် များနေသောအခါ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ရောင်းရမ်းခြင်း၊ ဓာတ်မတည့်ခြင်း၊ ခုခံအားစနစ်ကို အနှောင့်အယှက်ပေးခြင်း စသည့် ကျန်းမာရေးပြဿနာများကြုံလာနိုင်ပြီး ၎င်းသည် ကျန်းမာရေးနှင့် မညီညွတ်သည့် မျှတမှုတစ်ခုဖြစ်သည်။ Probiotics သည် အစာချေဖျက်ရာတွင်ကူညီပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည့် ဗီတာမင်များ ( A, B6, C ) အစားအစာများတွင် ပါရှိသော သတ္တုဓာတ်များ ( ဆီလီနီယမ်၊ ဇင့်၊ သံဓာတ်) တို့ကို ထုတ်ပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါသည်။ အဓိပ္ပာယ်မှာ Probiotics များသည် ရောဂါများကို တိုက်ထုတ်ပေးသည့် သဘာဝပဋိပစ္စည်းများထုတ်လုပ်ရာတွင် အထောက်အကူဖြစ်စေပါသည်။

အကောင်းဆုံးအစားအစာအရင်းမြစ်များ

Probiotics ကြွယ်ဝသောအစားအစာ အမျိုးအစားပေါင်းများစွာရှိပြီး ယင်းတို့မှတဆင့် သင့်ကလေးသည် အများဆုံးဘယ်လို စားသုံးရန်မှာအရေးကြီးပါသည်။ ထို့ကြောင့်သင့်ကလေးသည် ဗီတာမင်များ ၊ သတ္တုဓာတ်များနှင့် Prebiotics အမျှင်များပါသော ကိုယ်ခံအားကို အထောက်အကူပြုသည့် လတ်ဆတ်သော အစားအစာများကို များများစားနေသမျှကာလပတ်လုံးတွင် Probiotics များရှင်သန်ကြီးထွားလာမည် ဖြစ်သည်။ ဤသည်မှာ Probiotics ကြွယ်ဝသော အစားအစာများ၏ အကောင်းဆုံးအစားအစာ အရင်းမြစ်အချို့ဖြစ်သည်။ ကျွေးမွေးခြင်းပမာဏတိုးသည့်အခါ သို့မဟုတ် သင့်ကလေအား ၎င်းတို့နှင့် မိတ်ဆက်ပေးသည့်အခါ ဖြည့်ဖြည့်ချင်းသွားရန် မမေ့ပါနှင့်။ တစ်ချိန်တည်းတွင်များစွာပေးခြင်းသည် သင့်ကလေး၏ ခန္ဓာကိုယ်မှ အသုံးမပြုနိုင်ပါ။

အသီးအရွက်ရွေးချယ်စရာများ – ချဉ်သော ဟင်းသီးဟင်းရွက်များ၊ ပဲစေ့များ၊ ကင်မ်ချီ၊ ပန်းသီးရှာလကာရည်၊ သံလွင်သီး ဆားရည်စိမ်၊ အချဉ်ဖောက်ထားသောဂျုံနှင့်လုပ်ထားသော ပေါင်မုန့်၊ အားဖြည့်ထားသော အစားအစာများ

အသီးအရွက်မဟုတ်သော ရွေးချယ်မှု – ဒိန်ခဲ၊ လတ်ဆတ်သော ဒိန်ချိဉ် သို့မဟုတ် အားဖြည့်ထားသော ဒိန်ချဉ်

မိဘများသည် Probiotics များအစား ဖော်မြူလာများ သို့မဟုတ် အာဟာရဖြည့်စွက်စာများ ပေးနိုင်ပါသလား။

ကလေးများတွင် အစာကြေးများသော အရသာခံဖုများနှင့် အစားအစာများ အထူးသဖြင့် Probiotics ကြွယ်ဝသော အစားအစာများသည် ပြင်းထန်းသောအရသာများရှိသည်။ အစားကြေးများသူများအတွက် အကောင်းဆုံး Probiotics အစားအစာ ရွေးချယ်မှုများ ဒိန်ချဉ်ဖြစ်သည်။ အကောင်းဆုံးအာဟာရဖြည့်စွက်စာများသည် အကောင်းဆုံးပံ့ပိုးမှုကို ပေးရန် Probiotics နှင့် Prebiotics ဂုဏ်သတ္တိ ၂မျိုးလုံးပါရှိပါသည်။ အစားအစာတစ်ခုတည်းနှင့် အာဟာရမလုံလောက်သည့်အခါတွင် Pediasure 3+ ကဲ့သို့ အာဟာရဖြည့်စွက်စာ များသည် အသုံးဝင်ပါသည်။ Pediasure 3+ တွင် ဗီတာမင် နှင့် သတ္တုဓာတ်များ  Probiotics နှင့် Prebiotics စုစုပေါင်းအရေးပါသော အာဟာရဓာတ် ၃၇ မျိုးကို ပံ့ပိုးပေးပါသည်။ ကလေးအထူးကုဆရာဝန်နှင့်တိုင်ပင်ခြင်း သို့မဟုတ် အခြားအချက်အလက်များနှင့် နာမူနာများရယူရန်အတွက် Pediasure Myanmar  သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

နမူနာ လက်ဆောင်ရယူရန်

 

References:

  1. https://www.nutriciaresearch.com/immunology/supporting-the-immune-system-through-nutrition/
  2. https://nutricia.com.au/aptamil/parents-corner/first-weeks/synbiotics-and-child-gut-health/
  3. https://mamaknowsnutrition.com/probiotic-foods-for-kids/#probiotics-probiotic-foods
  4. https://www.laurafuentes.com/probiotic-foods/
  5. https://weelicious.com/probiotic-foods-for-kids/
  6. https://abbottfamily.com.sg/products/page/pediasure
  7. https://pediasuremyanmar.com/

သင့်ကလေး၏အစားစားချင်စိတ်ကို အဘယ်ကြောင့်အာရုံစိုက်သင့်သနည်း။

သင့်ကလေး၏အစားစားချင်စိတ်ကို အဘယ်ကြောင့်အာရုံစိုက်သင့်သနည်း။

အရသာနှစ်သက်မှုမှသည် အစားအစာအသစ်များကို မြည်းကြည့်ရန် ကြောက်ရွံ့ခြင်းအထိ ကလေးတစ်ဦးသည် အစားအစာရွေးခြင်း အမူအကျင့်များကွဲပြားသည်။ အချို့သောမိဘများသည် ကလေးတစ်ခုခုကို စားသုံးနေသရွေ့ ၎င်းတို့စားချင့်သမျှအချိန်ထိ စားခွင့်ပေးထားသည်။ သို့သော်မိဘများသည် ကလေး၏အစားသောက်ကို ဂရုစိုက်သင့်သည် အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကြီးထွားမှုကို ထိခိုက်စေသည်။ အာဟာရချို့တဲ့နိုင်သည်ကို ရှာဖွေတွေ့ရှိခြင်းမှ အမျိုးမျိုးသောအစားအစာများနှင့် အစားအစာအစားထိုးခြင်းအထိ အဘယ်ကြောင့် အာရုံစိုက်ရန် အရေးကြီးသည်ကို အောက်တွင် ဆက်လက်လေ့လာကြည့်ပါ။

ကလေးများ၏အရိုးကျန်းမာရေးကို ဘယ်လိုထိခိုက်စေသလဲ။

အသက် ၁၈ နှစ်အထိ အရိုးထု၏ဖွံ့ဖြိုးမှုသည် အမြင့်ဆုံးသို့ရောက်ရှိမည်ဖြစ်သောကြောင့် ကလေးများ၏ အရိုးကျန်းမာရေးသည် အရေးကြီးပါသည်။ အရိုးများအာဟာရချို့တဲ့ပါက ၎င်းတို့သည် ကြွပ်ဆပ်လာကာ အရိုးပွရောဂါဖြစ်နိုင်ချေနှင့် ကြီးထွားမှုရပ်တန့်ခြင်းများ ဖြစ်လာနိုင်သည်။ အရိုးများသည် အမြဲပြိုပျက်နေပြီး အသစ်ပြန်လည်တည်ဆောက်ပေးကာ ၎င်းတို့ကိုလုံလောက်သော အာဟာရများမပေးပါက ၎င်းတို့သည် ချန်ထားသောနေရာများကို စားသွားပြီး အရိုးများကို အားနည်းစေပါသည်။

၎င်းတို့သည်အဘယ်ကြောင့်ဖျားနာမှုများပိုဖြစ်လွယ်လာသနည်း။

အာဟာရဓာတ်များသည် ပဋိဇီဝပစ္စည်းထုတ်လုပ်မှုနှင့် ကိုယ်ခံအားစနစ်ဖွံ့ဖြိုးမှုတို့အတွက် ပံ့ပိုးပေးပါသည်။ ကလေးများတွင် သင့်လျော်သောအာဟာရများချို့တဲ့ခြင်းဖြင့် ကိုယ်အလေးချိန်ကျခြင်း၊ ကိုယ်ခံစွမ်းအားကျဆင်းခြင်းနှင့် ရောဂါပိုးများဝင်ရောက်မှုကို တုံ့ပြန်မှုအားနည်းခြင်းတို့ဖြစ်စေသည်။ မကြာခဏနေမကောင်းဖြစ်သောကလေးသည် အာဟာရဓာတ်များစုပ်ယူမှုမကောင်းသောကြောင့် ကျန်းမာသောစနစ်တစ်ခု လည်ပတ်ရန်ခက်ခဲစေပါသည်။

တိုက်ဖျက်ရန်အကြံပြုချက်များ

သင့်ကလေး၏ အစာစားချင်စိတ်ကို ဂရုစိုက်ခြင်း၊ ကောင်းမွန်သောအာဟာရများဖြည့်ပေးခြင်း၊ လိုအပ်ပါက အာဟာရဖြည့်စွက်စာများ ပံ့ပိုးပေးခြင်းဖြင့် ဖြစ်နိုင်ချေရှိသော အရိုးကြီးထွားမှုနှင့် ကိုယ်ခံအားစွမ်းအားဆိုင်ရာ သက်ရောက်မှုများကို ကာကွယ်နိုင်ပါသည်။

၁။ သင့်ကလေး၏ သရေစာစားခြင်းအလေ့အကျင့်ကို စစ်ဆေးပါ။ – အစားအစာများအကြားတွင် သရေစာများကို အလွန်အကျွံစားနေသလား။ သင့်ကလေးကို သင့်ကျေးသည့်အရာသည် မည်မျှပမာဏ စားသည်မှာ အရေးကြီးပါသည်။ အကယ်၍သင့်ကလေးသည် အစားအစာများကို အပြည့်အဝမစားပါက ကိုယ်အလေးချိန်၊ ကျား၊မ၊နှင့် အရပ်အလိုက် အစာစားချိန်အသေးများကို ၅ ကြိမ်မှ ၆ ကြိမ်ထိခွဲပေးပါ။

၂။ စိတ်အနှောင့်အယှက်ဖြစ်ခြင်းများကို ရှောင်ကြဉ်ပါ။ – တီဗီရှေ့တွင် စားလေ့ရှိသောအချက်သည် မိသားစုများ အတူတကွရှိသောအချိန်တွင် ဖြစ်ပါသည်။ ၎င်းသည် အပြုသဘောဆောင်သည့် အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း တီဗီ သို့မဟုတ် ဖုန်း သို့မဟုတ် အရုပ်များကဲ့သို့သော ဖျော်ဖြေရေး ပုံစံများသည် ကလေးငယ်တစ်ဦး၏ အစားအစာပေါ်တွင် အာရုံစိုက်ခြင်းမှ အခြားအာရုံသို့ပြောင်းစေနိုင်သည်။ ထို့ကြောင့် အစားမစားခင်တွင် ၎င်းအရာများကို ထမင်းစားပွဲနှင့်ဝေးရာတွင်ထားပြီး အရုပ်များကို မမြင်အောင်ဖယ်ထားပါ။

၃။ အစားအစာမျိုးစုံနှင့် အစားသောက်အစားထိုးရွေးချယ်မှုများကို ထောက်ပံ့ပေးပါ။ – အစားအစာများကို အတင်းကျွေးခြင်း သို့မဟုတ် လျော်ကြေးအဖြစ် ပေးခြင်းသည် အစားသောက်များကို အပျက်သဘောဆောင်သည့် ခံစားချက်များကို ဖန်တီးပေးနိုင်ပါသည်။ ၎င်းတို့ကြိုက်နှစ်သက်သော အစားအစာများနှင့်ရောစပ်ပြီး အစားအစာ အုပ်စု(၅) ခုစီ ( ဟင်းသီးဟင်းရွက်၊ သစ်သီးများ၊ အစေ့အဆန်များ၊ နို့ထွက်ပစ္စည်းများနှင့် ပရိုတင်း) တို့ကို တစ်နေ့တာလုံးစားသုံးရန်အတွက် လုံလောက်စွာပါဝင်အောင်ထည့်သွင်းပါ။ အာဟာရမျှတခင်းသည် အဓိကကျသော်လည်း အရိုးနှင့် ကိုယ်ခံစွမ်းအားအတွက် အရေးကြီးသည့်အာဟာရမှာ ဗီတာမင် C နှင့် ကယ်လ်စီယမ် တို့ဖြစ်ပါသည်။ သင့်ကလေးသည် မှို၊ဟင်းနုနွယ်ရွက်၊ ဥများ သို့မဟုတ် အခွံမာသီးများကို လုံလောက်စွာ မစားမည်ကို စိုးရိပ်ပါက Pediasure ကဲ့သို့သော ကလေးအာဟာရဖြည့်စွက်စာများသည် ကူညီပေးနိုင်ပါသည်။ အာဟာရ ၃၇ မျိုးဖြင့် ကြွယ်ဝသော Pediasure အမှုန့် ၅ ခွက်မျှပမာဏသည် နွားနို့ခွက်ကြီး ၁ခွက် ကယ်လ်စီယမ်ပမာဏ နှင့် ဗီတာမင် C ကြွယ်ဝသော စတော်ဘယ်ရီသီး ၃ လုံး ပမာဏနှင့်တူညီပါသည်။ လတ်ဆတ်သောအစားအစာများနှင့် Pediasure ကိုသောက်သုံးခြင်းဖြင့် အရိုးနှင့်ကိုယ်ခံစွမ်းအားကို ပံ့ပိုးရန်အတွက် လိုအပ်သော အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်သည်။

 

အခမဲ့ နမူနာ ရယူပါ။

 

References:

  1. https://pediasurearabia.com/ae/en/what-is-pediaSure/right-appettite
  2. https://www.aboutkidshealth.ca/Article?contentid=637&language=English
  3. https://www.rileychildrens.org/connections/your-childs-appetite-has-changed-when-to-worry
  4. https://www.bones.nih.gov/health-info/bone/bone-health/juvenile#2
  5. https://academic.oup.com/cid/article/46/10/1582/294025
  6. https://pediasure.in/about-pediasure/pediasure-product-formulation

ဦးနှောက်အတွက် အစားအစာများသည် ကလေးများသင်ယူအတွက် ကူညီပေးပါသလား။

ဦးနှောက်အတွက် အစားအစာများသည် ကလေးများသင်ယူအတွက် ကူညီပေးပါသလား။

ငါတို့သည် ငါတို့စားသောအရာဟူသော အသုံးအနှုန်းသည် အချို့သော အမှန်တရားဖြစ်သည်။ အရည်အသွေးမြင့်အစားအစာများနှင့် လတ်ဆတ်သောရွေးချယ်မှုများသည် သင့်အားစိတ်သက်သာရာ ရစေကြောင်း သင်ကိုယ်တိုင်ပင် သတိပြုမိသည်။ ၎င်းတို့သည် မြင့်မားသော စာသင်သည့်နှစ်များတွင် စိတ်ဖိစီးမှုများ သယ်ဆောင်လာသောကြောင့် ၎င်းတို့၏ဦးနှောက်များသည် လတ်ဆတ်သော သဘာဝအစားအစာများ သို့မဟုတ် ဖြည့်စွက်စာများလိုအပ်သောကြောင့် ဤအချက်သည် ကလေးများအတွက် အထူးအရေးကြီးပါသည်။ ကလေး၏ ဦးနှောက်သည် ၎င်းတို့၏ခန္ဓာကိုယ်တွင် အနုနယ်ဆုံးနှင့် အရှုပ်ထွေးဆုံး အစိတ်ပိုင်းဖြစ်သောကြောင့် မည်သည့်အာဟာရသည် ၎င်းအတွက် အကောင်းဆုံးဖြစ်သနည်း။ ပရိုတင်း၊ သံဓာတ်နှင့် ရေဓာတ်တို့သည် အထူးသဖြင့် ကလေးများသင်ယူရာတွင် အကူညီပေးမည့် အရေးကြီးသည့် ဦးနှောက်အတွက် လိုအပ်သည့် အာဟာရများဖြစ်ပါသည်။

ပရိုတင်းများ

ပရိုတင်းများသည် ဆက်သွယ်ရေးအတွက် တာဝန်ရှိသော ဦးနှောက်ဆဲလ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းသည်။ ဤဆဲလ်များသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများ လုပ်ဆောင်နိုင်စွမ်းအတွက်လည်း အရေးကြီးသောကြောင့် အထူးသဖြင့် နံနက်ပိုင်းတွင် အရည်အသွေးမြင့်ပရိုတင်းများကို နေ့စဉ်စားသုံးပေးခြင်းဖြင့် အာရုံကြောများ အားကောင်းစေနိုင်သည်။ မှတ်ဉာဏ်ပိုမိုကောင်းမွန်စေပြီး အပြုသဘောဆောင်သည့် စိတ်နေစိတ်ထားအတွက် အသီးအရွက်နှင့်ပေါင်းစပ်ကြော်ထားသော မွှေကြော်နှင့် နို့တစ်ခွက်ကို ကျွေးပါ။ သင့်ကလေးသည် အစားစားချင်စိတ်မရှိပါက ထမင်းနှင့်ကြက်ပြုတ် သို့မဟုတ် နို့နှင့် အုတ်ဂျုံတစ်ခွက် သို့မဟုတ် ကလေးအတွက် အဆင်ပြေစေသော အာဟာရဖြည့်စွက်စာများသည် လည်း ရွေးချယ်စရာများဖြစ်သည်။

သံဓာတ်

သံဓာတ်သည် ဦးနှောက်၏ ဆက်သွယ်ရေးလုပ်ငန်းစဉ်များအတွက် အရေးပါပြီး သင့်ကလေးအား စာကျက်နေချိန်နှင့် သင်ကြားပြချိန်အတွင် ဆရာကို အာရုံနေချိန်တွင် ပိုမိုအာရုံစိုက်နိုင်ရန်ကူညီပေးသည်။ သံဓာတ်ချို့တဲ့ခြင်းသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို နှေးကွေးစေသည်ဟု သိထားသောကြောင့် ၎င်းသည် အမှန်တကယ်အရေးကြီးပါသည်။ နေ့လည်စာစားချိန်သည် သင့်ကလေးအား လုံလောက်သည့် အာဟာရဓာတ်ရရှိစေရန်အတွက် သံဓာတ်ကြွယ်ဝသောအစားအစာများကို ထောက်ပံ့ပေးရန် အကောင်းဆုံးအစာစားချိန်ဖြစ်သည်။ နေ့လယ်စာထုတ်ပိုးပေးပါက အာလူးကြော်များအစား ဖုတ်ထားသော အနက်ရောင်ပဲများ သို့မဟုတ် ကန်စွန်းဥ ကင်များဖြင့် အစားထိုးပေးပါ။ စားရလွယ်ကူသော ဟင်းသီးဟင်ရွက်ချောင်းများနှင့် ပေါင်းထားသော ပဲများသည် ကျန်းမာရေးနှင့်ညီညွတ်သည့် အခြားရွေးချယ်စရာ တစ်ခုဖြစ်နိုင်သည်။ ဗိုက်ပြည့်ပြီး ကလေး၏လုပ်ငန်းဆောင်တာများ ကောင်းမွန်စေရန်အတွက် သင့်လျော်သော ကောက်နှံဆန် တစ်စိတ်တစ်ပိုင်းကို ထည့်သွင်းရန်မမေ့ပါနှင့်။

ရေဓာတ်

ဦးနှောက်သည် ပျော့ပျောင်းသော တစ်သျှူးဖြစ်ပြီး ရေဓာတ် ၃၇ ရာခိုင်နှုန်းပါဝင်သည်။ ရေဓာတ်ပြည့်ဝသော ဦးနှောက်သည် တွေးခေါ်မှုနှင့် စိတ်ဖိစီးမှုကို ထိန်းထားစေရန် ဟော်မုန်းများနှင့် အာရုံကြောဓာတ်ကို ထုတ်လုပ်ရာတွင် ပိုမိုကောင်းမွန်ပါသည်။ သင့်ကလေး၏ အစာစားချိန်တစ်လျှောက်တွင် ၎င်းတို့အား ရေသောက်သုံးရန် သတိပေးပြီး ကျောင်းရောက်သည့်အခါတွင် ၎င်းတို့အား ပြန်လည်ဖြည့်နိုင်သည့် ရေဘူးတစ်ဘူးကို ထုပ်ပိုးပေးရန်မမေ့ပါနှင့်။ သင့်ကလေးအား အသင့်ထုတ်ပိုးထားသော ဖျော်ရည်နှင့်ဆိုဒါများကို ပေးမည့်အစား အိမ်လုပ် လတ်ဆတ်သော သစ်သီးဖျော်ရည်ကို ပေးပါ။ ၎င်းတို့သည် ရေဓာတ်ပြည့်ဝနေစေရုံသာမက အခြားသော ဦးနှောက်အာဟာရများလည်းရရှိမည်ဖြစ်ပါသည်။

 

အခမဲ့ နမူနာ ရယူပါ။

 

References:

  1. https://abbottfamily.com.sg/articles/school/exams
  2. https://au.reachout.com/articles/foods-that-help-our-brain-study
  3. https://www.usgs.gov/special-topic/water-science-school/science/water-you-water-and-human-body?qt-science_center_objects=0#qt-science_center_objects
  4. https://www.onhealth.com/content/1/kids_brain_foods
  5. https://abbottfamily.com.sg/products/page/pediasure

Privacy Settings
We use cookies to enhance your experience while using our website. If you are using our Services via a browser you can restrict, block or remove cookies through your web browser settings. We also use content and scripts from third parties that may use tracking technologies. You can selectively provide your consent below to allow such third party embeds. For complete information about the cookies we use, data we collect and how we process them, please check our Privacy Policy
Youtube
Consent to display content from Youtube
Vimeo
Consent to display content from Vimeo
Google Maps
Consent to display content from Google