Category: Nutrition Facts

သင့်ကလေး၏ အစားစားခြင်းအလေ့အကျင့်နှင့် လိုအပ်ချက်များကို နားလည်ခြင်း

သင့်ကလေး၏ အစားစားခြင်းအလေ့အကျင့်နှင့် လိုအပ်ချက်များကို နားလည်ခြင်း

သင့်ကလေးအပေါ်တွင် မိဘအာဏာရှိသော်လည်း အစားအစာတစ်ခုခုမစားခင်တွင် ၎င်းတို့၏လိုအပ်ချက်နှင့် အလေ့အထများကို နားလည်ရန်လိုအပ်ပါသည်။ ၎င်းသည် သင့်ကလေးအားစိတ်ဖိစီးမှု လျော့နည်းစေဖို့ ကိုင်တွယ်ရန်နည်းလမ်းများ၊ လေ့လာဆန်းစစ်ခြင်းနှင့် ဖွံ့ဖြိုးစေခြင်းအကြောင်းများလည်းဖြစ်သည်။

 

မှတ်တမ်းတစ်ခုထားရှိပါ
သင်၏ကလေး ဘာကြိုက်တတ်လဲဆိုတာကို သိရှိစေရန်အတွက် အကောင်းဆံးနည်းလမ်းမှာ အစားအစာ နှင့် ပတ်သတ်သည့် ၎င်းတို့၏အပြုမူများကို ၇ ရက်စာ မှတ်တမ်းတင်ထားရန်ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် အချို့သောအစားအစာများကို မည့်သည့်အပြုအမူလုပ်ဆောင်သည်ကို သင်သိမြင်နိုင်ပါသည်။ ၎င်းတို့သည် အစာပြေအစားအစာနှင့် အာဟာရမရှိသောမုန့်များကို အများကြီးစားနေသလား? ထိုသို့ဖြစ်လျှင် အချို့သော အငြိမ်မနေမှုများနှင့် အလွန်အမင်းနိမ့်ကျမှုများကို ရှင်းပြနိုင်သည်။ ၎င်းတို့ကြီးထွားလာသည်နှင့် အမျှ သူတို့၏ ဆာလောင်မှုပုံစံများသည် ပြောင်းလဲသွားပါလိမ့်မည် ထို့ကြောင့် မှတ်တမ်းတစ်ခုထားခြင်းအားဖြင့် မိဘတစ်ဦးက အကောင်းဆုံးအထောက်အပံ့ပေးနိုင်ဖို့ စနစ်တကျ တိုင်းတာနိုင်ပါသည်။

သင်ရွေးချယ်ပေးနေသ၍ ၎င်းတို့ရရှိသောအရာများအားလုံးကို လုံးဝထိန်းချုပ်ထားနိုင်သည်။ သူတို့ဘာကြိုက်လဲသိဖို့ အတွက် အကောင်းဆုံးနည်းလမ်းကဘာလဲ? သူတို့ကို ဈေးဝယ်ယူခြင်းနှင့် အစားအစာပြင်ဆင်ခြင်းတို့တွင် ပါဝင်ပါစေ။ ထိုနည်းတူ အစာစားရန် အတင်းအကျပ်လုပ်ဆောင်ခြင်းထက် အစာစားချိန်တစ်ခုစီမတိုင်မီ “ဗိုက်ဆာသည့်အခါ အချက်ပေးသည့်” နည်းလမ်းကိုအသုံးပြုပါ။

 

သူတို့သည်သင့်အားစံပြအဖြစ်မှတ်ယူသည်။

ပုံသေပြုလုပ်ခိုင်းမည့်အစား၊ သင့်ကလေးအားရွေးချယ်ရန် နည်းလမ်းများပေးနေစဉ် လမ်းညွှန်နည်းလမ်းများကို အသုံးပြုပါ။ သူတို့ကို ကျန်းမာရေးနှင့်ညီညွတ်သည့် အစားစာများ စားစေချင်ပါက သင်ကိုယ်တိုင်အရင်စားပြပါ။ သင်၏ကလေးကို အသစ်အဆန်းများစားစေချင်ပါက သင်ကိုယ်တိုင်လည်း ၎င်းအရာများကို စားရပါမည်။ အကယ်၍သင်က အာဟာရမရှိသောသရေစာမုန်များနှင့် သကြားပါသော အစားအစာများကို အမြဲစားသုံးခြင်းကို သူတို့မြင်ပြီး သူတို့ကို စားခွင်မပေးပါက သင်သည် သူတို့ကို အခြားအစားအစာ တစ်ခုစားခိုင်းရန်အတွက် ခက်ခဲပါလိမ့်မည်။ အစာစားနေချိန်တွင် တီဗီကြည့်ခြင်း သို့မဟုတ် နည်းပညာပစ္စည်းများသုံးခြင်းရှောင်ကြဉ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့အာရုံထွေပြားမှု များသည် ဗိုက်ပြည့်သောခံစားချက်ကို တားဆီးစေပါသည်။

 

သူတို့ကအစားစာ စားခြင်းကို အပြစ်ပေးသည်ဟုမြင်ပါသလား?

အစားအစာများကို အပြစ်ပေးသည့်အနေနှင့် မကောင်းသောအပြုအမူအတွက်ဆိုင်းငံ့ထားရန် ဆုလာဘ်အဖြစ် သုံးသောအခါ အစားအစာသည် စိတ်ဖိစီးမှု (သို့မဟုတ်) အခြားစိတ်ခံစားမှုများအတွက် ဖြေရှင်းရန် ယန္တရားတစ်ခုဖြစ်လာနိုင်သည်။ တောင်သူလယ်သမားရှိခြင်းကြောင့် အစားအစာများရရှိခြင်းကို ပြောပြပါက အစာကောင်းကောင်းစားရန် တွန်းအားပေးခြင်းနှင့် လျှင်မြန်စွာမစားခြင်း သို့မဟုတ် အစားအစာအားလုံး ကုန်အောင်မစားခြင်းမှ ရှောင်ရှားနိုင်ပါမည်။ နောက်သို့ပြန်ဆုတ်ကြည့်ပါက စိတ်ဖိစီးမှုများသည် အစားအစာ တစ်ခုတွင်သာမက ၎င်းတို့ဘဝ၏ အခြားအရာများတွင်လည်းရှိနိုင်သည်။ အစားအစာများနှင့်ပတ်သတ်၍ စိတ်ဖိစီးမှုများခြင်းသည် ၎င်းတို့၏စိတ်ခံစားမှုများကို ထိခိုက်စေရုံသာမက ၎င်းတို့၏ အစာခြေဖျက်မှုကိုပါ ထိခိုက်စေပြီး ရေရှည်တွင် ကျန်းမာရေးပြဿနာများကို ဖြစ်စေသည်။

 

Reference(s):

  1. https://pediasurearabia.com/ae/en/child-nutrition/worried-your-child-is-not-eating-well/habits-and-needs
  2. https://pediasurearabia.com/ae/en/child-nutrition/worried-your-child-is-not-eating-well/understand-hunger-signals
  3. https://www.webmd.com/children/kids-healthy-eating-habits

အာဟာရသည် ကလေးငယ်များ၏ ဦးနှောက်နှင့် စိတ်ကိုမည်သို့ သက်ရောက်မှုရှိသနည်း။

အာဟာရသည် ကလေးငယ်များ၏ ဦးနှောက်နှင့် စိတ်ကိုမည်သို့ သက်ရောက်မှုရှိသနည်း။

အစားအစာအာဟာရသည် ရေကဲ့သို့ပင်ကျွန်ုပ်တို့အသက်ရှင်ရန်အတွက် အရေးကြီးသည်။ ၎င်းသည် ကျွန်ုပ်တို့၏ အာဟာရများ၊ ဗီတာမင်များနှင့်သတ္တုဓာတ်များ၊ ကောင်းမွန်စွာ အဖော်ပြုစားလျှင် ပေါင်းသင်းဆက်ဆံရေး ကဲ့သို့ အခြားအကျိုးရှိသော ကဏ္ဍများကို ဖြစ်စေပါသည်။ ၎င်းတို့ကြီးထွားစေရန်အတွက် ကလေးများတွင် အထူးအရေးကြီးသည်။ အစားအစာသည် အာဟာရဖြစ်သည်၊ သို့သော်အာဟာရအပြင် ၎င်းသည် သူတို့၏ဘဝအခြားကဏ္ဍများတွင်လည်း သက်ရောက်မှုများရှိသည်။

 

အပြုအမူ

အရွယ်ရောက်သူတစ်ဦးအနေဖြင့် အစားမစားခြင်းသည် ကျွန်ုပ်တို့၏သွေးတွင်းသကြားဓာတ်ကို ပြောင်းလဲစေပြီး ကျွန်ုပ်တို့၏အပြုအမူကို ထိခိုက်စေသည်။ အထူးသဖြင့်ကလေးများတွင် တွေ့ရသော အာရုံထွေပြားမှုကို လွယ်ကူစွာဖြစ်စေပြီး စိတ်ပျက်မှုများကို မကြာခဏဖြစ်ပေါ်စေသည်။ အကယ်၍ အစားအစာများကို ပုံမှန်မစားပါက အာရုံစူးစိုက်နိုင်စွမ်းသည် ပညာရေးသာမက လူမှုဆက်ဆံရေးတွင်ပါ များစွာ ထိခိုက်စေလာနိုင်သည်။ အစားအစာက သင့်ကလေးအပေါ်တွင် မည်သို့အကျိုးသက်ရောက်မှု ရှိသည်ကို မစားခင်းနှင့် စားပြီးနောက်တွင် ၎င်းတို့၏အပြုအမူများကို ကြည့်ပါ။ ၎င်းအချက်သည် နောက်တစ်ကြိမ်တွင် သင့်ကလေး ဗိုက်ဆာသည့်အခါ သင်သိမြင်နိုင်ပါသည်။

ကလေးများသည် မိဘများ၏ လုပ်ရပ်များကိုထင်ဟပ်စေသောကြောင့် ၎င်းတို့ကို မှန်ကန်သည့် အမူအကျင့်များ ရှိစေချင်ပါက သင်ကိုယ်တိုင်လည်း ပုံမှန်ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများကို စားရပါမည်။ ပုံမှန်အစားအစာမှလွဲ၍ ကလေးငယ်များကို နောက်ထပ်အစားအစာထပ်မကျွေးမီအထိ မုန့်များ ကျွေးနိုင်ပါသည်။

 

စိတ်ခံစားမှု

သက်တောင့်သက်သာရှိမှုနှင့် အရောင်အသွေးစုံသောထုတ်ပိုးမှုများသည် ကလေးများအတွက် နှစ်သက်ဖွယ်ကောင်းသော အစားစားသည့်အလေ့အကျင့်ကို ဖွံ့ဖြိုးမှုကို လျော့ကျစေပါသည်။ မိဘတစ်ဦး၏ စောစီးစွာ ကြားဝင်ခြင်းဖြင့် ၎င်းကိုရှောင်ရှားနိုင်ပါသည်။ အစာစားချိန်အလွန်ဝေးလျှင် ဗိုက်အလွန်ဆာခြင်းကြောင့် စိတ်ခံစားမှုကို ဖြစပေါ်စေနိုင်သည်။ ကလေးတစ်ယောက် အတွက် ၎င်းမကြိုက်နှစ်သက်သည့် အရာကို ကုန်အောင်အတင်းအကြပ်စားခိုင်းပါက ၎င်းသည် အစားအစာနှင့် မကောင်းသည့် ဆက်ဆံရေးကို တည်ဆောက်သွားနိုင်ပါသည်။ ပန်ကန်ပြားထဲရှိအရာများသည် ကျန်းမာရေးနှင့် ကိုက်ညီသင်ပင်လျှင်ဖြစ်သည်။

သူ့တို့မကြိုက်သည့် အစားစာများကို စားသုံးပေးပါက ဆုလာဘ်အဖြစ် အာဟာရမဖြစ်သောသရေစာများကို ဘယ်တော့မှမသုံးပါနှင့်။ ၎င်းတို့သည် ဆုချရန်အတွက် မကောင်းသည့်အရာကို အရင်လုပ်မည် ဆိုသည့်အချက်ကို မှတ်သားထားနိုင်သည်။ ကလေးငယ်များသည် စိတ်ခံစားမှုကောင်းမွန်စေရန် အစားအစာကို အပြုသဘောဆောင်သည့် သဘောထားများထည့်သွင်းခြင်းသည် ၎င်းတို၏ ခန္ဓာကိုယ် ပုံသဏ္ဍကို အထောက်အကူပြုပြီး ဆုံးဖြတ်ချက်ချရာတွင် ကူညီပေးနိုင်ပါသည်။ သင့်ကလေးကို လွတ်လပ်မှုနှင့် ပြောင်းလွယ်ပြင်လွယ်ရှိစေရန် အခါအားလျော်စွာ အစားအစာဆုံးဖြတ်ချက်များနှင့် သင်၏အစားအစာများကို ဆုံးဖြတ်ခွင့်ပြုပါ။

 

အသိဉာဏ်ဖွံ့ဖြိုးမှု

သင့်ကလေးသည် အစားစားသည့််တိုင် ၎င်းတို့တွင် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များပျောက်ဆုံး နေပါက မှတ်ဉာဏ်ပိုင်းဆိုင်ရာများ၊ စကားပြောခြင်း၊ အလုပ်လုပ်ဆောင်ခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်း၊ အာရုံစူးစိုက်မှုကို ထိခိုက်စေပါသည်။ ကောင်းမွန်သောအာဟာရသည် ကျန်းမာသော ခန္ဓာကိုယ်ကို တည်ဆောက်ရုံသာမက ၎င်းတို့၏ ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အထောက်အကူပြုသည်။ DHA(Docosahexaenoic Acid, Omea 3 fatty Acid) ကဲ့သို့အာဟာရဓာတ်များသည် မှတ်ဉာဏ်စွမ်းအားနှင့် အမြင်အာရုံအတွက် အရေးကြီးသည်။ အရွယ်ရောက်ပြီးသူများကဲ့သို့ Vitamin E သည် ကလေး၏ခန္ဓာကိုယ်အတွင်းရှိ အဆီဓာတ်ကို ကာကွယ်ပေးသည်။ အစားအစာများ စားသုံးရန်ပျက်ကွက်ခြင်းနှင့် ကလေး၏အစားအစာ မကြိုက်ခြင်းကို အလေးအနက်မထားခြင်းသည် ကလေး၏အပြုအမူနှင့် စိတ်ခံစားမှုကိုသာမက ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုကိုပါ သက်ရောက်မှုရှိစေပါသည်။

 

Reference(s):

  1. https://pediasure.ca/en/the-power-of-food
  2. https://www.sahssi.org.au/resources/parenting/can-food-affect-childrens-behaviour/

 


ပျော်ရွှင်စရာနည်းလမ်းများဖြင့် ကလေးများအားအစားအစာအသစ်မိတ်ဆက်ခြင်း။

ပျော်ရွှင်စရာနည်းလမ်းများဖြင့် ကလေးများအားအစားအစာအသစ်မိတ်ဆက်ခြင်း။

သင့်တွင် အစားအစာကြေးများသော ကလေးတစ်ယောက်ရှိပါက အစားအစာအသစ်များကို မိတ်ဆက်ခြင်းသည် ပိုမိုခက်ခဲသည်ဟု ခံစားရစေပါသည်။ ကလေးငယ်များကို တစ်ရက်တည်းနှင့် အစားအစာ အသစ်များ စမ်းစားစေဖို့ သေချာသောနည်းလမ်းများမရှိသော်လည်း ဤနေရာတွင် အစားအစာအသစ်များကို မိတ်ဆက်ရာ၌ ပိုမိုလွယ်ကူစေသည့် နည်းဗျူဟာအချို့ကို ဖော်ပြပေးလိုက်ပါသည်။

 

အစားအစာများနှင့်ကစားပါ။

ပျော်ရွှင်ခြင်းကို အထိန်းအကွပ်မဲ့မသွားစေချင်သောကြောင့် စည်းကမ်းအချို့လိုအပ်ပါသည်။

  • သင့်ကလေးကြိုက်နှစ်သက်သော ပုံစံများ၊ အရောင်များနှင့် အထိအတွေ့များရှိပါက အစားအစာအသစ်များကို ၎င်းပုံစံများပြောင်းလဲနိုင်ပါသည်။
  • သစ်သီများကို တိရစ္ဆာန်ပုံစံများဖန်တီးခြင်း၊ အသားနှင့် ဟင်းသီးဟင်ရွက်များကို သက်တံပုံစံ အရောင်များ ဖန်တီးပါ။
  • အိမ်တွင်ချက်သော အစားအစာများကို အသင့်စားအစားအစာပုံစံများကဲ့သို့ပြောင်းလဲပါ။ အရသာခံစားမှုကဏ္ဍ တွင် ၎င်းတို့နှစ်သက်ပြီးသော အစားအစားနှင့် တွဲ၍ကျွေးပါ။
  • ကလေးငယ်များသည် လက်ဖြင့်ကစားခြင်းကို နှစ်သက်သောကြောင့် ၎င်းအချက်သည် တစ်နေ့တာလုံးအတွက် ထိုက်သင့်သောအစားအစာကို စားနိုင်စေရန် နည်းလမ်းတစ်ခုကို ပြုလုပ်နိုင်ပါသည်။
  • သွားကြားထိုးတံများ၊ မီးညှပ်များ (သို့မဟုတ်) အိုးတွင်း၌ အလွှာများဖြင့် စုထားသော အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို အသုံးပြုပါ။

 

ဥယျာဉ်အသေးစား

တိုးတတ်လာသော ကမ္ဘာကြီးတွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်ခြင်းသည် လက်ခံနိုင်သော အယူအဆတစ်ခု ဖြစ်လာပြီး သင်၏ကလေးငယ်များကို ဥယျာဉ်စိုက်ပျိုးခြင်း သင်ကြားခြင်းသည် ပျော်စရာ ကောင်းနိုင်ပါသည်။ ယေဘုယျအားဖြင့် ကလေးငယ်များသည် သူတို့အလုပ်၏ အပြုသဘောဆောင်သော ရလဒ်များကို မြင်လျှင်နှစ်သက်သဖြင့် ၎င်းတို့စိုက်ပျိုးသော အစားအစာများ ကြီးထွားလာခြင်းသည် နောက်ပိုင်းတွင် အစားစားခြင်း အတွက်အသိပညာတန်ဖိုးကို တိုးစေပါသည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို ကြီးထွားစေရန် များစွာကြိုးစားအားထုတ်ကြမည် ဖြစ်သောကြောင့် ရိတ်သိမ်းထားသော အစားအစာများကို မဖြုန်းတီးဘဲ စားလိုကြသည်။ ၎င်းတို့သူငယ်ချင်းများနှင့် အခြားမိသားစုဝင်များကြားတွင် ၎င်းတို့ကိုယ်တိုင် စိုက်ပျိုးပြီးကြီးပြင်းလာသည့် အစားစာများ စားရသည်ကို ဂုဏ်ယူနိုင်သည်။ ဥယျာဉ်အတွက် နေရာကြီးကြီးမားမား မလိုအပ်ပါ။ ၎င်းအပင်ငယ်များသည် ပြူတင်းပေါက်အနီး (သို့မဟုတ်) ထမင်းစားခန်း (သို့မဟုတ်) ကလေးများကစားသည့် အခန်းများတွင်ပြုလုပ်နိုင်သည်။

 

ထပ်မံကြိုးစားပြီး လက်ခံပါ။

၎င်းတို့မကြာခဏပြုလုပ်ပါက မကောင်းသောအားဖြည့်မှုများကို ဖြစ်စေနိုင်သောကြောင့် ၎င်းတို့အကြိုက်ဆုံး လှုပ်ရှားမှုများနှင့်အကြိုက်ဆုံးအစားအစာမျာကို အမြဲတမ်းဆုပ်ကိုင်ဖို့ ဘယ်တော့မှ မကြိုးစားပါနှင့်။ လူကြီးများအတွက်ပင် အချို့အစားအစာများသည် ကျွန်ုပ်တို့၏ အရသာများသည် အမြဲပြောင်းလဲ နေသောကြောင့် ကြိုက်နှစ်သက်ရန်အချိန်ကြာသည်။ သင့်တွင် မိဘတစ်ဦး၏ အခွင့်အာဏာရှိသော်လည်း သင်၏ကလေးငယ်က ၎င်းတို့ကိုပေးသည့် အစားအစာများကို မကြိုက်နှစ်သက်ဘူးဆိုသည့် အချက်ကို လက်ခံဖို့လိုအပ်ပါသည်။ အရာအားလုံးကို သင်ယူမှု အတွေ့အကြုံအဖြစ်ယူ၍ အခြေအနေပိုမို ကောင်းမွန်စေရန် နည်းလမ်းများဖြင့်ရှာဖွေပါ။ ၎င်းတို့အစားစာများကို ပြန်လည်စားရန်အတွက် မဆိုးမတွဲ အပြုသဘောနှင့်ပြုလုပ်ပါ။ ၎င်းသည်အရွယ်အစားကြောင့်ဖြစ်သလား။ နောက်တစ်ခေါက်တွင် ပိုမိုသေးငယ်အောင်ပြုလုပ်မလား။ ၎င်းသည်သင့်၏ချက်ပြုတ်နည်းကြောင့်လား။ ချက်ပြုတ်နည်းအသစ်များနှင့်စမ်းသပ်ကြည့်ပါ။

 

Reference(s):

  1. https://pediasure.ca/en/new-foods
  2. https://www.cbc.ca/parents/play/view/planting-an-edible-garden-with-kids
  3. https://www.happyhealthyeatingforkids.com/blog/fun-ways-to-introduce-new-foods-to-fussy-eater

ကလေးများအတွက်အရေးကြီးသော အစားအစာအုပ်စု (၅) စု

ကလေးများအတွက်အရေးကြီးသော အစားအစာအုပ်စု (၅) စု

သင့်လျော်သောအာဟာရကို ရရှိခြင်းသည် ကလေးငယ်တစ်ဦး၏ ကြီးထွားမှုနှင့် ကျန်းမာသောဘဝကို ဖွံ့ဖြိုးရန်ကူညီပေးပါလိမ့်မည်။ အာဟာရနှင့် ပတ်သက်လာပါက အမျိုးအစား ၃ မျိုးရှိပါသည်။ ၎င်းတို့အနက်မှ တစ်ခုမှာ ပရိုတင်း၊ အဆီနှင့် ကာဗိုဟိုက်ဒရိတ် (သို့မဟုတ်) စွမ်းအင်ကို ပေးသောအာဟာရများဖြစ်သည်။ နောက်ထပ်တစ်ခုမှာ မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်သည့် ကယ်လ်စီယမ်၊ သံဓာတ်၊ Vitamin C,D နှင့် B တို့ဖြစ်သည်။ ၎င်းတို့သည် ရေရှည်ကျန်းမာရေးကို ထိန်းသိမ်းရန်နှင့် ကိုယ်ခံအားစနစ်အတွက် ဖြစ်သည်။ ပျော်ဝင်နိုင်သော နှင့် မပျော်ဝင်နိုင်သော အမျှင်ဓာတ်များသည် အစာခြေကျန်းမာရေးအတွက် အလွန်အရေးကြီးသည်။ ကလေးငယ်တစ်ဦးသည် ၎င်းတို့လိုအပ်သော အာဟာရ အားလုံကို ရရှိစေရန် အောက်တွင်ဖော်ပြမည့် အစားအစာအုပ်စု ၅ စုမှ ပါဝင်အောင်ကျွေးမွေးရန် အာရုံစိုက်ပါ။

 

အစေ့အဆန်များ

ဤအုပ်စုမှ အစားအစာများသည် အမျှင်ဓာတ်အများဆုံးပါဝင်သောကြောင့် ၎င်းအစားအစာများကို “ အမျှင်များများ ပါသောအစားအစာများ” ဟုသတ်မှတ်နိုင်သည်။ ပုံမှန်အာရှဆန်ဖြူများနှင့် သန့်စင်ထားသော ဂျုံမှုန့်များသည် အမျှင်များကို ဖယ်ထုတ်ထားသကဲ့သို့ ဤအစားအစာအုပ်စုကို တတ်နိုင်သမျှ ထိန်းသိမ်းထားရမည်။ သင့်ကလေးသည် နေ့ဘက်တွင် ဗိုက်ပြည့်သွားသောအခါ ညနေစာကို ထပ်မံတောင်းမည်မဟုတ်သောကြောင့် ဤအစားအစာအုပ်စုကို နံနက်စာတွင် ပါဝင်အောင်ကျွေးရန် အတွက် ထည့်စဉ်းစားပါ။ သင့်ကလေးကို မနက်စာတွင် အုတ်ဂျုံ နှင့် နေ့လည့်စာတွင် ဂျုံ သို့မဟုတ် ဆန်နှင့် အကောင်းဆုံးဖြစ်မည့် မည်သည့် ကောက်နှံမဆို သင်ကျွေးနိုင်ပါသည်။

 

ဟင်းသီးဟင်းရွက်များ

သင့်ကလေး၏ အစားအစာများတွင် ဟင်းသီးဟင်းရွက်မျိုစုံထည့်လေလေ၊ ၎င်းတို့သည် အာဟာရမျိုးစုံ ရလေလေဖြစ်သည်။ ဟင်းသီးဟင်းရွက်များသည် ပိုတတ်ဆီယမ်၊ Vitamin A,E,C နှင့် အမျှင်ဓာတ်တို့ ပါဝင်သော အရင်းအမြစ်ကောင်းများဖြစ်ပြီး ၎င်းတို့သည် အာရဓာတ်ကြွယ်ဝရုံသာမက သင့်ကလေးအား ပိုမိုကြာရှည်စွာ ဗိုက်ပြည့်စေပါသည်။ အစိမ်းရင့်ရောင်ရှိသည့် (မုန့်ညှင်းစိမ်း၊ ကိုက်လန်, ပန်းပွင့်စိမ်း) လိမ္မော်ရောင်ရှိသည့် ( ဖရုံသီး၊ ဥနီ၊ ငရုတ်ပွ), ပဲနှင့်ကစီဓာတ် (အာလူး၊ အာဒါလွတ်၊ ကန်စွန်းဥ) အားလုံးတို့သည် ဟင်းသီးဟင်းရွက်များအတွက်ရွေးချယ်မှုများဖြစ်ကြသည်။

 

အသီးအနှံများ

သစ်သီးများသည် ကလေးများနှစ်သက်လေ့ရှိသည့် ပုံစံမျိုးစုံ၊ အရွယ်အစားနှင့် အရောင်မျိုးစုံဖြင့်  လာသောကြောင့် ၎င်းတိုကိုလုံစွာစားသုံးဖို့ ကျွေးမွေးရန်မှာ မခက်ခဲပါ။ ဤအစားအစာကို အခြားအာဟာရများစွာ အပါအဝင် Vitamin C ၏မူလအရင်းမြစ်ဟုမြင်သည်။ ၎င်းကို ဖျော်ရည်နှင့် နှိုင်းယှဉ်လျှင် အမျှင်ဓာတ်အရင်းအမြစ်ကောင်းတစ်ခုလည်းဖြစ်သည်။ သင်၏ကလေးစားသုံးတတ်သည့် သကြားအများဆုံးပါဝင်သော သကြားလုံးနှင့် သရေစာများတွင် ကယ်လိုရီများပါဝင်သော်လည်း အာဟာရဓာတ်မရှိသောကြောင့် သစ်သီးများကို ကျွေးရန်အတွက် ထည့်စဉ်းစားသင့်ပါသည်။

 

အနီရောင်ရှိသောအသားနှင် ပင်လယ်စာများ

ပရိုတင်း၊ သံဓာတ်၊ Vitamin B နှင့် E တို့သည် ဟင်းသီးဟင်းရွက်နှင့် အခွံမာသီးများမှရရှိနိုင်သော်လည်း အသားနှင့် ပင်လယ်စာများသည် ပိုမိုကောင်းမွန်သည့် အာဟာရများကို ထောက်ပံ့ပေးပါသည်။ အရည်အသွေးမြင့်မားသော ပရိုတင်းသည် ခန္ဓာကိုယ်တည်ဆောက်မှုကို ပြုလုပ်သောကြောင့် ရွေးချယ်မှုတစ်ခုဖြစ်သည်။ အကယ်၍သင့်ကလေးသည် ငါးဟင်းကို မကြိုက်လျှင် ကင်ခြင်း (သို့မဟုတ်) ကြော်ကျွေးခြင်းများကို ကြိုးစားကြည့်ပါ။ အနီရောင်အသားများအတွက် ကလေးများကို ကျွေးသည်အခါတွင် ၎င်းတို့ကို သေးငယ်သည့်အပိုင်းပိုင်းများပြုလုပ်၍ကျွေးပါ။ ကြီးမားသည့်အရွယ်အစားများသည် ကလေးငယ်အတွက် ခြိမ်းခြောက်မှုကို ဖြစ်စေပါသည်။

 

နို့ထွက်ပစ္စည်းများ

၎င်းသည်ကယ်လ်စီယမ် နှင့် B12 အတွက် မူလအရင်းအမြစ်ဖြစ်ပြီး ယနေ့တိုးတတ်နေသောနည်းပညာများနှင့် အတူ ပဲပိစပ်နှင့် အခွံမာနို့များသည် Lactose နှင့်မတည့်သောကလေးများအတွက်ရွေးချယ်စရာများ ဖြစ်သည်။ ဤအစားအစာအုပ်စုကို သီးသန့်ပုံစံဖြင့်ပံ့ပိုးရန်မလိုအပ်ပါ။ သို့သော် ဒိန်ခဲ၊ ရေခဲမုန့်၊ ပူတင်းနှင့် နို့များမှတဆင့် ရံဖန်ရံခါရရှိနိုင်ပါသည်။

 

Reference(s):

  1. https://www.pediasure.com.au/nutrition-development/balanced-nutrition-for-kids
  2. https://www.verywellfamily.com/food-groups-child-nutrition-2633922
  3. https://www.gosh.nhs.uk/conditions-and-treatments/general-health-advice-children/eat-smart/food-science/food-group-fun/

ကလေးများအတွက် မျှတသောအာဟာရများအကြောင်းရှင်းပြခြင်း။

ကလေးများအတွက် မျှတသောအာဟာရများအကြောင်းရှင်းပြခြင်း။

ကလေးများကို ကျန်းမာရေးနှင့်ညီညွတ်စွာ စားဖို့က အခက်အခဲတစ်ခုဖြစ်နိုင်တယ်ဆိုတာ မိဘများက ကောင်းကောင်းသိကြပါသည်။ အဘယ်ကြောင့်ဆိုသော် အာဟာရသည် ၎င်းတို့ဖွံ့ဖြိုးမှု အဆင့်တိုင်းတွင် သိသာထင်ရှာသော သက်ရောက်မှုများစွာရှိသောကြောင့်ဖြစ်သည်။ မျှတစွာစားခြင်းသည် အဓိကသော့ချက် ဖြစ်သည်။ အရေးကြီးသည် အာဟာရတစ်ခုစီက သင့်ကလေးအပေါ်တွင် မည်သို့ သက်ရောက်မှုရှိသည်ကို သိရှိအောင်ပြုလုပ်ပါ။

 

အသားဓာတ်သည် ၎င်းတို့ကြီးထွားမှုကို မည်သို့ပံ့ပိုးပေးသနည်း။

ကလေးများသည် ငယ်ရွယ်သောကြောင့် ၎င်းတို့သည် သူတို့၏ကြွက်သားများ ကြီးထွားစေရန် အလုပ်မလုပ်သင့်ဟု မဆိုလိုပါ။ လူကြီးများနည်းတူ ပရိုတင်းသည် ခန္ဓာကိုယ်ကြီးထွားမှုကို အထောက်အပံ့ပေးကာ ဆဲလ်ကြီးထွားမှုကို ထောက်ပံ့ပေးသည်။ သန်မာသော ဆဲလ်များသည် ခန္ဓာကိုယ်၏ ကိုယ်ခံအာစနစ်ကို ထောက်ပံ့ပေးပါသည်။ ပရိုတင်းဓာတ်ချို့တဲ့သောကလေးငယ်များသည် ၎င်းတို့၏ အရွယ်တွင် ခန္ဓာကိုယ်သေးပြီး မကြာခဏဖျားနာနိုင်သည်။ ပရိုတင်းအတွက်ကောင်းမွန်သော အစားအစာ အရင်မြစ်ကို ရှာဖွေရန်မှာမခက်ခဲပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကလေးများကြိုက်ကြသည့် အစားအစာများဖြစ်သည့် ကြက်သား၊ ငါး၊ အားဖြည့် စီရီရယ်၊ နွားနိုနှင့် ဟင်းသီးဟင်းရွက်အချို့တွင် ပါဝင်သော ကြောင့်ဖြစ်သည်။

 

ကာဗိုဟိုက်ဒရိတ်နှင့်အဆီဓာတ်ကို စောင့်ကြည့်ပါ။

အဆီများသည် ကလေးများနှင့်လူကြီးများတွင် အဝလွန်ခြင်းကို ဖြစ်စေသည့် နာမည်ဆိုးရှိသည်။ ၎င်းသည် အဆီအမျိုးအစားနှင့် စားသုံးလိုက်သော ပမာဏပေါ်တွင် များစွာမူတည်သည်။ Fatty Acid များဖြစ်သည့် ( Omega-3, Docosahexaenoic “DHA”, Eicosapentaenoic “EPA”) တို့သည်ကောင်းသောအဆီများ ဖြစ်သည်။ ၎င်းတို့ကို သင့်တော်သောပမာဏဖြင့် စားသုံးသောအခါ အာရုံကြောစနစ်ကို ထောက်ပံ့ပေးသည်၊ မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးပြီး ခုခံအားကို ကောင်းစေသည့် ဗီတာမင် (A,D,E) တို့ကို စုပ်ယူမှုအားကောင်းစေပါသည်။

ကာဗိုဟိုက်ဒရိတ်သည် အရာအားလုံးတွင်ပါဝင်ပြီး ၎င်းတို့သည် ကလေးအားတစ်နေ့တာလုပ်ဆောင်မှုများတွင် စွမ်းအင်ထောက်ပံ့ပေးလိမ့်မည်။ အဆီများကဲ့သို့ပင် ကလေးတစ်ဦး၏ အစားအစာတွင် ကာဗိုဟိုက်ဒရိတ်် များလွန်းခြင်းသည် အစာပိုင်းကလေးဘဝဆီးချိုရောဂါကိုဖြစ်စေပါသည်။ ငယ်ရွယ်ချိန်တွင် ဆီးချိုရောဂါ (အမျိုးအစား ၁) ကို ဖြစ်သောကလေးများသည် အရွယ်ရောက်ပြီးချိန်တွင် နှလုံးရောဂါဖြစ်နိုင်ချေ ပိုမြင့်မားသည်။ ၎င်းကိုကာကွယ်ရန်အတွက် အဆင့်မြင့်ပြုပြင်ထားသော အစားအစာများကိုလျော့ပြီး အစေ့အဆန်များ၊ အညိုရောင်ပေါင်မုန့်၊ လတ်ဆတ်သည့်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ အဆီနည်းသည့်နို့ များကဲ့သို့ ပိုမိုကြာရှည်ခံသည့် ကာဗိုဟိုက်ဒရိတ်များကို စားသုံးပေးပါ။

 

Synbiotics ကို မှန်ကန်စွာရယူပါ။

Probiotics နှင့် Prebiotics နှစ်ခုလုံး၏ ဟန်ချက်ညီစွမ်းအားကို Synbiotic ဟုခေါ်သည်။ မိဘများအနေဖြင့် ၎င်းတို့၏ကလေးသည် မှန်ကန်သည့်ရောနှောမှုကို ရရှိခြင်းဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ နှင့် နှောင်းပိုင်းအစားအစာဓာတ်မတည့်မှု တို့ကိုလျော့ကျစေလိမ့်မည်။ ကျွန်ုပ်တို့အစာခြေစနစ်၌ အစားခြေဖျက်ရာတွင် အထောက်အကူပြုသော ဘက်တီးရီးယားအမျိုးအစားများစွာရှိပြီး ၎င်းသည်ကျွန်ုပ်တို့၏ အထွေထွေ ကျန်းမားရေးအတွက် ကိုယ်ခံစွမ်းအားကို တိုးတတ်စေသည်။ Probiotics သည် ဒိန်ချဉ်နှင့် အချဉ်ပါသော အစားအစာများတွင် တွေ့ရသောဘက်တီးရီးယားများဖြစ်သည်။ Prebiotics သည် အစာခြေစနစ်၌ ကောင်းသောဘက်တီးရီးယားများကို ကျွေးသော အစားအစာများမှ အစာမကြေနိုင်သော အမျှင်ဓာတ်ဖြစ်သည်။

 

ဗီတာမင်များကိုလည်း သတိရပါ။

အစားအစာများမှ မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များမရှိပါက ၎င်းတို့ကို ကယ်လိုရီ မရှိဟုခေါ်ပါသည်။ ဗီတာမင်နှင့် သတ္တုဓာတ်များသည် အရိုး၊ ဒဏ်ရာများကို ကုသပေးပြီး ခုခံအားကို မြှင့်တင်ပေးပါသည်။ ကယ်လ်စီယမ်၊ Vitamin D, Vitamin K, မဂ္ဂနီဆီယမ်နှင့် ဖော့စဖပ်တို့သည် အရိုးများကို သန်မာစေပြီး ဖလိုရိုက်သည် သွားကျန်းမာရေးအတွက်ဖြစ်သည်။ Vitamin C သည် သင့်ကလေး၏ ခန္ဓာကိုယ်အတွက် လိုအပ်သော သံဓာတ်စုပ်ယူမှုကို အထောက်အကူပြုပြီး အောက်စီဂျင်လည်ပတ်မှု ကောင်းသည့်အတွက် ကြွက်သားများ၏ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါသည်။ သံဓာတ်နှင့် အတူ Zinc သည် သင့်ကလေးကြီးထွားသန်စွမ်းစေရန်အတွက် ကျန်းမာသော အစာစားချင်စိတ်ကို မြင့်တင်ရန်ကူညီပေးပါသည်။

 

Reference(s): 

  1. https://www.pediasure.com.au/nutrition-development/nutrition-explained
  2. https://www.webmd.com/diet/features/what-to-know-about-omega-3s-and-fish#1
  3. https://www.webmd.com/diabetes/news/20180810/early-onset-type-1-diabetes-tied-to-heart-disease
  4. https://nutricia.com.au/aptamil/parents-corner/first-weeks/synbiotics-and-child-gut-health/
  5. https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/iron-deficiency/art-20045634

အာဟာရသည် ကလေးတစ်ဦး၏စိတ်ချမ်းသာမှုကို မည်သို့ပုံဖော်နိုင်သနည်း။

အာဟာရသည် ကလေးတစ်ဦး၏စိတ်ချမ်းသာမှုကို မည်သို့ပုံဖော်နိုင်သနည်း။

ကလေးများစားသောအစားအစာများသည် ၎င်းတို့မည်မျှလျှင်မြန်စွာဖွံ့ဖြိုးပြီး သင်ယူသည်သာမက ၎င်းတို့၏ စိတ်အခြေအနေနှင့် အလုံးစုံသုခချမ်းသာအပေါ်တွင် သက်ရောက်မှုရှိသည်။ သုတေသနစမ်းသပ်ချက်များအရ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်သည့်ကလေးများသည် သင်ယူမှုများပိုမိုကောင်းမွန်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိကြောင်းပြသခဲ့ပါသည်။ ၎င်းတို့သည်လည်း မိမိကိုယ်ကို တန်ဖိုးထားမှုနည်းပါးသည်။

အခြားတစ်ဖက်တွင် အာဟာရချိုတဲ့သောကလေးများသည် အပြုအမူဆိုင်ရာပြဿနာများ၊ ကျောင်းတွင်းသင်ယူမှုခက်ခဲခြင်းနှင့် အရွယ်ရောက်သည့်အချိန်တွင် လုပ်ငန်းခွင်ဝင်ရန် အခက်အခဲရှိသူများ ဖြစ်တတ်ကြသည်။ ဤစိန်ခေါ်မှုများသည် အချက်တစ်ချက်ထက်မကသောကြောင့် ကလေး၏အကောင်းဆုံးအာဟာရကိုဖြည့်ဆည်းပေးခြင်းသည် အလွန်အရေးပါသည်။

ဦးနှောက်အတွက် အစားအစာ

မွေးဖွားလာပြီး အသက် ၂ နှစ်မှ ၃ နှစ် အချိန်ကာလ တွင် ဦးနှောက်ကြီးထွားမှုသည် မြန်ဆန်သည်။ ကလေးများအတွက် သိမြင်ဖွံ့ဖြိုးတိုးတတ်မှုအတွက် အာဟာရသည် အလွန်အရေးကြီးသည်။ သုတေသနပြုချက်များအရ ကြီးထွားမှု နှေးကွေးသည့် ၂ နှစ်အရွယ်ကလေးများသည် ၎င်းတို့ဆယ်ကျော်သက် သို့ရောက်သောအခါ သင်မှုဆိုင်ရာတွင် အခက်အခဲများရှိကြောင်း ဖော်ပြထားသည်။ ကလေးများစားသုံးသည့် အစားအစားများတွင် ဦးနှောက်အတွက် အစားအစာများမရှိပါက သင့်ကလေးသည် ၎င်းတို့၏ဖွံ့ဖြိုးမှု နောက်ကျသွားနိုင်သည်။

ကောင်းသောစိတ်ထားအတွက် အစားအစာများ

စိတ်နေစိတ်ထားနှင့်မှတ်ဉာဏ်ကို ထိန်းညှိပေးသော Neurotransmitter ဟုခေါ်သော ဦးနှောက်အတွက်လိုအပ်သည့် အာဟာရများဖြစ်သည့် Folate, Vitamin b6 နှင့် Choline ကဲ့သို့သော အာဟာရများလိုအပ်ပါသည်။ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းစသည့်စိတ်အခြေအနေများသည် Neurotransmitter မညီမမျှဖြစ်ခြင်းနှင့် ဆက်စပ်နေပါသည်။

မရှိမဖြစ်လိုအပ်သောအာဟာရများကင်းမဲခြင်းသည် ကိုယ်ခန္ဓာအဆီများ၊ ကာဗိုဟိုက်ဒရိတ်နှင့် ကယ်လိုရီကဲ့သို့လောက်ကျွမ်းစေသည့်အရာများကို‌ပြောင်းလဲစေပြီး အဝလွန်ခြင်းသို့မဟုတ် အဆီများခြင်းကို ဖြစ်စေနိုင်သည်။ ပုံမှန်မဟုတ်သောကိုယ်အလေးချိန်ကို ထိန်းထားခြင်းသည်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်အလေးချိန်မပြည့်မီခြင်း သို့မဟုတ် အဝလွန်နေသည့်ကလေးများသည် အနိုင်ကျင့်ခံရခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ကို ကြံတွေ့ရနိုင်သည်။

ကလေးများကျန်းမာစွာစားသုံသည့်အလေ့အထကို မည်သည့်စတင်မည်နည်း။

ဤတွင်မိဘများသည် မိမိတို့ကလေးများအား အကောင်းဆုံးအစာအာဟာရရှိစေရန်ကူညီပေးသည့် အလေ့အကျင့်များဖြစ်သည့်။ သို့မှသာမှန်ကန်စွာအစာစားခြင်းနှင့်အတူ သိသာထင်ရှားသော စွမ်းအင်အကျိုးကျေးဇူးများ ခံစားရနိုင်ပါသည်။

၁။ ထမင်းစားချိန်တွင် သင့်ကလေးအကြိုက်ဆုံးအစားအစာများနှင့် အစားအစာအသစ်များကို ရော၍ကျွေးပါ။

၂။ သင့်ကလေးကို အစားအစာအသစ်များစားရန်အတွက် ဖိအားပေးခြင်းမပြုပဲချော့မော့၍ကျွေးပါ။

၃။ လူတိုင်းတွင် ၎င်းတို့နှစ်သက်သော အရာများနှင့် မနှစ်သက်သောအရာများ ရှိသည်ကို သတိပြုပါ။

၄။ အကယ်၍သင့်ကလေးသည် စားပွဲပေါ်ရှိအစားအစာများကို စားသောက်ရန်ငြင်းဆန်ပါက မကြာခဏချက်ပြုတ်ခြင်းမပြုပါနှင့်။ ၎င်းအစား အားပြည့်သည့်အစေ့အဆံများ သို့မဟုတ် မြေပဲထောပတ် အသားညှပ်ပေါင်မုန့်ကဲ့သို့ ရိုးရှင်းသောအခြားအရာများကို ရွေးခွင့်ပေးပါ။

၅။ တစ်နေ့တာအတွင်းအာဟာရလိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သောမုန့်များကို စားသုံးပါ။

References:

  1. https://www.nutritionnews.abbott/pregnancy-childhood/kids-growth/how-nutrition-can-shape-a-child-s-emotional-well-being/
  2. https://www.nhs.uk/live-well/healthy-weight/very-overweight-children-advice-for-parents/

ကလေးများကို ကျန်းမာရေးနှင့်သက်ဆိုင်သည့်အစားအစာများအကြောင်းသင်ကြားနည်း။

ကလေးများကို ကျန်းမာရေးနှင့်သက်ဆိုင်သည့်အစားအစာများအကြောင်းသင်ကြားနည်း။

အစားအစာများနှင့် အပြုသဘောဆောင်သည့်ဆက်ဆံရေးမျိုးကို ငယ်ရွယ်သောအချိန်တွင် စတင်ရန်လိုအပ်ပြီး အိမ်၌စတင်သင်ကြားသင့်သည်။ ကလေးများကို အစာအာဟာရများအကြောင်းသင်ကြားရာတွင် မိဘများအနေဖြင့် ကြီးမားသေားအခန်းကဏ္ဍမှ ပါဝင်သည်။ ၎င်းအချက်သည် ကလေးများ၏ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ပုံစံနှင့် အသက်ကြီးသည့်တိုင် အစားအစားများနှင့် ဆက်ဆံရေးတွင် များစွာ အကျိုးသက်ရောက်မှုရှိသည်။  ကလေးငယ်များ အဝလွန်ခြင်းနှင့် အခြားအစားအစာများ ငြင်းဆန်မှု မြင့်တတ်လာသည်နှင့်အမျှ မိဘများသည် မိမိတို့ကလေးများကို ကျန်းမာသောအစာစားသော ဘဝပုံစံမျိုးကို လက်ခံကျင့်သုံးရန်အားပေးသင့်သည်။ ကိုယ်အလေးချိန်တတ်ခြင်း သို့မဟုတ် ကျဆင်းခြင်းတို့အတွက် ဆုပေးခြင်း သို့မဟုတ် အပြစ်ပေးခြင်းအစား အစားအစာကို အာဟာရအဖြစ် အာရုံစိုက်သောအရာတစ်ခုဖြစ်အောင်သင်ကြားပေးသင့်သည်။

ဤအချက်များသည် မိဘများက မိမိတို့၏ကလေးများအကြား ကျန်းမာသော အစာစားခြင်းအလေ့အထများကို ပြုစုပျိုးထောင်ရန် ကူညီနိုင်သည့်အချက်များဖြစ်သည်။

ကျန်းမာသောအစာစားခြင်းအလေ့အထများ

မိဘများသည် အစားစားခြင်းဆိုင်ရာ အလေ့အကျင့်များပြုလုပ်ပေးသည့်အခါ ကလေးများသည် ပိုမိုကျန်းမာလာသည်။ ထို့ကြောင့်ကလေးများကို ကျန်းမာသောအစားအစာ များကို ရွေးချယ်ဖော်ထုတ်ခြင်းနှင့် အစားအစာကို ရန်သူအစား ပျော်ရွှင်မှု နှင့် အာဟာရအရင်အမြစ်အဖြစ်ရှုမြင်သည့်အပြုသဘောဆောင်သော စံနာမူနာဖြစ်ခြင်းသည် ၎င်းတို့၏ခန္ဓာကိုယ်ပုံသဏ္ဌန်နှင့် အစားအစာဆက်ဆံရေးကို တိုးတတ်အောင်များစွာ ပြုလုပ်ပေးနိုင်သည်။

အကယ်၍သင်သည် ကိုယ်အလေးချိန်လျှော့ချရန် ကြိုးစားနေသည့်မိဘဖြစ်လျှင် အစားစားချိန်တွင် အစားအသောက်များကို ကန့်သတ်ခြင်းနှင့် ရေတိုကျန်းမာရေးနှင့်မညီညွတ်သည့် ကိုယ်အလေးချိန်လျော့ကျစေခြင်းများကို သတိပြုဆင်ခြင်သင့်ပါသည်။ မိဘများအနေဖြင့် ကောက်ပဲသီးနှံများ၊ ပရိုတင်းများပါဝင်သည့် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်သည့် ကျန်းမာမျှတသော အစားအစားများကို အစားထိုးစီစဉ်ရန် အကြံပြုပါသည်။

တတ်နိုင်သလောက်မိသားစုနှင့် အတူတူ ထမင်းစားပါ။

ကလေးများနှင့် အပြုသဘောဆောင်သော အစားစားခြင်း စကားဝိုင်းများရှိခြင်းသည် ၎င်းတို့၏ တစ်သက်တာလုံးကျန်းမာရေးအတွက် အစားအသောက်နှင့် ဆက်ဆံရေးကို မြှင့်တင်ပေးပါသည်။  မိဘတစ်ဦးအနေဖြင့် တတ်နိုင်သမျှ မကြာခဏအတူတကွ မိသားစုနှင့် အတူထမင်းစားခြင်း၊ ကလေးများနှင့် အတူဈေးဝယ်ထွက်ခြင်း၊ ချက်ပြုတ်ခြင်း၊ ငယ်ရွယ်စဉ်တွင် ဟင်းသီးဟင်းရွက်များနှင့် ထိတွေခြင်းများကို လက်တွေ့ကျင့်သုံနိုင်သည်။ လေ့လာမှုများအရ အစားစားချိန်၌ အတူတကွစားသောမိသားစုများသည် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးလေ့ရှိကြပြီး အသင့်စားအစားအစာနှင့် သကြားဓာတ်များသော အဖျော်ယမကာမာကို လျော့နည်းစားသုံးလေ့ရှိကြသည်။

ကိုယ်အလေးချိန်ပတ်သတ်သော အစားအစာအကြောင်းမပြောပါနှင့်

ကလေးများနှင့်ကိုယ်အလေးချိန်အလေးထားသော စကားပြောဆိုမှုများသည်  မိမိကိုယ်ကိုယ် တန်ဖိုးထားမှုလျော့ကျခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သည့် ခန္ဓာကိုယ်ပုံစံနှင့် အစားမစားခြင်းများ နောက်ပိုင်းတွင် သိသာစေနိုင်ပါသည်။ ဟင်းသီးဟင်းရွက်များစားခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့်ပတ်သတ်သော ဆွေးနွေးမှုများသည် အထူးသဖြင့်ကိုယ်အလေးချိန်ကျဆင်းခြင်းနှင့် ဆက်စပ်သည့်အခါ အန္တရာယ်ဖြစ်စေနိုင်သော်လည်း အပြုသဘောဆောင်သည့် အကြောင်းများအပေါ်တွင် ပြောဆိုရန် အကြံပြုပါသည်။ မှန်ကန်သောအစားအစားကို စားခြင်းအားဖြင့် လူတစ်ဦးသည် ကျန်းမာ၊ သန်စွမ်း၊ ပျော်ရွှင်စေနိုင်သည်။

 

Reference:

  1. https://www.nytimes.com/article/kids-healthy-eating-habits.html
  2. https://jamanetwork.com/journals/jamanetworkopen/fullarticle/2715616

https://pubmed.ncbi.nlm.nih.gov/23797808/

 


ကလေးများ၏စားသောက်ခြင်းဆိုင်ရာပြဿနာများ

ကလေးများ၏စားသောက်ခြင်းဆိုင်ရာပြဿနာများ

အစာစားခြင်းသည် ကလေးတစ်ဦးအတွက် ကြီးထွားခြင်း၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မိဘတစ်ဦးအား အစားအစာ နှင့် ပတ်သတ်၍သင်ကြားမှုအခွင့်အလမ်းများစွာပေးသည်။ တစ်ခါတစ်ရံသင်သည် ပြစ်ဒဏ်များ သို့မဟုတ် လာဘ်ပေးလာဘ်ယူမှုများကို ပြုလုပ်လိုသော်လည်း မိဘများ ရင်ဆိုင်ရလေ့ရှိသော အစားစားချိန်ပြဿနာများကို နားလည် ခြင်းအားဖြင့် ကျန်းမာသောအစားအစာများကို စားသုံးဖို့အားပေးပါ။

သင်၏ကလေးသည် အမြဲတမ်းဆာလောင်ခြင်း သို့မဟုတ် အစာစားရန်ငြင်းဆန်ခြင်း

ကလေးများ၏ကြီးထွားမှု အတက်အကျကြောင့် အစားအစာလိုအပ်ချက်မှာ ကွဲပြားပါလိမ့်မည်။ တစ်နေ့လျှင် အစားအစာများကို ၃ ကြိမ် အတင်းအကျပ်ကျွေးမည့်အစား ၊ ကလေးများအတွက် သင့်လျော်သော ပမာဏဖြင့် ၅ ကြိမ်အထိ ခွဲကျွေးရန်ကြိုးစားပါ။ သင့်ကလေးအတွက် အစားအစာအသစ်များစားသုံးနိုင်ရန်အတွက် အချိန်ပေးပြီး စိတ်ရှည်သင့်ပါသည်။

သင့်ကလေးသည် အစားအစာအသစ်များကို စားသုံးရန်ငြင်းဆန်ခြင်း။

သင့်ကလေးသည် Neophobic ဖြစ်သောကြောင့် အစားအစာ အသစ်များကို စားသုံးရန်စိတ်မပါခြင်းဖြစ်နိုင်သည်။ ကလေးများသည် အကျွမ်းတဝင်ရှိသော အရာများကို အမြဲတမ်းပုံမှန် ပြန်ကျင့်သုံးတတ်ကြသည်။ ထို့ကြောင့် ၎င်းတို့အမြဲစားသောအစားအစာများသည် သူတို့အတွက် အဆင်ပြေဖြစ်ကြသည်။ အပြောင်းအလဲကို အတင်းအကြပ်လုပ်မည့်အစား ၎င်းတို့ကြိုက်သည့်အစားအစားများတွင် အမျိုးမျိုးထည့်ဖို့ ကြိုးစားပါ။ သင်သည့်အချို့သောအရာများကို ချက်ပြုတ်သည့်ပုံစံပြောင်းလဲခြင်းဖြင့် ၎င်းတို့သည် အရသာခံစားမှု အတွေ့အကြုံအသစ်များရရှိနိုင်သည်။

သင်သည်သင့်ကလေးထက်ပို၍အဆင်မပြေဖြစ်သည်

ကလေးများသည် အစားအစာကို မကြိုက်ပါက သင့်ကို ပြောရန်မတွန့်ဆုတ်ပါ ၎င်းအချက်သည် ပုံမှန်အတိုင်းသာဖြစ်ပါသော်လည်း သင့်ကို စိတ်ပျက်သွားစေနိုင်ပါသည်။ ၎င်းတို့ကို ပျော်ရွှင်စေသည့်လုပ်ဆောင်မှုများကို  အော်ဟစ်ခြင်း သို့မဟုတ် လက်မခံခြင်းများမပြုလုပ်ပါနှင့်။ ကလေးများသည် အပြုအမူကို သင်ယူတတ်သောကြောင့် သင့်ကိုယ်ပိုင်တုံ့ပြန်မှုကို ထိန်းသိမ်းပါ။ ဥပမာအားဖြင့် ဦးဆောင်ပါ။ သကြားလုံးများနှင့် အသင့်စားအစားအစာများကို ဘယ်တော့အခါမှ ဆုအဖြစ်မပေးပါနှင့်။ အဘယ်ကြောင့်ဆိုသော် ကလေးများသည် ၎င်းတို့စားရမည့်အစားအစာနှင့် အပျက်သဘောဆောင်သည့် ဆက်နွယ်မှုကို ဖြစ်စေသောကြောင့်ဖြစ်ပါသည်။ ကလေးများကို ဈေးဝယ်သည့်အချိန်တွင် ပါဝင်ခိုင်းခြင်း၊ အချို့သော အစားအစားမျာကို ရှင်းပြခြင်း နှင့် အချို့သောပုံပြင်များနှင့် တွဲ၍ရှင်းပြပါ။ ကလေးများသည် အစားအစာကို အာရုံစူးစိုက်ရန်လိုအပ်သည် ထို့ကြောင့် အစားအစာများစားသုံးချိန်တွင် TV သို့မဟုတ် မိုဘိုင်း ဖုန်းများ ပေးသုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

 

Reference(s):

  1. https://www.parents.com/toddlers-preschoolers/feeding/problems/toddler-feeding-problems-solved/

ဘာကြောင့်ကလေးများအစားရွေးခြင်းအဆင့်အဆင့်နှင့် ၎င်းကို ဘယ်လိုရင်ဆိုင်ရမည်နည်း

ကျောင်းနေအရွယ်ကလေးငယ်အား ကျန်းမာစွာနေထိုင်နိုင်ရန် ကူညီပေးသည့် အာဟာရဆိုင်ရာအချက်များ

မိဘများသည် အစားအစာအများစု၏ အာဟာရတန်ဖိုးကို သိရှိပြီးဖြစ်သော်လည်း ကလေးများကို ကျွေးရန်အခက်အခဲရှိပါသေးသည်။ ဘေးဘယ်ထားသည့်ဆေးဘက်ဆိုင်ရာလေးနက်သည့်အကြောင်းပြချက်မှာ အစားရွေးခြင်းသည် ကလေးများ၏ပုံမှန်အလေ့အကျင့်တစ်ခုဖြစ်ပါသည်။

ဘာကြောင့်ကလေးများသည် အစားရွေးကြသနည််း။

ကလေးတစ်ဦးသည် ၏ ကြီးထွားလာမှု သံသရာနှင့် ကွဲပြားခြားနားသောအဆင့်များတွင် ကွဲပြားခြားနားသော အစာပမာဏလိုအပ်ပါလိမ့်မည်။ အစားရွေးခြင်းအပြုအမူသည် ၎င်းတို့အသက်ကြီးလာသည့်တိုင် ကြာရှည်နိုင်ပါသည်။ အစားရွေးသောကလေးငယ်များကို “ Neophobia” သို့မဟုတ် အစားအစာအသစ်များကို ကြောက်ရွံ့ခြင်းဟုလည်းသတ်မှတ်နိုင်သည်။ သင့်ကလေးအား Neophobia ကို ကျော်လွှားရန်ကူညီသည့်အနေဖြင့် ကလေးများအား ချီးမွမ်းခြင်း သို့မဟုတ်များ အပြစ်ပေးခြင်းများ မလုပ်မိစေရန်သေချာစွာ ဂရုစိုက်ပါ။

ချီးမွမ်းခြင်း – ချီးမွမ်းခြင်းသည် ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုရှိနိုင်သည် အဘယ်ကြောင့်ဆိုသော် အစားစားခြင်းသည် ပျော်ရွှင်ရုံသာမက အစားအလွန်စားခြင်းအလေ့ကျင့်ကို ကို ဖြစ်စေနိုင်သည်။

ဆုလာဘ်များနှင့် လာဘ်ပေးခြင်း – လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းသည် ကလေးတစ်ဦးအား အစားအစာနှင့် မကျန်းမာစေသည့် ပေါင်းသင်းဆက်ဆံရေးကို ဖြစ်စေနိုင်သည်။ အခြားအစားအစာများကို ဆုများအဖြစ်အသုံးပြုခြင်းသည် ငယ်ရွယ်စဉ်ကပင် စိတ်ပိုင်းဆိုင်ရာ အစားအစားခြင်းကို ဖြစ်ပေါ်စေသည်။

ကန့်သတ်ချက်များနှင့် ပြစ်ဒဏ်များ – အကယ်၍သင်သည် အစားစားခြင်းကို စည်းကမ်းတင်းကျပ်ထားလျှင် ကလေးများသည် အစားအစားများကို ခိုးစားခြင်းနှင့် အစားစားမျာကို လွှင့်ပစ်ခြင်းများ ဖြစ်နိုင်သည်။ ၎င်းသည် ကလေးဘဝအဝလွန်ခြင်းနှင့် အစားစားမမှန်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အကယ်၍သင်သည် သင့်ကလေး၏အစားစားခြင်း နားမလည် မထိန်ချုပ်နိုင်ပါက ကလေးအာဟာရကျွမ်းကျင်သူများနှင့် တိုင်ပင်သင့်ပါသည်။

အစီစဉ်တစ်ခုပြုလုပ်ခြင်း – ယေဘုယျအားဖြင့် တိကျသောအစားအစာအစီစဉ်နှင့် ဈေးဝယ်ရန် အချိန်ဇယားထားရှိသည်။ ၎င်းအချက်များသည် သင့်အားမှန်ကုန်အောင်ကူညီပေးနိုင်ပါသည်။

အစားစားခြင်းကို တစ်နေရာသတ်မှတ်ထားပါ – အိမ်တွင် အစားစားရန်သတ်မှတ်ထားသောနေရာထားရှိသည်။ ယေဘုယျအားဖြင့် အပြုသဘောဆောင်သော စိတ်ထားဖြင့် အစားအစာများကို တတ်နိုင်သမျှ ဘဘာဝအတိုင်းပြုလုပ်ရန်အရေးကြီးပါသည်။

လုပ်ရိုးလုပ်စဉ်များကို သတ်မှတ်ထားပါ – ကလေးများသည် လုပ်ရိုးလုပ်စဉ်အတိုင်း ရှင်သန်ကြသည်။ လိုက်နာရန်လွယ်ကူသော စနစ်တကျစီစဉ်ထားသော အချိန်ဇယားများသည် ၎င်းတို့အားအထူးသဖြင့် အစားအစာဖြင့် ကောင်းမွန်သော ကိုယ်ပိုင်အုပ်ချုပ်မှုစွမ်းရည်များ တိုးတတ်အောင်ကူညီပေးသည်။ ၎င်းသည် သရေစာများအမြဲလိုလိုစွဲလမ်းမှုကို လျော့နည်းစေပြီး အချိန်တန်လျှင် ဆာလောက်ခြင်းသည်ဟု သင့်အားပြောပြရန် သူတို့၏ စိတ်အားထက်သန်မှုကို တိုးစေပါသည်။

သင့်ကလေးကို ယုံကြည်စိတ်ချပါ – အကောင်းဆုံးလုပ်နိုင်ခြင်းသည် ကျန်းမာသော အစားအစာ အလေ့အထကို သတ်မှတ်ခြင်းဖြစ်သည်။ ပါဝင်ပစ္စည်းများကို လဲလှယ်ခြင်း၊ ချက်ပြုတ်ခြင်းနည်းလမ်းများပြောင်းလဲခြင်းနှင့် အတူတကွအစားအစာများပြုလုပ်ခြင်းဖြင့် အစားရွေးခြင်းအဆင့်ကို သင်ကြားရန် အခွင့်အလမ်းတစ်ခုအဖြစ်အသုံးပြုသင့်ပါသည်။

 

Reference(s):

  1. https://www.childrensnutrition.co.uk/full-blog/refuse-meals
  2. https://www.childrensnutrition.co.uk/members-club

သင့်ကလေး၏အစားစားရန်ငြင်းဆန်သည့် အဓိကအကြောင်းအရင်းများ

သင့်ကလေး၏အစားစားရန်ငြင်းဆန်သည့် အဓိကအကြောင်းအရင်းများ

မိဘများအနေဖြင့် ၎င်းတို့၏ကလေးများအတွက် မေတ္တာဖြင့် ပြင်ဆင်ပေးထားသော အစားအစာများကို အမြဲငြင်းဆန်သောအခါ စိတ်ပျက်လေ့ရှိကြသည်။ မြန်မာအများစုပြောကြသည့် “အောင်မြင်သည်အထိကြိုးစားပြီး ကြိုးစားပါ” ဟုပြောဆိုခြင်းသည် အထူးသဖြင့် အစားရွေးသည့် ကလေးများကို အစားကျွေးရာတွင် သာ အကျိုးသက်ရောက်နိုင်သည်ဟုသင်ထင်လိမ့်မည်။

ဆူပူကြိမ်းမောင်းခြင်းမပြုမီ သိုမဟုတ် သင်၏ကလေးကို အချိုစားစရာများနှင့် မမျှားမီ သင့်ကလေး၏ အစားစားရန် ငြင်းဆန်သည့် အဓိကအကြောင်းအရင်းများကို အရင်လေ့လာသင့်သည််။

၁။ အရသာအာရုံခံအဖုများဖွံ့ဖြိုးဆဲဖြစ်ခြင်း

ငယ်ရွယ်သည့်အသက်အရွယ်များတွင် ကလေးများ၏အာရသာခံအဖုများသည် ဖွံ့ဖြိုးဆဲဖြစ်သည်။ ၎င်းတို့တွင် ချိုခြင်းကို အရသာခံသည့်အဖုများသည် အပြည့်အဝဖွံ့ဖြိုးပြီးဖြစ်သော်လည်း ခါးခြင်းနှင့် ချဉ်ခြင်းကို အရသာခံသော အဖုများသည် အပြည့်အဝဖွံ့ဖြိုးခြင်းမရှိသေးပါ။ ထို့ကြောင့်ခါးသောအရသာရှိသော ဟင်းသီးဟင်းရွက်များကို ကလေးများက သဘာဝအားဖြင့် ငြင်းပယ်ကြပါသည်။ ထို့အပြင် ကလေးငယ်များသည် အရွယ်ရောက်ပြီးသူများနှင့် နှိုင်းယှဉ်လျှင် ပိုမို၍ထိခိုက်လွယ်သောအာရုံခံအဖုများရှိကြသည်။ ဆိုလိုသည်မှာ ၎င်းတို့ကို ကျန်းမာသောအစားအစာအမျိုးမျိုးကို ကျွေးမွေးခြင်းဖြင့် ၎င်းအစားအစာများသည် ကလေးများ၏အာရုံခံအဖုများဖွံ့ဖြိုးမှုကို ကူညီပေးပါသည်။ ထို့ကြောင့်မိဘများသည် ဤအာဟာရရှိသော အစားအစာများကို ဖော်ထုတ်ပေးရပါမည်။

၂။ အစားစားချိန်ကိုက်သတ်မှတ်ခြင်း။

ထမင်းစားချိန်နှင့် သရေစာစားချိန်များကို သေချာစွာပြုလုပ်ထားသည့်တိုင်ကလေးငယ်များသည် တစ်ခါတစ်ရံတွင် သရေစာများကို ပိုမိုတောင်းဆိုလေ့ရှိကြသည်။ အရာနှစ်ခုတွင် ဤတွင် ဖြစ်ပျက်နိုင်ပါသည်။ ဖွံ့ဖြိုးခြင်းဖြစ်စဉ်တွင်ရောက်နေသာ ကလေးများသည် စွမ်းအင်များစွာအသုံးပြုသောကြောင့် ဤစွမ်းအင်များအတွက် ကာဘိုဟိုက်ဒရိတ်ကိုပိုမိုလိုအပ်သောကြောင့်ဖြစ်သည်။ သို့မဟုတ် မကြာခဏဖြစ်နိုင်သည်မှာ ဆာလောက်နေသောကြောင့်ဖြစ်သည် အဘယ်ကြောင့်ဆိုသော် အများအားဖြင့် နောက်ဆုံးစားလိုက်သည့်အစားစားချိန်တွင် ကောင်းစွာမစားလိုက်သောကြောင့်ဖြစ်နိုင်သည်။

 

၃။ အစားစားချိန်အာရုံပျံ့လွင့်ခြင်း။

TV သို့မဟုတ် IPad ကြည့်နေစဉ်အစားစားခြင်း၊ အစားစားသည့်အချိန်တွင် စားပွဲပေါ်သို့ ကစားစရာပစ္စည်းများ ယူလာခြင်း သို့မဟုတ် ဆာလောက်နေသည့်အချိန်တွင် အစားမစားခြင်းတို့ဖြစ်သည်။ ကလေးများသည် အစားစားချိန်ခြင်းကို အလေးမထားသောအခါ ၎င်းတို့သည် အစားအစာနှင့် အပြန်အလှန် ဆက်သွယ်မှုမရှိတော့ပါ။  သင်ယူမှုများမရှိသောကြောင့် ၎င်းတို့သည် အစားအစာများ၏ အရသာအာရုံခံခြင်းခံစားမှု မရရှိတော့ပါ။ ထို့ကြောင့်ကလေးများသည် ၎င်းတို့၏ ဆာလောက်မှုနှင့် ပြည့်ဝမှုကို သတိမပြုမိကြပါ။ ၎င်းအချက်များသည် ကလေးများအစားအစာအလွန်စားခြင်းကြောင့် ကြီးထွားလာပြီး အဝလွန်ခြင်း သို့မဟုတ် အစားမစားနိုင်ခြင်းတို့ဖြစ်စေနိုင်သည်။

၄။ ပင်ပန်းနွမ်းနယ်ခြင်း။

ညစာစားသုံးခြင်းသည် ကလေးများအတွက် မကြာခဏ နေ့တစ်နေ့၏အဆိုးဆုံး အစားစားချိန်ဖြစ်သည်။ အလုပ်များသောနေ့တစ်နေ့၏အဆုံးဖြစ်ပြီး ကလေးများသည် အိပ်ရာဝင်ဖို့ အဆင်သင့်ဖြစ်နေကြသည်။ ကလေးများသည် အစားမစားမီကြိုတင်ပြင်ဆင်ထားသော အသင့်စားအစားများဖြစ်သည့် ကြက်သားကြော်နှင့် Hot dog ကဲ့သို့သောအစားအစာများသည် အရမ်းဝါးရန်မလိုသောကြောင့် ကလေးများကို မကြာခဏဆွဲဆောင်လေ့ရှိသည်။ အဖြေတစ်ခုမှာ ထမင်းစားချိန်ကို ပြောင်းလဲခြင်းဖြစ်သည်။ နေ့လည်စာကို ပိုမိုကျွေးပြီး ညစာကို လျော့ချကျွေးပါ။ ညအိပ်ရာဝင်ချိန် တွင် နို့သောက်ခြင်းအလေ့အကျင့်တစ်ခုဖြစ်အောင် မိတ်ဆက်ပေးသင့်ပါသည်။

 

Reference(s):

  1. https://www.childrensnutrition.co.uk/full-blog/toddlers-wont-eat
  2. https://www.ncbi.nlm.nih.gov/pmc/articles/PMC2721271/

Privacy Settings
We use cookies to enhance your experience while using our website. If you are using our Services via a browser you can restrict, block or remove cookies through your web browser settings. We also use content and scripts from third parties that may use tracking technologies. You can selectively provide your consent below to allow such third party embeds. For complete information about the cookies we use, data we collect and how we process them, please check our Privacy Policy
Youtube
Consent to display content from Youtube
Vimeo
Consent to display content from Vimeo
Google Maps
Consent to display content from Google