Category: Nutrition Facts

ကလေးများအတွက် ကျန်းမာရေးနှင့်သက်ဆိုင်သောအစားအစာများ လဲလှယ်ရေးအစီအစဉ်

ကလေးများအတွက် ကျန်းမာရေးနှင့်သက်ဆိုင်သောအစားအစာများ လဲလှယ်ရေးအစီအစဉ်

သင်၏ကလေးငယ်များကို အာဟာရရှိသောအစားအစာများကို ပြုလုပ်ကျွေးခြင်းဖြင့် ကလေးများသည် ၎င်းအစားအစာများကို ငြီးငွေ့မည်မဟုတ်ပါ။ ကျန်းမာရေးနှင့်ညီညွတ်သော အနံ့အရသာနှင့်အရောင်များ ပါဝင်သည့် အစားအစာများကို သရေစာများတွင် အစားထိုးကျွေးခြင်းဖြင့် ထိုကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ပိုမိုစိတ်ဝင်စားနိုင်ပါသည်။ ပါဝင်ပစ္စည်းများလဲလှယ်ခြင်းသည် အစာစားချိန်ကို ပိုမိုကြွယ်ဝစေပြီး ကလေးနှင့်မိဘအတွက် အကျိုးဖြစ်ထွန်းစေသော အတွေ့အကြုံဖြစ်စေရန်အတွက် မဟာဗျူဟာမြောက်သောနည်းလမ်းဖြစ်သည်။

သင်၏ကလေးအတွက် အစာအာဟာရပြည့်ဝစေပြီး  ပျော်စရာဖြစ်စေရန်နည်းလမ်းအချို့ကို အောက်တွင် ဖော်ပြထားပါသည်။

၁။ နို့နှင့်ရောခြင်း

ကလေးငယ်များ၏ ကျန်းမာသန်စွမ်းသော အရိုးများအတွက် နို့သည် အာဟာရပြည့်ဝစွာရရှိစေပါသည်။ အကယ်၍သင့်ကလေးသည် နို့အရသာကို မနှစ်သက်ပါက သို့မဟုတ် Lactose ကို မကြိုက်လျှင် အခြားရွေးစရာများဖြစ်သည့် ပဲ၊ ဗာဒံ နှင့် ဆန်နို့များကို ရွေးနိုင်ပါသည်။ Pediasure သည် ပရိုတင်း၊ ကယ်လ်စီယမ်နှင့် ဗီတာမင် ဒီကို ထောက်ပံ့ပေးသောကြောင့် အခြားရွေးချယ်စရာတစ်ခုဖြစ်သည်။ သင့်ကလေးအတွက် နို့သောက်သည့် အလေ့အကျင့်တစ်ခုကို တည်ဆောက်ရန်အတွက် နို့တစ်ဝက်နှင့် Pediasure တစ်ဝက်ကို ရောစပ်တိုက်ကျွေးပါ။ ထို့နောက်အချိန်ကြာလာသည်နှင့်အမျှ Pediasure ပမာဏကို စတင်လျော့ချနိုင်ပါသည်။

၂။ သဘာဝအလျောက်ချိုသောအစားအစာများ

သင်၏ကလေးကို သကြားပါဝင်သောအစားအစာများကျွေးမည့်အစား ကလေးငယ်များ၏မနက်စာကို မုန့်နှင့် ချိုမြိန်ပြီး လတ်ဆတ်သောသစ်သီးများကို အစားထိုးကျွေးပါ။ သစ်သီးများသည် သဘာဝအလျောက်ချိုမြိန်ပြီး အရောင်အသွေးစုံသောကြောင့် စိတ်ဝင်စားဖွယ်ကောင်းသော အစားအစာတစ်ခုဖြစ်စေနိုင်သည်။

၃။ Topping များထည့်ခြင်း

ကလေးငယ်များ အစာTopping များကို ရှာဖွေခြင်းသည် ၎င်းတို့အတွက် ပျော်စရာကောင်းရုံမက ဆွဲဆောင်မှုလည်းရှိသည်။ အစာအာဟာရပြည့်ဝသော ပါဝင်ပစ္စည်းများကို အပေါ်တွင်ထည့်ပြီး သရေစာများကို လျော့ထည့်ခြင်းဖြင့် ကလေးငယ်များအတွက် အစားအစာကို စိတ်ဝင်စားစေပြီး ၎င်းတို့၏ခံတွင်း အတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဟင်းလျာများနှင့် မိတ်ဆက်ပေးနိုင်သည်။ ကလေးများ ပျော်ပျော်ရွှင်ရွှင်စားသောက်နိုင်ခြင်းသည် ဟင်းသီးဟင်းရွက်များပေါ်တွင် Cheese အပြားလေးများပါဝင်ခြင်း၊ မြေပဲထောပတ်ထဲတွင် ငှက်ပျောသီး သို့မဟုတ် ပန်းသီးလေးများထည့်သွင်းထားခြင်းတို့ပါဝင်သည်။

၄။ တို့စားသည့်အရာများကို ကြိုးစားကြည့်ခြင်း

သင့်ကလေးအစားစားချိန်များတွင် ကလေးများအတွက် အသီးဖျော်ရည်များ နှင့် အသီးအရွက်နှင့် တို့စားသည့် ဆော့များပြုလုပ်ခြင်း သို့မဟုတ် အသီးအရွက်များအပေါ်တွင် လောင်းထည့်ခြင်းဖြင့် တို့ကို ဖြည်းဖြည်းခြင်းပြုလုပ်ပေးပါ။ လတ်ဆတ်သောအသီးအနှံ့များကို ဒိန်ချဉ်တစ်ခွက်နှင့် တို့စားခြင်းသည် အကောင်းဆုံးဥပမာတစ်ခုဖြစ်သည်။

၅။ Smoothie များပြုလုပ်ပေးခြင်း။

သင့်ကလေးကို သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကိုပိုမိုစားသုံးစေရန်သေချာသည့်နည်းလမ်းမှာ ဒိန်ချဉ်၊ လတ်ဆက်သောနို့နှင့် အတူ Smoothie များပြုလုပ်ပေးခြင်းဖြစ်သည်။ အရသာရှိသော ဒိန်ချဉ် သို့မဟုတ် နို့အရသာသည် အစတွင် ကလေးမနှစ်သက်သော အသီးအနှံ သို့မဟုတ် ဟင်းသီးဟင်းရွက်များ၏အရသာကို ဖုံးလွှမ်းပေးထားပါသည်။

References:

  1. https://pediasure.com/healthy-eating-kids/picky-eaters/recipe-ingredients
  2. https://www.thv11.com/article/news/verify/which-milk-is-best-for-toddlers-almond-coconut-dairy-verify/91-566114463#:~:text=It%20is%20a%20good%20source,fat%20%2D%2D%20primarily%20saturated%20fat.

ကျောင်းနေအရွယ်ကလေးငယ်အား ကျန်းမာစွာနေထိုင်နိုင်ရန် ကူညီပေးသည့် အာဟာရဆိုင်ရာအချက်များ

ကျောင်းနေအရွယ်ကလေးငယ်အား ကျန်းမာစွာနေထိုင်နိုင်ရန် ကူညီပေးသည့် အာဟာရဆိုင်ရာအချက်များ

စာမေးပွဲများနှင့် ပညာရေးဆိုင်ရာစစ်ဆေးမှုများသည် ကျောင်းနေသည့်ကလေးများအတွက် ကျောင်းနေသည့်ကာလတစ်လျှောက်လုံးဖြတ်သန်းရမည့် ခရီး၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကလေးများသည် ၎င်းတို့ထူးချွန်ရန်အတွက် စိတ်ဖိစီးမှုများ ဖြစ်စေနိုင်သည်။ ကျန်းမားသောကလေးများသည် ပို၍ပျော်ရွှင်ပြီး ပိုမိုကောင်းမွန်သော သင်ယူသူများဖြစ်သောကြောင့် မိဘများသည် အကောင်းဆုံးအထောက်အကူပြုသည့် အစာအာဟာရများထောက်ပံ့ပေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ ယခုကြိုးစားအားထုတ်မှုသည် သင့်ကလေးအား ကျန်းမာသောစိတ်နှင့် ကိုယ်ခန္ဓာကို အရွယ်ရောက်သည့်အချိန်ထိတိုင် ဆက်လက်ထိန်းသိမ်း နိုင်ရန် များစွာအထောက်အကူပြုပါလိမ့်မည်။ ဤတွင်ကလေးငယ်များ ကျောင်းနေချိန်တစ်လျှောက် ထောက်ပံ့ရန်အာဟာနည်းလမ်းအချို့ကို ဖော်ပြထားပါသည်။

ကျန်းမာသောအစားအစာအစစ်ဖြင့် နံနက်စာ၊ နေ့လည်စာ၊ ညစာကို ပြုလုပ်ပါ။

နံနက်စာစားသုံးသောကလေးများသည် ကျောင်းတွင် ပိုမိုကောင်းမွန်သည် အဘယ်ကြောင့်ဆိုသည် ၎င်းတို့သည် ပိုမို၍ အာရုံစိုက်နိုင်သောကြောင့်ဖြစ်သည်။  ကျန်းမာသောအစားအစာကို သေချာစားသောက်မိစေရန် ကလေး၏နေ့လည်စာကို တတ်နိုင်သမျှထည့်ပေးပါ။ ညစာစားချိန်တွင် မိသားစုနှင့် အတူတကွစားသောက်ခြင်းနှင့် ကျန်းမာသော အစားစားခြင်း အလေ့အထဥပမာများကို ချမှတ်ပါ။

သင့်ကလေး၏စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုများကို ထောက်ပံ့ရန်အစားအစာများကို ပြင်ဆင်သောအခါ အောက်ပါအရာများကို ပါဝင်အောင်ထည့်သွင်းပါ။

ပရိုတင်း – အဆီနည်းသောအသားများ၊ အရေခွံခွာထားသောကြက်သား၊ ဥများ၊ ပဲများ သို့မဟုတ် နို့ များသည် သင့်ကလေး၏ ဦးနှောက်အတွက်အာဟာရနှင့် ပိုမိုကောင်းမွန်သော အာရုံစူးစိုက်မှုအတွက် အကောင်းဆုံးအစားအစာများဖြစ်သည်။

ကောင်းမွန်သော ကာဘိုဟိုက်ဒရိတ်များ – ဦးနှောက်နှင့် အမျိုးမျိုးသောလှုပ်ရှားမှုများအတွက် လောင်စာဖြစ်သည်။ သင့်ကလေး၏ဦးနှောက်ကို ထိထိရောက်ရောက်ကူညီနိုင်ရန် သင့်ကလေး၏ အစားအစာများ၊ အသီးနှင့် နို့များကို ကဲသို့သော အရာများကို ထောက်ပံ့ပေးရန်လိုအပ်ပါသည်။

ကောင်းသောအဆီများကို များများကျွေးပေးပါ – Fatty အက်စစ် ကဲ့သို့သော (polyunsaturated) Omega 3 နှင့် Omega 6 ကဲ့သို့သောအရာများသည် သင့်ကလေး၏မှတ်ဉာဏ်စွမ်းရည်ကို တိုးတတ်စေသဖြင့် အစားအစားအရင်မြစ်တစ်ခုတွင် ပါဝင်အောင် ကျွေးသင့်ပါသည်။ (ဥပမာ မက်ကရယ်ငါး၊ သစ်ကြားသီး၊ ပဲ၊ တို့ဖူး၊ ပြောင်းဖူး၊ အသား၊ ဥအမျိုးမျိုး)

ဗီတာမင်နှင့် အရေးကြီးသည့် သတ္တုဓာတ်များ – အခြားအာဟာရများနှင့် နှိုင်းယှဉ်လျှင် သေးငယ်သော ပမာဏသာ လိုအပ်သော်လည်း ဗီတာမင်များသည် စွမ်းရည်မြင့်မားသော ကလေးငယ်တစ်ဦး၏ ဦးနှောက်လုပ်ဆောင်မှုအတွက် မရှိမဖြစ်လိုအပ်သည်။ အစားအစာတံဆိပ်များကို ဖတ်ပါ၊ သဘာဝအစားအစာများ နှင့် နှိုင်းယှဉ်ပါ။ သင့်ကလေး၏ကျန်းမာရေကို အထောက်အကူပြုရန်အတွက် ဗီတာမင် အများဆုံးပေးသည့် အစားအစာများကို ရွေးချယ်ပါ။

အမျှင်ဓာတ်များ – ကလေးငယ်တစ်ဦး၏ အစားအစာတွင်ပါဝင်သသော အမျှင်ဓာတ်များသည် အပြည့်အဝထိန်းသိမ်းထားပြီး အူအတွင်းရှိ ကောင်းမွန်သော ဘက်တီရီးယားများကို အစားကျွေးခြင်းဖြင့် ၎င်းတို၏အူလမ်းကြောင်းကို ကောင်းမွန်စေပါသည်။ အမျှင်ဓာတ်များသည် အာဟာရဓာတ်အများဆုံးရရန် အစာကြေခဲသော အစားအစာများကို ဖြိုခွဲရာတွင်ကူညီပေးပါသည်။

 

Reference(s):

  1. https://abbottfamily.com.sg/articles/school/exams#
  2. https://www.unlockfood.ca/en/Articles/Fat/What%E2%80%99s-the-difference-between-omega-3-and-omega-6

 


သင့်ကလေးအတွက် ကျန်းမာသောသောက်စရာကို မည်သို့ရွေးချယ်မည်နည်း။

သင့်ကလေးအတွက် ကျန်းမာသောသောက်စရာကို မည်သို့ရွေးချယ်မည်နည်း။

ဖျော်ရည်၏ ခေတ်ရည်စီးကြောင်းသည် ၁၉၇၀ ပြည့်နှစ်လွန်များတည်းက ရှိခဲ့ပါသည်။ ၎င်းသည်အစဉ်အမြဲရေပန်း စားသည်။ အဘယ်ကြောင့်ဆိုသော် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို နေ့စဉ်သောက်စရာ အချိုရည်ပုံစံဖြင့် သောက်သုံးနိုင်သော နည်းလမ်းဖြစ်သော ကြောင့်ဖြစ်သည်။ ဖျော်ရည်များသည် ကလေးများအတွက် အာဟာရ လိုအပ်ချက်ကို ဖြည်းဆည်းရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ဖျော်ရည်များသည် များစွာရှိပါသည်။ ဖျော်ရည်ကို အဓိကသောက်သုံးရန်အကြောင်းအရင်းမှာ သင့်၏အစားအစာထဲတွင် အရည်များဝင်ရောက်ရန် ပင်ဖြစ်သည်။ သင့်ကလေးအား ဖျော်ရည်များဖြင့် ကျန်းမာစွာရေဓာတ်ဖြည့်တင်းရန် ရိုးရှင်းသောနည်းလမ်း အနည်းငယ်ကို အောက်တွင် ဖော်ပြထားပါသည်။

ရေ

ရေသည် အသက်၏အရင်းအမြစ်ဖြစ်ပြီး  လူသည် ရေမရှိပဲနှင့် အသင်ရှင်မသွားနိုင်ပါ။ ရေသည် ခန္ဓာကိုယ်ရှိ ဗီတာမင်များနှင့် အာဟာများကို လိုအပ်သော ဆဲလ်များသို့ သယ်ဆောင်ပေးပါသည်။ ပျမ်းမျှအားဖြင့် ကလေးတစ်ဦးသည် နေ့စဉ် ရေ ၆ ခွက်မှ ၈ ခွက်မျှ သောက်သုံးသင့်သည်။ ဟင်းချိုများ၊ ဖျော်ရည်များ၊ အရည်ရွှမ်းသည့်အသီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံခြင်းသည်လည်း ရေဓာတ်ကို ဖြည့်ပေးနိုင်သည်။ ဥပမာအားဖြင့် ဖရဲသီး၊ သခွားမွှေးသီး၊ နာနတ်သီးနှင့် သခွားသီးများသည် သဘာဝအတိုင်းရေဓာတ်မြင့်မားသည့် အစားအစာများဖြစ်သည်။

နို့

နို့သည် အရိုးနှင့် ကြွက်သားကို သန်မာစေသည်။ နို့သည်အာဟာရကောင်းသော အရင်းမြစ်တစ်ခုဖြစ်သည် အဘယ်ကြောင့်ဆိုသော် ၎င်းသည်ကြီးထွားလာနေသော ကလေးငယ်အတွက် ပရိုတင်းနှင့် ကယ်လ်စီယမ်ကို ထောက်ပံ့ပေးသောကြောင့်ဖြစ်သည်။ ကလေးငယ်များအတွက်နို့ကို  နှစ်ဖန်ခွက်(၂၅၀ မီလီအရွယ်အစားဖန်ခွက်) ကို နေ့စဉ် သောက်သုံးရန်အကြံပြုပါသည်။ ၎င်းသည် ထိရောက်သော အစားအစာအစီစဉ်တစ်ခု၏ အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။

အသီးအနှံနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်များ

အကယ်၍ သင့်ကလေးကို သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ကျွေးရန် ခက်ခဲနေပါက ဖျော်ရည်လုပ်တိုက်ခြင်းဖြင့် ၎င်းကို ကျော်လွှားနိုင်ပါသည်။ တစ်နေ့အတွက်ဖျော်ရည်တိုက်ရာတွင် သစ်သီး ၂ လုံးနှင့် ဟင်းသီးဟင်းရွက် ၃ မျိုးမှ ၄ မျိုးအထိပါဝင်သေချာစွာ တိုက်ပါ။ ရာသီအလိုက်ပေါ်သော သစ်သီးအများစု တွင် သကြားဓာတ်များပါဝင်သောကြောင့် အသီးဖျော်ရည်များထဲသို့ သကြားများ ထပ်မံထည့်ခြင်းကို ရှောင်ကြဉ်ပါ။ ဖျော်ရည်၏အားနည်းချက်တစ်ခုမှာ အမျှင်ဓာတ်များစွာပါဝင်သည့် ပျော့ဖတ်များကို စွန့်ပစ်လိုက်ခြင်းဖြစ်သည်။ အမျှင်ဓာတ်များကို ရရှိရန်အတွက် ဟင်းချက်ရာတွင် ပျော့ဖတ်များကို ထည့်သွင်း ချက်ပြုတ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အသီးဖျော်ရည်များသည် ကလေးငယ်များအား အသီးများများစားရန် အခွင့်လမ်းများပေးသည်။ ကယ်လိုရီများလည်း တိုးလာနိုင်ပါသည်။ သဘာဝအလျောက်ချိုသောအရသာရှိသည့် ( သရက်သီးနှင့် ပန်းသီးများ) အသီးများကို ဖျော်ရည်လုပ်ရာတွင် ဤအချက်များကို လုပ်ဆောင်ပါ။

ချိုသောအရသာရှိသည့် သောက်စရာများ

ထုတ်ပိုးထားသော အချိုရည်များသည် သင်၏ကိုယ်ပိုင်ဖျော်ရည်များကို ပြုလုပ်ရန်အတွက် လွယ်ကူသော ပြင်ဆင်မှုဖြစ်သည်။ ကလေးများ၏ သဘာဝ အစားအစာများကို ၎င်းအရာများနှင့်ဘယ်တော့မှ အစားမထိုးသင့်ပါ။ သင့်ကလေးနှင့် ဓာတ်မတည့်ပါက သင်မသိနိုင်သောကြောင့် ၎င်းတို့ကို မစတင်ခင် အမြဲတမ်း ကလေးအထူးကုဆရာဝန်နှင့် ဦးစွာစစ်ဆေးသင့်ပါသည်။

Reference(s):

  1. https://abbottfamily.com.sg/articles/pre-school/healthy-drinks#
  2. https://www.efbw.org/index.php?id=46
  3. https://www.webmd.com/children/news/20121213/cups-milk-preschoolers#1

သင့်ကလေးကြီးထွားမှုနှုန်း ကျဆင်းနေသည်ကို ပြောသည့်လက္ခဏာများ

သင်၏ကလေး အရွယ်ရောက်လာသည့် လက္ခဏာများ

ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု သို့မဟုတ် ဉာဏ်ရည်ဖွံ့ဖြိုးမှုသည် မိန်းကလေးများတွင် အသက် ၁၀နှစ်မှ ၁၄ နှစ် အတွင်းဖြစ်ပေါ်တတ်ပြီး ယောက်ျားလေးများတွင် ၁၂နှစ်မှ ၁၆နှစ်အတွင်း ဖြစ်ပေါ်တတ်ပါသည်။ ထိုကဲ့သို့သော ဖွံ့ဖြိုးမှုများသည် ၂၄လမှ ၃၆လအတွင်း တိုးပွားလာတတ်သည်။ ထိုအခြေအနေများကြောင့် သင်မသိလိုက်သော အချိန်အတွင်း သင်၏မျက်စိထဲတွင် ကလေးဟုမြင်နေသော အဖိုးတန် ကလေးလေးသည်  အရွယ်ရောက်သွားနေပြီဖြစ်သည်။ သင့်ကလေး၏ဆရာဝန်သည် ကလေး၏ကြီးထွားဖွံ့ဖြိုးမှုနှုန်းကို တိုင်းတာနိုင်သော မှန်ကန်သည့် ကိရိယာများကို ပေးနိုင်မည်ဖြစ်သော်လည်း ကလေး၏ ဆာလောင်ခြင်းကြောင့် နာကျင်မှုများ၊ ကိုယ်အလေးချိန် အတတ်အကျဖြစ်ခြင်းများနှင့် အိပ်ချိန်ပြောင်းလဲခြင်းများသည် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကိုဖော်ပြ နိုင်သော လက္ခဏာရပ်များ ဖြစ်သည်ကို သင်သိပါသလား။ အထက်ပါ အချက်များအပြင် ကောင်းမွန်သောအထောက်အပံ့ ဖြစ်စေရန်အတွက် အစားအစာများနှင့် ဖြည့်စွက်စာများ (ဥပမာ – Pediasure) ကိုအသုံးပြုထားသည့် လွယ်ကူရိုးရှင်းသော အာဟာရဖြည့် နည်းလမ်းများကိုပါ လေ့လာနိုင်ရန် ဆက်လက်ဖတ်ရှုပေးပါ။1, 5, 6

 

ဆာလောင်ခြင်းသည် လွယ်ကူစွာမြင်နိုင်သော လက္ခဏာတစ်ရပ်ဖြစ်သည်။

ရိုးရှင်းစွာဆိုရလျှင် မည်သည့်အရာမဆို  လှုပ်ရှားရန် သို့မဟုတ် ကြီးထွားရန်အတွက် တစ်နေရာရာမှ စွမ်းအင် ရယူရန် လိုအပ်သည်။ ထိုအချက်သည် ကြီးထွားဖွံ့ဖြိုးမှုအတွက်ဆိုလျှင် အထူးတလည် အရေးပါသည်။ ကလေး ဘဝ၏ ပထမဆုံး ၅နှစ်မှ ၁၀နှစ်တာအတွင်း ဆာလောင်မှုကို ပြင်းပြင်းထန်ထန် ခံစားရလိမ့်မည်။ သင့်ကို အဆာပြေမုန့်များပို၍တောင်းလာခြင်း သို့မဟုတ် အစားပိုတောင်းလာခြင်းများကို သင်သတိထားမိပါက ထိုအချက်များသည် ကြီးထွားဖွံ့ဖြိုးမှုကိုပြသော လက္ခဏာဖြစ်နေနိုင်ပါသည်။ ထိုအစားအစာများသည် ကယ်လိုရီကို တိုးစေခြင်း သို့မဟုတ် ခဏတာ အဆာပြေစေခြင်းတို့ကိုသာ ပေးစွမ်းနိုင်သော်လည်း ကျန်းမာရေးနှင့်ညီသော မုန့်များနှင့် အသင့်စား အစားအစာများကို ပမာဏတစ်ခုအထိသာ ကျွေးရန်မှာ သင့်တာဝန်သာဖြစ်သည်။ အသင့်ထုတ်လုပ်ထားသော အစားအစာများသည် ကယ်လိုရီမပါဝင်ခြင်း ပြုပြင်ထားသော ကစီဓာတ်များပါဝင်ခြင်းနှင့် သဘာဝအစားအစာများတွင်တွေ့နိုင်သော အာဟာရဓာတ်အနည်းငယ်သာ ဖြည့်စွက်ထားခြင်းဖြစ်သည်။ 1, 2, 4

 

အလေးချိန် တက်ခြင်း သို့မဟုတ် ကျခြင်း

ကြီးထွားလာသော အရိုးအလေးချိန်၊ ကြွက်သား သိပ်သည်းမှု၊ အဆီများလာနိုင်ခြင်းတို့ကြောင့် ကလေး၏ ခန္ဓာကိုယ်အလေးချိန် များလာခြင်းသည် ပုံမှန်သာဖြစ်သည်။ ဝဖြိုးသောကလေးများသည် အမြင်အရ ချစ်စရာကောင်းသော်လည်း အလွယ်တကူ အဝလွန်တတ်သောကြောင့် သတိထားသင့်ပါသည်။ ကလေးများတွင် အဝလွန်ခြင်းသည် အသက်ကြီးသောအခါ နှလုံး၊ ကိုလက်စထရောတို့နှင့် သက်ဆိုင်သည့်ရောဂါများဖြစ်နိုင်သည့်အပြင် ခန္ဓာကိုယ်အချိုးအစားမလှပခြင်းလည်း ဖြစ်နိုင်ပါသည်။ ခန္ဓာကိုယ်အချိုးအစားပြဿနာများသည် ကလေးများ၏ လူမှုကွန်ရက်အသုံးပြုမှုတွင် အတွေ့များတတ်ပါသည်။ အတုယူလွယ်တတ်သော အသက်အရွယ်အတွင်း အစားအသောက် မှန်ကန်စေရန်၊ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ရန် နှင့် တစ်ဦးနှင့်တစ်ဦး ခန္ဓာကိုယ်ဖွံ့ဖြိုးပုံ မတူညီကြောင်း မှန်ကန်သောပုံစံဖြင့် လမ်းပြပေးသင့်ပါသည်။1, 4

 

အိပ်ချိန်ဇယား

ကျန်းမာရေးကောင်းခြင်း၊ ပြုပြင်ခြင်းနှင့်ကြီးထွားခြင်း စသည့် ခန္ဓာကိုယ်ဇီဝဖြစ်စဉ် လုပ်ဆောင်ချက်အများစုသည် အိပ်နေချိန်ကာလအတွင်း ဖြစ်ပေါ်သည်။ ခန္ဓာကိုယ်ကြီးထွားခြင်းစက်ဝန်းကို ဖြတ်သန်းနေသည့် အချိန်အတွင်း ကလေးသည် ပင်ပန်းခြင်းကို ခံစားရလိမ့်မည်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုသည် နှစ်အစောပိုင်းတွင် အကြိမ်ရေများစွာ ဖြစ်ပွားတတ်သောကြောင့် ကလေးများသည် မကြာခဏ အိပ်ငိုက်တတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော ဟော်မုန်းဓာတ်သည် ညဘက်တွင် အမြောက်အများ ထွက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၅နှစ်အရွယ် ကလေးတစ်ယောက်ကို တစ်ညလျှင် အိပ်စက်ချိန် ၁၀နာရီမှ ၁၃နာရီအတွင်းရှိအောင် လုပ်ရမည်ဖြစ်ပြီး အသက် ၆နှစ်မှ ၁၃နှစ်အတွင်း ရောက်လာသည့်အခါ တစ်ညလျှင် အိပ်စက်ချိန် ၉နာရီမှ ၁၁နာရီအထိ ထားရှိပေးရမည် ဖြစ်ပါသည်။1, 3

 

ပံ့ပိုးမှုပေးနည်း

အာဟာရ သဘောတရားအရ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများမှ ဗီတာမင်၊ ထုံးဓာတ်၊ ဖော့စဖရတ်၊ အာဂျင်နင်း များကိုရရှိနိုင်ပြီး အစေ့အဆံများတွင် ကျန်းမာစေသောကစီဓာတ်များမှရသော စွမ်းအင်များနှင့် အမျှင်ဓာတ်များကို ရရှိနိုင်ပါသည်။ သီချင်းနားထောင်ခြင်းကို အားပေးခြင်း၊ မိသားစုပွဲများ ပြုလုပ်ခြင်း၊ အိမ်ပြင်ထွက်ပြီး သဘာဝကိုခံစားခြင်းများကို ကိုယ်တိုင်ဦးဆောင်၍ လုပ်ပေးခြင်းသည် ကလေးတွေ၏စိတ်ကို မြှင့်တင်သည့်အပြင် လူမှုရေးသောကများကိုပါ လျော့ပါးစေသည်။ အစားအစာတစ်ခုတည်းနှင့်မလုံလောက်ဖြစ်မည်ကို စိုးရိမ်နေသည့် မိဘတွေအတွက် Pediasure ကဲ့သို့သော အာဟာရဓာတ် ၃၇မျိုးဖြင့် သင့်တင့်မျှတစွာ ပေါင်းစပ်ပြုလုပ်ထားသည့် ဖြည့်စွက်စာများ ရှိပါသည်။ ပရိုတိန်း ၃ဆ ပါဝင်သော ထူးခြားသည့် ဓာတ်ပေါင်း၊  ကျန်းမာရေးနှင့်ကိုက်ညီသော အာမီနို အက်စစ်၊ အလွယ်တကူ ကြေညက်နိုင်စေသော အရသာတို့အပြင် ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါသော ကယ်လ်ဆီယမ်၊ ဗီတာမင် ဒီ၊ ဗီတာမင် ကေ၊ ဖော့စဖရတ်တို့ဖြင့် ပေါင်းစပ်ပြုလုပ်ထားပါသည်။ သင့်ကလေး စတင်ဖွံ့ဖြိုးသော နှစ်အပိုင်းအခြားသည် အရေးပါပြီး သင့်တင့်မျှတသော အာဟာရဓာတ်ဖြင့် ပံ့ပိုးပေးရန် အလွန်အရေးကြီးပါသည်။1, 5, 6

 

References:

  1. https://www.nutritionnews.abbott/pregnancy-childhood/kids-growth/6-signs-your-kid-is-having-a-growth-spurt/
  2. https://pediasure.com/child-development-nutrition/5-food-groups-kids?utm_campaign=new-abbott-nutrition-news-links&utm_medium=tag-referral&utm_source=new-nutritionnews-abbott&utm_content=new-6-signs-your-kid-is-having-a-growth-spurt&utm_term=variety-of-healthy-foods-and-nutrients
  3. https://www.sleepfoundation.org/how-sleep-works/how-much-sleep-do-we-really-need
  4. https://nurtureandthriveblog.com/signs-of-a-growth-spurt-in-childhood/
  5. https://abbottfamily.com.sg/products/page/pediasure
  6. https://pediasuremyanmar.com/formulation-support/

Additional Readings:

  1. https://www.ncbi.nlm.nih.gov/pmc/articles/PMC3252454/

သင့်ကလေး လုံလောက်စွာမစားသုံးနိုင်သည့် အရေးကြီးသည့်အာဟာရများ။

သင့်ကလေး လုံလောက်စွာမစားသုံးနိုင်သည့် အရေးကြီးသည့်အာဟာရများ။

မိဘတစ်ဦးအနေဖြင့် ကျန်းမာသောကလေးကို ပြည့်ဝသောဘဝဖြင့် ပြုစုပျိုးထောင်ရန် အကောင်းဆုံးကြိုးစားကြသည်။ သို့သော် ဘဝ၏ စိန်ခေါ်မှုများကြောင့် အကောင်းဆုံးကို ပေးအပ်ရန်မှာ ခက်ခဲသည်။ မည်သည့်အာဟာရများသည် လိုအပ်သည်ကို သင်သိချင်ပါသည်။ ကံကောင်းစွာဖြင့် အထူးအစားအစာများနှင့် ဂရုတစိုက်အစီစဉ်များ ချမှတ်ရန်မလိုအပ်ဘဲ၊ သင့်ကလေး၏အရိုးဖွံ့ဖြိုးတိုးတတ်မှု၊ ကိုယ်ခံစွမ်းအား၊ အစာခြေကျန်းမာရေးနှင့် ကြွက်သားလုပ်ဆောင်မှုများအတွက် သင်အကောင်းဆုံးလုပ်ဆောင် နိုင်ပါသည်။

ကယ်လ်စီယမ်

သင့်ကလေး၏အရိုးများတွင် ၎င်းတို့ခန္ဓာကိုယ်ရှိ ကယ်လ်စီယမ် အများစုပါဝင်ပါသည်။ ကလေးငယ်များ၏ အရိုးနှင့် သွားဖွံ့ဖြိုးမှုများအတွက် ကယ်လ်စီယမ်သည် အကောင်းဆုံး အာဟာရဖြစ်ပါသည်။ ၎င်းသည် သင့်ကလေး၏ ကြွက်သားဆိုင်ရာ လုပ်ဆောင်မှုများနှင့် ၎င်းတို့ခန္ဓာကိုယ်ရှိဆဲလ်များ ဆက်သွယ်ရေးအတွက်

လည်းအရေးကြီးသည်။

သင့်ကလေး၏အစားအစာတွင် ကယ်လ်စီယမ် တိုးအောင်ဘယ်လိုပြုလုပ်မလဲ။

နို့၊ ဒိန်ချဉ်နှင့် ဒိန်ခဲများတွင် ကယ်လ်စီယမ် ပါဝင်မှုမြင့်မားပါသည်။ နို့ထွက်ပစ္စည်းများနှင့် မတည့်သူများအဖို့ အစိမ်းရောင်ရှိသည့်အရွက်များ၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ မုန့်ညှင်းစိမ်း၊ပဲပုတ်ထုတ်ကုန်များနှင့် အာနိသင်များဖြည့်သွင်းထုတ်ပိုးထားသည့် အစားအစားများမှလည်း ကယ်လ်စီယမ် ကိုရရှိနိုင်ပါသည်။

ဗီတာမင် ဒီ

နေရောင်ခြည်သည် ကလေးများအတွက် အကောင်းဆုံးဖြစ်သည် ဟူသည်မှာ စကားအဖြစ်ပြောခြင်းမဟုတ်ပါ။ ဗီတာမင် ဒီကို ခန္ဓာကိုယ်ထဲတွင်ထုတ်လုပ်ရန်အတွက် လိုအပ်ပါသည်။ ၎င်းသည် ကလေးများ၏ ကိုယ်ခံစွမ်းအားကျန်းမာရေးအတွက် လိုအပ်သော ဆဲလ်များကို အသက်သွင်းရန်နှင့် အရိုးများသန်စွမ်းစေရန် ကယ်လ်စီယမ်စုပ်ယူမှုအတွက် အကူအညီပေးပါသည်။

ဗီတာမင် ဒီ ချို့တဲ့ခြင်းမှကာကွယ်ရန် ဗီတာမင် ဒီကို မည်သို့ ပိုမိုရရှိအောင်လုပ်မည်နည်း။

အိမ်အပြင်ထွက်သည်နှင့် ဗီတာမင် ဒီရရှိနိုင်သည့်အပြင် အချို့သောအစားအစာများတွင် ပါဝင်မှုမြင့်မားသော်လည်း အာရုံစူးစိုက်မှုနည်းပါသည်။ အဆီများသည့် ဆော်လမွန်ငါး၊ တူနာငါး ( ဆိုဒီယမ်ပါဝင်မှု နည်းသည့် ဆီသွပ်ဘူး)၊ ငါးသလောက်၊ ရေချိုငါးနှင့် ဆာဒင်းငါးများပါဝင်သည့် ကျန်းမာရေးနှင့်ညီညွတ်သည့် ဟင်းပွဲများကို ပြင်ဆင်ပါ။ အရည်အသွေးမြင့်မားသော ဗီတာမင် ဒီ အတွက် ဗီတာမင် ဒီပါဝင်သော နို့၊ ဖျော်ရည်များနှင့် အသည်းအတွက် ဖြည့်စွက်ဆေးများကို ပေးနိုင်ပါသည်။

ပိုတတ်စီယမ်

၎င်းသည် ခန္ဓာကိုယ်အတွင်းဆက်သွယ်မှုများ အတွက် ဆဲလ်များရှိလျှပ်စီးပြောင်းလဲမှုများကို သယ်ဆောင်ရန် ကူညီပေးသည်။ ၎င်းသည် ကျောက်ကပ်မှတစ်ဆင့် စွန့်ပစ်ပစ္စည်းများနှင့် အဆိပ် အတောက်များကို ဖယ်ရှားပေးသည်။

ဤအာဟာရကို များများရရှိအောင် ဘယ်လိုပြုလုပ်မည်နည်း။

ပိုတတ်ဆီယမ်ကို စားသုံးခြင်းမရှိသည့်အခါ ပင်ပန်းနွမ်းနယ်မှုသည် ဘေးထွက်ဆိုးကျိုုး တစ်ခုအဖြစ်ခံစားရသည်။ ငှက်ပျောသီး၊ ဖရဲသီး၊ ထောပတ်သီးနှင့် ကန်စွန်းဥ ကဲ့သို့သော သဘာဝအပင်များမှထွက်သော အစားအစာများတွင် ပိုတတ်စီယမ် အနည်းငယ်ပါဝင်ပါသည်။

ပိုတတ်စီယမ်ပါဝင်သည့် အစားအစာမျိုးစုံကို စားသုံးပေးခြင်းသည် လိုအပ်သောပမာဏကို ဖြည့်ပေးရုံသာမက ယေဘုယျအားဖြင့် ပိုမိုကောင်းမွန်သော အစာအစားခြင်းကို ပါ တည်ဆောက်ပေးပါလိမ့်မည်။

အမျှင်ဓာတ်များ

အမျှင်ဓာတ်သည် ကလေးတစ်ဦး၏ အူကျန်းမာရေး၏ သော့ချက်တစ်ခုဖြစ်သည်။ အူသည်၎င်းတို့ ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအား ၇၀% နှင့် ကောင်းသော ဘက်တီးရီးယားများ၏ အာဟာရအတွက် အမျှင်ဓာတ်များ လိုအပ်ပါသည်။ ပျော်ဝင်နိုင်သော အမျှင်ဓာတ်နှင့် မပျော်ဝင်နိုင်သော အမျှင်ဓာတ်ဟူ၍ ၂ မျိုးရှိပါသည်။ ပျော်ဝင်နိုင်သော အမျှင်ဓာတ်ကို အသီးများနှင့် အုတ်ဂျုံတို့တွင်တွေ့နိုင်ပြီး ခန္ဓာကိုယ်ရှိ အရည်များနှင့် ရောစပ်ကာ အလွယ်တကူပျော်ဝင်နိုင်ပါသည်။ မပျော်ဝင်နိုင်သော အမျှင်များကို အစေ့အဆံများ၊ အချို့ အသီးများနှင့် ဟင်းသီးဟင်းရွက်များ နှင့် ကျောက်ကပ်ပုံပဲများတွင် တွေ့ရပြီး အစာခြေလမ်းကြောင်းသန့်ရှင်းရေးအတွက် ရွေ့လျားရာတွင်ကူညီပေးပါသည်။ ပျော်ဝင်နိုင်သော အမျှင် နှင့် မပျော်ဝင်နိုင်သော အမျှင် ၂ မျိုးလုံးသည် ကလေးတစ်ဦး၏ အူကျန်းမာရေး ပိုမိုကောင်းမွန်ကောင်းမွန်စေရန် လိုအပ်ပါသည်။

အမျှင် ဓာတ်များများရရှိအောင် မည်သို့လုပ်ဆောင်မည်နည်း။ အောက်ပါနည်းလမ်းအတိုင်းသင့်ကလေး၏ စားသောက်ပုံကို ထိန်းချုပ်ကျွေးမွေးပါ။ အသီး ခွက်တစ်ခွက်၏ ၄ ပုံတစ်ပုံ၊ အရွက် ခွက်တစ်ဝက်၊ အစေ့အဆံများ ခွက်တစ်ဝက်နှင့် ပရိုတင်း ခွက်တစ်ခွက်၏ ၄ ပုံတစ်ပုံ။

အစားအစာတစ်မျိုးတည်းနှင့် လုံလောက်မှုမရှိသည့်အခါ

သင့်ကလေးဖျားနာနေကြောင်း အလွယ်တကူပြောနိုင်သည့် လက္ခဏာမှာ ၎င်းတို့သည့် ကောင်းစွာမစားသော ကြောင့်ဖြစ်သည်။ အကယ်၍သင့်ကလေးသည် အစားစားခြင်းမှတဆင့် အာဟာရလုံလောက်စွာမရရှိသည်ဟု ခံစားရလျှင် ပါးစပ်မှစားရသော အာဟာရဖြည့်စွက်စာများကို သင်ရှာဖွေလိမ့်မည်။ အစားအစာတစ်ခုတည်းနှင့် လုံလောက်မှု မရှိလျှင် Pediasure တွင် ကလေးတစ်ဦး၏ ကြီးထွားမှု အဆင့်ဆင့်အတွက် လိုအပ်ချက်နှင့် ကိုက်ညီသည့် ထုတ်ကုန်အမျိုးမျိုးရှိပါသည်။ အဓိကအာဟာရများနှင့်ပြည့်နှက်စွာထုတ်လုပ်ထားသော ပိုတတ်စီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင် ဒီနှင့် အမျှင် ဓာတ်များကို သီးသန့်သောက်သုံခြင်းသော်လည်းကောင်း သို့မဟုတ် အခြားအစားအစာများထဲသို့ ရောနှောကျွေးနိုင်ပါသည်။ Pediasure မှ မည်သည့်ထုတ်ကုန်များသည် သင့်ကလေးနှင့်သင့်သော်သည်ကို သိရှိရန် အတွက် ကလေးအထူးကုဆရာဝန်နှင့် အမြဲတိုင်ပင်သင့်ပါသည်။

 

Reference(s):

  1. https://www.nutritionnews.abbott/pregnancy-childhood/kids-growth/is-your-child-getting-enough-of-the-right-nutrients/
  2. https://www.ecowatch.com/vegan-calcium–2631635056.html
  3. https://www.medicalnewstoday.com/articles/321522#high-protein-foods-for-weight-loss
  4. https://www.merckmanuals.com/home/hormonal-and-metabolic-disorders/electrolyte-balance/overview-of-potassium-s-role-in-the-body
  5. https://ods.od.nih.gov/factsheets/VitaminD-HealthProfessional/

ကလေးများသည် အဘယ်ကြောင့် ကျန်းမာရေးနှင့်ကိုက်ညီသည့် မုန့်များလိုအပ်သနည်း။

ကလေးများသည် အဘယ်ကြောင့် ကျန်းမာရေးနှင့်ကိုက်ညီသည့် မုန့်များလိုအပ်သနည်း။

ပရိုတင်းသည် ကြီးထွားလာသောကလေးများ၏ ခန္ဓာကိုယ်ရှိကိုယ်ခံအားဆဲလ်များ၊ တစ်သျှူးများ၊ ကြွက်သားများနှင့် အရိုးများကို တည်ဆောက်ရန်အတွက် အဓိကမရှိမဖြစ်လိုအပ်သော အာဟာရများထဲမှ တစ်ခုဖြစ်ပါသည်။ နေ့စဉ်ပရိုတင်းစားသုံးခြင်းနှင့် အခြားအစားအစာများစားခြင်း ကဲ့သို့သော အချက်များသည် ခန္ဓာကိုယ်၏အလုပ်လုပ်ပုံနှင့် ကြီးထွားမှုအပေါ်တွင် အကျိုးသက်ရောက်စေပါသည်။ အစားအစာများကို စားသုံးခြင်းသည် ကလေးများအတွက် နေ့စဉ်လိုအပ်သည့်အာဟာရအများစုကိုရရှိစေသည်။ မုန့်များစားသုံးခြင်းသည် ကလေးများ၏ အစာစားခြင်းအစီအစဉ်ကို မြှင့်တင်ပေးရန် အထောက်အကူပြုပါသည်။ ဘယ်လိုအကျိုးပြုသည်ကို အောက်တွင်ဖော်ပြထားပါသည်။

လိမ္မာပါးနပ်စွာဖြင့် မုန့်ကျွေးခြင်း

လိမ္မာပါးနပ်စွာ မုန့်ကျွေးခြင်းသည် အခွံမာသီးများ၊ သစ်သီးများ နှင့် အသားကဲ့သို့သော အာဟာရတန်ဖိုး မြင့်မားသော အစားအစာမျာကို ကျွေးခြင်းဖြင့် တည်ဆောက်ထားသည်။ မုန့်ကျွေးခြင်းတွင် ကယ်လိုရီ ၁၀၀ မှ ၂၀၀ ခန့်နှင့် ပရိုတင်း ၅ ဂရမ်မှ ၁၀ ဂရမ်အထိပါဝင်သင့်ပြီး ထမင်းစားချိန်စားသုံးသည့် အစားအစာများ မပါဝင်သင့်ပါ။

ကျန်းမာသန်စွမ်းသောလှုံ့ဆော်မှုဖြစ်စေရန် ကလေများအတွက် ဤအရသာရှိလှသော ပရိုတင်းဓာတ်ပါသည့် သရေစာများကို စမ်းကျွေးကြည့်ပါ။

ပူနွေးသော ပဲ သို့မဟုတ် ကြက်သားကို ဂျုံသားနှင့် ကျွေးခြင်း

ဖုတ်ထားသော ဂျုံပြားပေါ်တွင် ပြုတ်ထားသောပဲ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သံလွင်ဆီကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ရောထည့်ပါ၊ သို့မဟုတ် အစသေးသေးများဖြတ်ထားသော ဒိန်ခဲများကို စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ၆ လက်မ အရွယ်အစားရှိ ဂျုံပြားပေါ်တွင် ဖြန့်ထည့်ပါ။

၎င်းဂျုံပြားကို လိပ်၍စားသုံးပါ။

အသားစားသုံးသည့် သူများအတွက် ပဲနေရာတွင် ကြက်သားကို အစားထိုးနိုင်ပါသည်။ ပဲတစ်ဇွန်းတွင် ပရိုတင်း ၆ ဂရမ်နှင့် ကယ်လိုရီ ၁၄၀ ခန့်ပါဝင်ပြီး ကြက်သား တစ်တုံးတွင် ပရိုတင်း ၈ ဂရမ်နှင့် ၉၅ ကယ်လိုရီခန့်ပါဝင်ပါသည်။

ပဲစိမ်းများ

ပဲစိမ်းများသည် အသားများ၊ ငါးများ နှင့် ဥများကဲ့သို့ပင် အရည်အသွေးမြင့်မားသော ပရိုတင်းများ ပါဝင်ပါသည်။

လွယ်ကူစွာစားသုံးနိုင်ရန်အတွက် ပဲစိမ်းများကို ပြုတ်ထားပြီး တစ်ဝက်ကို ရေခဲသေတ္တာထဲတွင် ထည့်၍ခဲထားနိုင်သည်။ နောင်ကျွေးသည့်အခါတွင် သင်ကျွေးချင်သည့် ပမာဏကို အပူပေး၍ကျွေးနိုင်သည်။ အခွံခွာပြီးသော ပဲစိမ်း ခွက်တစ်ဝက်တွင် ပရိုတင်း ၈ ဂရမ်နှင့် ကယ်လိုရီ ၁၀၀ ခန့်ပါဝင်ပါသည်။

မြေပဲထောက်ပတ်နှင့် အအေးခံခဲထားသော ငှက်ပျောသီးကို ညှပ်၍ကျွေးခြင်း

ကျန်းမာရေးနှင့်ကိုက်ညီသည့် အချိုပွဲရွေးချယ်စရာတစ်ခုအဖြစ်  ခဲထားသော ငှက်ပျောသီးကို ထပ်ခြမ်းခွဲ၍ အလယ်တွင် ဗာဒံထောပတ်ကို စားပွဲတင်ဇွန်းတစ်ဇွန်းခန့် ထည့်၍ ရေခဲမုန့်ကဲ့သို့ပြုလုပ်ပါ။

အသားကင်ဒုတ်ဖြင့်ထိုး၍ အလွယ်တကူကိုင်၍စားသုံးနိုင်ပါသည်။ မကျွေးခင်အချိန်တွင် အေးခဲခြင်း သို့မဟုတ် ရေခဲစိမ်ခြင်းကို ပြုလုပ်ပါ။ ပရိုတင်း ၅ ဂရမ်နှင့် ၂၀၀ ကယ်လိုရီခန့်ပါဝင်ပါသည်။

ပရိုတင်းကြွယ်ဝသည့် သောက်စရာ

အနည်းငယ်သာစီစဉ်ရသော ပရိုတင်းသောက်စရာသည် သင့်ကလေး၏ နေ့စဉ်ပရိုတင်းဓာတ်ကို တိုးပွားစေပါသည်။ Pediasure ထုတ်ကုန်များသည် ကလေးများ၏နေစဉ်လိုအပ်သော အာဟာများကို ဖြည့်ဆည်းရန်အတွက် သေချာစွာတွက်ချက်ထားပါသည်။

Smoothie သို့မဟုတ် Shake ထဲသို့ Pediasure ကိုပေါင်းထည့်ခြင်းဖြင့် အရည်အသွေးမြင့်ပရိုတင်း ၁၀ ဂရမ်နှင့် ကြီးထွားခြင်းကို အထောက်အကူပြုစေသည့် ဗီတာမင်နှင့်သတ္တုဓာတ် ၂၅ မျိုးရရှိစေပါသည်။

Reference(s):

  1. https://www.nutritionnews.abbott/pregnancy-childhood/kids-growth/why-kids-need-healthy-protein-snacks/
  2. https://pupswithchopsticks.com/edamame/

ကလေးများဖွံ့ဖြိုးတိုးတတ်စေရန်အတွက် ပရိုတင်းသည် လောင်စာအဖြစ်မည်သို့ကူညီပေးသနည်း။

ကလေးများဖွံ့ဖြိုးတိုးတတ်စေရန်အတွက် ပရိုတင်းသည် လောင်စာအဖြစ်မည်သို့ကူညီပေးသနည်း။

ပရိုတင်းသည်ကလေးများကြီးထွားရန်အတွက် လိုအပ်သော အဓိကအာဟာရဓာတ်တစ်ခုဖြစ်သည်။ ကလေးများမွေးစအရွယ်မှစ၍ ကြွက်သားများတည်ဆောက်ခြင်း၊ အသားအရေများကို အသစ်ပြုပြင်ပေးခြင်း နှင့် သင့်ကလေး၏အရိုးများ စသည့်တို့အတွက် ပရိုတင်းသည် ကလေး၏ ကိုယ်ခန္ဓာဆဲလ်တိုင်းတွင် တည်ရှိသည်။

သင့်ကလေးသည် ပရိုတင်းလုံလောက်စွာမရလျှင် ဘာဖြစ်နိုင်သနည်း။

ကလေးများ၏ပရိုတင်းလိုအပ်မှု အကြံပြုချက်ထက်များစွာကျဆင်းသည့်အခါ အောက်ပါအချက်များကို ရင်ဆိုင်နိုင်ရပါသည်။

  • နာတာရှည် သို့မဟုတ် ကာလကြာရှည်စွာပင်ပန်းနွမ်းနယ်ခြင်း
  • အာရုံစူးစိုက်မှုအားနည်းခြင်း
  • အသက်အရွယ်နှင့်မလိုက်ခန္ဓာကိုယ်သေးငယ်ခြင်း
  • အရိုးနှင့်အဆစ်များနာကျဉ်ခြင်း
  • ဖျားနာခြင်းမှ ပြန်လည်နာလန်ထူမှုကြာရှည်ခြင်း

အစားအစာရွေးစားခြင်း၊ အစားစားချိန်မမှန်ခြင်းနှင့် စည်းကမ်းမဲ့စားသောက်ခြင်းတို့သည် နေ့စဉ်စားသောက်သော အစားအစာနှင့် ပရိုတင်းစားသုံးမှုကိုပါ အကျိုးသက်ရောက်စေနိုင်သည်။

ပရိုတင်းစားသုံးမှုကို ဘယ်လိုမြှင့်တင်မည်နည်း။

လေ့လာချက်များအရ အသက် ၄ နှစ်မှ ၈ နှစ် အတွင်းကလေးများသည် တစ်နေ့လျှင် အနည်းဆုံးပရိုတင်း ၁၉ ဂရမ် ရရှိရမည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ အရွယ်ရောက်လာသောကလေးများသည် တစ်နေ့လျှင် ပရိုတင်း ၃၄ဂရမ် လိုအပ်သည်။

သတင်းကောင်းမှာ ပရိုတင်းများကို အစားအစာများစွာတွင် တွေ့နိုင်ပါသည်။ စနစ်တကျပြုလုပ်ထားသော အနီရောင်အသားများ၊ လွတ်လပ်စွာမွေးမြူထားသော ကြက်၊ဘဲအသားများ၊ လတ်ဆက်သောငါးများ၊ နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဥအမျိုးမျိုး၊ တို့ဟူး နှင့် ပဲနှင့်ပြုလုပ်သည့်ထုတ်ကုန်များ၊ ဗာဒံသီးထောပတ်များ၊ ဂျုံအမျိုးမျိုး၊ Quinoa နှင့် ဆန်တို့သည့် အရည်အသွေးပြည့်ဝသည့်ပရိုတင်းများကို ထောက်ပံ့ပေးသည့် အရင်းအမြစ်တစ်ခုဖြစ်သည်။

တစ်နေ့လျှင် ကျွေးရမည့်ပမာဏသည့် သင့်ကလေး၏အသက်အရွယ်ပေါ်တွင်မူတည်ပါသည်။ နေ့စဉ်လိုအပ်သည့် ပမာဏကို တစ်နေ့လုံးတွင် ခွဲ၍ကျွေးပေးရမည်။

ဖြည့်စွက်အာဟာရများကို အသုံးပြု၍ ပရိုတင်းစားသုံးမှုကို မြှင့်တင်ခြင်း

ကွဲပြားခြားနားသော အစားကျွေးခြင်းပုံစံများ၊ ပျော်စရာကောင်းသော ပုံစံများနှင့် ရောကျွေးခြင်းဖြင့် ကလေးတစ်ဦး၏ အစားအစာများတွင် ပရိုတင်းများ ပိုမိုပါဝင်အောင် ကူညီပေးနိုင်ပါသည်။အကယ်၍ သင့်ကလေးသည် ပရိုတင်း လုံလောက်စွာရရှိပုံမပေါ်ပါက နောက်ထပ်အကူအညီအတွက် ကလေးအထူးကုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။

ကလေးအထူးပြုအများစုသည် အစာမှရရှိသောပရိုတင်းများသည် သင့်ကလေးအတွက်မလုံလောက်ပါက ဖြည့်စွက်အာဟာရများကို စားသုံရန်အတွက် အကြံပေးပါလိမ့်မည်။ ဖြည့်စွက်အစာများသည် အစားအစာများမှ ရရှိသည့်အာဟာရများကဲ့သို့ပင် အာဟာရများပေးစွမ်းပါလိမ့်မည်။

Pediasure ကဲ့သို့သောဖြည့်စွက်စာများသည် သင့်ကလေးအတွက် မုန့်တွင်ထည့်ဖုတ်ပေးခြင်း သို့မဟုတ် သင့်ကလေး၏ နံနက်စာတွင် Smoothie သို့ Milk shake အနေဖြင့် တိုက်ကျွေးခြင်း၊ ပြီးနောက် နေ့လည်တွင် နို့အဖြစ်တိုက်ခြင်း နှင့် ညစာတွင် သောက်စရာအဖြစ်တိုက်ကျွေးနိုင်ပါသည်။

ကလေးများနှစ်သက်သည့် အရသာအမျိုးမျိုးဖြင့် ထုတ်လုပ်ထားသောကြောင့် ၎င်းသည် ပရိုတင်းဓာတ် ပမာဏကို တိုးပွားစေပါသည်။

References:

  1. https://www.nutritionnews.abbott/pregnancy-childhood/kids-growth/how-protein-fuels-child-development/
  2. https://medlineplus.gov/ency/article/002467.htm#:~:text=Every%20cell%20in%20the%20human,%2C%20teens%2C%20and%20pregnant%20women.

ကလေးများ၏အူကျန်းမာရေးတွင် မိခင်၏အခန်းဂဏ္ဟသည် မည်ကဲ့သို့အရေးကြီးသနည်း။

ကလေးများ၏အူကျန်းမာရေးတွင် မိခင်၏အခန်းဂဏ္ဟသည် မည်ကဲ့သို့အရေးကြီးသနည်း။

ကလေးများ၏အူများအတွင်းရှိသည့် သန်းပေါင်းများစွာသော ဗက်တီးရီးယားများ၊ ဗိုင်းရစ်များနှင့် မှိုများကို microbiome အဖြစ်လူသိများသည်။Abbott မှသိပ္ပံပညာရှင်များသည်လွန်ခဲ့သည့်ဆယ်စုနှစ်နစ်ခုအတွင်း ကိုယ်ခံအာစနစ်ဖွံ့ဖြိုးဆဲကလေးများအပေါ်တွင် microbiome၏အကျိုးသက်ရောက်မှုကို လေ့လာခဲ့သည်။ ကလေးမိဘများနှင့်၎င်း၏သူငယ်ချင်းများအကြားတွင် အူလမ်းကြောင်းနှင့်ဆိုင်သော ကျန်းမာရေးမေးခွန်း (၃)ခုကို ကျွမ်းကျင်ပညာရှင်များ၏အဖြေကို အောက်တွင်ဖော်ပြထားသည်။

ကိုယ်ခံစွမ်းအားတည်ဆောက်ခြင်းအတွက် အစနှစ်များသည် အဘယ်ကြောင့် အရေးကြီးသနည်း။

ကလေးငယ်များကိုယ်ခံအားစနစ်၏ ၇၀ ရာခိုင်နှုန်းခန့်သည် အူအတွင်း၌ရှိနေသောကြောင့် ကလေးငယ်တစ်ဦးသည် Prebiotics ကဲ့သို့သောအရေးကြီးသည့် ပစ္စည်းများရရှိရန်အရေးကြီးပါသည်။ အူအတွင်းရှိ ဘက်တီးရီးယားများကိုကောင်းစွာအာဟာရဖြည့်ပေးသောအခါ ၎င်းဘက်တီးရီးယားများသည် ကြီးထွားခြင်း၊ မျိုးကွဲများများပြားလာခြင်းတို့ကြောင့် ကလေးငယ်များ၏ကိုယ်ခံအားစနစ်ကောင်းလာစေရန် အထောက်အကူပြုပါသည်။

မိဘများသည် ကလေးငယ်များ၏ အူလမ်းကြောင်းကျန်းမားရေးကို စောင့်ရှောက်ပေးရန် မည်ကဲ့သို့ပြုလုပ်နိုင်သနည်း။

မိဘများ၏အပြုအမူသည်စံပြဖြစ်သောကြောင့် မိမိတို့၏ကလေးငယ်များကို သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ များများ စားစေခြင်းအာဖြင့် ကူညီနိုင်သည်။ ကျန်းမာရေးနှင့် ညီညွတ်သောသရေစာများဖြစ်သည့် ဥနီ၊ ပန်းသီး၊ အစေ့အဆံများနှင့် ထောပတ်များကို ကျွေးခြင်းအားဖြင့် ကလေးများ၏နေ့စဉ်လိုအပ်သည့် အဆီဓာတ်နှင့် အသားဓာတ်များပြည့်ဝစေရန်ကူညီပေးပါသည်။ ကလေးများသည် နို့မကြိုက်လျှင် ကယ်လစီယမ်အတွက် ချ်စ်ကို ကျွေးနိုင်ပါသည်။

မိဘများသည် မိမိတို့၏အူလမ်းကြောင်းကျန်းမာရေးကို မည်ကဲ့သို့ ဂရုစိုက်သင့်သနည်း။

အူလမ်းကြောင်းကျန်းမာရေးသည် ကလေးများအတွက် အရေးကြီးသကဲ့သို့ မှန်ကန်သောအစားအစာများကို စားသုံးပြီး အကျိုးရှိသော ဘက်တီးရီးများကို ရှင်သန်စေရန်အတွက် လူကြီးများတွင်လည်း အရေးကြီးပါသည်။ အောက်တွင်ဖော်ပြထားသည့်အရာ (၃) ခုသည် သင့်အတွက်ဖြစ်နိုင်ပြီး သင့်ကလေးရှိနေစဉ်တွင် သင့်ကလေးနှင့် ပိုမိုသင့်တော်စေရန်စိတ်ကြိုက်ပြုပြင်နိုင်ပါသည်။

၁။ အစားအသောက်လျော့ခြင်း

အသီးအနှံများနှင့်ဟင်းသီးဟင်းရွက်များကို များစွာစားသုံးပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အူအတွင်းရှိ ဘက်တီးရီးများစားသုံးရန် အမျှင်ဓာတ်နှင့် prebiotics ကြွယ်ဝသောကြောင့်ဖြစ်သည်။ ဒိန်ချဉ်သည်လည်း နောက်ထပ် သဘာဝအရင်းမြစ်ဖြစ်သည့်Probiotics ဖြစ်ပါသည်။ ဤအစားအစာများတွင်ပါဝင်သော အာဟာရဓာတ်များသည် သင်၏ကိုယ်ခံစွမ်းအားကို ကာကွယ်ပေးပါသည်။

၂။ ပရိဇီဝဆေးများ

သင်သည်ဆေးကုသမှုမလိုအပ်လျှင် ၎င်းဆေးများကို မလိုအပ်ပါ။ ၎င်းဆေးများကို သောက်သုံးခြင်းအားဖြင့် သင့်အူလမ်းလမ်းကြောင်း၏ ဟန်ချက်ကို ပျက်ပြားစေနိုင်ပါသည်။ အကယ်၍ သင်သည် ပရိဇီဝဆေးများကို သောက်သုံးရန်လိုအပ်ပါကသင်နေပြန်ကောင်းသည့်အခါ သင့်အူ၏ကျန်းမာရေးကို ပြန်လည်အကျိုးသက်ရောက် စေရန်၎င်းဆေးဝါများနှင့် Probiotic ဖြည့်စွက်ဆေးများအကြောင်းကိုပါ သင့်ဆရာဝန်အားမေးမြန်းပါ။

၃။ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် စိတ်ဖိစီးမှု

စိတ်ဖိစီးခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းကို အမြဲတမ်းထိခိုက်စေသည်။ နေ့စဉ် သင်နှင့်သင့်ကလေးများအတွက် စိတ်ဖိစီးမှုကို လျော့ကျစေရန်နှင့် အပန်းပြေစေရန်အတွက် ကိုယ်နှင့်သင့်တော်သည့် လေ့ကျင့်ခန်းများကို ပြုလုပ်သင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် သင့်၏ကိုယ်ခံအားစနစ်ကို ပါကာကွယ်နိုင်ပါသည်။

Reference(s):

  1. https://abbottfamily.com.sg/articles/baby/healthy-gut-starts-with-you

သင့်ကလေး၏ကိုယ်ခံအားစနစ်ကိုမြှင့်တင်နိုင်သည့် နည်းလမ်း (၄) သွယ်

သင့်ကလေး၏ကိုယ်ခံအားစနစ်ကိုမြှင့်တင်နိုင်သည့် နည်းလမ်း (၄) သွယ်

သင့်ကလေး၏ကိုယ်ခံအားစနစ်ကို မည်ကဲ့သို့ ပျိုးထောင်ရမည်နည်း။

သင့်ကလေး၏ကိုယ်ခံအားစနစ်ကို ကျန်းမာစေရန် သင်ကူညီနိုင်သည့် အကောင်းဆုံးနည်လမ်းများထဲမှ တစ်ခုမှာ သင့်ကလေး၏အူလမ်းကြောင်းကျန်းမာရေးကို ဂရုစိုက်ပေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ အောက်တွင် သင့်ကလေး၏ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးသည့်နည်းလမ်း (၄) သွယ်ကိုဖော်ပြထားသည်။

သစ်သီးနှင့်ဟင်းသီးဟင်းရွက်အမျိုးမျိုးကိုရွေးချယ်ပါ။

သင့်ကလေးကြီးလာသည်နှင့်အမျှ အသီးအရွက်များနှင့် အစေ့အဆံများကို ပါဝင်အောင်ကျွေးမွေးသင့်သည်။ ငှက်ပျော်သီးနှင့် ကညွတ်တွင် Probiotics များပြားသည်။ ၎င်းသည် ဒိန်ချဉ်နှင့် ကီဖာကဲ့သို့သော အချဉ်သော အစားအစာများတွင်တွေ့ရသော Probiotics များကဲ့သို့ ခန္ဓာကိုယ်ကို အကျိုးပြုရန်ကူညီပေးသည်။

အိမ်မွေးတိရိစ္ဆာန်များ ချစ်တတ်သူဖြစ်လာပါစေ

မိသားစု(သို့မဟုတ်) အိမ်မွေးတိရိစ္ဆာန်တစ်ကောင်နှင့် ကစားခြင်းသည် ကလေးများ၏ အူထဲရှိဘက်တီးရီးယားပိုး မျိုးစိတ်များကို ကွဲပြားစေရန် ကူညီပေးခြင်းကြောင့် ကိုယ်ခံစွမ်းအားကျန်းမားရေးကို အကျိုးပြုပေးပါသည်။ လေ့လာစမ်းစစ်မှုများအရ ကလေးငယ်များသည်အိမ်မွေးတိရိစ္ဆာန်များနှင့် အန္တရာယ်ကင်းစွာဖြင့် ကစားခြင်းဖြင့် ကလေး၏အူအတွင်းရှိ ပိုးမွှားများ၏ဖွဲ့စည်းပုံများကို ပြောင်းလဲစေနိုင်ပြီး ပန်းနာရင်ကြပ်ရောဂါ၊ နှင်းခူနှင့် အခြားကူးစက်မှုများ၏အန္တရာယ်ကို ပင်လျော့နည်းစေနိုင်သည်။

ကလေးများကို ဖုန်ထူသောနေရာ၌ပေးကစားပါ

ကလေးများကို အပြင်၌ထွက်ကစားဖို့အားပေးပါ။ ထိုကဲ့သို့ပေးကစားခြင်းသည် ကလေးငယ်များကို ကျန်းမာသော ဘက်တီးရီးယားတစ်မျိုး ကို ရရှိစေရုံသာမက၎င်းတို့ကို တတ်ကြွစေပါသည်။ ပိုးမွှားများကို အရမ်းမကြောက်သင့်ပါ။ သို့သော် သင့်ကလေးအားအမြဲတမ်းကစားပြီးချိန်တွင် ရေချိုးခန်းထဲ၌  လက်များကို သေချာစွာ ဆေးကြောသင့်ကြောင်း  သင်ကြားထားသင့်ပါသည်။ အစားမစာမီနှင့် ဖျားနာသည့်အချိန်တွင် ဆေးကြောသန့်စင်ရန် သင်ကြားပေးပါ။

လှုပ်ရှားမှုများများပြုလုပ်ပါ

ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုသည် ကျန်မာစေရန်ဖြစ်သည်။ နေ့တိုင်း ပန်းခြံ၊ ကစားကွင်း (သို့မဟုတ်) မိုးလုံလေလုံကစားကွင်းများတွင် ကလေးများကို နေ့တိုင်းအနည်းဆုံး မိနစ် (၆၀) ခန့် လှုပ်ရှားမှုများပြုလုပ်ပါ။

သင့်ကလေး၏ကိုယ်ခံအားစနစ်ကို တည်ဆောက်ပါ။

ကလေးများသည် ငယ်ရွယ်သည့်အချိန်တွင် အူဖွံ့ဖြိုးမှုစတင်ပါသည်။ အထက်ဖော်ပြပါ နည်းလမ်းအနည်းငယ်နှင့် မိဘများသည် ကလေးများ၏ ကိုယ်ခံအားစနစ်တည်ဆောက်မှုအပိုင်းတွင် အဓိကနေရာမှ ကူညီပေးနိုင်သည်။ ကျန်းမာသောအူအားပထမဦးစွာ တည်ဆောက်ခြင်းသည် တစ်သက်တာ ကျန်းမာရေးအတွက် အခြေခံအုတ်မြစ် ချခြင်းပင် ဖြစ်သည်။

Reference(s):

  1. https://abbottfamily.com.sg/articles/baby/6-ways-to-boost-child-immune-system

မိဘများသိထားသင့်သော ကလေးများတွင်အဖြစ်များသည့် ရောဂါများနှင့် ၎င်းတို့၏ကွာခြားချက်များ။

မိဘများသိထားသင့်သော ကလေးများတွင်အဖြစ်များသည့် ရောဂါများနှင့် ၎င်းတို့၏ကွာခြားချက်များ။

ကလေးများ၏ခန္ဓာကိုယ်များသည် အာရုံခံစားမှု၊ အရသာခံစားမှု အသစ်များနှင့် လိုက်လျောညီထွေမှုဖြစ်အောင် နေပြီး ကိုယ်ခံအားစနစ်ကို တည်ဆောက်ကြသည်။ ထိုအခြေအနေမျိုးတွင် မိဘများသည် မိမိတို့၏ကလေးများကို ဖျားခြင်း မဖြစ်စေချင်ပါ။ ယေဘုယျအားဖြင့် ကျန်းမာစေသောအခြေခံအာဟာရများနှင့် ကာကွယ်စောင့်ရှောက်မှုများသည် တုပ်ကွေးဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်းနှင့် အော့အန်ခြင်းနှင့် သာမန်ဖျားနာမှုများကြောင့် ကလေးများကို ပြန်လည်သက်သာလာစေရန် သို့မဟုတ် ထိခိုက်မှုများကို နည်းပါးစေပါသည်။ တစ်ခါတစ်ရံတွင် အချို့ရောဂါများသည် အလားတူလက္ခဏာများပြသနိုင်ပြီး မိဘများကို ပြောပြရန်ခက်ခဲပါသည်။ ထို့ကြောင့် ပိုမိုသေချာစွာကုသမှုခံယူနိုင်ရန် ဆရာဝန်ထံ သွားရောက်ပြသရန် အကြံပြုထားသည်။ လတ်ဆတ်သောအစားအစာများ၊ ကြိုတင်ကာကွယ်စောင့်ရှောက်မှုနှင့် Pediasure 3+ ကဲ့သို့သော ကိုယ်ခံအားကိုထောက်ပံ့ပေးသည့် အာဟာရဖြည့်စွက်စာများကို ကျွေးခြင်းဖြင့် ကလေးများအား ပြီးပြည့်ပြီး မျှတသောအာဟာရဖြင့် ကြီးထွားလာစေရန် ကူညီပေးနိုင်ပါသည်။

 

တုပ်ကွေးနှင့် အအေးမိခြင်း

လည်ချောင်းနာခြင်း၊ နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်းတို့သည် နှစ်မျိုးလုံးတွင် အဖြစ်များပါသည်။ ကွာခြားချက်မှာ စတင်ဖြစ်ပွားခြင်းနှင့် ပြင်းထန်မှုဖြစ်သည်။ အအေးမိခြင်းသည် ရက်အနည်းငယ်ကြာပြီးနောက် နှာရည်ယိုခြင်း သို့မဟုတ် နှာရည်ယိုခြင်းမှ ရပ်သွားလေ့ရှိပြီး ဖျားနာခြင်းမှာရှားပါသည်။ တုပ်ကွေးရောဂါအတွက် လက္ခဏာများသည် ပိုမိုပြင်းထန်လာပြီး စတင်ဖြစ်ပွားသည်နှင့် ဆက်တိုက်ဆိုသလို ကြွက်သားနာကျင်ခြင်း၊ ကြွက်တတ်ခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အဖျားတတ်ခြင်းတို့ဖြစ်စေသည်။ ရောဂါလက္ခဏာများသည် ပိုမိုပြင်းထန်ပြီး ပင်ပန်းနွမ်းနယ်လာကာ အနည်းဆုံးတစ်ပတ်ကြာသည့်အချိန်တွင် တုပ်ကွေးသည် အဆုပ်ရောင်ရောဂါကဲ့သို့ ပိုမိုပြင်းထန်သည့် နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။

 

ပြုစုခြင်း – ၎င်းတို့၏ကိုယ်အပူချိန်ကို စောင့်ကြည့်ပါ။ သာမန်အအေးမိခြင်းသည် ကိုယ်အပူချိန် ၁၀၁ F (38 C) အထက်ဖြစ်ခြင်းမှာရှားပါသည်။ သင့်ကလေးကို လူများသောနေရာများနှင့် တတ်နိုင်သမျှ ဝေးဝေးတွင်ထားကာ များများအနားယူခိုင်းပါ။ အရည်များများပါသောအရာများကျွေးခြင်း၊ စွပ်ပြုတ်ပူပူ၊ နွားနို့ပူပူ သို့မဟုတ် အခြားရွေးချယ်စရာများ ( ဥပမာ Pediasure) ဗီတာမင် စီကြွယ်ဝသော ဟင်းသီးဟင်းရွက်များ နှင့် သစ်သီဝလံများ နှင့် ခန္ဓာကိုယ်ကိုက်ခဲမှုများ ကိုသက်သာစေရန် ရေနွေးအိတ်ကပ်၍ နှိပ်နယ်ပေးပါ။

 

ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းနှင့် အော့အန်ခြင်း

ဤလက္ခဏာ၂ မျိုးလုံးသည် တုပ်ကွေး၏ ညွှန်ပြချက်တစ်ခုဖြစ်နိုင်သောကြောင့် သေချာစွာသိရှိရန်  သင့်ကလေး၏ ကိုယ်အပူချိန်ကို ယူ၍ အခြားအဖြစ်များသော တုပ်ကွေးလက္ခဏာမျာကို ရှာဖွေပါ။ တစ်နည်းအားဖြင့် အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများသည် မသန့်ရှင်းသောအစားအစာများနှင့်သောက်စရာများကြောင့် ညစ်ညမ်းမှုများကို ဖြစ်စေပြီး အီကိုလီ၊ ကပ်ပါးပိုးများ သိုမဟုတ် အစာအဆိပ်သင့်စေသောပိုးများ ကိုဖြစ်စေပါသည်။ သို့သော်လည်း အစားအသောက်နှင့် ဓာတ်မတည့်ခြင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။

ပြုစုခြင်း – ဝမ်းလျှောခြင်း သို့မဟုတ် အော့အန်ခြင်းသည် ရေဓာတ်ခန်းခြောက်စေနိုင်သောကြောင့် သင့်ကလေးကို ရေဓာတ်ကောင်းစွာပြည့်ဝအောင်ထားပါ။ အဖက်များသည် စားသုံးနိုင်ရန်ခက်ခဲသောကြောင့် ရိုးရိုးဆန်ပြုတ် သို့မဟုတ် အရသာနည်းငယ်ထည့်ထားသော ဆန်ပြုတ် သို့မဟုတ် ပေါင်မုန့်တို့သည် အစာကြေလွယ်စေပါသည်။

 

ကြိုတင်ကာကွယ်ခြင်း – အစာမစားမီ လက်ဆေးခြင်း၊ ဖျားနည်သည်ဟုသင်သံသယရှိသူများနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကလေးများ ပါးစပ်ထဲသို့ ညစ်ညမ်းစေမည့်အရာများကို မထည့်မိစေရန် တားဆီးပေးခြင်းသည် ရောဂါအများစုကို ကာကွယ်ပေးပါသည်။ ကျန်းမာခန္ဓာကိုယ်သည် ရောဂါပိုးများကို ခုခံကာကွယ်ရာတွင် ပိုမိုကောင်းမွန်သောကြောင့် Pediasure 3+ ကဲ့သို့သော ကိုယ်ခံအားကို ပံ့ပိုးကူညီပေးသည့် အာဟာရဖြည့်စွက်စာများသည် ကူညီပေးနိုင်ပါသည်။ ပရိုတင်း၊ ဗီတာမင် D၊ ကယ်လ်စီယမ်၊ ဗီတာမင် E တို့ပါဝင်သည့် ကြီးထွားမှုကို အထောက်အကူပြုသည့် အရေးပါသော အာဟာရ ၃၇ မျိုးကို သိပ္ပံနည်းကျ ဖော်စပ်ထားသောကြောင့် သင့်ကလေးသည် ကြီးထွားမှုကို အမီလိုက်နိုင်ပြီး ကြွယ်ဝပြည့်စုံသော ဘဝကို ဖြတ်သန်းနိုင်သည်။

 

References:

  1. https://abbottfamily.com.sg/articles/toddler/common-illness#
  2. https://www.cdc.gov/flu/symptoms/coldflu.htm#:~:text=What%20are%20the%20symptoms%20of,than%20the%20symptoms%20of%20flu.
  3. https://www.webmd.com/cold-and-flu/flu-cold-symptoms
  4. https://pediasure.com/child-development-nutrition/powerful-nutrition-kids
  5. https://pediasuremyanmar.com/formulation-support/

Privacy Settings
We use cookies to enhance your experience while using our website. If you are using our Services via a browser you can restrict, block or remove cookies through your web browser settings. We also use content and scripts from third parties that may use tracking technologies. You can selectively provide your consent below to allow such third party embeds. For complete information about the cookies we use, data we collect and how we process them, please check our Privacy Policy
Youtube
Consent to display content from Youtube
Vimeo
Consent to display content from Vimeo
Google Maps
Consent to display content from Google