Category: Nutrition Facts

ကိုယ်ခံအားစနစ် ဖွံ့ဖြိုးမှု: ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယား Probiotic နှင့် Prebiotic

ကိုယ်ခံအားစနစ် ဖွံ့ဖြိုးမှု: ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယား Probiotic နှင့် Prebiotic

သင့်ကလေး၏ ကိုယ်ခံအားစနစ်သည် ဘက်တီးရီးယားများအား ကာကွယ်ပေးသည့် တံခါးနှင့်တူပြီး ဗိုင်းရပ်စ်များနှင့် ဖျားနာစေမှုများမှ တားဆီးကာကွယ်ပေးသည်။ လုံလောက်သော အာဟာရဓာတ်များ၏ အကူအညီနှင့် သင့်ကလေး၏ ကျန်းမာသော အူလမ်းကြောင်းစနစ်ကို ထိန်းသိမ်းပေးနိုင်ပြီး ဆဲလ်များ ဖွံ့ဖြိုးခြင်းနှင့် ပဋိဇာတ် များအား ခုခံပေးသော Antibodies များကိုလည်း မြှင့်တင်ပေးသည်။ အာဟာရမျှတစွာစားသုံးခြင်းသည် ကျန်းမာသော ကိုယ်ခံစနစ်ကို တည်ဆောက်ရေးအတွက် လွန်စွာအရေးပါသည်။

အူလမ်းကြောင်းကျန်းမာရေးအတွက် ပထမအဆင့်

သင့်အာဟာရများအား ကောင်းစွာနားလည်ပါ!

အူလမ်းကြောင်းကျန်းမာရေးအတွက် ပထမအဆင့်

  • Nucleotides- သာမာန်ဆဲလ် အလုပ်လုပ်ဆောင်ခြင်းနှင့် ပုံတူပွားခြင်းအတွက် အရေးပါသည်။
  • Prebiotics- Fructooligosaccharides (FOS) & Galacto-oligosaccharides (GOS) တို့သည် Probiotics များ ကြီးထွားရေးအတွက် ထောက်ပံ့ပေးသော အစာများဖြစ်သည်။
  • Zinc နှင့် ဗီတာမင် A,C နှင့် E- ဆဲလ်များအား ကလေးငယ် ခန္ဓာကိုယ်တွင်းမှ လွတ်မြောက်လာသော Free Radicals များမှ ကူညီပေးသည်။

ကိုယ်ခံအားမြှင့်တင်ခြင်းဆိုင်ရာ နည်းလမ်းများ

  • အစားအသောက်မှာ အာဟာရပါ- ဗီတာမင်နှင့် သတ္တုဓာတ်များ မပါဝင်ခြင်းသည် ကိုယ်ခံအား၏ တုံ့ပြန်မှုကို အားနည်းစေသည်။ Nucleotides ကြွယ်ဝသော အစာများဖြစ်သည့် အဆီနည်းသော အသားနှင့် မှိုများ၊ Prebiotics ကြွယ်ဝသည့် အစေ့၊ အဆန်နှင့် ဂျုံစပါးများနှင့် Probiotics ကြွယ်ဝသည့် ဒိန်ချဉ်တို့သည် ကိုယ်ခံအားကို မြှင့်တင်ပေးသည်။
  • ဖြည်းညှင်းစွာ အသက်ရှူပါ- ကိုယ်ခံအားကို လျော့နည်းစေမည့် စီးကရက်ငွေ့နှင့် အဆိပ်ဖြစ်စေသည့် ဖုန်စုပ်စက်၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့နှင့် ထိတွေ့ခြင်းအား ရှောင်ကြဉ်ပါ။
  • လေ့ကျင့်ခန်းလုပ်ပါ- လေ့ကျင့်ခန်းသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုပါပေးသည့်အပြင် ကိုယ်ခံအားကိုလည်း သန်မာစေမှာ အမှန်ပင်ဖြစ်သည်။

Reference(s):

  1. https://abbottfamily.com.sg/articles/science/immune-system

ကလေးအရိုးဖွံ့ဖြိုးဖို့ လိုအပ်သော အာဟာရဓာတ်များ

ကြီးထွားဖွံ့ဖြိုးဆဲ ကလေးများ၏ အရိုးဖွံ့ဖြိုးမှုအတွက် ကောင်းမွန်စေသော အာဟာရ ၃ မျိုး

သင့်ကလေး၏ ကြီးထွားဆဲ နှစ်အပိုင်းအခြားတွင် အရိုးကျန်းမာရေးကို ဂရုစိုက်ပေးခြင်းသည် ကလေး၏ ကြီးထွားမှုကို ထောက်ပံ့ကူညီပေးနိုင်သလို အရိုးနှင့် သက်ဆိုင်သော ရောဂါများ (အရိုးပွခြင်း၊ အရိုးအားနည်းခြင်း) ဖြစ်ပွားနိုင်ချေကို လျော့ကျစေပါသည်။ ဗီတာမင် K2 နှင့် အာဂျင်နင်းတို့သည် အရိုးအရည်အသွေးနှင့် အရိုးကျန်းမာရေးအတွက် လိုအပ်သည်ကို သတိထားမိကြသော်လည်း ဖော့စဖရပ်နှင့် မဂနီဆီယမ်တို့၏ (အခန်းကဏ္ဍ) လုပ်ဆောင်ချက်ကို လူသိနည်းကြသည်။ ထိုအာဟာရဓာတ်များသည် အစားအစာများတွင် အမြောက်အမြားတွေ့ရတတ်သော်လည်း ကလေးများ၏ စားသောက်မှု ပုံစံကိုလိုက်၍ ရရှိမှု မလုံလောက်နိုင်ချေရှိသောကြောင့် လိုအပ်သောနေရာတွင် အားဖြည့်ရန် ကလေးများအတွက် ဖော်စပ်ဖြည့်စွက်စာ (ဥပမာ – Pediasure 3+)ကို လိုအပ်နိုင်ပါသည်။1, 7

ကျန်းမာသော အရိုးဖွံ့ဖြိုးလာစေရန် အောက်ပါအာဟာရဓာတ်များသည် အရေးပါသည်။

အာဂျင်နင်း

အာမီနိုအက်စစ် တစ်မျိုးဖြစ်သည့် အာဂျင်နင်း (Arginine) သည် အရိုးအပေါ်ယံအလွှာရှိ ဆဲလ်များကို အကျိုးရှိရှိကြီးထွားစေရန်   ဆပွားတိုးစေသော အရာဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ အရိုးကြီးထွားမှု  ဖြစ်ပေါ်လာစေရန်  ကူညီထောက်ပံ့ပေးသည်။7

သဘာဝ ဗီတာမင် K2

၎င်းသည် အရိုးအဟောင်းများကို ဖြိုချ(အရိုးဆွေးခြင်းကြောင့်ဖြစ်သော)ပြီး အရိုးအသစ်များကို တည်ဆောက် (အရိုးဆွေးခြင်းကြောင့်ဖြစ်သော) ပေးသော အရိုးဆဲလ်များ၏ လုပ်ဆောင်ချက်များကို ကူညီပေးသည်။ ၎င်းသည် အရိုးများ သန်မာပြီး ကြီးထွားစေရန် ကယ်လ်ဆီယမ်နှင့် ပေါင်းစည်းပေးသည်။7

ကယ်လ်ဆီယမ်

ကယ်လ်ဆီယမ် (Calcium)သည် သင့်ကလေးအရိုးအတွက် အဓိက အခြေခံ သတ္တုဓာတ်ဖြစ်သည်။ ၎င်းသည် အရိုးစုအား သန်မာမှုနှင့် မာကျောမှုကို ပေးစွမ်းပြီး အရိုး၏ ထိရောက်စွာ စုပ်ယူမှုကို ကူညီပေးရန်အတွက် အခြားသော အာဟာရများအပေါ် မှီခိုအားထားခြင်းဖြစ်သည်။2, 7

ဖော့စ်ဖရပ်

ဖော့စ်ဖရပ် သည် ကယ်လ်ဆီယမ်နှင့် ပေါင်းစပ်၍ ကျွန်ုပ်တို့၏ အရိုးစုအား မာကျောစေသော ကယ်လ်ဆီယမ် ဖော့စ်ဖရိတ် ဖြစ်ပေါ်လာသည်။ ဖော့စ်ဖရပ်သည် ကယ်လ်ဆီယမ်နှင့် ပရိုတိန်း အမြောက်အမြားပါဝင်သော သတ္တဝါနှင့် ဟင်းသီးဟင်းရွက်များ၏ အစားအစာရင်းမြစ်ဖြစ်သည်။ မျှတသော စားသောက်မှုပုံစံသည် လိုအပ်သော ဖော့စ်ဖရပ်ဓာတ်ကို ရရှိစေနိုင်သော်လည်း သင့်ကလေးတွင် ဖော့စ်ဖရပ်ချို့တဲ့ပါက အစားစားချင်စိတ်မရှိခြင်း၊ အဆစ်နာခြင်း၊ မောလွယ်ခြင်း၊ စိတ်တိုခြင်း၊ အားနည်းခြင်းနှင့် ကိုယ်အလေးချိန် ပြောင်းလဲခြင်း တို့ကဲ့သို့သော လက္ခဏာများ ပြတတ်သဖြင့် ထိုလက္ခဏာများကို ဂရုစိုက် ကြည့်ရှုသင့်ပါသည်။2, 3

မဂ္ဂနီဆီယမ်

မဂ္ဂနီဆီယမ် သည် ဗီတာမင် D ကို အသုံးပြု၍ရသော ပုံစံအဖြစ် ပြောင်းလဲပေးပြီး အရိုး ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအတွက် ဟော်မုန်းများကို လည်ပတ်စေသည်။ မဂ္ဂနီဆီယမ်သည် စိတ်ကြည်စေခြင်း၊ ကြီးထွားမှုနှင့် ပြန်လည်အင်အားဖြည့်တင်းမှုတို့အတွက် ခွန်အားထုတ်လုပ်မှုနှင့် ကြွက်သားလုပ်ဆောင်ချက်များ အတွက်လည်း အထောက်အပံ့ပေးသည်။ မဂ္ဂနီဆီယမ်ကို အထူးသဖြင့် ဟင်းရွက်များ၊ သဖန်းသီး၊ ဆွံပလွန်သီး၊ အစေ့အဆန်များနှင့် အခွံမာသီးများတွင် အမြောက်အများတွေ့နိုင်သည်။2, 4

ရေ

ကျွန်ုပ်တို့၏ အရိုးများသည် ကျန်းမာသောအချိန်တွင် သတ္တုဓာတ်များ၊ ကော်လီဂျင်နှင့် ရေ ၃၁ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။5,6 ရိုးတွင်းခြင်ဆီသည် သွေးနီဆဲလ်များ ထုတ်လုပ်ရန်အတွက် ရေဓာတ်အပေါ် မှီခိုနေသောကြောင့် ရေဓာတ်ခန်းခြောက်ခြင်းသည် အရိုးနှင့် အခြားသော ကျန်းမာရေးအတွက် အာဂျင်နင်း၊ ဗီတာမင် K2၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ် နှင့် ဖော့စဖရပ် စသည့် အာဟာရဓာတ်များကို သယ်ယူပို့ဆောင်ပေးရာတွင် နှောင့်နှေးမှုကို ဖြစ်စေနိုင်ပါသည်။ တစ်နည်းပြောရလျှင် ရေဓာတ်ခန်းခြောက်ခြင်းသည် အရိုးပွခြင်း ကဲ့သို့သော အရိုးနှင့်ကြွက်သားဆိုင်ရာ ရောဂါများ ဖြစ်ပွားစေနိုင်ပါသည်။ သင့်ကလေး ရေများများသောက်စေရန်အတွက် ၎င်းတို့ကြိုက်သော အသီးများနှင့် ရောစပ်၍ သို့မဟုတ် သဘာဝ သစ်သီးများနှင့် ပေါင်းစပ်၍ တိုက်ပေးရပါမည်။5, 6

ပြည့်စုံမျှတသော အာဟာရဓာတ်သည် ကလေးများ ကြီးထွားနေသော နှစ်အပိုင်းအခြားအတွက် အလွန်အရေးပါပါသည်။ အမြင့်ဆုံးသော ကြီးထွားမှုကို ရရှိနိုင်ရန် ကျွန်ုပ်တို့သည် ဗီတာမင် D၊ E၊ C၊ ကယ်လ်ဆီယမ်နှင့် ပရိုတိန်းတို့ကို ဦးစားပေးထားသော်လည်း အာဟာရဓာတ်စုပ်ယူမှုကို အထောက်အပံ့ဖြစ်စေရန် ကလေးများသည် ဖော့စ်ဖရပ်နှင့် မဂ္ဂနီဆီယမ်မှရရှိသော အကျိုးကျေးဇူးများကဲ့သို့ပင် အာဂျင်နင်းနှင့် K2 ကဲ့သို့သော အရေးပါသည့် အာဟာရဓာတ်များကို လိုအပ်ပါသည်။ ကျန်းမာရေးနှင့်ညီသည့် အစားအစာများကို အမြဲရွေးချယ်ရမည်ဖြစ်ပြီး အစားတစ်မျိုးတည်းဖြင့် မလုံလောက်သောအချိန် သို့မဟုတ် အစားကြေးများသူနှင့် တွေ့ရသောအချိန်တွင် Pediasure 3+ မှကူညီပေးနိုင်ပါသည်။ အာဂျင်နင်း နှင့် သဘာဝဗီတာမင် K2 တို့အပါအဝင် အရေးပါသော အာဟာရဓာတ် ၃၇မျိုးကို သင့်တင့်မျှတစွာဖြင့် အခြေပြုထုတ်လုပ်ထားသော Pediasure 3+သည် လိုအပ်နေသော ကလေးများအား ကြီးထွားမှုကို အလှမ်းမှီစေရန် ထောက်ပံ့ပေးနိုင်ပါသည်။^^  Pediasure 3+ ကို ကျွမ်းကျင်သူများ (ကလေးအထူးကု ဆရာဝန်များ)၏ လမ်းညွန်မှုအတိုင်း ပုံမှန်အတိုင်းပဲ ဖော်စပ်ဖြည့်စွက်စာ အနေဖြင့်သော်လည်းကောင်း အစာပြေအနေဖြင့်သော်လည်းကောင်း သောက်သုံးနိုင်ပါသည်။ ယနေ့ပဲ Pediasure Myanmar သို့လာရောက် စာရင်းပေးသွင်းပြီး နမူနာ ရယူလိုက်ပါ။7

 

References:

  1. https://www.frontiersin.org/articles/10.3389/fnut.2021.773425/full
  2. https://www.healthychildren.org/English/healthy-living/nutrition/Pages/Minerals-Calcium-Phosphorus-and-Magnesium.aspx
  3. https://www.mountsinai.org/health-library/supplement/phosphorus#:~:text=When%20there%20is%20more%20phosphorus,lower%20the%20risk%20of%20osteoporosis.
  4. https://www.ethicalnutrients.com.au/bodytalk/200-magnesium-for-children#:~:text=Bone%20Development%20in%20the%20Early,for%20bone%20growth%20and%20development.
  5. https://www.wataugaortho.com/2018/04/20/how-proper-hydration-affects-bone-health/
  6. https://doulton.in/health-wellness/does-drinking-water-make-your-bones-stronger/
  7. https://pediasuremyanmar.com/formulation-support/

^^  Alarcon PA, et al. Clin Pediatr (Phila). 2003

Additional Readings:

https://pediasuremyanmar.com/request-a-free-sample/


ကလေးငယ်များအတွက် ကျန်းမာရေးနှင့် ညီညွတ်သော သောက်စရာ ဘယ်လိုရွေးချယ်မလဲ

ကလေးငယ်များအတွက် ကျန်းမာရေးနှင့် ညီညွတ်သော သောက်စရာ ဘယ်လိုရွေးချယ်မလဲ

ကလေးအများစုသည် သကြားဓာတ်ကဲသော အချိုရည်များကိုသာ နှစ်သက်ကြသည်။ အဆိုပါ အချိုရည်များသည် လိုအပ်သည့် အာဟာရဓာတ်ထက်ပို၍ ကယ်လိုရီပိုမိုများပြားသည်။ အဆိုပါ အချိုရည်တစ်ခုချင်းစီ၏ ပါဝင်ပစ္စည်းစာရင်းတွင် အာဟာရဆိုင်ရာ အချက်အလက်ဖော်ပြချက်ကို စစ်ဆေးပြီးမှ ပိုမိုကောင်းမွန်သော သောက်စရာကို ခွဲခြား ရွေးချယ်နိုင်မည်ဖြစ်သည်။ အောက်ပါအချက်အလက်များသည် သင့်ကလေးကျန်းမာပြီး ရေဓာတ်ပြည့်နေစေရန် သိထားရမည့် ယေဘုယျ ညွှန်ကြားချက်များဖြစ်သည်။

ရေ

သင့်ကလေး တစ်နေ့လျှင် ရေ ၆ ခွက်မှ ၈ ခွက်အထိ သောက်ပါစေ။ ၎င်းသည် ပုံမှန်ဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းမှာ တစ်နေ့တာအတွက် လိုအပ်သော ရေဓာတ်ကို ဟင်းချို၊ အချိုရည်နှင့် သစ်သီးများမှ ရရှိနိုင်သေးသောကြောင့် ဖြစ်သည်။ အသီးအရွက်များတွင် ရေဓာတ်ပါဝင်မှုများပြီး သင့်ကလေးအား တစ်နေ့လျှင် အသီးအရွက် လုံလုံလောက်လောက် ကျွေးမွေးရန်လိုအပ်သည်။

နို့

မျှတသော အာဟာရအတွက် တစ်ရက်လျှင် နို့ ၂ ခွက် (၂၅၀ မီလီလီတာ) ရရှိရန် လိုအပ်သည်။ သင့်ကလေးသည် ပရိုတင်း၊ ကယ်လ်ဆီယမ်နှင့် ကြီးထွားရန်လိုအပ်သော နေ့စဉ်အာဟာရဓာတ်များကို နို့မှ ရရှိနိုင်သည်။

သစ်သီးဖျော်ရည်များ

သင်တတ်နိုင်သလောက် သကြားထပ်ထည့်မထားသည့် သစ်သီးဖျော်ရည်များကို ရွေးချယ်နိုင်သည်။ သင်ရှာမတွေ့လျှင် သကြားပါဝင်မှုနည်းသော ဖျော်ရည်များကို ရွေးချယ်နိုင်သည်။ ဖျော်ရည်ဘူးများအား တစ်ရက်လျှင် တစ်ခွက် (သို့မဟုတ်) တစ်ပတ်လျှင် နည်းနည်းသာ သောက်သုံးသင့်သည်။ သင့်ကလေးအား ဖိုက်ဘာပါဝင်မှုများ၍ သစ်သီးများကိုသာ ပိုမိုကျွေးသင့်သည်။

အချိုရည်များ

အချိုရည်များသည် တစ်ခါတစ်ရံမှသာ အနည်းငယ် တိုက်ကျွေးသင့်သည်။ အဆိုပါ အချိုရည်များကို ရံဖန်ရံခါ သောက်စရာအနေနှင့်သာ ထားသင့်သည်။ အဆိုပါ အချိုရည်များသည် သင့်ကလေး အစားအသောက်အတွက် အာဟာရကြွယ်ဝသော သောက်စရာများအား အစားမထိုးသင့်ပါ။


အစားရွေးသည့်များကလေးငယ်များအတွက် နည်းလမ်း (၅) ခု

သင်၏အစားအသောက်ရွေးသောကလေးအားဆွဲဆောင်ရန်နည်းလမ်း (၅) ခု

မွေးစကပင် သားသမီးများအရွယ်ရောက်သည်အထိ ကောင်းကောင်းစားရန်အတွက် မိဘများသည် စိတ်ပူတတ်ကြပါသည်။ ၎င်းကြောင့် ကလေးများကို ကြောက်ရွံ့စေသောနည်းဗျူဟာများဖြင့် အစားကို ပြီးအောင်စားခိုင်းခြင်း သို့မဟုတ် ကလေးကို ဆူပူပြီး အစားစားခိုင်းခြင်းတို့ဖြစ်လာနိုင်သည်။ နှစ်ခုစလုံးသည် အသက်ကြီးလာသည့်အခါတွင် ပြင်ရခက်နိုင်ခြေရှိသော အစားသောက်ရွေးခြင်း အမူအကျင့်ကို ပျောက်အောင် မဖြေရှင်းနိုင်ပါ။ ကလေးများကို  ရွေးချယ်စရာများ ထောက်ပံ့ပေးရမည်ဖြစ်ပြီး၊ အစားသောက်တစ်ခုတည်းနှင့် မလုံလောက်ပါက Pediasure 3+ ကဲ့သို့သော ကလေးများအတွက် အဆင်ပြေစေမည့် အာဟာရဖြည့်စွက်စာများကို လိုအပ်သည့်အခါ ပံ့ပိုးပေးရန်အတွက် အဆင်သင့်ဖြစ်နေအောင်လေ့လာပါ။

၁။ အတူတကွအစားသောက်များပြင်ဆင်ခြင်းသည် တာဝန်သိစိတ်ဖြင့် ထိန်းညှိပေးသည်။

တာဝန်အရှိဆုံ မိဘများပင်လျှင် အကူအညီလိုအပ်လာပါက သားသမီးများမဟုတ်ဘဲ မည်သည့်နေရာမှ ရှာခြင်းသည် ပိုကောင်းသလဲ။ ကလေးများ၏ ထင်မြင်ယူဆချက်များကို နားထောင်ခြင်းဖြင့် သင်သည် ၎င်းတို့၏ ကျန်းမာရေးနှင့်ညီညွတ်သော ရွေးချယ်မှုများကို တိုက်ရိုက် လုပ်ဆောင်ပေးနိုင်ပါသည်။ ဤလုပ်ဆောင်ချက်များသည် တာဝန်သိစိတ်၊ ၎င်းတို့၏ စိတ်ကြိုက်ပါဝင်ပစ္စည်းများအတွက် ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးရုံမက တာဝန်ခံမှုလည်းပေးပါသည်။ သို့သော် အစားသောက်များတွင် ၎င်းတို့ကြိုက်နှစ်သက်သည့်အရာများ ပါဝင်ပါက ၎င်းအရာကိုပြီးအောင်ပြုလုပ်ရန်အတွက် တွန်းအားတစ်ခု ဖြစ်နိုင်ပါသည်။

၂။  ကုန်ခြောက်ဆိုင်တွင်ဈေးဝယ်ခြင်းကို ပျော်စရာတစ်ခုအဖြစ်ဖန်တီးခြင်းသည် ရွေးချယ်စရာများ ပိုမိုများပြားသည်ကို တွေ့မြင်နိုင်ပါသည်။

၎င်းသည်သင့်ကလေး၏ အမြင်များနှင့် အံ့ဩဖွယ်ကောင်းသော သစ်သီးများနှင့် ဟင်းသီးဟင်ရွက်များ၏ ပျော်ရွှင်ဖွယ်ကောင်းသော အရောင်များကို ဖော်ထုတ်ပေးနိုင်မည်ဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းသော ရုပ်ပုံကားချပ်များအကြောင်း အချက်အလက်များကို မျှဝေပြီး ဤတို့ထဲမှ အချို့သည် ဤ၎င်းတို့ကြိုက်နှစ်သက်သည့် ဇာတ်ကောင်များနှင့် မည်သို့ဆက်စပ်ကြောင်း ဇာတ်လမ်းတွင် ထည့်သွင်းဖော်ပြပါ။ တန်ဖိုးများ၊ ကုန်ခြောက်ထုပ်ပိုးနည်းနှင့် အရေအတွက် အပြောင်းအလဲကိုပင် သင်ပေးနိုင်ပါသည်။ သင့်ကလေးသည် အသက်ကြီးလာပါက လတ်ဆတ်သောအသီးအနှံများသည် အာလူးကြော် တစ်ထုပ်ထက်ပို၍ အလေးချိန်ရှိသောကြောင့် သင့်အတွက် အစာပိုရကြောင်းသင်ကြားပေးနိုင်ပါသည်။

၃။ ဟင်းချက်ခြင်းနှင့် ပျော်ရွှင်ခြင်းသည် ပေါင်းသင်းရန် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်။

အစားအစာသည် မိသားစုကို ပေါင်းစည်းစေသော အရာဖြစ်သောကြောင့် ကိုယ်တိုင်ချက်ပြုတ်ခြင်းသည် ရင်နှီးမှုအတွက် အရင်းမြစ်တစ်ခုဖြစ်နိုင်သည်။ ချက်ပြုတ်ကျွေးမွေးရန်အတွက် မည်မျှကြိုးစားအားထုတ်ရမည်ကို ကလေးများအားပြသနိုင်ပြီး ၎င်းသည် ကြိုးစားအားထုတ်မှုကို ကျေးဇူးတင်ကြောင်းပြသနိုင်သည်။ ဟင်းချက်နည်းများဖတ်ခြင်း၊ ကြက်ဥမွှေခြင်း၊ အရသာအရည်များရောစပ်ခြင်း နှင့် နောက်ဆုံးတွင် ဟင်းလျာများနှင့် ပေါင်းစပ်ခြင်းဖြင့် ရိုးရှင်းစွာစတင်ပါ။ ပိုမို၍စိတ်လှုပ်ရှားဖွယ်ကောင်းရန်အတွက် ၎င်းတို့အဆင်ပြေပါက ၎င်းတို့သည် လျှို့ဝှက်ချက် မိသားစု ချက်ပြုတ်နည်းကို အသုံးပြုခွင့်ရရှိစေမည့် အရိပ်အမြွက်များကို ပြသပါ။

၄။ အကောင်းမြင်စိတ်ရရှိရန်အတွက် ကောင်းသောအစားအစာကို ကောင်းသောကျန်းမာရေးနှင့် ချိတ်ဆက်ပါ။

သင့်ကလေးသည် အသက်ကြီးလာသည့်အခါတွင် အာဟာရပြဿနာများကို ရှောင်ရှားရန်အတွက် အစားအစာနှင့် ကောင်းမွန်သော ဆက်ဆံရေးရရှိရန်အရေးကြီးပါသည်။ ဥပမာအားဖြင့် သံပုရာသီးတွင် ဗီတာမင်စီ မြင့်မားစွာပါဝင်သောကြောင့် ကိုယ့်ခံစွမ်းအားကို မြှင်တင်ပေးနိုင်ပြီး ၎င်းသည် ကလေးများသည်ကစားဖော်များနှင့် အမြဲကစားနိုင်ရန်ကူညီပေးသည်။ သို့မဟုတ် အပြေးပြိုင်ပွဲတွင် အတန်းဖော်များကို အနိုင်ရရန်အတွက် သန်မာပြီး မြန်ဆန်ဖို့ ဘာကြောင့်ပရိုတင်းအတွက် ငါးကို စားသုံရသည်ကို ရှင်းပြပါ။ သို့မဟုတ် ကယ်လ်စီယမ်အတွက် နွားနို့သည် အရိုးနှင့်ကြွက်သားများ သန်မာစေရန်သောကြောင့် ၎င်းတို့၏ကစားစရာအားလုံးကို သယ်ဆောင်သွားနိုင်သည်။

ချုံငုံကြည့်ပါက သင့်ကလေး၏ အစားရွေးခြင်းသည် နေ့ချင်းညချင်းပြောင်းလဲသွားမည် မဟုတ်သော်လည်း ၎င်းကိုထိန်းချုပ်ရန်အတွက် ပံ့ပိုးမှုများသည် သင်၏အပေါ်တွင် များစွာမူတည်ပါသည်။ သင့်ကလေးသည် အစားအစာမှတဆင့် အာဟာရဓာတ် လုံလောက်စွာမရရှိသည်ကို သင့်စိုးရိမ်ပါက Pediasure 3+ ကလေးဖြည့်စွက်စာ သည် အကူညီပေးရန် အသင့်ရှိပါသည်။ အမှုန့်ပုံစံဖြင့်လွယ်ကူစွာ ရရှိနိုင်သော Pediasure3+ သည် ကလေးငယ်များ၏ အာဟာရလိုအပ်ချက်များနှင့် ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သော အာဟာရ ၃၄ မျိုးကို ဖြည့်ဆည်းပေးရန်အတွက် သိပ္ပံနည်းကျ ထုတ်လုပ်ထားပါသည်။

 

အခမဲ့ နမူနာ ရယူပါ။

 

References:

  1. https://abbottfamily.com.sg/articles/pickyeater/5-ways-to-engage-picky-eaters#
  2. https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/childrens-health/art-20044948
  3. https://abbottfamily.com.sg/products/page/pediasure-rtd

သင့်ကလေးအားကျန်းမာသောအစာစားနည်းအားသင်ကြားနည်း

ကျန်းမာရေးနှင့်ညီသော စားသောက်မှုပုံစံကို သင်ပြရာတွင် အတင်းမခိုင်းပါနှင့်

သင့်ကလေးတွင် ကျန်းမာသော အစားစားပုံ အလေ့အကျင့်ရှိစေရန် ငယ်ငယ်ကတည်းမှစ၍ လေ့ကျင့်ပေးပါ။ ကျန်းမာအောင် မည်သို့နေရမည်ကို ပြောပြနေမည့်အစား လုပ်ပြလိုက်ပါ။ ကလေးတွေကို အစားရွေးချယ်ရာတွင် ပါဝင်စေပြီး တချို့အစားအစာတွေကို ကလေးများ မုန်းသွားစေနိုင်သည့် အကျင့်ကို မလုပ်မိပါစေနှင့်။ ထိုကဲ့သို့လုပ်ခြင်းအားဖြင့် သင့်ကလေး၏ တစ်သက်စာအတွက်  အစားအသောက်နှင့် ကောင်းမွန်သော ဆက်သွယ်မှုတစ်ခုကို ရရှိစေရန် အကူအညီ ပေးနိုင်ပါသည်။ သင့်ကလေး မည်မျှ စားသည်ကို သင်မထိန်းချုပ်နိုင်သော်လည်း မည့်သည့်အရာတွေစားသင့်သည်ကို သင်ထိန်းချုပ်နိုင်ကြောင်း ( ဥပမာ – အသင့်စား အစားအစာများအစား ကျန်းမာရေးနှင့်ညီညွတ်သည့် ပြောင်းလဲမှုများနှင့် Pediasure 3+ ကဲ့သို့ ကလေးများအတွက် ဖော်စပ်ဖြည့်စွက်စာ တိုက်ကျွေးခြင်း)ကို မမေ့သင့်ပါ။ သင့်ကလေးကို ကောင်းမွန်သော စားသောက်မှုပုံစံ ရရှိစေနိုင်သော လမ်းကို ပြပေးနေသော အချိန်တွင် သတိထားရမည့် အချက် ၃ ချက်ကို အောက်တွင်ဖော်ပြထားပါသည်။1, 6

 

လမ်းညွှန်သူဖြစ်ပါစေ အာဏာရှင် မဆန်ပါစေနှင့်

အချို့သော မိဘများသည် ကလေးအစားစားစေရန် “ငါကမိဘ ပြန်မမေးနဲ့ ” ဟူသော စကားကို အသုံးပြုသော အလေ့အကျင့်ရှိသည့် အခြေအနေသို့ ရောက်ရှိနေကြပါသည်။ ထိုစကားသည် ခဏတာ အလုပ်ဖြစ်နေမည်ဖြစ်သော်လည်း သင့်ကလေးကို အစားအစာနှင့် မကောင်းသော ဆက်သွယ်မှုကို ဖြစ်စေနိုင်သည့်အန္တရာယ်ရှိပါသည်။ မိဘများ၏ အစားအစာနှင့်ပတ်သက်သည့် မကောင်းသော အလေ့အထသည် ကလေးများထံ အလွယ်တကူ ကူးစက်နိုင်ပါသည်။ ထိုအချက်ကြောင့် သင့်ကလေး လိုက်လုပ်နိုင်သော ကျန်းမာရေးနှင့်အညီစားသည့် စံပြအလေ့အထတစ်ခုကို စတင်ပြုလုပ်ရန် စောလွန်းလှသည် မဟုတ်တော့ပါ။ အိမ်တွင် ကျန်းမာရေးနှင့် ညီသော ရွေးချယ်စရာ အမြောက်အမြား ပြုလုပ်ပေးပြီး မည်သည့်အရာကိုမှ မစားရဟု သတ်မှတ်မထားပဲ တစ်ခါတစ်ရံ စားခွင့်ပြုရပါမည်။1, 2

 

သွားရည်စာအတွက် အစီအစဉ်ချပါ

တစ်နေ့တာအတွက် သွားရည်စာ စားချိန်ကို အတိအကျ သတ်မှတ်လိုက်သောအခါ အမှန်တကယ် ထမင်းစားချိန်ကို မထိခိုက်ပဲ သင့်ကလေး၏ ဆာလောင်မှုကို ထိန်းချုပ်နိုင်ပါသည်။ သွားရည်စာ စားချိန်သည် ထမင်းစားချိန်တွင် မပါဝင်သော ပစ္စည်းများကို ထည့်သွင်းကျွေးမွေးနိုင်သော အကောင်းဆုံးအချိန်ဖြစ်ပြီး ၎င်းတို့ကို ကျန်းမာရေးနှင့်ညီစေသော အခွင့်အရေးတစ်ခုဖြစ်သည်။ ကလေးများသည် သွားရည်စာစားချိန်ကို နှစ်သက်ကြပြီး သူတို့ အနည်းငယ်ဝင်ပါခွင့်ရလျှင် အစားအစာပေါ် ပိုမိုကောင်းမွန်စွာ တုံ့ပြန်ကြမည်ဖြစ်သည်။ တစ်ခါတစ်ရံစားသော အာလူးကြော် လက်တစ်ဆုပ် သို့မဟုတ် ကွတ်ကီး အနည်းငယ်ကို တားမြစ်မနေပဲ သစ်သီးအစုံ၊ အဆီနည်းသော ဒိန်ချဉ်၊ ပဲထောပတ် ဂျယ်လီပေါင်မုန့်နှင့် ဂျုံဖြင့် ပြုလုပ်ထားပြီး ချိစ့်ပါသော ခရက်ကာတို့ကို များများကျွေးပါ။ သစ်သီးများကို အလွယ်တကူ စားနိုင်သော အစိပ်ပုံစံ သို့မဟုတ် အတုံးပုံစံဖြင့် သင်ကြိုတင်ပြင်ဆင်ထားလို့လည်း ရပါသည်။ ကလေးများသည် စားလို့ရသောအစာများကို စားနိုင်ချေများသောကြောင့် အိမ်တွင် အချိုနှင့် အသင့်စားအစားအစာ ရွေးချယ်စရာများကို ကန့်သတ်နိုင်သော စွမ်းအားသည် မိဘများတွင်သာ ရှိပါသည်။3, 4

 

သင့်ကလေး ကြိုက်သည့်အရာနှင့် မကြိုက်သည့်အရာများကို ယုံကြည်ပါ။

သင့်ကလေး၏ သူတို့၏ စားချင်စိတ်နှင့် ကြိုက်မကြိုက်ကို သိကြပါသည်။ အတင်းကုန်အောင်စားခိုင်းခြင်းသည် ၎င်းတို့ကို ထိုအစားအစာနှင့် ပိုဝေးအောင်သာ ပြုလုပ်ပေးပါလိမ့်မည်။ သင့်ကလေးသည် သူကြိုက်သော အစားအစာကို မကြာခဏတောင်းဆိုနေပြီး အခြားသော အစားအစာများကို ငြင်းဆန်နေမည်ဟူသော အမှန်တရားကို သင်လက်ခံပေးရပါလိမ့်မည်။ ကလေးများသည် ဆုံးဖြတ်ချက်ချရသည်ကို ကြိုက်နှစ်သက်ကြပြီး ၎င်းတို့ မကြိုက်သောအရာများကို အခြားအစားထိုးတစ်ခုခုဖြင့် ထောက်ပံ့ပေးခြင်းသည် ၎င်းတို့အား အစားအစာ အသစ်ကို စမ်းစားစေသော အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သင်သည် ၎င်းတို့စားသော ပမာဏကို မထိန်းချုပ်နိုင်သော်လည်း အရည်အသွေးကို အသေအချာ ထိန်းချုပ်နိုင်ပါသည်။3, 5

 

ကောင်းမွန်သော အလေ့အကျင့်တစ်ခုကို တည်ဆောက်ရန် အချိန်လိုအပ်ပါသည်။ ထိုအချက်ကြောင့် ကျန်းမာရေးနှင့် ညီသော ရွေးချယ်စရာများကို နေ့စဉ်စားသောက်မှုတွင် ထည့်သွင်းနိုင်သော နည်းလမ်းများကို အမြဲရှာဖွေရန်မှာ အရေးပါရခြင်းဖြစ်သည်။ ယခုအချိန် ကောင်းမွန်သော စားသောက်မှုပုံစံရှိပါက သင့်ကလေး၏ တစ်သက်လုံးတွင် ကျန်းမာရေးနှင့်ညီသော ရွေးချယ်မှုများကိုသာ ပြုလုပ်သွားနိုင်ချေ များလာပါမည်။ သို့သော် အစားတစ်မျိုးတည်းဖြင့် မလုံလောက်သောအချိန်တွင် Pediasure 3+ မှကူညီပေးနိုင်ပါသည်။ အာဂျင်နင်း နှင့် သဘာဝဗီတာမင် K2 တို့အပါအဝင် အရေးပါသော အာဟာရဓာတ် ၃၇မျိုးကို သင့်တင့်မျှတစွာဖြင့် အခြေပြုထုတ်လုပ်ထားသော Pediasure 3+သည် လိုအပ်နေသော ကလေးများအား ကြီးထွားမှုကို အလှမ်းမှီစေရန် ထောက်ပံ့ပေးနိုင်ပါသည်။^^ Pediasure 3+ ကို ကျွမ်းကျင်သူများ (ကလေးအထူးကု ဆရာဝန်များ)၏ လမ်းညွန်မှုအတိုင်း ပုံမှန်အတိုင်းပဲ ဖော်စပ်ဖြည့်စွက်စာ အနေဖြင့်သော်လည်းကောင်း၊ အစာပြေအနေဖြင့်သော်လည်းကောင်း သောက်သုံးနိုင်ပါသည်။ ယနေ့ပဲ Pediasure Myanmar သို့လာရောက် စာရင်းပေးသွင်းပြီး နမူနာ ရယူလိုက်ပါ။6

 

References:

  1. https://www.webmd.com/children/kids-healthy-eating-habits
  2. https://www.nytimes.com/article/kids-healthy-eating-habits.html
  3. https://health.clevelandclinic.org/5-dos-and-donts-for-teaching-kids-good-eating-habits/
  4. https://www.verywellfamily.com/how-to-build-healthy-eating-habits-in-kids-620670
  5. https://kidshealth.org/en/parents/habits.html
  6. https://pediasuremyanmar.com/formulation-support/

^^  Alarcon PA, et al. Clin Pediatr (Phila). 2003

Additional Readings:

  1. https://pediasuremyanmar.com/request-a-free-sample/
  2. https://pediasure.com/healthy-eating-kids/feeding-children

ကလေးများအတွက်ပြည့်စုံသော အစာနှင့် အာဟာရ

ကလေးများအတွက်ပြည့်စုံသော အစာနှင့် အာဟာရ

ပြီးပြည့်စုံသည့်အစာနှင့်အာဟာရသည် ကလေးများ၏ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးသည့်အခန်းကနေ ပါဝင်နေပါသည်။အစားအစာစားသုံးသည့်အချိန်တိုင်းတွင် Carbohydrates, Protein, အဆီနှင့် အမျှင်ဓာတ်များ ကိုလိုအပ်သော ပမာဏအတိုင်း ပါဝင်အောင်စားသောက်သင့်သည်။ ဤအစာအုပ်စုကြီး (၅) စုသည် ကြီးထွားနေစဲဖြစ်သော ကလေးများအတွက် လိုအပ်သောအာဟာရများဖြည့်ဆည်းပေးသည်။ အုပ်စုတစ်ခုစီတိုင်းတွင် အာဟာရအတွက် သီးသန့်အကျိုးကျေးဇူးများရှိပါသည်။

Carbohydrates သည်အဓိကစွမ်းအင်ရရှိစေသည့်အရင်းမြစ်တစ်ခုဖြစ်သည်။ ကလေးငယ်တစ်ဦး၏ တတ်ကြွသောနေထိုင်မှုပုံစံအတွက် Carbohydrates သည်အရေးကြီးသော စွမ်းအင်တစ်ခု ဖြစ်သည်။

Proteins ကိုအသား၊ငါးများ၊ ဥများ၊အခွံမာအသီးများနှင့် ပဲများတွင်တွေ့နိုင်ပါသည်။ ကလေးများ၏ကြီးထွားမှု လိုအပ်ချက်များကြောင့် ၄င်းတို့ကြီးထွားရန်နှင့် ခန္ဓာကိုယ် တစ်သျှူးများပြန်လည်ဖွဲ့စည်းနိုင်ရန် လုံလောက်သော ပရိုတင်းပမာဏရရှိရန်လိုအပ်ပါသည်။

Fats – အဆီအမျိုးမျိုးမှ ကောင်းသောစွမ်းအင်အရင်းမြစ်များစွာရရှိနိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်သော အဆီတွင်ပျော်ဝင်နိုင်သော Vitamins များဖြစ်သည့် Vitamins A,D,E နှင့် K တို့ကို စုပ်ယူရန် ကူညီပေးသည်။ အဆီများသည် ခန္ဓာကိုယ်အတွင်းရှိအာရုံကြော တစ်သျှူးများကို ကာကွယ်ပေးပြီး ဟော်မုန်းများကို တည်ဆောက်ပေးသည်။

Vitamins များသည်ကလေးများကျန်းမာစေရန် အရေးကြီးသည်။ ဥပမာအားဖြင့် Vitamin C သည် အရိုးဖွဲ့စည်းခြင်းနှင့် သံဓာတ်စုပ်ယူရာတွင် အကူအညီပေးသော အရေးကြီးသည့် Antioxidant ဖြစ်သည်။ ၄င်းကို စတော်ဘယ်ရီ နှင့် လိမ္မော်သီးများတွင်တွေ့နိုင်သည်။ အခွံမာသီးများ၊ အစေ့များနှင့် ဟင်းသီးဟင်ရွက်များတွင်တွေ့ရသော Vitamin E သည်ကျန်းမာသော ဦးနှောက်အာရုံကြောစနစ်နှင့် ဖွံ့ဖြိုးဆဲ ဆဲလ်များကို အထောက်အကူပြုရန်အရေးကြီးသော အာဟာရဓာတ်အတွက်အဓိက Antioxidant ဖြစ်သည်။

Minerals – ကလေးငယ်များသည် ငယ်ရွယ်စဥ်ကပင်ကျန်းမာသောသွားများ၊ အရိုးနှင့်ကြွက်သားများ ဖွံ့ဖြိုးတိုးတတ်လာစေရန် သတ္တုဓာတ်များလိုအပ်ပါသည်။ ကလေးတစ်ဦး၏ ပထမ (၁၀) နှစ်တာကာလအတွင်း သွား၊ အရိုးနှင့် ကြွက်သားများသည် သိသိသာသာ ဖွံ့ဖြိုးတိုးတတ်လေ့ရှိသည်။ အရေးကြီးသော သတ္တုဓာတ်၏ ဥပမာတစ်ခုမှာ ကယ်လ်ဆီယမ်ဖြစ်သည်။ ၄င်းသည် ခန္ဓာကိုယ်တွင် အမြောက်အမြား တွေ့ရှိရသော သတ္တုဖြစ်ပြီး ကြံ့ခိုင်သန်စွမ်းသည့် အရိုး၊သွားနှင့် ကြွက်သားများတည်ဆောက်ရန် မရှိမဖြစ်လိုအပ်သည်။ နောက်ထပ်အရေးကြီးသည့် သတ္တုဓာတ်မှာ Potassium ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ အဓိကလုပ်ငန်းဆောင်တာ များတွင်အရေးပါသည်။ ၄င်းကို ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများတွင် တွေ့နိုင်သည်။

Fiber – အမျှင်ဓာတ်သည်ကလေးများ၏ အူသိမ်ကိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကောင်းမွန်စွာလည်ပတ်နိုင်ရန် ကိုယ်ခံအားစနစ်ကို အထောက်အကူပြုစေရန်နှင့် ပုံမှန်အူသိမ်လှုပ်ရှားမှုများတွင် ကူညီပေးပါသည်။ အမျှင်ဓာတ်သည် ဝမ်းချုပ်ခြင်းနှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများ၏ အန္တရာယ်ကို လျော့ချရာတွင် ကူညီပေးပါသည်။ ပန်းသီး၊ ငှက်ပျောသီး၊ လိမ္မော်သီး ကဲ့သို့သောသစ်သီးများ၊ ပန်းဂေါ်ဖီစိမ်းနှင့် မုန့်ညှင်းဖူး စသည့်အရွက်များသည် အမျှင်ဓာတ်ကို များစွာပါဝင်သော အရင်းအမြစ်များ ဖြစ်ပါသည်။


ကလေးများအတွက် အစာပိရမစ် (Food Pyramid)

ကလေးများအတွက် အစာပိရမစ် (Food Pyramid)

ကလေးတစ်ယောက်၏ ပထမဆုံးသော ၅ နှစ်တာကာလပတ်အတွင်း အာဟာရမည်မျှရရှိမှုနှင့် ကြီးထွားဖွံ့ဖြိုးမှုသည် ၎င်းတို့ အသက်ကြီးလာသည့်အခါ ကြီးထွားဖွံ့ဖြိုးမှုနှုန်းကို တိုင်းတာနိုင်သည့် အချက်တစ်ခုအဖြစ် အသုံးချနိုင်သည်။ မိဘများအနေဖြင့် မိမိကလေး အရပ်ရှည်စေရန်အတွက် နို့ နှင့် ကယ်လ်စီယမ်ဓာတ်များသော အစားအစာများကို အမြောက်အများကျွေးရန် တွေးခေါ်တတ်ကြသော်လည်း အစာအုပ်စုစုံလင်စွာ ကျွေးခြင်းသည် အာဟာရပြည့်ဝစေရန် မှန်ကန်သောနည်းလမ်းဖြစ်သည်။ အကယ်၍ သင်၏ကလေးသည် အစားများများစားသော်လည်း ခန္ဓာကိုယ် ဖွံ့ဖြိုးမှု နှေးကွေးနေသည့် အကြောင်းအရင်းကို သင် စဉ်းစားနေပါက သူ၏အစားအသောက်ပုံစံကို ပြန်လည် ဆန်းစစ်ကြည့်ရန် လိုပြီဖြစ်သည်။ အာဟာရပုံစံ သို့မဟုတ် အာဟာရလမ်းကြောင်းဟုလည်း သိကြသော အစားအစာ ပိရမစ်သည် ကောင်းမွန်သော ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် အစားအသောက်ပုံစံကို ဖော်ပြပေးသည်။ အစာအုပ်စုစုံလင်စွာ ကျွေးခြင်းသည် သော့ချက်တစ်ခုဖြစ်ပြီး တစ်ခါတစ်ရံတွင် သင့်ကလေး၏ ဆရာဝန် ညွှန်းသော ဖြည့်စွက်စာ ( ဥပမာ – Pediasure ) တို့ကို ဖြည့်စွက် တိုက်ကျွေးရန် လိုအပ်ပါသည်။1

အခြေခံ အစားအစာ ပိရမစ် ပုံစံက ဘယ်လိုရှိသလဲ

အစားအစာပိရမစ်၏ ပုံစံသည် ဒေသနှင့် ရိုးရာပုံစံ အပေါ်ကို မူတည်၍ ပြောင်းလဲနိုင်သော်လည်း ၎င်းတို့အားလုံးတွင် အသီးများ၊ အရွက်များ၊ အစေ့အဆံများ၊ ပရိုတိန်း နှင့် နို့ထွက်ပစ္စည်းများဟူ၍ အဖွဲ့ ငါးဖွဲ့ ပါဝင်သည်။ အပေါ်မှအောက်သို့ဖြစ်စေ အခြားပုံစံဖြင့်ဖြစ်စေ ပိရစ်မစ်၏ ကျဉ်းသောအပိုင်းတွင်ပါဝင်သော အစားအစာများသည် အနည်းငယ်သာ စားရမည်ဟုဖော်ပြပြီး ပိုကျယ်သောအစာအဖွဲ့မှ အစားအစာများသည် ပိုမိုစားသောက်ပေးရမည့် အစားအစာများဟု ဖော်ပြသည်။ ပုံမှန်အားဖြင့် စီရီရယ်၊ အစေ့အဆံများနှင့် သစ်စေ့များသည် လုံလောက်ရုံသာ စားရမည်ဖြစ်ပြီး အသီးနှင့်အရွက်များသည် အများအပြား သို့မဟုတ် ဆန်ထက်ပို၍စားပေးရမည်ဖြစ်သည်။ အသားနှင့် နို့ထွက်ပစ္စည်းများကို သင့်ကလေး၏ အစားအသောက်ပုံစံတွင် အနည်းငယ်ပါဝင်ရမည်ဖြစ်ပြီး အဆီ၊ သကြား၊ ဆားနှင့် အသင့်ထုပ်ပိုးထားသော အစားအစာများကို သရေစာအဖြစ် သို့မဟုတ် အနည်းငယ်သာကျွေးသင့်ပါသည်။1, 2, 3

 

အစားအစာပိရမစ်သည် အရာအားလုံး၏ အစသာဖြစ်သည်

အကယ်၍ မိဘများအနေဖြင့် ကလေးအရပ်ရှည်လာရမည့်အစား အလေးချိန်တိုးလာခြင်းမည်ကို စိတ်ပူနေပါက ကလေးကြိုက်သော အစားအစာများကို လျှော့ကျွေးခြင်းထက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်စေခြင်းက ပို၍ အထောက်အကူဖြစ်စေပါသည်။ အားလပ်ရက်များတွင် လေ့လာရေးခရီးသွားစေခြင်း၊ ကျောင်းတက်ရက်များတွင် အားကစားပွဲများ သို့မဟုတ် ထိုကဲ့သိုသော လှုပ်ရှားမှုများတွင် ပါဝင်စေခြင်း နှင့် တစ်ရက်လျှင်အနည်းဆုံး တစ်နာရီခန့် အပြင်ထွက်၍ ကစားစေခြင်းများ ပြုလုပ်ပေးရပါမည်။1

အစားအစာပမာဏထက် အရည်အသွေးကို ထိန်းချုပ်ခြင်းသည် အရေးပါသည်။ အကယ်၍ကလေးသည် မကောင်းသော အစားအသောက်ပုံစံရှိပါက မိဘထံမှအတုယူခြင်းကြောင့်ဖြစ်သည်။ သင်ကြိုက်သော သို့မဟုတ် မကြိုက်သော အစားအစာများကို ကလေးအား အတင်းကျွေးပါက အာဟာရချို့တဲ့တတ်ပါသည် (ဥပမာ – သတ်သတ်လွတ် စားစေခြင်းကြောင့် ဗီတာမင် B12 ချို့တဲ့ခြင်း၊ အကြောင်းမှာ ၎င်းသည် အသားမှရသောကြောင့်ဖြစ်သည်)။ ကာဗွန်ဟိုက်ဒရိတ်ပါဝင်သော အစားအစာများကိုလည်း ဂရုစိုက်ရမည်။ အကြောင်းမှာ ၎င်းတို့သည် ပမာဏ တူညီစွာ ထုတ်လုပ်ထားခြင်းမဟုတ်သော ကြောင့်ဖြစ်သည်။ သင်၏ကလေးကို လတ်ဆတ်သန့်ရှင်းသော သဘာဝအစားအစာများနှင့် ပြုပြင်ပြောင်းလဲထားခြင်းမရှိသော အစားအစာများမှရသော ကျန်းမာရေးနှင့်ညီသည့် ကာဗွန်ဟိုက်ဒရိတ်များကို ကျွေးရမည်ဖြစ်သည်။ ထိုအစားအစာများတွင်သာ အာဟာရဓာတ် ပိုမိုပါဝင်သောကြောင့်ဖြစ်သည်။ ထိုအစားအစာများတွင် တိုက်ဆိုင်စွာဖြင့် အမျှင်ဓာတ် အမြောက်အများပါဝင်သောကြောင့် သင့်ကလေး၏အလေးချိန်ကို ထိန်းနိုင်ပြီး ခန္ဓာကိုယ်ကို အချိန်ကြာကြာ ပြည့်ဖြိုးစေပါသည်။1, 3

အစားအစာပိရမစ်ကို ပန်းကန်တစ်ပြားစာအတွက် အသီးနှင့် အရွက်များက ၅၀% ကာဗွန်ဟိုက်ဒရိတ်နှင့် အစေ့အဆန်များက ၂၅% နှင့် ပရိုတိန်း ကျန်းမာရေးနှင့်ညီသော အဆီ ၂၅% ပါဝင်သော ကျန်းမာသည့် စားပွဲသဘောတရားနှင့် ပေါင်းစည်းနိုင်ပါသည်။ တစ်ရက်စာအတွက် အစေ့အဆံနှင့် ကာဗွန်ဟိုက်ဒရိတ်ကို တစ်ခါပြင် ၃ ပွဲမှ ၅ ပွဲ၊ အသီးနှင့် အရွက်များကို တစ်ခါပြင် ၂ ပွဲ၊ အသား တစ်ခါပြင် ၂ ပွဲ နှင့် နို့ထွက်ပစ္စည်း သို့မဟုတ် နို့နှင့်ဆက်စပ်သော အစားအစာများ တစ်ခါပြင်စာ ၁ ပွဲတို့ ကျွေးမွေးသင့်ပါသည်။3,4 သို့သော် ကလေးများသည် အစားရွေးတတ်သောကြောင့် မိဘများမှ အာဟာရဓာတ်ကို ထောက်ပံ့ပေးရန်လိုအပ်ပါသည်။ ဥပမာအနေနဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ကူညီထောက်ပံ့ပေးတဲ့ PediaSure ကို ဖြည့်စွက် တိုက်ကျွေးနိုင်ပါသည်။ ဗီတာမင်နှင့် သတ္တုဓာတ် ၃၇မျိုး သင့်တင့်မျှတစွာ ပါဝင်ကာ အရိုးတည်ဆောက်မှုအတွက်အထောက်အကူပြုသော ကယ်လ်ဆီယမ်၊ ဗီတာမင် ဒီ၊ ဗီတာမင် ကေ နှင့် ကျန်းမာရေးအတွက်ကောင်းမွန်စေသော အဆီများအပါအဝင် ကြွက်သားများ သန်မာစေရန် ပရိုတိန်း၃ဆ ပါဝင်သော အထူးဓာတ်ပေါင်းများလည်း ပါဝင်ပါသည်။ သင့်ကလေးဆရာဝန်၏ ညွှန်ကြားချက်ဖြင့် Pediasure ကို အစားအစာနှင့် တွဲဖက်၍သော်လည်းကောင်း ဖြည့်စွက်စာအနေဖြင့်သော်လည်းကောင်း သင့်ကလေးကို အာဟာရဓာတ်ပြည့်ဝစေပြီး ကောင်းမွန်သော ကြီးထွားဖွံ့ဖြိုးမှုကို ရရှိစေနိုင်ပါသည်။1, 5

 

References:

  1. National Institute of Nutrition ICMR. Dietary Guidelines for Indians – A Manual.; 2011.
    https://www.nin.res.in/downloads/DietaryGuidelinesforNINwebsite.pdf endorsed by Food and Agriculture Organization of the United Nations
  2. https://www.fao.org/nutrition/education/food-dietary-guidelines/regions/countries/thailand/en/
  3. https://www.fao.org/3/as979e/as979e.pdf
  4. https://www.healthhub.sg/live-healthy/578/A%20Healthy%20Food%20Foundation%20-%20for%20Kids%20and%20Teens
  5. https://pediasuremyanmar.com/formulation-support/

Additional Readings:

  1. World Health Organization. Healthy Diet Fact Sheet No. 394. September 2016. https://www.who.int/elena/healthy_diet_fact_sheet_394.pdf. Accessed October 7, 2016.
  2. U.S. Department of Health and Human Services and U.S. Department of Agriculture. 2015 – 2020 Dietary Guidelines for Americans. 8th Edition. December 2015. https://health.gov/sites/default/files/2019-09/2015-2020_Dietary_Guidelines.pdf. Accessed October 7, 2016

ကလေးများ၏ကိုယ်ခံအားနှင့် ကြီးထွားမှု

ကလေးများ၏ကိုယ်ခံအားနှင့် ကြီးထွားမှု

ကျန်းမာသောကလေးများဖြစ်စေရန် ကောင်းမွန်သောအာဟာရဓာတ်သည် အလွန်အရေးကြီးပါသည်။ ကလေးများ  ကြီးထွားဖွံ့ဖြိုးခြင်းအတွက် ကိုယ်ခံအားစနစ်သည် အရေးကြီးသောအခန်း ကနေပါဝင်သည်ကို သင်သိပါသလား?

အာဟာရသည်ကိုယ်ခံစွမ်းအားအတွက်အရေးကြီးသည်။ ၄င်းသည် ခန္ဓာကိုယ်ပြင်ပမှ အန္တရာယ်ဖြစ်စေနိုင်သော ဘက်တီးရီးယားနှင့် အခြားဗိုင်းရပ်စ်များ ခန္ဓာကိုယ်ကို တိုက်ခိုက်မှုမှ ကာကွယ်ပေးသည်။ အာဟာရဓာတ်မပြည့်စုံခြင်းသည် လူတစ်ဦး၏ကိုယ်ခံအားစနစ်ကို အကျိုးသက်ရောက်မှု ဖြစ်စေသည်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို အနှောက်အယှက်ဖြစ်စေသည့် ဖျားနာမှုများလျော့ကျစေရန်အတွက် အရွယ်ရောက်သူများထက် ကလေးများသည် ပြီးပြည့်စုံပြီးမျှတသော အာဟာရများကို လိုအပ်ပါသည်။

ကလေးများ၏ ကိုယ်ခံအားတိုးတတ်စေပြီး ကြီးထွားမှုကို အထောက်အကူပြုစေရန်နည်းလမ်း အချို့မှာ ၄င်းတို့၏အာဟာရကိုထောက်ပံ့ပေးခြင်းပင်ဖြစ်သည်။ ကြီးထွားနေဆဲဖြစ်သော ကလေးများသည် ၄င်းတို့၏ကိုယ်ခံအားစနစ်ကို တည်ဆောက်ရန် လုံလောက်သော Antioxidants နှင့် Vitamin C များရရှိရန် လိုအပ်ပါသည်။ Zinc ဓာတ်သည်လည်းဖျားနာခြင်းမှ ကာကွယ်ရန်နှင့် ဖျားနာပြီးပြန်လည်နာလန်ထူစေရန် လိုအပ်ပါသည်။ ထို့အပြင် Probiotics နှင့် Prebiotics များသည်လည်း ကျန်းမာသောအစာခြေစနစ်နှင့် ကိုယ်ခံအားစနစ်ကို အထောက်အကူပြုပါသည်။ အချုပ်အားဖြင့်ဆိုရသော် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုသာမက ကိုယ်ခံအားစနစ်ကိုထောက်ပံ့ရန် လုံလောက်သောအာဟာရဓာတ်များ လိုအပ်ပါသည်။


သင့်ကလေး၏ကိုယ်ခံအားစနစ်ကို ကူညီထောက်ပံ့ပေးသောကျန်းမာစေရန်အလေ့အထများ

သင့်ကလေး၏ကိုယ်ခံအားစနစ်ကို ကူညီထောက်ပံ့ပေးသောကျန်းမာစေရန်အလေ့အထများ

အလေ့အကျင့်များသည် သင့်ကလေး၏ ကိုယ်ခံအားစနစ်ကျန်းမာစေရန် ကူညီထောက်ပံ့နိုင်သည်ကို သင်သိပါသလား? အောက်ပါတို့သည်သင့်ကလေး၏ ကိုယ်ခံအားစနစ်ကို အထောက်အပံ့ပေးသော အလေ့အထများဖြစ်ပါသည်။

သင့်ကလေး၏ကိုယ်ခံအားစနစ်ကောင်းမွန်စေရန်အကောင်းဆုံးကျန်းမာရေးလေ့ကျင့်ခန်းများ

၁။ အာဟာရမျှတစွာစားသုံးခြင်းသည်သင့်ကလေး၏ကျန်းမာရေနှင့် ကြီးထွားမှုကို အထောက်အကူဖြစ်စေသည်။

အာဟာရမျှတစွာစားသုံးခြင်းအလေ့အထဖြစ်စေရန် ထမင်းစားချိန်တိုင်းတွင် ဟင်းသီးဟင်းရွက်များအမြဲ ပါဝင်အောင်စားသုံးစေခြင်း၊ အစားအသောက်စားသုံးချိန်မကြာမြင့်စေရန်လေ့ကျင့်ပေးခြင်း၊ မိသားစုထမင်းစားချိန်ကိုထားရှိပေးခြင်းတို့အပြင် ကလေးများအတွက်အစားသောက်ပြင်ဆင်ခြင်းနှင့် စျေးဝယ်ခြင်းတွင် ၄င်းတို့ကိုယ်တိုင်ပါ၀င်စေခြင်းဖြင့် ၄င်းတို့ကြိုက်နှစ်သက်သည်များကို  သိရှိနိုင်ပါသည်.

၂။ ကောင်းမွန်သောသန့်ရှင်းမှုဖြစ်စေရန် လက်ကို ဆပ်ပြာြဖင့် ဆေးစေခြင်း

တစ်ကိုယ်ရည်သန့်ရှင်းမှုရှိခြင်းသည် ဖျားနာခြင်းကို ရှောင်ရှားရန်အရေးကြီးဆုံးအချက်တစ်ခုဖြစ်သည်။ အိမ်သာသွားပြီးနောက်နှင့် အစားမစားမီတိုင်း လက်ကို ဆပ်ပြာဖြင့်ဆေးခြင်သည် သင့်ကလေးကျန်းမာရေးအတွက် အကောင်းဆုံဖြစ်သည်။ အကယ်၍သင့်ကလေးသည် မကြာသေးမီကဖျားနာခဲ့ပါက လူထူထပ်သောနေရာကို သွားခြင်းမှ ရှောင်ကြဥ်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော်ကာကွယ်ခြင်းသည်ကုသခြင်းထက်ကောင်းမွန် ပါသည်။

၃။ တက်ကြွသောမိသားစုနေထိုင်မှုပုံစံကိုရွေးချယ်ပါ

သင့်ကလေးအတွက်ကျန်းမာသည့်အလေ့အထတစ်ခုကို တည်ဆောက်ပေးချင်တယ်ဆိုရင်တော့ သင်ကိုယ်တိုင်လည်း ကျန်းမာသည့်အလေ့အကျင့်များကို လိုက်နာရပါမည်။ ကျောင်းပိတ်ရက် (သို့) ကျောင်းမှာ ကလေးများကို အားကစားတစ်ခုခု လုပ်စေပါ။ တစ်နေ့တာအတွက် ရေဓာတ်လုံလောက်စွာရရှိစေဖို့ရေများများသောက်ရန်သတိပေးပါ။ အဘယ်ကြောင့်ဆိုသော် ရေဓာတ်ပြည့်ဝသည့်ခန္ဓာကိုယ်သည် အာဟာရဓာတ်ကိုပိုမိုစုပ်ယူနိုင်ပြီးခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါသည်။ အားကစားများလုပ်ထားသောကြောင့် ညဘက်တွင်စွမ်းအင်များ ပြန်လည်ဖြည့်တင်းရန် သင့်ကလေးကောင်းမွန်စွာအိပ်စက်ပါလိမ့်မည်။

၄။ အိပ်ယာဝင်ချော့သိပ်ခြင်း

ကလေးများသည် အသက်အရွယ်ပေါ်မူတည်၍ အိပ်ချိန် (၁၀) နာရီ အထိလိုအပ်ပါသည်။ အိပ်ချိန်မမှန်သောက လေးများသည် ကိုယ်ခံစွမ်းအားလျော့ကျစေနိုင်ပါသည်။ အကယ်၍သင့်ကလေးသည် အိပ်စက်ရန်ခက်ခဲပါက အိပ်ရာဝင်ချိန် တွင်ပုံပြင်များပြောပြ၍ ချော့သိပ်ခြင်းများပြုလုပ်ပေးပါက ကလေးများသိပ်ရခက်ခဲခြင်းကို ကူညီနိုင်ပါလိမ့်မည်။


Is your child a Picky eater? What to do if your child is a picky eater?

အစားအစာရွေးတဲ့ကလေးများကို မိဘများသည် ဘယ်လို ဆက်ဆံရမလဲ။

သင်ငယ်စဉ်က အစားသောက်မျိုးစုံကို ရွေးသည့် အစားရွေးသူအဖြစ်ကြုံဖူးပါတယ်။ သင်သည် အမဲသားကို ကြိုက်သော်လည်း ဘာဂါထဲတွင်ပါဝင်သော ဆိတ် သို့မဟုတ် လတ်ဆတ်သောခရမ်းချဉ်သီးများကို မကြိုက်ပါက ၎င်းတွင်ပါဝင်သော ခရမ်းချဉ်သီး Ketchup ကိုစားပါက ပြဿနာမရှိပါ။ အစားသောက်ကို စားသောက်ပြီး ဆော့ကစားရခြင်းကို နှစ်သက်ရာကနေ တစ်ချို့အစားအစာများကို ကြောက်ရွံ့ခြင်းအထိ မိဘတစ်ယောက်အနေနဲ့ သင့်ကလေး၏ ဆာလောင်မှုများကို သင့်ကိုယ်ပိုင်အထင်အမြင်လွှဲမှားမှုကြောင့် သင့်ကလေးသည် အစားအသောက်များကို ရွေး၍စားသုံးလာကြသည်။ သင့်ကလေးတွင် မည့်သည့်အရာကို ပိုင်ဆိုင်ထားကြောင်း ဆုံးဖြတ်ပြီး လိုအပ်ပါက လှုပ်ရှားမှုများ၊ လတ်ဆတ်သောအစားအစာများနှင့် အာဟာရဖြည့်စွက်စာများ (ဥပမာ Pediasure 3+) ဖြင့် စတင်ဖြေရှင်းပါ။

 

၁။ အစားစားမည့်အစား ကစားခြင်းကို နှစ်သက်ပါသည်။

အကယ်၍သုံးစွဲရန် စွမ်းအင်များ ကျန်ရှိနေပါက ကလေးသည် အေးအေးဆေးဆေးထိုင်၍ ထမင်းစားရန် ခက်ခဲပါသည်။ တစ်နေ့တာလုံးတွင် ဗိုက်ဆာစေသည့် အပြုအမူများကို စူးစမ်းလေ့လာပါ။ သင်သည်ကလေးကို အရမ်းရိုက်ဖူးပါသလား။ ပြီးခဲ့တဲ့ထမင်းစားချိန်က နောက်ကျခဲ့ပါသလား။ အစားစားချိန်တိုင်းတွင် သင့်ကလေးသည် အလွန်အကျွံစားနေပါသလား။ ကလေးများသည် ကစားခြင်ကိုပိုမိုနှစ်သက်ကြသည် အဘယ်ကြောင့်ဆိုသော် မိဘများသည် ကလေးတို့၏ ပျော်ရွှင်ဖွယ်ရာအချိန်မျာကို ဖြတ်၍ ၎င်းတို့လုပ်စေချင်သည့် အရာများကို ဦးစားပေ၍ လုပ်ခိုင်းသောကြောင့်ဖြစ်သည်။ သင့်လျော်အချိန်တွင် ဆာလောင်မှုကို လှုံ့ဆော်ရန်၊ အစားအစားစားသောက်သည့်အချိန်ဇယား၊ သရေစာစားသုံးသည့် အချိန်ဇယားများကို သတ်မှတ်ကာ ၎င်းတို့ကို တစ်နေ့တာတွင် လေကောင်းလေသန့်များရရှိစေပြီး လေ့ကျင့်ခန်းများကို သေချာစွာပြုလုပ်ခိုင်းပါ။ နေ့ဘက်တွင် လှုပ်ရှားမှုများပြုလုပ်ခြင်းသည် အစာအစားသည့်အချိန်တွင် ဗိုက်ဆာစေပါသည်။ အစားအစာတိုင်းတွင် ပရိုတင်း၊ အမျှင်ဓာတ်နှင့် ဗီတာမင်အေ ကြွယ်ဝသော အစားအစာများပါဝင်အောင် ကျွေးပါက ကလေးများသည် ပိုမိုကြာရှည်စွာ ဗိုက်ပြည့်နေနိုင်ပြီး စွမ်းအင်အဆင့်ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

 

၂။ အစာကျွေးမည်ကို ကြောက်ရွံ့ခြင်း/ ရွေးချယ်မှုလွန်ကဲခြင်း။

ကြီးထွားမှုအတွက် အာဟာရ၏အရေးပါပုံကို သိရှိပြီး ကလေးများသည် အစားအစာများကို ငြင်းပယ်ခြင်းသည် မိဘများအတွက် အလွန်စိတ်ပျက်စရာဖြစ်သည်။ သို့သော် လက်တွေ့တွင် ဤဖြစ်စဉ်များသည် ပုံမှန်ဖြစ်ပြီး ကလေးများကြီးပြင်းလာသည်နှင့်အမျှ ၎င်းတို့၏ အနံ့အရသာနှင့် အသွင်အပြင်ဆိုင်ရာ အာရုံခံစားမှုများ ပြောင်းလဲလာသောကြောင့် ၎င်းတို့ကြိုက်သည့် အစားအသောက်များကို ထိခိုက်စေပါသည်။ သင့်ကလေးတွင် အဖျားရှိပါသလား။ ၎င်းတို့၏ ပါးစပ်နာနေပါသလား။ သွားနှင့် ခံတွင်းစောင့်ရှောက်မှုကောင်းမွန်ပါသလား။ ထမင်းစားချိန်နှင့် ဆက်စပ်သည့် စိတ်ဒဏ်ရာများ ကြုံဖူးပါသလား။ အစာစားချိန်နှင့် နေရာများကို သင်ထိန်းချုပ်နိုင်သောကြောင့် အစားအစားသည့် အချိန်ကို မိသားစုနှောင်ကြိုးအဖြစ်သတ်မှတ်ပါ။ ကလေးများသည် ၎င်းတို့ပါဝင်လုပ်ဆောင်ရသည်ကို နှစ်သက်သောကြောင့် ဟင်းချက်သည့် လုပ်ငန်းစဉ်များတွင် ၎င်းတို့ကို ပါဝင်ခွင့်ပေးပါက ဟင်းချက်သည့်အချိန်ထဲကပင် အစာစားချင်စိတ်များဖြစ်လာပါလိမ့်မည်။ သူတို့ကြိုက်နှစ်သက်သည့် အရာများကို ပြောပြပြီး ရွေးချယ်ခွင့်ပေးနိုင်ရန်အတွက် ၎င်းတို့ကို ဈေးဝယ်ထွက်သည့်အချိန်တွင် ရွေးချယ်ခွင့်ပေးပါ။ အဓိကသော့ချက်မှာ သင့်ကလေး၏ အကြောက်တရားများ မတိုးပွားစေရန် သင့်ကလေးကို ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းများ မပြုလုပ်ရန်ဖြစ်သည်။ အစားသောက်များ စားသုံးရန် ငြင်းဆန်ခြင်းကို ဖြစ်စေသော အကြောင်းရင်ကို ဦးစွာဖြေရှင်းပြီး ထမင်းစားချိန်တွင် အစီစဉ်တစ်ခုထားရှိခြင်းသည် အကောင်းဆုံးဖြစ်သည်။

 

၃။ အစာစားချင်စိတ်အပေါ်မိဘများ အထင်အမြင်လွဲမှားခြင်း။

ကလေးများသည် ငယ်ရွယ်စဉ်တွင် ကြီးထွားဆဲဖြစ်ပြီး ၎င်းတို့၏ ဆာလောင်မှုပုံစံများမှာ မတည်ငြိမ်သေးပါ။ တစ်နေ့တာလုံးတွင် ၎င်းတို့၏စွမ်းအင်အသုံးစရိတ်အဆင်သည်  သူတို့၏ဆာလောင်နေမှုတွင် အရေးကြီးပါသည်။ သင့်ကလေးသည် ဆာလောင်ခြင်း အချက်ပြမှုများနှင့် ဗိုက်ပြည့်ခြင်း လက္ခဏာများကို သင်ယူပြီး ၎င်းတို့ကို အစာကျွေးပါ။ သင်သည့် သင့်ကလေး၏ အစာကျွေးသည့် အခန်းကဏ္ဍကို ထိန်သိမ်းထားပြီး အစားအစာသည့် အချိန်နှင့် သင့်ကလေးမည်မျှစားသုံးသည်ကို မှတ်သားထားပါ။ အချို့ကလေးများသည် အစားအစာများပြားခြင်းကို ကြောက်ရွံ့စိတ်ရှိသောကြောင့် စားသုံးသည့်အချိန်တွင် ထက်ဝက်ခန့်လျော့ချ၍ ၎င်းတို့သည့် ထပ်ခါခါ တောင်းနိုင်ချေပိုများပါသည်။ အတိအကျပြောရလျှင် အစားသောက်ရွေးခြင်းကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရန် သင့်ကလေးသည် အစားအစာစားသည်ဖြစ်စေ မစားသည်ဖြစ်စေ ပမာဏများကို သေချာစွာမှတ်သားထားပါ။ သင့်ကလေးအား သင့်တင့်မျှတသော အစားအစာများကို ပံ့ပိုးပေးနေစဉ် တက်ကြွစွာနေထိုင်ရန် အားပေးပါ။ သင့်ကလေးသည် ရိုးရှင်းသော အစားအစာဖြင့်  ၎င်းတို့၏အစားအစာရွေးမှုကြောင့် အာဟာရလုံလောက်စွာ မရရှိမည်ကို စိုးရိမ်ပါက Pediasure ကဲ့သို့သော ဖြည့်စွက်စာများသည် ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေပါသည်။ ပရိုတင်း၊ ဗီတာမင် D၊ ကယ်လ်စီယမ်၊ ဗီတာမင် E နှင့် Probiotics အာဟာရစုစုပေါင်း ၃၇မျိုးကို ကြွယ်ဝစွာပါဝင်ဖြည့်ဆည်းပေးထားသောကြောင့် အစားရွေးသူများအတွက် ၎င်းတို့ရွေးသောအစားအစာမှ အာဟာရကို ရရှိအောင် ကလေးများကြိုက်နှစ်သက်သော အရသာများဖြစ်သည့်အတွက် ကလေး၏အာဟာရလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး ၎င်းတို့ ပျော်ရွှင်သန်မာကြီးထွားလာစေရန် ပိုမိုလွယ်ကူစေပါသည်။ နောက်ထပ်အချက်အလက်များနှင့် နာမူနာများအတွက် ကျေးဇူးပြု၍ Pediasure Myanmar တွင် ယနေ့ဝင်ရောက်ကြည့်ရှုပါ။

 

References

  1. https://pediasure.com/healthy-eating-kids/picky-eaters
  2. https://pediasure.com/healthy-eating-kids/picky-eaters/habits-tips
  3. https://pediasure.com/healthy-eating-kids/picky-eaters/meal-prep-ideas
  4. https://pediasure.com.ph/child-nutrition/what-to-do-picky-eater
  5. https://www.sarahremmer.com/10-reasons-why-your-child-refuses-to-eat-and-what-to-do/
  6. https://pediasure.com.ph/about/pediasure-plus-growth-supplement-milk
  7. https://pediasuremyanmar.com/formulation-support/

Privacy Settings
We use cookies to enhance your experience while using our website. If you are using our Services via a browser you can restrict, block or remove cookies through your web browser settings. We also use content and scripts from third parties that may use tracking technologies. You can selectively provide your consent below to allow such third party embeds. For complete information about the cookies we use, data we collect and how we process them, please check our Privacy Policy
Youtube
Consent to display content from Youtube
Vimeo
Consent to display content from Vimeo
Google Maps
Consent to display content from Google