Category: Nutrition Facts

Role of Natural Vitamin K2 in Kids

ကလေးများ၏ ဖွံ့ဖြိုးတိုးတတ်မှုတွင် ဗီတာမင် K2 အရေးပါပုံ

ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် အရိုးများသန်မာစေရန်အတွက် ကယ်လ်ဆီယမ်နှင့် ဗီတာမင် D တို့အပြင် ကယ်လ်ဆီယမ်များ အလေအလွင့်မရှိစေရန်၊ အရိုးနှင့် ကယ်လ်ဆီယမ်များ ပေါင်းစည်းပြီး အရိုးသစ်များ ဖြစ်ပေါ်လာစေရန်တို့အတွက် ဗီတာမင် K2 တို့၏ အကူအညီကို လိုအပ်ပါသည်။ သင့်ကလေးသည် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ နှင့် အသားတို့ကို အမြောက်အမြား စားသော်လည်း အစားစားသောက်မှုပုံစံနှင့် အရသာ ရွေးချယ်မှုတို့ကြောင့် ကယ်လ်ဆီယမ်၊ ဗီတာမင် D နှင့် ဗီတာမင် K2 တို့ လုံလောက်သည့် ပမာဏ ရရှိနိုင်ဖို့မဖြစ်နိုင်ပေ။1 ဗီတာမင်ဓာတ် ချို့တဲ့ခြင်းသည် စိုးရိမ်စရာ အခြေအနေတစ်ခုဖြစ်သောကြောင့် မိဘများအနေဖြင့် ဗီတာမင် K2 ပိုမိုပါဝင်သော အာဟာရ ( ဥပမာ – Pediasure 3+ နှင့် Pediasure 3+ Sucrose Free) များဖြင့် ထောက်ပံ့ရန် ရွေးချယ်သင့်ပါသည်။5, 6

 

ဗီတာမင် K1 နှင့် K2 နှိုင်းယှဉ်ခြင်း

ဗီတာမင် K1 (ဖီလိုကွီနှုန်း phylloquinone) ကို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များတွင် အများဆုံးတွေ့ရပြီး သွေးခဲခြင်းအတွက် ကောင်းမွန်ပါသည်။ ထိုဗီတာမင်သည် သက်တမ်းတို၍ အစားအစာဖြင့် အမြဲတစေ ထောက်ပံ့ပေးရန် လိုအပ်ပြီး ထိုဗီတာမင်၏ ပမာဏအနည်းငယ်သည် အူအတွင်းရှိ ဘက်တီးရီးယားများ၏ အကူအညီဖြင့် ဗီတာမင် K2 အဖြစ်သို့ ပြောင်းလဲနိုင်သည်။1, 2

ဗီတာမင် K2(မန်နာကွီနှုန်း menaquinone) သည် အရိုးသန်မာမှုနှင့် သိပ်သည်းဆကောင်းစေရန်အတွက် ကယ်လ်ဆီယမ်ကို အရိုးနှင့် ပေါင်းစည်းရာတွင် ကူညီပေးသည်။ ထိုဗီတာမင်သည် သွေးကြောများအတွင်း နှလုံးရောဂါအထိ ဖြစ်လာစေနိုင်သော ပိုလျှံနေသည့် အဆီများကို ဖယ်ရှားရာတွင်လည်း အကူအညီပေးပါသည်။1, 2

 

ဖွံ့ဖြိုးမှုတွင် ဗီတာမင် K2 က ထောက်ပံ့ပေးပုံ

ဗီတာမင် K2 သည် ကယ်လ်ဆီယမ်ကို အရိုးနှင့် ပေါင်းစည်းစေပြီး အရိုးများကို သန်မာလာစေရန်၊ သိပ်သည်းဆ တိုးလာစေရန်နှင့် ကြီးထွားမှု မြင့်တက်လာစေရန် အကူအညီပေးပါသည်။ အကြောင်းမှာ အရိုးတွင်ပါဝင်သော အဓိက ပရိုတိန်းဖြစ်သည့် အိုစတီရိုကယ်လ်ဆင် သည် အလုပ်လုပ်ရန်အတွက် ဗီတာမင် K2 အပေါ် မှုတည်နေသောကြောင့်ဖြစ်သည်။ အသင့်ထုပ်ပိုးပြီးသား မုန့်များကို အများဆုံးစားသုံးသော ကလေးသည် ဗီတာမင် K2 ချို့တည့်မှုဖြစ်ရန် ပမာဏအများဆုံးသောသူများ ဖြစ်ကြသည်။ အကြောင်းမှာ ထိုကဲ့သို့သော အစားအစာများသည် အရသာကောင်းသော်လည်း အရေးပါသော အာဟာရများ မပါဝင်သောကြောင့်ဖြစ်သည်။ အကယ်၍ ကယ်လ်ဆီယမ်ဓာတ်သည် အရိုးအတွက်အထောက်အကူဖြစ်စေရန် ပေါင်းစည်း၍မရသောအခါ ကလေးများတွင် အရိုးပွရောဂါ (အရိုးအားနည်းခြင်းနှင့် ကျိုးလွယ်ခြင်း)နှင့် ကြီးထွားမှု တန့်သွားခြင်းတို့ ဖြစ်စေနိုင်ပါသည်။3, 4

 

ကလေးတစ်ဦးအတွက် ဗီတာမင် K2 ပမာဏ မည်မျှလိုအပ်သနည်း

ဂေါ်ဖီထုပ်၊ ဟင်းနုနယ်ရွက်နှင့် အစိမ်းရင့်ရောင် အရွက်သုပ်များ သို့မဟုတ် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ ပြည့်စုံလုံလောက်စွာပါဝင်သော စားသောက်မှုပုံစံတစ်ခုသည် ကလေးတစ်ဦးကို လုံလောက်သည့် ဗီတာမင် K ပမာဏရရှိစေရန် ထောက်ပံ့ပေးနိုင်ပါသည်။ ဟင်းရွက်ဆီများ (ပဲ၊ (canola) ကာနိုလာ၊ သံလွင်၊ ပြောင်းဖူး) နှင့် မာဂျယ်ရင်း များသည် ဗီတာမင် K ရရှိနိုင်သည့် ကောင်းမွန်သော အရင်းမြစ်များဖြစ်သည်။ ကိန်းဂဏန်းများအရ ကလေးတစ်ဦး၏ အသက်၊ ခန္ဓာကိုယ်အရွယ်အစား၊ ကျား/မ ပေါ် မူတည်၍ ကလေးတစ်ဦးသည် ဗီတာမင် K ပမာဏ ၃၀ မှ ၅၅ micrograms ကြား နေ့စဉ် ရရှိရန် လိုအပ်မည် ဖြစ်သည်။3 ဗီတာမင် K2 ရရှိရန်အတွက် အနီရောင်အသားများ၊ ချိစ့်များ နှင့် ဥများ သို့မဟုတ် အခြား တိရိစ္ဆာန်ထွက် ပစ္စည်းများသည် အကောင်းဆုံးသော အရင်းမြစ်များဖြစ်သည်။3, 4

အာဟာရဓာတ်သည် လိုချင်သည်ထက် လိုအပ်သည့်အပေါ်တွင် အမြဲအခြေပြုထားပါသည်။ သင်သည် အရိုးအတွက် ကယ်လ်ဆီယမ်ကို ပို၍ လိုချင်သော်လည်း ထိုကယ်လ်ဆီယမ်ဓာတ်သည် အရိုးနှင့် ပေါင်းစည်းရန်အတွက် ဗီတာမင် K2 ကိုလိုအပ်ပါသည်။ သင်သည် သင့်ကလေး စားသော အစားအစာများ၏ အရည်အသွေးကို ထိန်းချုပ်ထားသော်လည်း အစားအစာဖြင့်ထောက်ပံ့ခြင်းသည် ကန့်သတ်ချက်ရှိနေမည်ကို စိုးရိမ်ပါက Pediasure 3+ ကဲ့သို့သော ပြည့်ဝမျှတသည့် ကလေးအာဟာရဓာတ် ဖြည့်စွက်စာမှ အကူအညီပေးနိုင်ပါသည်။5 အမှုန့်ပုံစံဖြင့်ပါ ရရှိနိုင်သော Pediasure 3+သည် ပါဝင်သော အာဟာရဓာတ် ၃၇မျိုးထဲတွင် အာဂျင်နင်း၊ သဘာဝ ဗီတာမင် K2 တို့ကို အားဖြည့်ပေးထားသောကြောင့် သင့်ကလေး၏ အရပ်ကို အမြင့်ဆုံးအထိ ရှည်လာစေရန်အတွက် အထောက်အကူပြုပေးပါသည်။7 ကလေးများအကြိုက် စတော်ဘယ်ရီအရသာနှင့် ဗနီလာ အရသာတို့အပြင် သကြားမပါသော ပုံစံအသစ်ဖြင့်ပါ ရရှိနိုင်ပါသည်။ တက်ကြွစွာနေတတ်သော ကလေးများအတွက် အာဟာရဓာတ် လိုလာပါက အသင့်သောက်သုံးနိုင်သော ပုံစံဖြင့် ထုတ်လုပ်ထားသော Pediasure RPB သည် သရေစာ မုန့်အစားထိုး အနေဖြင့် အလွယ်တကူ သောက်သုံးနိုင်ပါသည်။ နမူနာရယူရန်အတွက် Pediasure Myanmar သို့ ယနေ့ပဲ လာရောက် စာရင်းပေးသွင်းလိုက်ပါ။


Role of Arginine in Kids

ကလေးများအတွက် အမိုင်နိုအက်စစ်၏ အရေးပါပုံ

ပထမဆုံး ၅နှစ်တာကာလမှာ လိုအပ်သော အာဟာရဓာတ်နှင့် ဖျားနာမှုကင်းစင်ပါက ကလေးတိုင်းတွင် တူညီသော ကြီးထွားဖွံ့ဖြိုးမှုရရှိရန် တန်းတူအခွင့်အရေး ရှိကြပါသည်။ ဒါကြောင့် အရိုးများ ကျန်းမာသန်စွမ်းဖို့ လိုအပ်သော အာဟာရဓာတ်များရရှိဖို့က အလွန်အရေးကြီးပါသည်။

ဆေးသုတေသန လေ့လာမှုများအရ ကြီးထွားဖွံ့ဖြိုးမှုနည်းသော ကလေးများသည် ကြီးထွားဖွံ့ဖြိုးမှု ပုံမှန်ရှိသော ကလေးများနှင့်ယှဉ်လျှင် အာဂျီနင်းဓာတ်နည်းနေသည်ကို တွေ့ရှိရသည်။

အာဂျီနင်းဓာတ်ရရှိမှုသည် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် သက်ဆိုင်နေသည်။ အာဂျီနင်းသည် အမိုင်နိုအက်ဆစ်ဓာတ်တစ်မျိုးဖြစ်ပြီး အသားဓာတ်ကြွယ်၀သော အစားအစာများဖြစ်သည့် အခွံမာသီး၊ အစေ့အဆံ၊ အသား၊ ပင်လယ်စာ၊ နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ပါရှိပါသည်။ အာဂျီနင်းဓာတ်က အရိုးများ ကြီးထွားဖွံ့ဖြိုးဖို့အတွက် တစ်ရှူးများမှ လိုအပ်သော ကြီးထွားဖွံ့ဖြိုးမှုဟော်မုန်း ထွက်ပေါ်လာမှုကို ကူညီပေးပြီး အရိုးများကို ပိုမိုကြီးထွားစေသည်။ နေ့စဉ်စားသုံးသော အာဟာရထဲတွင် အာဂျီနင်းဓာတ် လုံလောက်စွာ မရရှိပါက ကလေးများကြီးထွားဖွံ့ဖြိုးရန်အတွက် မိဘတို့အနေဖြင့် အာဂျီနင်းဓာတ်ပါသော ဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးခြင်းကို ထည့်သွင်းစဉ်းစားနိုင်သည်။

Ref: Van Vugh AJ et al. Br J Nutr (2013), 109, 1031-1039. Dietary arginine and linear growth: the Copenhagen school child intervention study.

Importance of Physical Activity For Growth

ကြီးထွားမှုအတွက်အရေးပါသည့်ခန္ဓာကိုယ်လှုပ်ရှားမှုလေ့ကျင်ခန်းများ

သင်သည်သင့်ကလေးအားတီဗီကြာမြင့်စွာကြည့်ခွင့်ပေးထားပါသလား။နည်းပညာများမှသင်ယူသည်မှာကောင်းသောအရာဖြစ်ပါသည်။ သို့သော် အလယ်အလတ်သည်သာအကောင်းဆုံးဖြစ်ပါသည်။အောက်ဖော်ပြပါ နည်းများသည်သင့်ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက်အသုံးဝင်သည့်လေ့ကျင်ခန်းများဖြစ်ပါသည်။
သစ်ပင်စိုက်ပါ

သင့်ကလေးသည် တူးဆွခြင်းကို နှစ်သက်သဘောကျပါက အပင်စိုက်ပျိုးသည့် အလေ့အထရရန် ကူ ညီပေးပါ။ ပန်းပင်များကို ရေနေ့တိုင်းလောင်းရန်သင်ပေးပါ။ သင့်ကလေးသည်အပင်မည်သို့စိုက်ရမည်ကိုသိလာမည်။

 

တိရစ္ဆာန်ရုံသို့အလည်သွားပါ

တိရစ္ဆာန်ရုံသွားခြင်းသည်သင့်ကလေးကိုအတွေ့အကြုံအသစ်များကိုရရှိစေပြီး သိလိုစိတ်ကို ဖြစ်ပေါ်စေသည်။ ခြင်္သေ့၊ သစ်ကုလားအုပ်များကိုပထမဆုံးအကြိမ်တွေ့ရခြင်းသည်အထင်ကြီးမှုကိုဖြစ်ပေါ်စေပြီး၎င်းတို့အကြောင်းများကိုပြောနေစေပါလိမ့်မည်။

အရုပ်များကိုသန့်ရှင်းရေးပြုလုပ်ခြင်း

အကောင်းဆုံးသောအတွင်းနှင့်အပြင်အတွက်လှုပ်ရှားမှုဖြစ်ပါလိမ့်မည်။ဇလားတစ်ခုထဲတွင်ဆပ်ပြာထည့်ပါ၊နောက်တစ်ခုကိုအလွတ်ထားပါ။ထိုသို့ပြုလုပ်ခြင်းသည်သင့်ကလေးအတွက်ပျော်စရာကောင်းစေရုံသာမကဖုံးကွယ်နေသောဘက်တီးရီးယားများကိုလည်းတိုက်ဖျက်ပေးပါလိမ့်မည်။

ပျော်ပွဲစားထွက်ပါ

ပျော်ပွဲစားထွက်မည့်ရက်ကိုသတ်မှတ်ပြီးသင်နှင့်သင့်ကလေးနှစ်သက်သော အစားအစာများနှင့် အချိုရည်များကိုပြင်ဆင်၍ယူသွားပါ။သင့်ကလေးသည်အပြင်လောကကိုလေ့လာရန်အတွက်မျက်စီဖွင့်ပေးနိုင်သောကောင်းသောအတွေ့အကြုံဖြစ်ပါသည်။

သင့်ကလေးအားမီးဖိုချောင်တွင်ကူညီခွင့်ပြုပါ

သင့်ကလေးကိုဟင်းသီးဟင်းရွက်များဆေးကြောရန်၊ကြက်ဥမွှေတတ်ရန်သင်ပေးပါ။သင့်ကလေးအားsous-chef ဖြစ်လာစေရန်အခွင့်အရေးကောင်းတစ်ခုဖြစ်ပါသည်။

ရတနာရှာဖွေတမ်းဆော့ပါ

အိမ်ပတ်လည်မှာဖွက်ထားတဲ့ပစ္စည်းစာရင်းတစ်ခုလုပ်ပါ။ပြီးလျှင်သင့်ကလေးငယ်အားရှာဖွေရန်သဲလွန်စပေး၍ရှာဖွေခိုင်းပါ။

၂နှစ်မှ၃နှစ်အရွယ်

သစ်ပင်စိုက်ပါ

သင့်ကလေးသည် တူးဆွခြင်းကို နှစ်သက်သဘောကျပါက အပင်စိုက်ပျိုးသည့် အလေ့အထရရန် ကူ ညီပေးပါ။ ပန်းပင်များကို ရေနေ့တိုင်းလောင်းရန်သင်ပေးပါ။ သင့်ကလေးသည်အပင်မည်သို့စိုက်ရမည်ကိုသိလာမည်။

တိရစ္ဆာန်ရုံသို့အလည်သွားပါ

တိရစ္ဆာန်ရုံသွားခြင်းသည်သင့်ကလေးကိုအတွေ့အကြုံအသစ်များကိုရရှိစေပြီး သိလိုစိတ်ကို ဖြစ်ပေါ်စေသည်။ ခြင်္သေ့၊ သစ်ကုလားအုပ်များကိုပထမဆုံးအကြိမ်တွေ့ရခြင်းသည်အထင်ကြီးမှုကိုဖြစ်ပေါ်စေပြီး၎င်းတို့အကြောင်းများကိုပြောနေစေပါလိမ့်မည်။

အရုပ်များကိုသန့်ရှင်းရေးပြုလုပ်ခြင်း

အကောင်းဆုံးသောအတွင်းနှင့်အပြင်အတွက်လှုပ်ရှားမှုဖြစ်ပါလိမ့်မည်။ဇလားတစ်ခုထဲတွင်ဆပ်ပြာထည့်ပါ၊နောက်တစ်ခုကိုအလွတ်ထားပါ။ထိုသို့ပြုလုပ်ခြင်းသည်သင့်ကလေးအတွက်ပျော်စရာကောင်းစေရုံသာမကဖုံးကွယ်နေသောဘက်တီးရီးယားများကိုလည်းတိုက်ဖျက်ပေးပါလိမ့်မည်။

၃နှစ်အထက်

ပျော်ပွဲစားထွက်ပါ

ပျော်ပွဲစားထွက်မည့်ရက်ကိုသတ်မှတ်ပြီးသင်နှင့်သင့်ကလေးနှစ်သက်သော အစားအစာများနှင့် အချိုရည်များကိုပြင်ဆင်၍ယူသွားပါ။သင့်ကလေးသည်အပြင်လောကကိုလေ့လာရန်အတွက်မျက်စီဖွင့်ပေးနိုင်သောကောင်းသောအတွေ့အကြုံဖြစ်ပါသည်။

သင့်ကလေးအားမီးဖိုချောင်တွင်ကူညီခွင့်ပြုပါ

သင့်ကလေးကိုဟင်းသီးဟင်းရွက်များဆေးကြောရန်၊ကြက်ဥမွှေတတ်ရန်သင်ပေးပါ။သင့်ကလေးအားsous-chef ဖြစ်လာစေရန်အခွင့်အရေးကောင်းတစ်ခုဖြစ်ပါသည်။

ရတနာရှာဖွေတမ်းဆော့ပါ

အိမ်ပတ်လည်မှာဖွက်ထားတဲ့ပစ္စည်းစာရင်းတစ်ခုလုပ်ပါ။ပြီးလျှင်သင့်ကလေးငယ်အားရှာဖွေရန်သဲလွန်စပေး၍ရှာဖွေခိုင်းပါ။


Importance of Appetite For Growth

သင့်ကလေး၏ အစာစားချင်စိတ်သည် အဘယ်ကြောင့်အရေးကြီးသနည်း။

ပြည့်စုံ မျှတသော အာဟာရဓာတ်သည် သင့်ကလေး၏ အစားစားချင်စိတ်နှင့် ကြီးထွားမှုနှုန်းအပေါ် ကြီးမားစွာ သက်ရောက်မှုရှိနိုင်ပါသည်။ မျှတသော စားသောက်မှု ပုံစံတွင် ကာဗိုဟိုက်ဒရိတ်၊ ပရိုတိန်း၊ အဆီ၊ ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမျှင်ဓာတ်များပါရှိသော အစားအစာနှင့် ကလေးများအတွက် ဖော်စပ်ဖြည့်စွက်စာ (ဥပမာ Pediasure 3+) များ လုံလောက်စွာ ပါဝင်သင့်ပါသည်။ ၎င်းတို့ အာဟာရဓါတ်တစ်ခုချင်းစီတွင် ကလေးများ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှု အလေ့အထကို တည်ဆောက်ပေးခြင်း၊ သင်ကြားမှု စွမ်းရည်ကို ထောက်ပံ့ပေးခြင်းတို့ပါဝင်ပါသည်။ 1, 4

ကောင်းမွန်သော အစားစားချင်စိတ်သည် ကိုယ်ခံစွမ်းအားစနစ်ကို ကြံ့ခိုင်စေခြင်း

သင့်ကလေး၏ ကိုယ်ခံစွမ်းအားအတွက် အခြေခံအုတ်မြစ်သည် အူလမ်းကြောင်းအတွင်းရှိ (အကျိုးပြု ဘက်တီးရီးယားများ) တွင်ရှိပြီး ၎င်းတို့အတွက် အဓိက အစားစာ ရင်းမြစ်သည် FOS (fructo-oligosaccharides) သို့မဟုတ် အပင်မှရသော အမျှင်ဓါတ်များဖြစ်သည်။ အူအတွင်းရှိ ဘက်တီးရီးယားများကို ပြန်လည်ဖြည့်တင်းရန်အတွက် ဒိန်ချဉ် သို့မဟုတ် အချဉ်ဖောက်ထားသည့် အစားအစာ ( ဥပမာ Bifidobacterium နှင့် Lactobacillus acidophilus ) တို့ကဲ့သို့သော ပရိုဘိုင်အော့တစ် ကြွယ်ဝသည့် အစားအစာများကို ထည့်သွင်းစားသုံးနိုင်သည်။ သို့သော် ထိုကဲ့သို့သော အစားအစာများသည် အရသာ ပြင်းထန်သောကြောင့် အာဟာရဓာတ်ပြည်စုံမျှတစွာ ပါဝင်တဲ့ Pediasure 3+ကို အခြားရွေးချယ်စရာအဖြစ် သောက်သုံးနိုင်ပါသည်။ Pediasure 3+ တွင် အန်တီအောက်ဆီးဒင့်ဟု လူသိများသည့် ဗီတာမင် စီ၊ အီး၊ ဇင့် နှင့် ဆီလီနီယမ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး ကျန်းမာသော ဆဲလ်များကို အန္တရာယ်ဖြစ်စေသော ရောဂါပိုးမွှားများကို ကာကွယ်တိုက်ခိုက်ရာတွင် ကူညီထောက်ပံ့ပေးသည်။ 1

ကြီးထွားမှုနှင့် သင်ယူနိုင်စွမ်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်း

ကလေးဘဝ၏ ပထမဆုံး ငါးနှစ်တာ အချိန်တွင် အာဟာရဓာတ်သည် အလွန်အရေးပါပြီး ထိုအာဟာရဓာတ်များ မရပါက ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းနှင့် ကြီးထွားမှုဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ပါသည်။ ပုံမှန်အားဖြင့် အစာစားချင်စိတ် မြင့်တက်လာခြင်းနှင့် အလေးချိန်တိုးလာခြင်းတို့သည် ကြီးထွားမှု လက္ခဏာများဖြစ်ပြီး သင့်ကလေးတွင် ထိုအချက်များ မပြပါက အာဟာရဓာတ် မပြည့်ဝခြင်းကြောင့် ဖြစ်နိုင်ပါသည်။ အစာသည် စွမ်းအင်ဖြစ်ပြီး စွမ်းအင်မရှိသော ကလေးတစ်ဦးသည် ပညာသင်ကြားရာတွင် အာရုံစိုက်နိုင်ခြင်း သို့မဟုတ် စာလိုက်နိုင်ခြင်း ရှိမည်မဟုတ်ပါ။ ဦးနှောက်အလုပ်လုပ်ရန်အတွက် အာဟာရဓာတ် များစွာလိုအပ်ပြီး အာဟာရဓာတ် မပြည့်ဝမှုသည် ဆက်သွယ်မှု၊ မှတ်ဉာဏ် နှင့် အောက်ဆီဂျင် ဖြန့်ဖြူးမှု ( သွေးလည်ပတ်မှု) တို့ကို နှောင့်နှေးစေသည်။ ထို့ကြောင့် ကလေးတစ်ဦးအတွက် အရည်အသွေးကောင်းမွန်သော ကာဗိုဟိုက်ဒရိတ်၊ ပရိုတိန်း၊ လင်နိုလီးရက်စ် အက်စစ် (အိုမီဂါ ၆ ) နှင့် သံဓာတ်တို့ များစွာလိုအပ်သည်။ အသည်း၊ အဆီနည်းသော အသားများ၊ ငါး၊ ဥများ၊ အစေ့အဆန်များ နှင့် သံဓာတ်အားဖြည့်ထားသော အစားအစာများ သို့မဟုတ် အာဟာရဓာတ် ဖြည့်စွက်စာများကို လုံလောက်စွာ စားသုံးသင့်ပါသည်။2, 3

ကောင်းမွန်သော စားသောက်မှုအလေ့အကျင့်များသည် အရွယ်ရောက်ချိန်တွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုပိုများနိုင်ခြေရှိခြင်း

ပထမ ငါးနှစ်သည် ကလေးများကို အစားအစာနှင့် ရင်းနှီးစေဖို့ သင်ကြားပေးရန်အတွက် အရေးပါသော အချိန်လည်းဖြစ်သည်။1, 2 ကောင်းမွန်သော အစာစားသောက်မှုပုံစံသည် အဝလွန်ခြင်း၊ အစာစားသောက်မှုပုံစံမမှန်ခြင်း နှင့် ဆာလောင်မှုကြောင့် အာရုံထွေပြားမှု တို့ကိုကာကွယ်ပေးနိုင်ပါသည်။ ကလေးများသည် မိဘထံမှ သင်ယူတတ်သောကြောင့် သင်ကိုယ်တိုင် ကျန်းမာစွာ စားသောက်သော စံပြတစ်ဦးဖြစ်အောင် လေ့ကျင့်ရန် ကောင်းမွန်သော အချက်တစ်ခုလည်း ဖြစ်သည်။ သင်သည် သင့်ကလေး၏ အရသာ ရွေးချယ်မှုကို ထိန်းချုပ်ထားနိုင်သည် မဟုတ်သော်လည်း အစားအစာအရည်အသွေးကို ထိန်းချုပ်နိုင်ပါသည်။ သင့်ကလေးအတွက် ပိုလိုအပ်သော အရေးပါသည့် အာဟာရဓာတ်များကို လေ့လာပြီး အစားအစာများ၏ ပါဝင်မှုစာရင်းများကို ဖတ်ကြည့်သော အလေ့အထ ပြုလုပ်ရန် လိုအပ်ပါသည်။ အစားအစာတစ်ခုသည် မည်သည့်အာဟာရဓာတ်အတွက် အကောင်းဆုံးဖြစ်သည်ကို သင်သိနေသော အချိန်တွင် သင့်ကလေးကြိုက်သော အာဟာရဓာတ် နည်းပါးသည့် အစားအစာများကို ကျန်းမာသော အစားစာများနှင့် စတင်ပြောင်းလဲ လာနိုင်ပါလိမ့်မည်။1, 3

ကောင်းမွန်သော အစာစားချင်စိတ်သည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခံစွမ်းအားစနစ်တို့၏ အကောင်းဆုံးသော ဖွံ့ဖြိုးမှုကို ရယူနိုင်ရန် အရေးပါသောအရာဖြစ်သည်။ သင့်ကလေးကို အစားပုံမှန်စားရန် ကူညီပေးရမည်ဖြစ်ပြီး သင့်ကလေးအတွက် ပြည့်စုံ မျှတသော အာဟာရဓာတ်များဖြင့် တွန်းအားပေးရန် လိုအပ်လာပါက Pediasure 3+ က အကူအညီပေးနိုင်ပါသည်။ Pediasure 3+ သည် ကြီးထွားဖွံ့ဖြိုးရန်လိုအပ်နေသော ကလေးများကို အထောက်အကူဖြစ်စေရန် မရှိမဖြစ်အရေးပါသော အာဟာရဓာတ် ၃၇မျိုး ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားပါသည်။ အာဂျင်နင်း နှင့် ဗီတာမင် K2 တို့ဖြင့် ထပ်မံအားဖြည့်ထားသောကြောင့် သန်မာသောအရိုးဖွံ့ဖြိုးမှုနှင့် ကြွက်သား တစ်ရှူးများတည်ဆောက်နိုင်ရန် လိုအပ်သော အဓိက အာဟာရဓာတ်များကို ထောက်ပံ့ပေးပါသည်။ နမူနာရယူလိုပါသလား။ ယနေ့ပဲ Pediasure Myanmar သို့လာရောက် စာရင်းပေးသွင်းလိုက်ပါ။4, 5, 6

 

References:

  1. https://pediasure.in/child-nutrition/child-growth-and-development
  2. https://vikaspedia.in/health/nutrition/nutrition-and-growth
  3. https://www.child-encyclopedia.com/child-nutrition/according-experts/feeding-skill-appetite-and-feeding-behaviours-infants-and-young
  4. https://pediasuremyanmar.com/formulation-support/
  5. https://abbottfamily.com.sg/products/page/pediasure

^^  Alarcon PA, et al. Clin Pediatr (Phila). 2003

 

Additional Readings:

  1. https://pediasuremyanmar.com/request-a-free-sample/

Food Guide for Healthy Nutrition

ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ် Arginine

Vitamin D, Calcium, Protein နှင့် Fiber များကဲ့သို့သော အာဟာရဓာတ်များ၏ အခန်းကဏ္ဍသည် ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုကို ပံ့ပိုးပေးရန်တွင် ရှေ့ပြေးဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း Arginine နှင့် Vitamin K2 တို့သည် အခြားအာဟာရများထိရောက်မှုရှိစေရန် လိုအပ်သည့်အပြင်  ကလေးများ၏အရိုးများကို ပိုမိုသန်မာ၍ ရှည်လျားသောအရိုးများ တည်ဆောက်ရန်အတွက်လည်း မရှိမဖြစ်လိုအပ်ပါသည်။1,2 သတင်းကောင်းမှာ ထိုအရေးကြီးသော အာဟာရအများစုသည် သင့်ကလေး၏ လက်ရှိအကြိုက်ဆုံးအစားအစာများမှ ပါဝင်နိုင်ပြီး ရရှိရန်အတွက် မခက်ခဲပါ။ သို့သော် သင့်ကလေးအတွက် ထိုအာဟာရများရရှိရင် အနည်းငယ်လိုအပ်ပါက အာဟာရဖြည့်စွက်များ (ဥပမာ Pediasure ) ကို တိုက်ကျွေးနိုင်သည်။

 

Arginine နှင့် Vitamin K2 တို့သည် ဘယ်လိုအာဟာရတွေလည်း င်းတို့သည် ကြီးထွားဖွံ့ဖြိုးမှုကို ဘယ်လိုကူညီပေးသလဲ။

L-arginine ဟုလည်းသိကြသော Arginine သည် ကြွက်သားနှင့် အရိုးကြံ့ခိုင်မှုအတွက် ဆဲလ်ပွားမှုကို မြှင့်တင်ရန် တာဝန်ရှိသော အမိုင်နိုအက်စစ်တစ်မျိုးဖြစ်သည်။ ကလေးများရဲ့အရပ်ရှည်ကြီးထွားဖွံ့ဖြိုးမှု ၆၀% သည် ပထမ ၅ နှစ်အတွင်း ဖြစ်ပေါ်ပြီး ကလေး၏ အစားအစာများတွင် Arginine လုံလောက်စွာပါဝင်ပါက နောက်ပိုင်းတွင် ကြီးထွားဖွံ့ဖြိုးမှုနှေးခြင်းမှ ကာကွယ်နိုင်သည်။ အရိုးများနှင့် ကြွက်သားများ၏ အရည်အသွေးကို ပံ့ပိုးပေးသည့်အပြင် Arginine သည် အနာကျက်ခြင်းကို ကူညီပေးကာ သွေးလွှတ်ကြောများကို ကျယ်စေပြီး ပြေလျော့စေကာ သွေးစီးဆင်းမှုကိုတိုးတက်စေပါတယ်။1,3

Vitamin K2 သည် အရိုးများ၏ ကယ်လ်စီယမ်စုပ်ယူမှုကို ကူညီပေးသော ပရိုတင်းအချို့ကို အသက်သွင်းရန် ကူညီပေးသည့် အာဟာရတစ်မျိုးဖြစ်သည်။ Vitamin K2 မရှိပါက Calcium သည် စွန့်ပစ်ပစ္စည်းအဖြစ်ဆုံးရှုံးသွားပြီး အချိန်ကြာမြင့်စွာ ဆုံးရှုံးပါက အရိုးများ ကြွပ်ဆတ်လာနိုင်ပါသည်။ Arginine နှင့်မတူသော အချက်မှာ ၎င်းကို ခန္ဓာကိုယ်သည် သဘာဝအတိုင်းမထုတ်လုပ်နိုင်ဘဲ အများစုသည် အစားအစာများမှ ရရှိမှာဖြစ်ပါသည်။ အကယ်၍ ကလေးသည် Vitamin K2 ချို့တဲ့ပါက သင့်ကလေး ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးရမဲ့အချိန်တွင် ကောင်းမွန်စွာမကြီးထွားနိုင်ပါ။1,3

ဘယ်ကနေရရှိမလဲ။

အစားအစာ – Arginine သည် အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီး အခြားအမိုင်နိုအက်ဆစ်အမျိုးအစားများပါရှိသော အစားအစာများစွာတွင် တွေ့ရှိနိုင်သည်။  အခွံမာသီးများ (ဥပမာ သစ်ကြားသီး၊ မြေပဲ ၊ ဗာဒံစေ့)၊ အစေ့အဆန်များ၊ ပဲပင်များ၊ အသားများ (ဥပမာ ကြက်ဆင်) ပင်လယ်စာများ၊ ဥများနှင့် နို့ထွက်ပစ္စည်းများသည် Arginine ရရှိနိုင်သော အရင်းမြစ်ကောင်းများဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော သရေစာများရွေးချယ်မှုအတွက် ရွှေဖရုံစေ့ ၁ခွက်တွင် အမိုင်နိုအက်စစ် ၇ ဂရမ်နီးပါး ပါဝင်သောကြောင့် သင့်ကလေးအား ကျွေးနိုင်သည်။1,2 Vitamin K2 အတွက် ၎င်းကို အသားနှင့် အသားအခြောက်များ သို့မဟုတ် ဒိန်ချဉ်ကဲ့သို့ နို့ထွက်ပစ္စည်းများ နှင့် ဒိန်ခဲ သို့မဟုတ် ပဲပိစပ်ထုတ်ကုန်များမှ ရရှိနိုင်သည်။1

ဖြည့်စွက်စာများ – Vitamin K2 သည် ခန္ဓာကိုယ်ထဲတွင် သိုလှောင်နိုင်ခြင်းမရှိခြင်းနှင့် ၎င်းနှင့်ဆက်စပ်သော အစားအစာများ  (ဥပမာ အချဉ်ဖောက်ထားသော ပစ္စည်းများနှင့် အနံ့ပြင်းသော ချိစ့်) များသည် ကလေးများမကြိုက်ကြသောကြောင့် ၎င်းအာဟာရကို ဖြည့်စွက်ရန် လိုအပ်ပါသည်။ ၎င်းတို့အား ကောင်းမွန်စွာ အဟာရဖြစ်စေရန်အတွက် Pediasure ကို ၎င်းတို့၏ အစားအစာများတွင် ထည့်သွင်းရန်စဉ်းစားပါ။4,7 အရေးကြီးသော Arginine နှင့် Vitamin K2 အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ အာဟာရ ၃၇ မျိုးဖြင့် ဖော်စပ်ထားသောကြောင့် အစားရွေးသူ၏ အစားသောက်ကိုပင် ပြီးပြည့်စုံပြီး မျှတစေပါသည်။ အရည်အသွေးမြင့် ပရိုတင်းများနှင့် အမျှင်ဓာတ်များလည်း ပါဝင်သောကြောင့် Pediasure သည် ကလေးများရဲ့ အစာစားချင်စိတ်ကို ထိန်းညှိပေးပါသည်။5

 

ပြည့်စုံမျှတသော အာဟာရသည် ကလေးများရဲ့ ကြီးထွားမှုအတွက် အရေးပါသော နှစ်များတွင် အလွန်အရေးကြီးပါသည်။ Vitamin D၊ E၊ C၊ Calcium နှင့် Protein တို့သည် ကြီးထွားမှုအတွက် အရေးကြီးဆုံးဟု ကျွန်ုပ်တို့ ထင်မြင်လေ့ရှိသော်လည်း ၎င်းတို့အား စုပ်ယူမှုထိရောက်စေရန်အတွက် Arginine နှင့် K2 နှစ်မျိုးလုံး လိုအပ်ပါသည်။ သင့်ကလေးရဲ့ အကောင်းဆုံးဖွံ့ဖြိုးတိုးတက်ချိန်တွင် အစားအစာအပြင် အာဟာရအတွက်ဖြည့်စွက်လိုပါက မရှိမဖြစ်လိုအပ်သောအာဟာရများပြည့်စုံမျှတစွာပါဝင်တဲ့ PediaSure 3+ ရှိပါတယ်။ PediaSure 3+ မှာပြည့်စုံမျှတတဲ့ ဖြည့်စွက်အာဟာရများပါဝင်ပြီး သင့်ကလေးပျော်ရွင်စွာကြီးထွားလာဖို့ကူညီပေးနိုင်ပါတယ်။  Pediasure ကို စမ်းတိုက်ကြည့်ချင်ပါသလား၊ ဒီနေ့ပဲ Pediasure Myanmar မှ နာမူနာများကို တောင်းယူလိုက်ပါ။

References:

  1. https://vietnamnews.vn/what-are-vitamin-k2-and-arginine-and-why-are-they-so-important-to-children-growth/614#:~:text=It%20promotes%20the%20multiplication%20of,D.
  2. https://www.webmd.com/diet/top-foods-high-in-arginine
  3. https://thefilipinodoctor.com/article/abbott-introduces-the-new-pediasure-plus-with-arginine-and-natural-vitamin-k2
  4. https://abbottnutrition.com.my/products/pediasure
  5. Alarcon PA, et al. Clin Pediatr (Phila). 2003
  6. Huynh DT, et al. J Hum Nutr Diet. 2015

 

Additional Readings:

  1. https://pediasuremyanmar.com/request-a-free-sample/

Factors Affecting Growth

ကြီးထွားဖွံ့ဖြိုးမှုကို သက်ရောက်စေသည့် အကြောင်းအရင်းများ

သင့်ကလေး အကောင်းဆုံးကြီးထွားဖို့ အရေးပါသော အချက်များစွာ ရှိသည်။ အောက်ပါ အကြောင်းအရာများသည် ကလေးများ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သော အချက်များဖြစ်သည်။

အောက်ပါအကြောင်းအရာများသည် အရပ်ရှည်မှုကို ထိခိုက်စေနိုင်သော အချက်များ ဖြစ်သည်။

အာဟာရ ချို့တဲ့မှု
အစာစားခြင်း ပြဿနာများ
ကျန်းမာရေး အခြေအနေများ

အစားအစာကျွေးရန် ခက်ခဲရသည့် အကြောင်းအရင်းများ

အစာကျွေးခြင်းနှင့် ပတ်သတ်သည့် ယေဘုယျ အချက်အလက်များ


Privacy Settings
We use cookies to enhance your experience while using our website. If you are using our Services via a browser you can restrict, block or remove cookies through your web browser settings. We also use content and scripts from third parties that may use tracking technologies. You can selectively provide your consent below to allow such third party embeds. For complete information about the cookies we use, data we collect and how we process them, please check our Privacy Policy
Youtube
Consent to display content from Youtube
Vimeo
Consent to display content from Vimeo
Google Maps
Consent to display content from Google