ကလေးများ၏ကိုယ်ခံအားနှင့် ကြီးထွားမှု
ကလေးများ၏ကိုယ်ခံအားနှင့် ကြီးထွားမှု
ကျန်းမာသောကလေးများဖြစ်စေရန် ကောင်းမွန်သောအာဟာရဓာတ်သည် အလွန်အရေးကြီးပါသည်။ ကလေးများ ကြီးထွားဖွံ့ဖြိုးခြင်းအတွက် ကိုယ်ခံအားစနစ်သည် အရေးကြီးသောအခန်း ကနေပါဝင်သည်ကို သင်သိပါသလား?
အာဟာရသည်ကိုယ်ခံစွမ်းအားအတွက်အရေးကြီးသည်။ ၄င်းသည် ခန္ဓာကိုယ်ပြင်ပမှ အန္တရာယ်ဖြစ်စေနိုင်သော ဘက်တီးရီးယားနှင့် အခြားဗိုင်းရပ်စ်များ ခန္ဓာကိုယ်ကို တိုက်ခိုက်မှုမှ ကာကွယ်ပေးသည်။ အာဟာရဓာတ်မပြည့်စုံခြင်းသည် လူတစ်ဦး၏ကိုယ်ခံအားစနစ်ကို အကျိုးသက်ရောက်မှု ဖြစ်စေသည်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို အနှောက်အယှက်ဖြစ်စေသည့် ဖျားနာမှုများလျော့ကျစေရန်အတွက် အရွယ်ရောက်သူများထက် ကလေးများသည် ပြီးပြည့်စုံပြီးမျှတသော အာဟာရများကို လိုအပ်ပါသည်။
ကလေးများ၏ ကိုယ်ခံအားတိုးတတ်စေပြီး ကြီးထွားမှုကို အထောက်အကူပြုစေရန်နည်းလမ်း အချို့မှာ ၄င်းတို့၏အာဟာရကိုထောက်ပံ့ပေးခြင်းပင်ဖြစ်သည်။ ကြီးထွားနေဆဲဖြစ်သော ကလေးများသည် ၄င်းတို့၏ကိုယ်ခံအားစနစ်ကို တည်ဆောက်ရန် လုံလောက်သော Antioxidants နှင့် Vitamin C များရရှိရန် လိုအပ်ပါသည်။ Zinc ဓာတ်သည်လည်းဖျားနာခြင်းမှ ကာကွယ်ရန်နှင့် ဖျားနာပြီးပြန်လည်နာလန်ထူစေရန် လိုအပ်ပါသည်။ ထို့အပြင် Probiotics နှင့် Prebiotics များသည်လည်း ကျန်းမာသောအစာခြေစနစ်နှင့် ကိုယ်ခံအားစနစ်ကို အထောက်အကူပြုပါသည်။ အချုပ်အားဖြင့်ဆိုရသော် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုသာမက ကိုယ်ခံအားစနစ်ကိုထောက်ပံ့ရန် လုံလောက်သောအာဟာရဓာတ်များ လိုအပ်ပါသည်။