မိဘများအတွက် ကလေးအာဟာရဆိုင်ရာ ဆုံးဖြတ်ချက်များချရာတွင် လွယ်ကူစေရန် အကြံပြုချက်များ
မိဘများသည် မတူညီသောနေရာများမှ အကြံပြုချက်များ နှင့် ကွဲပြားသော အမြင်များနှင့်အတူ မိမိကလေးများ အာဟာရလုံလောက်စွာရရှိစေရန် အတွက် အကူအညီအချို့ လိုအပ်နိုင်ပါသည်။ ဆုံးဖြတ်ချက်ချရာတွင် ပိုမိုလွယ်ကူစေရန်အတွက် အကြံပြုချက်များတွင်ကို တိုင်ပင်ဆွေးနွေးခြင်း၊ အစားသောက်တံဆိပ်များဖတ်ရှုခြင်း၊ သိထားသင့်သည့်ကလေးအာဟာရဖြည့်စွက်စာများ (ဥပမာ – Pediasure) နှင့် သင့်ကလေး၏ သီးခြားလိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များကို ရွေးချယ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုများ လိုအပ်ပါသည်။1,5
သင့်ကလေး ကျန်းမာရေး အခြေခံကောင်းများရရှိဖို့ ကလေးအထူးကုဆရာဝန်နှင့်တိုင်ပင်ပါ။
သင့်ကလေး၏ အကြောင်းကို သင်အကောင်းဆုံးသိသော်လည်း တစ်ခါတစ်ရံတွင် ကြီးထွားဖွံ့ဖြိုးမှု ပိုမိုကောင်းမွန်အောင် ထိန်းထားရန်အတွက် ကလေးအထူးကုဆရာဝန် များ၏ အကြံပြုချက်များလိုအပ်ပါသည်။ ကလေးအထူးကုဆရာဝန်များမှ သင့်ကလေး၏ လက်ရှိအစားအသောက်၊ စားသောက်မှု အလေ့အကျင့်၊ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပမာဏ၊ ဆေးမှတ်တမ်း နှင့် အရပ်နှင့် ကိုယ်အလေးချိန်အကြောင်းတို့ကို မေးမြန်း ပြီးနောက် ဤအချက်အလက်များကို အပေါ်မူတည်၍ သင့်ကလေး ရှိသင့်ရှိထိုက်သည့် အရပ်အမောင်းနှင့် ကိုယ်အလေးချိန် ရှိမရှိ၊ သင့်သတိပြုရန် လိုအပ်သည့် နေ့စဉ် အာဟာရဆိုင်ရာ အကြံပြုချက်များကို သင့်အား ပြောပြပေးပါလိမ့်မည်။ ကလေးများသည် တစ်ဦးနှင့်တစ်ဦး မတူညီသောကြောင့် အကြံပြုချက်တစ်ခုထွက်ရန် အချိန်ကာလတစ်ခုအကြာထိ တိုင်ပင်ဆွေးနွေးနိုင်ရမည် ဖြစ်သည်။1
သင့်ကလေးစားတတ်တဲ့ အစားအစာများကို မှတ်သားထားပါ။
သင့်ကလေးသည် တစ်နေ့လျှင် အစား ၃ နပ် အပြင် ကြားတွင် အဆာပြေမုန့်စားလေ့စားထ ရှိပါသလား။ သင့်ကလေးသည် အစားရွေးသူလား။ အရသာသည် အာဟာရစားသုံးမှုပေါ်တွင် သက်ရောက်မှုရှိသောကြောင့် ဤမေးခွန်းများသည် အရေးကြီးပါသည်။ ရွေးချယ်စရာများစွာရှိသောကြောင့် ၎င်းတို့ငြင်းမည်ကို စိတ်မပူပါနှင့်။ သင့်ကလေးသည် ကိုက်လန်ကို မကြိုက်ပါက ခန္ဓာကိုယ်ကြီးထွားစေတဲ့ Calcium, Fiber, iron, Phosphorus, Potassium, Vitamin A, Vitamin B6, Vitamin C နှင့် Vitamin K တို့ပါဝင်တဲ့ တရုတ် ဂေါ်ဖီထုပ် သို့မဟုတ် အခြားအရွက်စိမ်းများကို ကျွေးနိုင်သည်။4 သင်သည်မိဘတစ်ဦးဖြစ်သောကြောင့် ဘာဝယ်ကျွေးရမလဲနှင့် မည်သည့်အချိန်တွင် ကျွေးမည်ကို လေ့လာ သုံးသပ်ရမည် ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သင့်ကလေးသည် ၎င်းတို့၏ကိုယ်ပိုင် အစားစားချင်စိတ်ကို ထိန်းထားနိုင်သောကြောင့် ၎င်းတို့၏ ရွေးချယ်မှုများကို ဖြည့်ဆည်းပေးရန် သင့်အပေါ်တွင် မူတည်ပါသည်။ ကလေးများသည် မိဘများဆီမှ သင်ယူသောကြောင့် အကယ်၍ သင့်ကလေးကို ကျန်းမာစွာစားသောက်စေချင်ပါက သင်ကိုယ်တိုင်စံနာမူနာအဖြစ်စားသောက်ပြပါ။1,4
သင့်ကလေးအတွက် အာဟာရဖြည့်စွက်စာ ရွေးချယ်စရာများကို သိထားပါ။
အာဟာရဖြည့်စွက်စာများကို မရွေးချယ်မီ အစားသောက်အမှတ်တံဆိပ်များကို ဖတ်ရှုလေ့လာပြီး အရေးကြီးသော ဗီတာမင် နှင့် သတ္တုဓာတ်များကို မှတ်သားထားပါ။ Calcium, Vitamin D,K နှင့် Zinc တို့သည် အရိုးအရည်အသွေး (ကျန်းမာရေး) နှင့် ကြွက်သားတစ်သျှူးများ တည်ဆောက်မှုကို ပံ့ပိုးပေးသည့် မရှိမဖြစ်လိုအပ်သော ကြောင့် ၎င်းအရာများ ပါဝင်ရန် လိုအပ်ပါသည်။ ဖြည့်စွက်စာများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ၊ အမိုင်နိုအက်စစ်များနှင့် အရည်အသွေးမြင့် ပရိုတင်းများပါဝင်သင့်ပြီး ကြွက်သားကျန်းမာရေးနှင့် အခြားအာဟာရ စုပ်ယူမှုများကို အထောက်အကူဖြစ်စေပါသည်။ ဥပမာအားဖြင့် MCT (medium-chain triglyceride)၊ အုန်းသီးမှ ရရှိသောအဆီသည် ဇီဝဖြစ်စဉ်ကို လျင်မြန်စွာ ဖြစ်ပျက်စေနိုင်သောကြောင့် စွမ်းအင်နှင့် အာဟာရများ၏ အကျိုးသက်ရောက်မှုကို အမြင့်ဆုံးဖြစ်စေပါသည်။2,3 ဤအချက်များကို မှတ်သားထားခြင်းဖြင့် မိဘများသည် အစားအစာမှရတဲ့ အာဟာရကွာချက်များကို ပံ့ပိုးပေးရန်အတွက် Pediasure ၏ ဖော်စပ်မှုကို ယုံကြည်နိုင်သည်။ MCT, Vitamin D,K နှင့် Calcium များအပါအဝင် မရှိမဖြစ်လိုအပ်သော အာဟာရ ၃၇မျိုးဖြင့် Pediasure သည် အစားရွေးသူကို ပင် အကောင်းဆုံးကြီးထွားဖွံ့ဖြိုးမှုအတွက် ပံ့ပိုးပေးနိုင်ပါသည်။3,5
အစပိုင်းတွင် အရာအားလုံးသည် စိတ်ပျက်စရာများဟုထင်ရသော်လည်း ပြင်ဆင်မှုအချိုနှင့် အာဟာရကောင်းကောင်းရရှိရန်အတွက် ဘာကိုရှာရမလဲဆိုတာ သင်သိလာပါလိမ့်မည်။ အာဟာရဖြည့်စွက်စာအမှတ်တံဆိပ်များတွင် Protein, Carbohydrates, နှင့် အခြားအာဟာရဓာတ် ပမာဏ ပါဝင်မှုများ ကွဲပြားပါသည်။ လိုက်ရောညီထွေမှုရှိသော ထုတ်ကုန်ပုံစံ ( အမှုန့်မှ အရည်) ရှိသော Pediasure ကို ရွေးချယ်ခြင်းဖြင့် သင့်ကလေးအား အာဟာရပြည့်ဝသော အကျိုးကျေးဇူးများဖြင့် ၎င်းတို့စိတ်ကြိုက်အရသာရှိစွာဖြင့် သောက်သုံးနိုင်ရန် ကူညီပေးနိုင်ပါသည်။ နောက်ထပ်အချက်အလက်များ၊ ရရှိနိုင်သောထုတ်ကုန်များနှင့်နာမူနာများအတွက် Pediasure Myanmar သို့သွားရောက်ကြည့်ရှုနိုင်သည်။5
Existing URL (If Repurposed): https://pediasuremyanmar.com/choosing-the-right-milk/
References:
- https://kidshealth.org/en/parents/eating-tips.html
- https://www.livestrong.com/article/272678-list-of-foods-that-contain-medium-chain-triglycerides/
- https://pediasurearabia.com/ae/en/what-is-pediaSure/better-absorbtion-and-utilization
- https://www.livestrong.com/slideshow/1011325-10-superfood-swaps-picky-eaters/
- https://pediasuremyanmar.com/formulation-support/
Abbott Nutrition Care
ဖုန်း- +၀၉၂၆၀၃၅၆၂၆၂
သင့်ကလေးကြီးထွားမှုအတွက် အာဟာရလမ်းညွှန် နှင့် ကျွန်ုပ်တို့၏ ကုန်ပစ္စည်းအကြောင်း ပိုမိုသိရှိလိုပါက Abbott Nutrition Care ဖုန်းနံပါတ်ဖြစ်တဲ့ (၀၉၂၆၀၃၅၆၂၆၂) ကို တနင်္လာနေ့မှ စနေနေ့အထိ မနက် (၈ ခွဲမှ ညနေ ၅ခွဲ) အထိဆက်သွယ်နိုင်ပါသည်။