ကိုယ်ခံအားစနစ် ဖွံ့ဖြိုးမှု: ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယား Probiotic နှင့် Prebiotic

သင့်ကလေးအား ကာကွယ်ဆေးထိုးထားသော်လည်း ၎င်းတို့သည် အခြားအဖြစ်များသော ဖျားနာမှုများဖြစ်နိုင်ပါသည်။ အကြောင်းမှာ သူတို့၏ ကိုယ်ခံစွမ်းအားစနစ်များသည် ဖွံ့ဖြိုးဆဲဖြစ်ပြီးကျောင်းများ၊ နေ့ခင်းဘက်စောင့်ရှောက်မှုသင်တန်းများ သို့မဟုတ် သူတို့၏သူငယ်ချင်းအိမ်များ၌ အခြားကလေးများနှင့် အဆက်မပြတ်ထိတွေ့ခြင်းကြောင့် ဖြစ်သည်။ သင့်ကလေးအား လုံလောက်သော အာဟာရတိုက်ကျွေးခြင်း၊ အိမ်တွင်းပြုစုစောင့်ရှောက်မှုနှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်ပေးခြင်းအားဖြင့် သူတို့ကိုကျန်းမာပျော်ရွှင်တဲ့ ဖွံ့ဖြိုးနှစ်တွေ ပေးနိုင်ပါတယ်။ အောက်ဖော်ပြပါအချက်များသည် ကလေးများကြုံတွေ့ရလေ့ရှိသော ရောဂါများနှင့် အကယ်၍ ရောဂါရှိပါက၄င်းတို့ကိုတိုက်ခိုက်ရန် နည်းလမ်းအချို့ဖြစ်သည်။

 

ခြေထောက်၊လက်၊နှင့်ပါးစပ်ဆိုင်ရာရောဂါများ

ခြေထောက်၊လက်နှင့်ပါးစပ်ဆိုင်ရာ ရောဂါများသည်ကူးစက်တတ်သော ဗိုင်းရပ်စ်ကူးစက်မှု တစ်ခုဖြစ်ပြီး နေ့ကလေးထိန်းဌာနများနှင့် ကျောင်းများတွင် မကြာခဏပြန့်နှံ့လေ့ရှိသည်။ အဖျားတက်ခြင်း၊ တင်ပါး ၊ ခြေဖဝါး၊ လက်ဖဝါးနှင့် ပါးစပ်အတွင်း၌ အရည်ကြည်ဖုများထွက်ခြင်း ကိုသတိထားပါ။

 

စောင့်ရှောက်ရန်- ပါးစပ်အတွင်းအရည်ကြည်ဖုများ- ရေခဲမုန့်နှင့် အအေး၊အချိုရည်များကဲ့သို့ အေးသောအစားအစာများ၊ အချဉ်၊ အစပ်နှင့် ငန်သောပစ္စည်းများကို ရှောင်ကျဥ်ပါ။ သင်ကလေး၏ခြေထောက်၊ လက်နှင့်ပါးစပ်သည် ကူးစက်တတ်သည့်အတွက် သင်၏ကလေးများကို quarantine သေချာထားပါ။

 

ကာကွယ်ခြင်း- ခြေထောက်၊ လက်နှင့် ပါးစပ်ဆိုင်ရာရောဂါများသည်  ဗိုင်းရပ်စ်ကူးစက်မှုဖြစ်သဖြင့် သင့်လျော်သော တစ်ကိုယ်ရေသန့်ရှင်းမှုသည် အထိရောက်ဆုံး ကာကွယ်ခြင်းဖြစ်သည်။။  လက်ဆေးခြင်း အလေ့အကျင့်ကောင်းများကို အားပေးပါ။ ကူးစက်ခံရသည်ဟု သံသယရှိသူများနှင့် အဆက်အသွယ် မလုပ်ပါနှင့်။

 

ဝမ်းလျှောခြင်းနှင့်အော့အန်ခြင်း

အစာခြေဆိုင်ရာ ကိစ္စများသည် လူတိုင်းအတွက် မနှစ်မြို့ဖွယ် ဖြစ်သည်။ ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်းတို့သည် Rotavirus (E. coli, ကပ်ပါးကောင်များနှင့် အစာအဆိပ်သင့်စေသောပိုး) ကူးစက် ပါဝင်ထားသည့် အစားအစာများနှင့် သောက်စရာတို့ကြောင့် အဖြစ်များသည်။ သို့သော် အစားအစာဓာတ်မတည့်ခြင်းသည်လည်း တရားခံဖြစ်နိုင်သည်။

 

စောင့်ရှောက်ရန်- ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်းများသည် ရေဓာတ်ဆုံးရှုံးစေသောကြောင့် သင်၏ကလေးများကို ကောင်းစွာရေဓာတ်ဖြည့်တင်းရန် လိုအပ်ပါသည်။မဟုတ်ပါက အခြားကျန်းမာရေးဆိုင်ရာ ပြသနာများကိုဖြစ်စေနိုင်သည်။

အစားအစာများ: ဆန်ပြုတ်ကဲ့သို့ ရိုးရှင်းသောသို့မဟုတ် ​ပေါ့ပေါ့ပါးပါးရှိသော အစားအစာများသည် အစာခြေစနစ်အတွက် ခြေဖျက်ရန်လွယ်ကူသည်။ ပြန်လည်ကောင်းမွန်စေရန် ဆေးဆိုင်များတွင် အလွယ်တကူဝယ်ယူနိုင်သော probiotics များ ထပ်လောင်းသုံးစွဲနိုင်သည်။

 

ကာကွယ်ခြင်း- သင်၏ကလေးများသည် အစားအသောက်များ မစားသောက်မီ ကောင်းမွန်သော လက်ဆေးခြင်း တစ်ကိုယ်ရည်သန့်ရှင်းမှုကို ကျင့်သုံးပြီး သူတို့၏ပါးစပ်ထဲသို့ ညစ်ညမ်းသောအရာများ မစားမိစေရန် ထိန်းသိမ်းစောက်ရှောက်ပါ။ သင့်ကလေးများအတွက် သန့်ရှင်းကောင်းမွန်သော အစားအစာနှင့်သောက်စရာများရရှိရန် သေချာစွာဂရုစိုက်ပါ။ အကယ်၍ သင်အမှန်တကယ် လိုအပ်၍သော်လည်းကောင်း သို့မဟုတ် အပိုအာမခံချက်ရလိုပါက အစားအစာသည်းမခံနိုင်မှု စစ်ဆေးရန်အတွက် ဆရာဝန်ထံသို့သွားပါ။

 

တုပ်ကွေးနှင့် ချောင်းဆိုးခြင်း

တုပ်ကွေးနှင့် ချောင်းဆိုးခြင်းတို့သည် ကလေးများထိတွေ့ ရရှိနိုင်ပြီး တစ်နှစ်ပတ်လုံး အဖြစ်များနိုင်သည့် ရောဂါများဖြစ်သည်။ အဖျား၊ ကိုယ်အပူချိန်၊ ထိုင်းမှိုင်းခြင်း၊ မအီမသာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်း ရှိမရှိ စစ်ဆေးပါ။ တုပ်ကွေးဖြစ်ရသည့် အဓိက တရားခံမှာ influenza A, B, C တို့ဖြစ်ပြီး ၎င်းတို့သည် ကူးစက်လွယ်ကြသည်။

 

စောင့်ရှောက်ရန်- တုပ်ကွေးသည် သူ့အချိန်ကာလပြည့်သွားရန် လိုအပ်သည်။ သို့သော် သင့်ကလေးအား အနားပေးခြင်း၊ အရည်တိုက်ကျွေးခြင်း နှင့် အအေးစာနှင့် အချိုရည်တို့အား ရှောင်ကျဉ်စေခြင်းဖြင့် သက်သာစေသည်။ ရေနွေးနှင့် ရေချိုးခြင်း၊ ရေပတ်တိုက်ခြင်းတို့သည် ခန္ဓာကိုယ်ကိုက်ခဲမှုကို သက်သာစေသည်။

 

ကာကွယ်ခြင်း- ကျန်းမာရေးအတွက် သင့်တင့်သည့် စည်းစနစ်ထားကျင့်သုံးခြင်းနှင့် မျှတသော အာဟာရတို့သည် တုပ်ကွေးကို သက်သာစေသည်။ သင့်ကလေး နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးများနှင့် ပတ်သတ်၍လည်း မမေ့ပါနှင့်။

 

ကိုယ်ပူခြင်း

ကိုယ်ပူခြင်းသည် ရေကျောက်၊ တုပ်ကွေး၊ အာသီးရောင်ခြင်း၊ ဆေးထိုးခြင်းနှင့် အခြားတို့မှ ရရှိနိုင်သည်။ ၎င်းသည် ခန္ဓာကိုယ်မှ ကူးစက်မှုများအား တိုက်ထုတ်နေခြင်း တစ်မျိုးပင်ဖြစ်သည်။ ကလေးတစ်ဦး၏ သာမန်အပူချိန်သည် 36.4oC (97.52oF) ရှိပြီး 38oC (100.4oF) ထက်ပိုလျှင် ကိုယ်ပူနေပြီဖြစ်သည်။

 

စောင့်ရှောက်ရန်- ကိုယ်ပူခြင်းက ရေဓာတ်ခမ်းခြောက်နိုင်သဖြင့် သင့်ကလေးအား ရေများများတိုက်ပေးပါ။ နာရီအနည်းငယ်ကြာတိုင်း အဖျားတိုင်းပေးပါ။ ပုံမှန်အားဖြင့် သင့်ကလေးခေါင်းပေါ်တွင် သို့မဟုတ် သူတို့ကိုယ်ပေါ်တွင် သင့်အနေနှင့် အေးသောအဝတ်တင်ထားနိုင်သည်။ သို့သော် ထိုသို့မလုပ်ရန် ညွှန်ကြားထားသည်။ အဘယ်ကြောင့်ဆိုသော် ဖျားနာခြင်းကို တိုက်ထုတ်နေသော ခန္ဓာကိုယ်၏ တုံ့ပြန်မှုကို ထိခိုက်နိုင်သောကြောင့်ဖြစ်သည်။

 

ကာကွယ်ခြင်း- ကာကွယ်ခြင်းသည် ဖြစ်စဉ်ပေါ်တွင် အခြေခံသဖြင့် ကလေးအထူးကုထံတွင် စောင့်ရှောက်မှု အကြံယူရန် အရေးကြီးသည်။ ကလေးများ၏ ဖျားနာခြင်းသည် အစာစားချင်စိတ် မရှိခြင်းကိုလည်း ဖြစ်စေသဖြင့် ပြန်လည်ကောင်းမွန်စေသည့် အစွမ်းအား ထိခိုက်နိုင်သည်။ ပြန်လည်ကောင်းမွန်ခြင်းကို မြှင့်တင်ရန် ၎င်းတို့အား ပြည့်စုံမျှတသော အာဟာရဖြည့်စွက်စာ တိုက်ကျွေးရန် လိုအပ်သည်။ သင့်ကလေး၏ လက္ခဏာသည် ဆက်ရှိနေသေးပါက ဆရာဝန် သို့မဟုတ် ကလေးအထူးကုနှင့် ချက်ချင်းပြသရမည်။

 

Reference(s):

    1. https://abbottfamily.com.sg/articles/toddler/common-illness