ကလေးများအတွက်အရေးကြီးသော အစားအစာအုပ်စု (၅) စု

သင့်လျော်သောအာဟာရကို ရရှိခြင်းသည် ကလေးငယ်တစ်ဦး၏ ကြီးထွားမှုနှင့် ကျန်းမာသောဘဝကို ဖွံ့ဖြိုးရန်ကူညီပေးပါလိမ့်မည်။ အာဟာရနှင့် ပတ်သက်လာပါက အမျိုးအစား ၃ မျိုးရှိပါသည်။ ၎င်းတို့အနက်မှ တစ်ခုမှာ ပရိုတင်း၊ အဆီနှင့် ကာဗိုဟိုက်ဒရိတ် (သို့မဟုတ်) စွမ်းအင်ကို ပေးသောအာဟာရများဖြစ်သည်။ နောက်ထပ်တစ်ခုမှာ မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်သည့် ကယ်လ်စီယမ်၊ သံဓာတ်၊ Vitamin C,D နှင့် B တို့ဖြစ်သည်။ ၎င်းတို့သည် ရေရှည်ကျန်းမာရေးကို ထိန်းသိမ်းရန်နှင့် ကိုယ်ခံအားစနစ်အတွက် ဖြစ်သည်။ ပျော်ဝင်နိုင်သော နှင့် မပျော်ဝင်နိုင်သော အမျှင်ဓာတ်များသည် အစာခြေကျန်းမာရေးအတွက် အလွန်အရေးကြီးသည်။ ကလေးငယ်တစ်ဦးသည် ၎င်းတို့လိုအပ်သော အာဟာရ အားလုံကို ရရှိစေရန် အောက်တွင်ဖော်ပြမည့် အစားအစာအုပ်စု ၅ စုမှ ပါဝင်အောင်ကျွေးမွေးရန် အာရုံစိုက်ပါ။

 

အစေ့အဆန်များ

ဤအုပ်စုမှ အစားအစာများသည် အမျှင်ဓာတ်အများဆုံးပါဝင်သောကြောင့် ၎င်းအစားအစာများကို “ အမျှင်များများ ပါသောအစားအစာများ” ဟုသတ်မှတ်နိုင်သည်။ ပုံမှန်အာရှဆန်ဖြူများနှင့် သန့်စင်ထားသော ဂျုံမှုန့်များသည် အမျှင်များကို ဖယ်ထုတ်ထားသကဲ့သို့ ဤအစားအစာအုပ်စုကို တတ်နိုင်သမျှ ထိန်းသိမ်းထားရမည်။ သင့်ကလေးသည် နေ့ဘက်တွင် ဗိုက်ပြည့်သွားသောအခါ ညနေစာကို ထပ်မံတောင်းမည်မဟုတ်သောကြောင့် ဤအစားအစာအုပ်စုကို နံနက်စာတွင် ပါဝင်အောင်ကျွေးရန် အတွက် ထည့်စဉ်းစားပါ။ သင့်ကလေးကို မနက်စာတွင် အုတ်ဂျုံ နှင့် နေ့လည့်စာတွင် ဂျုံ သို့မဟုတ် ဆန်နှင့် အကောင်းဆုံးဖြစ်မည့် မည်သည့် ကောက်နှံမဆို သင်ကျွေးနိုင်ပါသည်။

 

ဟင်းသီးဟင်းရွက်များ

သင့်ကလေး၏ အစားအစာများတွင် ဟင်းသီးဟင်းရွက်မျိုစုံထည့်လေလေ၊ ၎င်းတို့သည် အာဟာရမျိုးစုံ ရလေလေဖြစ်သည်။ ဟင်းသီးဟင်းရွက်များသည် ပိုတတ်ဆီယမ်၊ Vitamin A,E,C နှင့် အမျှင်ဓာတ်တို့ ပါဝင်သော အရင်းအမြစ်ကောင်းများဖြစ်ပြီး ၎င်းတို့သည် အာရဓာတ်ကြွယ်ဝရုံသာမက သင့်ကလေးအား ပိုမိုကြာရှည်စွာ ဗိုက်ပြည့်စေပါသည်။ အစိမ်းရင့်ရောင်ရှိသည့် (မုန့်ညှင်းစိမ်း၊ ကိုက်လန်, ပန်းပွင့်စိမ်း) လိမ္မော်ရောင်ရှိသည့် ( ဖရုံသီး၊ ဥနီ၊ ငရုတ်ပွ), ပဲနှင့်ကစီဓာတ် (အာလူး၊ အာဒါလွတ်၊ ကန်စွန်းဥ) အားလုံးတို့သည် ဟင်းသီးဟင်းရွက်များအတွက်ရွေးချယ်မှုများဖြစ်ကြသည်။

 

အသီးအနှံများ

သစ်သီးများသည် ကလေးများနှစ်သက်လေ့ရှိသည့် ပုံစံမျိုးစုံ၊ အရွယ်အစားနှင့် အရောင်မျိုးစုံဖြင့်  လာသောကြောင့် ၎င်းတိုကိုလုံစွာစားသုံးဖို့ ကျွေးမွေးရန်မှာ မခက်ခဲပါ။ ဤအစားအစာကို အခြားအာဟာရများစွာ အပါအဝင် Vitamin C ၏မူလအရင်းမြစ်ဟုမြင်သည်။ ၎င်းကို ဖျော်ရည်နှင့် နှိုင်းယှဉ်လျှင် အမျှင်ဓာတ်အရင်းအမြစ်ကောင်းတစ်ခုလည်းဖြစ်သည်။ သင်၏ကလေးစားသုံးတတ်သည့် သကြားအများဆုံးပါဝင်သော သကြားလုံးနှင့် သရေစာများတွင် ကယ်လိုရီများပါဝင်သော်လည်း အာဟာရဓာတ်မရှိသောကြောင့် သစ်သီးများကို ကျွေးရန်အတွက် ထည့်စဉ်းစားသင့်ပါသည်။

 

အနီရောင်ရှိသောအသားနှင် ပင်လယ်စာများ

ပရိုတင်း၊ သံဓာတ်၊ Vitamin B နှင့် E တို့သည် ဟင်းသီးဟင်းရွက်နှင့် အခွံမာသီးများမှရရှိနိုင်သော်လည်း အသားနှင့် ပင်လယ်စာများသည် ပိုမိုကောင်းမွန်သည့် အာဟာရများကို ထောက်ပံ့ပေးပါသည်။ အရည်အသွေးမြင့်မားသော ပရိုတင်းသည် ခန္ဓာကိုယ်တည်ဆောက်မှုကို ပြုလုပ်သောကြောင့် ရွေးချယ်မှုတစ်ခုဖြစ်သည်။ အကယ်၍သင့်ကလေးသည် ငါးဟင်းကို မကြိုက်လျှင် ကင်ခြင်း (သို့မဟုတ်) ကြော်ကျွေးခြင်းများကို ကြိုးစားကြည့်ပါ။ အနီရောင်အသားများအတွက် ကလေးများကို ကျွေးသည်အခါတွင် ၎င်းတို့ကို သေးငယ်သည့်အပိုင်းပိုင်းများပြုလုပ်၍ကျွေးပါ။ ကြီးမားသည့်အရွယ်အစားများသည် ကလေးငယ်အတွက် ခြိမ်းခြောက်မှုကို ဖြစ်စေပါသည်။

 

နို့ထွက်ပစ္စည်းများ

၎င်းသည်ကယ်လ်စီယမ် နှင့် B12 အတွက် မူလအရင်းအမြစ်ဖြစ်ပြီး ယနေ့တိုးတတ်နေသောနည်းပညာများနှင့် အတူ ပဲပိစပ်နှင့် အခွံမာနို့များသည် Lactose နှင့်မတည့်သောကလေးများအတွက်ရွေးချယ်စရာများ ဖြစ်သည်။ ဤအစားအစာအုပ်စုကို သီးသန့်ပုံစံဖြင့်ပံ့ပိုးရန်မလိုအပ်ပါ။ သို့သော် ဒိန်ခဲ၊ ရေခဲမုန့်၊ ပူတင်းနှင့် နို့များမှတဆင့် ရံဖန်ရံခါရရှိနိုင်ပါသည်။

 

Reference(s):

  1. https://www.pediasure.com.au/nutrition-development/balanced-nutrition-for-kids
  2. https://www.verywellfamily.com/food-groups-child-nutrition-2633922
  3. https://www.gosh.nhs.uk/conditions-and-treatments/general-health-advice-children/eat-smart/food-science/food-group-fun/