ကျန်းမာသော အာဟာရအတွက် အစားအသောက်လမ်းညွှန်

မျှတသော အာဟာရဓာတ်ရရှိစေရန် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်၊ သတ္တုဓာတ်များနှင့် အမျှင်များ လိုအပ်သည့် ပမာဏအတိုင်း ရရှိရန် လိုအပ်သည်။
၎င်းအာဟာရဓာတ် တစ်ခုခြင်းစီတိုင်းသည် ကလေးများ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုဖြစ်စဉ်၏ အရေးကြီးသည့် အရာများဖြစ်ကြသည်။

အာဟာရဓာတ်များနှင့် အကျိုးပြုပုံများ

ကာဘိုဟိုက်ဒရိတ်

ကလေးစွမ်းအင် အရင်းအမြစ်တစ်ခုဖြစ်သည်။ နေ့စဉ်ဘဝအတွက် လိုအပ်သော စွမ်းအင်ကို ကာဘိုဟိုက်ဒရိတ်မှ ရရှိပြီး ဖြတ်လတ်တက်ကြွစေဖို့ ကူညီပေးပါတယ်။

ပရိုတင်း

ကြီးထွားမှုအတွက် ပရိုတင်း (အသားဓာတ်) က အရေးပါသည်။ ကြီးထွားဖွံ့ဖြိုးဆဲကာလများတွင် ရှိသင့်သည့် ကြီးထွားမှုမျိုး ရရှိဖို့ လုံလောက်သည့် ပရိုတင်းပမာဏ ရရှိရန် လိုအပ်သည်။

အဆီ

အဆီဓာတ်သည် လိုအပ်သည့် စွမ်းအင်အရင်းအမြစ်နှင့် အဆီတွင်ပျော်နိုင်သည့် ဗီတာမင် စုပ်ယူခြင်းအတွက် အရေးပါသည်။

ဗီတာမင်

ကလေးကျန်းမာရေးအတွက် ထောက်ပံ့ပေးပြီး ပမာဏ အနည်းငယ်သာ လိုအပ်သည်။

 

သတ္တုဓာတ်များ

သွားများ၊ အရိုးများ၊ ကြွက်သားများ၏ ကျန်းမာရေးအတွက် သတ္တုဓာတ် လိုအပ်သည်။ သိသာသော ဖွံ့ဖြိုးမှုဖြစ်သည့် အရိုး၊ သွား၊ ကြွက်သားများသည် အသက် ၁၀နှစ် အတွင်းမှာ ဖြစ်ပေါ်သည်။

အမျှင်ဓာတ်

အူလမ်းကြောင်းအတွက် ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရန် ကူညီပေးသည်။ အမျှင်ဓာတ်သည် အူလမ်းကြောင်းလှုပ်ရှားမှုကို ကူညီပေးသည်။

*မျှတသည့် အာဟာရကို ၎င်းအာဟာရအုပ်စုများ မျှတစုံလင်အောင် စားသုံးခြင်းဖြင့် ရရှိနိုင်သည်။