ကလေးများအတွက် အစာပိရမစ် (Food Pyramid)

အရွယ်ရောက်ပြီးသူများ အရပ်ရှည်ခြင်း၏ (၆၀)ရာခိုင်နှုန်းသည် ၄င်း၏ ပထမဆုံး အသက် ၅ နှစ်တာကာလတွင် ရရှိနိုင်သည်ကို သင်သိပါသလား? ထို့ကြောင့် ဤအချိန်ကာလအတွင်း ကလေးငယ်တစ်ဦး၏ လိုအပ်သောအစာအာဟာရများကို ထောက်ပံ့ပေးရန်မှာ အလွန်အရေးကြီးပါသည်။

အစားအစာပိရမစ်သည် ကလေးငယ်တစ်ဦး၏ ကျန်းမာသောအစားအစာများစားသုံးရန် ပြီးပြည့်စုံသော ဒီဇိုင်းပုံစံဖြစ်ပါသည်။ ထိုကဲ့သိုပြုလုပ်ခြင်းသည် သင့်ကလေးအတွက် လုံလောက်သော အာဟာရကို ရရှိစေနိုင်ပါသည်။

အကြံပြုချက်များအရ အစာပိရမစ် (Food Pyramid) ကို အဆင့် (၄) ဆင့်ခွဲထားပါသည်။

 ၁။ ပထမအဆင့်အနေဖြင့် သီးနှံများ၊ ပဲများ နှင့် နို့ထွက်ပစ္စည်းများကို လုံလောက်စွာစားသုံးသင့်သည်။

၂။ ဒုတိယအဆင့်မှာတော့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကိုများစွာ စားသုံးနိုင်ပါသည်။

၃။ တတိယအဆင့်တွင်ရှိသော အသား၊ ငါး နှင့် ကျန်းမာသောအဆီများကို အတန်အသင့်စားသုံသင့်သည်။

၄။ ပိရမစ်ထိပ်ဆုံးတွင်တွေ့ရသော အစားအစာများသည် အဆီနှင့် သကြားဓာတ် များစွာပါဝင်သောကြောင့် အနည်းငယ်သာစားသုံးသင့်ပါသည်။

အစာပိရမစ်နှင့်တွဲဖက်၍ ကလေးများ၏ကျန်းမာကြံ့ခိုင်မှုအတွက်ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရန် အကြံပြုထားပါသည်။ ပိရမစ်သည် နေ့စဥ်အစားအစာလိုအပ်ချက်များနှင့် လိုအပ်သည့်ပမာဏများကို သိရှိစေရန် ဖော်ပြပေးသည်။ (သို့) အဆင့်အထပ်တစ်ခုချင်းစီသည် အစာအုပ်စုတစ်စုကို ကိုယ်စားပြုပါသည်။ ကျဥ်းမြောင်းသွားသည့် အပေါ်ဘက်ရှိအဆင့်တွင်ရှိသော အစားအစာများသည် အစားသုံးရန် အနည်းငယ်သာလိုအပ်ပြီး ကျယ်ပြန့်လာသော အောက်ဘက်ရှိအစားစာများသည် အရေအတွက်အားဖြင့်စားသုံးရန်ပိုမိုလိုအပ်ပါသည်။

နေ့စဥ် ရေများစွာသောက်သုံးရန်လည်းအရေးကြီးပါသည်။ ရေသည် ကျွန်ုပ်တို့ခန္ဓာကိုယ်အလေးချိန်၏ ၇၀%ကို ကိုယ်စားပြုပြီး ကျန်းမာရေးကိုလည်းထိန်းသိမ်းပေးပါသည်။

လူတစ်ဦးချင်းစီသည် သင့်လျော်သောအာဟာရများရရှိစေရန်နှင့် အမျိုးမျိုးသောအာဟာရများမျှတစွာ စားသုံးစေရန် ကောင်းမွန်သောအာဟာရဆိုင်ရာ နိယာမကို ထည့်သွင်းရန်အရေးကြီးသည်။ နေ့စဥ်လိုအပ်ချက် များကို ဖြည့်တင်းရန်အကောင်းဆုံးနည်းလမ်းမှာ သီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့် အသီးများ၊ အသား၊ ငါး၊ ပဲပင်များနှင့် နို့ထွက်ပစ္စည်းများစသော အစားအစာအမျိုးမျိုး စားသုံးခြင်းဖြစ်သည်။ အစာပိရမစ်၏ ညွန်ပြမှုအတိုင်းအစားအစာမျိုးစုံ စားသုံးပေးခြင်သည် ခန္ဓာကိုယ်၏လိုအပ်သောအစာအာဟာရကို ဖြည့်တင်းပေးနိုင်သည်။