အာဟာရသည် ကလေးတစ်ဦး၏စိတ်ချမ်းသာမှုကို မည်သို့ပုံဖော်နိုင်သနည်း။

ကလေးများစားသောအစားအစာများသည် ၎င်းတို့မည်မျှလျှင်မြန်စွာဖွံ့ဖြိုးပြီး သင်ယူသည်သာမက ၎င်းတို့၏ စိတ်အခြေအနေနှင့် အလုံးစုံသုခချမ်းသာအပေါ်တွင် သက်ရောက်မှုရှိသည်။ သုတေသနစမ်းသပ်ချက်များအရ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်သည့်ကလေးများသည် သင်ယူမှုများပိုမိုကောင်းမွန်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိကြောင်းပြသခဲ့ပါသည်။ ၎င်းတို့သည်လည်း မိမိကိုယ်ကို တန်ဖိုးထားမှုနည်းပါးသည်။

အခြားတစ်ဖက်တွင် အာဟာရချိုတဲ့သောကလေးများသည် အပြုအမူဆိုင်ရာပြဿနာများ၊ ကျောင်းတွင်းသင်ယူမှုခက်ခဲခြင်းနှင့် အရွယ်ရောက်သည့်အချိန်တွင် လုပ်ငန်းခွင်ဝင်ရန် အခက်အခဲရှိသူများ ဖြစ်တတ်ကြသည်။ ဤစိန်ခေါ်မှုများသည် အချက်တစ်ချက်ထက်မကသောကြောင့် ကလေး၏အကောင်းဆုံးအာဟာရကိုဖြည့်ဆည်းပေးခြင်းသည် အလွန်အရေးပါသည်။

ဦးနှောက်အတွက် အစားအစာ

မွေးဖွားလာပြီး အသက် ၂ နှစ်မှ ၃ နှစ် အချိန်ကာလ တွင် ဦးနှောက်ကြီးထွားမှုသည် မြန်ဆန်သည်။ ကလေးများအတွက် သိမြင်ဖွံ့ဖြိုးတိုးတတ်မှုအတွက် အာဟာရသည် အလွန်အရေးကြီးသည်။ သုတေသနပြုချက်များအရ ကြီးထွားမှု နှေးကွေးသည့် ၂ နှစ်အရွယ်ကလေးများသည် ၎င်းတို့ဆယ်ကျော်သက် သို့ရောက်သောအခါ သင်မှုဆိုင်ရာတွင် အခက်အခဲများရှိကြောင်း ဖော်ပြထားသည်။ ကလေးများစားသုံးသည့် အစားအစားများတွင် ဦးနှောက်အတွက် အစားအစာများမရှိပါက သင့်ကလေးသည် ၎င်းတို့၏ဖွံ့ဖြိုးမှု နောက်ကျသွားနိုင်သည်။

ကောင်းသောစိတ်ထားအတွက် အစားအစာများ

စိတ်နေစိတ်ထားနှင့်မှတ်ဉာဏ်ကို ထိန်းညှိပေးသော Neurotransmitter ဟုခေါ်သော ဦးနှောက်အတွက်လိုအပ်သည့် အာဟာရများဖြစ်သည့် Folate, Vitamin b6 နှင့် Choline ကဲ့သို့သော အာဟာရများလိုအပ်ပါသည်။ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းစသည့်စိတ်အခြေအနေများသည် Neurotransmitter မညီမမျှဖြစ်ခြင်းနှင့် ဆက်စပ်နေပါသည်။

မရှိမဖြစ်လိုအပ်သောအာဟာရများကင်းမဲခြင်းသည် ကိုယ်ခန္ဓာအဆီများ၊ ကာဗိုဟိုက်ဒရိတ်နှင့် ကယ်လိုရီကဲ့သို့လောက်ကျွမ်းစေသည့်အရာများကို‌ပြောင်းလဲစေပြီး အဝလွန်ခြင်းသို့မဟုတ် အဆီများခြင်းကို ဖြစ်စေနိုင်သည်။ ပုံမှန်မဟုတ်သောကိုယ်အလေးချိန်ကို ထိန်းထားခြင်းသည်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်အလေးချိန်မပြည့်မီခြင်း သို့မဟုတ် အဝလွန်နေသည့်ကလေးများသည် အနိုင်ကျင့်ခံရခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ကို ကြံတွေ့ရနိုင်သည်။

ကလေးများကျန်းမာစွာစားသုံသည့်အလေ့အထကို မည်သည့်စတင်မည်နည်း။

ဤတွင်မိဘများသည် မိမိတို့ကလေးများအား အကောင်းဆုံးအစာအာဟာရရှိစေရန်ကူညီပေးသည့် အလေ့အကျင့်များဖြစ်သည့်။ သို့မှသာမှန်ကန်စွာအစာစားခြင်းနှင့်အတူ သိသာထင်ရှားသော စွမ်းအင်အကျိုးကျေးဇူးများ ခံစားရနိုင်ပါသည်။

၁။ ထမင်းစားချိန်တွင် သင့်ကလေးအကြိုက်ဆုံးအစားအစာများနှင့် အစားအစာအသစ်များကို ရော၍ကျွေးပါ။

၂။ သင့်ကလေးကို အစားအစာအသစ်များစားရန်အတွက် ဖိအားပေးခြင်းမပြုပဲချော့မော့၍ကျွေးပါ။

၃။ လူတိုင်းတွင် ၎င်းတို့နှစ်သက်သော အရာများနှင့် မနှစ်သက်သောအရာများ ရှိသည်ကို သတိပြုပါ။

၄။ အကယ်၍သင့်ကလေးသည် စားပွဲပေါ်ရှိအစားအစာများကို စားသောက်ရန်ငြင်းဆန်ပါက မကြာခဏချက်ပြုတ်ခြင်းမပြုပါနှင့်။ ၎င်းအစား အားပြည့်သည့်အစေ့အဆံများ သို့မဟုတ် မြေပဲထောပတ် အသားညှပ်ပေါင်မုန့်ကဲ့သို့ ရိုးရှင်းသောအခြားအရာများကို ရွေးခွင့်ပေးပါ။

၅။ တစ်နေ့တာအတွင်းအာဟာရလိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သောမုန့်များကို စားသုံးပါ။

References:

  1. https://www.nutritionnews.abbott/pregnancy-childhood/kids-growth/how-nutrition-can-shape-a-child-s-emotional-well-being/
  2. https://www.nhs.uk/live-well/healthy-weight/very-overweight-children-advice-for-parents/