Pediasure သည်အာဟာရကွာဟချက်ကို မည်သို့ဖြည့်စွက်သနည်း။
Pediasure သည်အာဟာရကွာဟချက်ကို မည်သို့ဖြည့်စွက်သနည်း။
မည်သည့်မိဘမဆို သူတို့ကလေးအစားမှန်မှန်မစားခြင်းနှင့် အာဟာရဓာတ်ဆုံးရှုံးမှုများအတွက် စိုးရိမ်ပူပန်ခြင်း အလွန်အဖြစ်များသည်။ သင့်ကလေးအား အာဟာရဓာတ်များပြည့်ဝအောင်လုပ်ရာခြင်းသည် ခက်ခဲသောအလုပ်တစ်ခုနှင့်တူသော်လည်း စိုးရိမ်ပူပန်ခြင်းများအတွက် ဖြေရှင်းခြင်းနည်းလမ်းများစွာ ရှိပါသည်။ ပုံမှန်အစားအစာများမှ လိုအပ်နေသောအာဟာရဓာတ်များကို အားဖြည့်ရန်အတွက် အာဟာရဖြည့်စွက်စာများကို သုံးနိုင်ပါသည်။ အောက်တွင် ကလေးတစ်ဦး၏ အာဟာရလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် သိပ္ပံနည်းကျ ဒီဇိုင်းနှင့်ထုတ်ထားသော ဖြည့်စွက်အစားအစာဖြစ်သည့် Pediasure သည် ကြီးထွားဖွံ့ဖြိုးမှုကို မည်သို့အားပေးကြောင်းဖော်ပြထားပါသည်။
မရှိမဖြစ်လိုအပ့်သည့်အရာများ
သင့်ကလေးတွင် ရှိရမည့်မည်သည့်အာဟာရဓာတ်ကိုမဆို ဖြည့်ပေးရန်အတွက် Pediasure တွင် အရိုးနှင့်ကြွက်သားကို ထောက်ပံ့ပေးသည့် မရှိမဖြစ်လိုအပ်သောအာဟာရ ၃၇ မျိုး (ဥပမာ- ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ Folate၊ အမျှင်ဓာတ်) တို့ဖြင့်ဖော်စပ်ထားပါသည်။ ၎င်းတွင် အရေးကြီးသည့် ဗီတာမင် ၂၈မျိုး (ဥပမာ – Vitamin A,C,B,12,D,E) တို့ပါဝင်ပြီး သင့်ကလေးကြီးထွားမှုကို အမှီလိုက်စေရန်အတွက် အကောင်းဆုံးဖြစ်စေရန်ကူညီပေးပါလိမ့်မည်။ ကိုယ်ခံအားကို စောစီးစွာ တည်ဆောက်ခြင်းသည် အရေးကြီးသောကြောင့် ဖြည့်စွက်စာတွင်ပါဝင်သော Probiotics နှင့် Prebiotics များသည် အူလမ်းကြောင်းမှတဆင့် ကိုယ်ခံအားကို ထောက်ပံ့ပေးပါသည်။ အူအတွက်သိပွံနည်းကျ ဒီဇိုင်းပြုလုပ်ထားသော Lipid Profile နှင့် medium-chain triglycerides (MCTs) တို့သည် အာဟာရစုပ်ယူမှု ကိုတိုးတတ်စေသည်။
Triple Protein Complex TripleSure
ကြီးထွားနေသော ခန္ဓာကိုယ်သည် သူတို့ရရှိနိုင်သော အကူညီအားလုံးကို လိုအပ်သည်။ အထူးသဖြင့် ကြွက်သာများအတွက် ၎င်းတို့သည်အဆက်ပြတ်ဆွဲဆန့်ခြင်း၊ ကျိုးပဲ့ခြင်းနှင့် ပြုပြင်ခြင်းတို့ပြုလုပ်ရခြင်းသည် ကလေးများ၏ လျင်မြန်စွာကြီးထွားနေသည့် ခန္ဓာကိုယ်များကြောင့် ဖြစ်သည်။ Pediasure တွင်ရနိုင်သည့် TripleSure သည် အထူးပေါင်းစပ်ထားသော Triple Protein Complex ဖြစ်ပြီး မရှိမဖြစ်လိုအပ်သော အာဟာရ ၃၇ မျိုး၊ များစွာသော Vitamin တို့ပါဝင်သောကြောင့် ကလေးများအတွက် အစောပိုင်းဖွံ့ဖြိုးဆဲ ကာလအတွင်းကြီးထွားရန်အတွက် အကောင်းဆုံးအခွင့်အလမ်းများကို ပေးပါသည်။ Pediasure ၏ စနစ်တွင် အစာစားချင်စိတ်ကို တိုးတတ်စေပြီး၊ အစာကြေးများခြင်းကို လျော့ကျစေနိုင်သည်။
အဆင်ပြေမှု
Pediasure သည်အရသာမျိုးစုံနှင့် ပုံစံအမျိုးမျိုးဖြင့်လာသောကြောင့် မိဘများသည် ၎င်းတို့ကလေးများ၏ လိုအပ်ချက်များ (သို့မဟုတ်) အရသာနှင့် ထိတွေ့ခံစားမှု အကြိုက်ဆုံးဖြစ်အောင် အကိုက်ညီဆုံးကို ရွေးချယ်နိုင်ကြသည်။ Pediasure အာဟာရဖြည့်စွက်စာအများစုသည် Lactose-free, Gluten-free, ကြာရှည်ခံဆေးများနှင့် ပြောင်းလဲထားသောအဆီများမပါဝင်သောကြောင့် အချို့ဓာတ်မတည်မှုများနှင့် အာဟာရအတိအကျ လိုအပ်သောကလေးများအတွက် သင့်တော်သည်။ လိုအပ်သောပမာဏကို လိုအပ်သလို ချိန်ညှိနိုင်သည်။ ရေ ၁၉၀ မီလီလီတာတွင် ၅ ဇွန်းထည့်ပြီး တစ်နေ့လျှင် ၂ ကြိမ် မှ ၃ ကြိမ် စားရန် အကြုံပြုပါသည်။ ကလေးများ၏ အစာအာဟာရ အတွက် အာဟာရပြောင်းလဲခြင်းအစီစဉ်တစ်ခု မပြုလုပ်မီ ကလေးအတွက်ပိုသေချာစေရန် ကလေးအထူးကုဆရာဝန် (သို့မဟုတ်) သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။
Reference(s):
- https://pediasurearabia.com/ae/en/child-nutrition/fun-with-nutrition/filling-nutritional-gaps
- https://pediasurearabia.com/ae/en/what-is-pediaSure/optimal-nutrition
Hmm is anyone else having problems with the pictures on this blog loading?
I’m trying to determine if its a problem on my end or if it’s the
blog. Any suggestions would be greatly appreciated.
Good day! I could have sworn I’ve been to this web site before but after going
through many of the articles I realized it’s
new to me. Regardless, I’m certainly pleased I found it and I’ll be bookmarking it and checking back frequently!