ကလေးငယ်များအတွက် ကျန်းမာရေးနှင့် ညီညွတ်သော သောက်စရာ ဘယ်လိုရွေးချယ်မလဲ

ကလေးအများစုသည် သကြားဓာတ်ကဲသော အချိုရည်များကိုသာ နှစ်သက်ကြသည်။ အဆိုပါ အချိုရည်များသည် လိုအပ်သည့် အာဟာရဓာတ်ထက်ပို၍ ကယ်လိုရီပိုမိုများပြားသည်။ အဆိုပါ အချိုရည်တစ်ခုချင်းစီ၏ ပါဝင်ပစ္စည်းစာရင်းတွင် အာဟာရဆိုင်ရာ အချက်အလက်ဖော်ပြချက်ကို စစ်ဆေးပြီးမှ ပိုမိုကောင်းမွန်သော သောက်စရာကို ခွဲခြား ရွေးချယ်နိုင်မည်ဖြစ်သည်။ အောက်ပါအချက်အလက်များသည် သင့်ကလေးကျန်းမာပြီး ရေဓာတ်ပြည့်နေစေရန် သိထားရမည့် ယေဘုယျ ညွှန်ကြားချက်များဖြစ်သည်။

ရေ

သင့်ကလေး တစ်နေ့လျှင် ရေ ၆ ခွက်မှ ၈ ခွက်အထိ သောက်ပါစေ။ ၎င်းသည် ပုံမှန်ဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းမှာ တစ်နေ့တာအတွက် လိုအပ်သော ရေဓာတ်ကို ဟင်းချို၊ အချိုရည်နှင့် သစ်သီးများမှ ရရှိနိုင်သေးသောကြောင့် ဖြစ်သည်။ အသီးအရွက်များတွင် ရေဓာတ်ပါဝင်မှုများပြီး သင့်ကလေးအား တစ်နေ့လျှင် အသီးအရွက် လုံလုံလောက်လောက် ကျွေးမွေးရန်လိုအပ်သည်။

နို့

မျှတသော အာဟာရအတွက် တစ်ရက်လျှင် နို့ ၂ ခွက် (၂၅၀ မီလီလီတာ) ရရှိရန် လိုအပ်သည်။ သင့်ကလေးသည် ပရိုတင်း၊ ကယ်လ်ဆီယမ်နှင့် ကြီးထွားရန်လိုအပ်သော နေ့စဉ်အာဟာရဓာတ်များကို နို့မှ ရရှိနိုင်သည်။

သစ်သီးဖျော်ရည်များ

သင်တတ်နိုင်သလောက် သကြားထပ်ထည့်မထားသည့် သစ်သီးဖျော်ရည်များကို ရွေးချယ်နိုင်သည်။ သင်ရှာမတွေ့လျှင် သကြားပါဝင်မှုနည်းသော ဖျော်ရည်များကို ရွေးချယ်နိုင်သည်။ ဖျော်ရည်ဘူးများအား တစ်ရက်လျှင် တစ်ခွက် (သို့မဟုတ်) တစ်ပတ်လျှင် နည်းနည်းသာ သောက်သုံးသင့်သည်။ သင့်ကလေးအား ဖိုက်ဘာပါဝင်မှုများ၍ သစ်သီးများကိုသာ ပိုမိုကျွေးသင့်သည်။

အချိုရည်များ

အချိုရည်များသည် တစ်ခါတစ်ရံမှသာ အနည်းငယ် တိုက်ကျွေးသင့်သည်။ အဆိုပါ အချိုရည်များကို ရံဖန်ရံခါ သောက်စရာအနေနှင့်သာ ထားသင့်သည်။ အဆိုပါ အချိုရည်များသည် သင့်ကလေး အစားအသောက်အတွက် အာဟာရကြွယ်ဝသော သောက်စရာများအား အစားမထိုးသင့်ပါ။