သင့်ကလေးအတွက် ကျန်းမာသောသောက်စရာကို မည်သို့ရွေးချယ်မည်နည်း။
သင့်ကလေးအတွက် ကျန်းမာသောသောက်စရာကို မည်သို့ရွေးချယ်မည်နည်း။
ဖျော်ရည်၏ ခေတ်ရည်စီးကြောင်းသည် ၁၉၇၀ ပြည့်နှစ်လွန်များတည်းက ရှိခဲ့ပါသည်။ ၎င်းသည်အစဉ်အမြဲရေပန်း စားသည်။ အဘယ်ကြောင့်ဆိုသော် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို နေ့စဉ်သောက်စရာ အချိုရည်ပုံစံဖြင့် သောက်သုံးနိုင်သော နည်းလမ်းဖြစ်သော ကြောင့်ဖြစ်သည်။ ဖျော်ရည်များသည် ကလေးများအတွက် အာဟာရ လိုအပ်ချက်ကို ဖြည်းဆည်းရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ဖျော်ရည်များသည် များစွာရှိပါသည်။ ဖျော်ရည်ကို အဓိကသောက်သုံးရန်အကြောင်းအရင်းမှာ သင့်၏အစားအစာထဲတွင် အရည်များဝင်ရောက်ရန် ပင်ဖြစ်သည်။ သင့်ကလေးအား ဖျော်ရည်များဖြင့် ကျန်းမာစွာရေဓာတ်ဖြည့်တင်းရန် ရိုးရှင်းသောနည်းလမ်း အနည်းငယ်ကို အောက်တွင် ဖော်ပြထားပါသည်။
ရေ
ရေသည် အသက်၏အရင်းအမြစ်ဖြစ်ပြီး လူသည် ရေမရှိပဲနှင့် အသင်ရှင်မသွားနိုင်ပါ။ ရေသည် ခန္ဓာကိုယ်ရှိ ဗီတာမင်များနှင့် အာဟာများကို လိုအပ်သော ဆဲလ်များသို့ သယ်ဆောင်ပေးပါသည်။ ပျမ်းမျှအားဖြင့် ကလေးတစ်ဦးသည် နေ့စဉ် ရေ ၆ ခွက်မှ ၈ ခွက်မျှ သောက်သုံးသင့်သည်။ ဟင်းချိုများ၊ ဖျော်ရည်များ၊ အရည်ရွှမ်းသည့်အသီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံခြင်းသည်လည်း ရေဓာတ်ကို ဖြည့်ပေးနိုင်သည်။ ဥပမာအားဖြင့် ဖရဲသီး၊ သခွားမွှေးသီး၊ နာနတ်သီးနှင့် သခွားသီးများသည် သဘာဝအတိုင်းရေဓာတ်မြင့်မားသည့် အစားအစာများဖြစ်သည်။
နို့
နို့သည် အရိုးနှင့် ကြွက်သားကို သန်မာစေသည်။ နို့သည်အာဟာရကောင်းသော အရင်းမြစ်တစ်ခုဖြစ်သည် အဘယ်ကြောင့်ဆိုသော် ၎င်းသည်ကြီးထွားလာနေသော ကလေးငယ်အတွက် ပရိုတင်းနှင့် ကယ်လ်စီယမ်ကို ထောက်ပံ့ပေးသောကြောင့်ဖြစ်သည်။ ကလေးငယ်များအတွက်နို့ကို နှစ်ဖန်ခွက်(၂၅၀ မီလီအရွယ်အစားဖန်ခွက်) ကို နေ့စဉ် သောက်သုံးရန်အကြံပြုပါသည်။ ၎င်းသည် ထိရောက်သော အစားအစာအစီစဉ်တစ်ခု၏ အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။
အသီးအနှံနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်များ
အကယ်၍ သင့်ကလေးကို သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ကျွေးရန် ခက်ခဲနေပါက ဖျော်ရည်လုပ်တိုက်ခြင်းဖြင့် ၎င်းကို ကျော်လွှားနိုင်ပါသည်။ တစ်နေ့အတွက်ဖျော်ရည်တိုက်ရာတွင် သစ်သီး ၂ လုံးနှင့် ဟင်းသီးဟင်းရွက် ၃ မျိုးမှ ၄ မျိုးအထိပါဝင်သေချာစွာ တိုက်ပါ။ ရာသီအလိုက်ပေါ်သော သစ်သီးအများစု တွင် သကြားဓာတ်များပါဝင်သောကြောင့် အသီးဖျော်ရည်များထဲသို့ သကြားများ ထပ်မံထည့်ခြင်းကို ရှောင်ကြဉ်ပါ။ ဖျော်ရည်၏အားနည်းချက်တစ်ခုမှာ အမျှင်ဓာတ်များစွာပါဝင်သည့် ပျော့ဖတ်များကို စွန့်ပစ်လိုက်ခြင်းဖြစ်သည်။ အမျှင်ဓာတ်များကို ရရှိရန်အတွက် ဟင်းချက်ရာတွင် ပျော့ဖတ်များကို ထည့်သွင်း ချက်ပြုတ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အသီးဖျော်ရည်များသည် ကလေးငယ်များအား အသီးများများစားရန် အခွင့်လမ်းများပေးသည်။ ကယ်လိုရီများလည်း တိုးလာနိုင်ပါသည်။ သဘာဝအလျောက်ချိုသောအရသာရှိသည့် ( သရက်သီးနှင့် ပန်းသီးများ) အသီးများကို ဖျော်ရည်လုပ်ရာတွင် ဤအချက်များကို လုပ်ဆောင်ပါ။
ချိုသောအရသာရှိသည့် သောက်စရာများ
ထုတ်ပိုးထားသော အချိုရည်များသည် သင်၏ကိုယ်ပိုင်ဖျော်ရည်များကို ပြုလုပ်ရန်အတွက် လွယ်ကူသော ပြင်ဆင်မှုဖြစ်သည်။ ကလေးများ၏ သဘာဝ အစားအစာများကို ၎င်းအရာများနှင့်ဘယ်တော့မှ အစားမထိုးသင့်ပါ။ သင့်ကလေးနှင့် ဓာတ်မတည့်ပါက သင်မသိနိုင်သောကြောင့် ၎င်းတို့ကို မစတင်ခင် အမြဲတမ်း ကလေးအထူးကုဆရာဝန်နှင့် ဦးစွာစစ်ဆေးသင့်ပါသည်။
Reference(s):