သင့်ကလေးအားကျန်းမာသောအစာစားနည်းအားသင်ကြားနည်း

ကလေးဘဝတွင် ကောင်းမွန်သည့်အာဟာရအကြောင်းလေ့လာခဲ့သော ကလေးများသည် ကျန်းမာသော အစားအစာများကိုသာစားလေ့ရှိကြပါသည်။

မိဘများအတွက်အကြံပြုချက်များ

သင့်ကလေးအားအကူအညီတောင်းပါ

နံနက်စာပြင်ဆင်ခြင်း(သို့မဟုတ်) အခြားတစ်နပ်စာအတွက် သင့်ကလေးအားအကူအညီတောင်းပါ။ ဟင်းသီးဟင်းရွက်ဆေးကြောခြင်း(သို့မဟုတ်) ထမင်းပွဲပြင်ဆင်ခြင်းကို သင့်ကလေးအားအကူအညီ တောင်းပြီးပြုလုပ်ခိုင်းခြင်းအားဖြင့် ကလေးငယ်များ၏အဖွဲ့လိုက်လုပ်ဆောင်ခြင်းစွမ်းရည်ကို တိုးတက်စေပါသည်။

 

ကျန်းမာရေးနှင့်မညီညွတ်သည့် သရေစာစားသုံးခြင်းကို ကန့်သတ်ခြင်း

အိမ်တွင်း၌ အချိုများနှင့် သရေစာများကို အများကြီးမထားဘဲ အနည်းငယ်သာထားပါ။ ၎င်းသရေစာများ အစား သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဂျုံစေ့များနှင့် ဒိန်ချဉ်များကို စားသုံးရန်တိုက်တွန်းပါ။

 

ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကို နေ့စဉ်စားသုံးသော အစားအစာဖြစ်အောင်ပြုလုပ်ခြင်း

ရာသီအလိုက်ပေါ်သော အမျိုးမျိုးသောအသီးအနှံများကို ပြောပြပြီး ကလေးများကို ၎င်းဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ စားသုံးအောင်အားပေးပါ။ အဓိကသော့ချက်မှာ ကလေးများငယ်ရွယ်စဉ်ကပင် စားသုံးစေရန်ဖြစ်သည်။ မိဘများသည် အစားအစာပိရမစ် ကိုအသုံးပြု၍ ကလေးများအားကျွေးခြင်း (သို့မဟုတ်) အာဟာရဆရာဝန်နှင့်တိုင်ပင် ဆွေးနွေနိုင်ပါသည်။

 

အကောင်းမြင်တတ်ပါစေ

အချို့သောအစားအစာများသည် သင့်ကလေးမကြိုက်နှစ်သက်သောကြောင့် မစားခြင်းကို စိတ်ဓာတ်ကျ မည့်အစား အကောင်းမြင်ပါ။ မိဘများသည် ကလေးများ၏အကြိုက်ဆုံးဇာတ်ကောင်၏ပုံစံ (သို့မဟုတ်) အားသာချက်များကို အသုံးပြု၍ ကလေးများအစာစားစေရန် လှုံ့ဆော်မှုတစ်ခုအဖြစ်အသုံးပြုနိုင်သည်။ အချို့သော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးခြင်းဖြင့် ၎င်းတို့ကြိုက်နှစ်သက်သော ဇာတ်ကောင်ပုံစံဖြစ်အောင် ကူညီပေးလိမ်ဟု သင့်ကလေးအားပြောဆို၍ ကျွေးပါ။

 

ဥပမာအားဖြင့် ဦးဆောင်ပါ

အကယ်၍သင့်ကလေးအားကောင်းသောအလေ့အကျင့်များ မွေးဖွားစေလိုလျှင် သင်ကိုယ်တိုင် ရှေ့ဆောင်လမ်းပြဖြစ်ဖို့လိုပါသည်။ မိဘများသည် ကလေးများ၏ စံပြပုဂ္ဂိုလ် ဖြစ်ပါသည်။ သင့်ကလေးမစားမီ သင်ကိုယ်တိုင် ဦးစွာ စားသုံးပြသင့်ပါသည်။ အချို့သောအစားအစာများသည် အဘယ်ကြောင့် သူတို့အတွက်ကောင်းမွန်ကြောင်း ရှင်းပြပြီး ၎င်းအစားအစာများကို  သင့်ကလေးက လက်ခံစားသုံးသောအခါ ချီးမွမ်းပေးသင့်ပါသည်။ သင်ကိုယ်တိုင်ကလေးအား အာရုံစိုက်နိုင်ဖို့ အာရုံလွင့်စရာများကို လျော့ချသင့်ပါသည်။

 

ရွေးချယ်စရာ များများပေးပါ

သင့်ကလေးအား ၎င်းမနှစ်သက်သည့်အစားအစာများအား စားသုံးရန် အတင်းအကျပ်မပြုလုပ်ပါနှင့်။ အတင်းအကျပ်စားခိုင်းခြင်းကို အခြားနည်းလမ်းတစ်ခုနှင့် အစားထိုးလိုက်ခြင်းသည် ကလေးများအား အစားအစာ အသစ်များစားသုံးရန် အဓိကသော့ချက်ဖြစ်သည်။ ထို့နောက် သင့်ကလေးအစာစားခြင်း ဖြစ်လာတဲ့အခါ သင့်ကို အံ့အားသင့် သွားစေနိုင်သည်။

 

ဥပမာတစ်ခုပေးပါ

မိမိကိုယ်တိုင်ကလေးများအတွက် ဥပမာပေးပြီးပြောသည့်အပြင် မိမိ မွေးချင်းများကို စံပြဥပမာပေးပြီးပြောပါ။

 

ထမင်းစားသည့်အခါစားပွဲတင်ပစ္စည်းများ အသုံးပြုတတ်အောင်သင်ကြားခြင်း

ထမင်းစားပွဲစားသည့်အခါ ကလေးငယ်များကို ကောင်းမွန်သည့်အမူအကျင့်များကို သင်ကြားပေးပါ။ ထမင်းစားသည့်အခါ ဇွန်း၊ ခရင်းများကို အသုံးအပြုစေရန်အ ပြင် လက်နှင့်စားသုံးခြင်းနှင့် ဆူညံသံများ မပြုလုပ်အောင်သင်ကြားပေးပါ။