ကလေးများကို ကျန်းမာရေးနှင့်သက်ဆိုင်သည့်အစားအစာများအကြောင်းသင်ကြားနည်း။
ကလေးများကို ကျန်းမာရေးနှင့်သက်ဆိုင်သည့်အစားအစာများအကြောင်းသင်ကြားနည်း။
အစားအစာများနှင့် အပြုသဘောဆောင်သည့်ဆက်ဆံရေးမျိုးကို ငယ်ရွယ်သောအချိန်တွင် စတင်ရန်လိုအပ်ပြီး အိမ်၌စတင်သင်ကြားသင့်သည်။ ကလေးများကို အစာအာဟာရများအကြောင်းသင်ကြားရာတွင် မိဘများအနေဖြင့် ကြီးမားသေားအခန်းကဏ္ဍမှ ပါဝင်သည်။ ၎င်းအချက်သည် ကလေးများ၏ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ပုံစံနှင့် အသက်ကြီးသည့်တိုင် အစားအစားများနှင့် ဆက်ဆံရေးတွင် များစွာ အကျိုးသက်ရောက်မှုရှိသည်။ ကလေးငယ်များ အဝလွန်ခြင်းနှင့် အခြားအစားအစာများ ငြင်းဆန်မှု မြင့်တတ်လာသည်နှင့်အမျှ မိဘများသည် မိမိတို့ကလေးများကို ကျန်းမာသောအစာစားသော ဘဝပုံစံမျိုးကို လက်ခံကျင့်သုံးရန်အားပေးသင့်သည်။ ကိုယ်အလေးချိန်တတ်ခြင်း သို့မဟုတ် ကျဆင်းခြင်းတို့အတွက် ဆုပေးခြင်း သို့မဟုတ် အပြစ်ပေးခြင်းအစား အစားအစာကို အာဟာရအဖြစ် အာရုံစိုက်သောအရာတစ်ခုဖြစ်အောင်သင်ကြားပေးသင့်သည်။
ဤအချက်များသည် မိဘများက မိမိတို့၏ကလေးများအကြား ကျန်းမာသော အစာစားခြင်းအလေ့အထများကို ပြုစုပျိုးထောင်ရန် ကူညီနိုင်သည့်အချက်များဖြစ်သည်။
ကျန်းမာသောအစာစားခြင်းအလေ့အထများ
မိဘများသည် အစားစားခြင်းဆိုင်ရာ အလေ့အကျင့်များပြုလုပ်ပေးသည့်အခါ ကလေးများသည် ပိုမိုကျန်းမာလာသည်။ ထို့ကြောင့်ကလေးများကို ကျန်းမာသောအစားအစာ များကို ရွေးချယ်ဖော်ထုတ်ခြင်းနှင့် အစားအစာကို ရန်သူအစား ပျော်ရွှင်မှု နှင့် အာဟာရအရင်အမြစ်အဖြစ်ရှုမြင်သည့်အပြုသဘောဆောင်သော စံနာမူနာဖြစ်ခြင်းသည် ၎င်းတို့၏ခန္ဓာကိုယ်ပုံသဏ္ဌန်နှင့် အစားအစာဆက်ဆံရေးကို တိုးတတ်အောင်များစွာ ပြုလုပ်ပေးနိုင်သည်။
အကယ်၍သင်သည် ကိုယ်အလေးချိန်လျှော့ချရန် ကြိုးစားနေသည့်မိဘဖြစ်လျှင် အစားစားချိန်တွင် အစားအသောက်များကို ကန့်သတ်ခြင်းနှင့် ရေတိုကျန်းမာရေးနှင့်မညီညွတ်သည့် ကိုယ်အလေးချိန်လျော့ကျစေခြင်းများကို သတိပြုဆင်ခြင်သင့်ပါသည်။ မိဘများအနေဖြင့် ကောက်ပဲသီးနှံများ၊ ပရိုတင်းများပါဝင်သည့် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်သည့် ကျန်းမာမျှတသော အစားအစားများကို အစားထိုးစီစဉ်ရန် အကြံပြုပါသည်။
တတ်နိုင်သလောက်မိသားစုနှင့် အတူတူ ထမင်းစားပါ။
ကလေးများနှင့် အပြုသဘောဆောင်သော အစားစားခြင်း စကားဝိုင်းများရှိခြင်းသည် ၎င်းတို့၏ တစ်သက်တာလုံးကျန်းမာရေးအတွက် အစားအသောက်နှင့် ဆက်ဆံရေးကို မြှင့်တင်ပေးပါသည်။ မိဘတစ်ဦးအနေဖြင့် တတ်နိုင်သမျှ မကြာခဏအတူတကွ မိသားစုနှင့် အတူထမင်းစားခြင်း၊ ကလေးများနှင့် အတူဈေးဝယ်ထွက်ခြင်း၊ ချက်ပြုတ်ခြင်း၊ ငယ်ရွယ်စဉ်တွင် ဟင်းသီးဟင်းရွက်များနှင့် ထိတွေခြင်းများကို လက်တွေ့ကျင့်သုံနိုင်သည်။ လေ့လာမှုများအရ အစားစားချိန်၌ အတူတကွစားသောမိသားစုများသည် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးလေ့ရှိကြပြီး အသင့်စားအစားအစာနှင့် သကြားဓာတ်များသော အဖျော်ယမကာမာကို လျော့နည်းစားသုံးလေ့ရှိကြသည်။
ကိုယ်အလေးချိန်ပတ်သတ်သော အစားအစာအကြောင်းမပြောပါနှင့်
ကလေးများနှင့်ကိုယ်အလေးချိန်အလေးထားသော စကားပြောဆိုမှုများသည် မိမိကိုယ်ကိုယ် တန်ဖိုးထားမှုလျော့ကျခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သည့် ခန္ဓာကိုယ်ပုံစံနှင့် အစားမစားခြင်းများ နောက်ပိုင်းတွင် သိသာစေနိုင်ပါသည်။ ဟင်းသီးဟင်းရွက်များစားခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့်ပတ်သတ်သော ဆွေးနွေးမှုများသည် အထူးသဖြင့်ကိုယ်အလေးချိန်ကျဆင်းခြင်းနှင့် ဆက်စပ်သည့်အခါ အန္တရာယ်ဖြစ်စေနိုင်သော်လည်း အပြုသဘောဆောင်သည့် အကြောင်းများအပေါ်တွင် ပြောဆိုရန် အကြံပြုပါသည်။ မှန်ကန်သောအစားအစားကို စားခြင်းအားဖြင့် လူတစ်ဦးသည် ကျန်းမာ၊ သန်စွမ်း၊ ပျော်ရွှင်စေနိုင်သည်။
Reference:
- https://www.nytimes.com/article/kids-healthy-eating-habits.html
- https://jamanetwork.com/journals/jamanetworkopen/fullarticle/2715616
https://pubmed.ncbi.nlm.nih.gov/23797808/
I actually love your site.. Quite pleasant colours & concept. Did you make this Web page your self? Be sure to reply again as I’m aiming to create my very own particular web page and wish to find out in which you received this from or just what exactly the theme is named. Numerous thanks!