ကြီးထွားမှုအတွက် အစာစားချင်စိတ်၏ အရေးပါပုံ

သင့်ကလေးငယ် အစာစားချင်စိတ်သည် လိုအပ်သည့် ကြီးထွားမှု ရရှိရေးအတွက် အရေးပါသည်။ အစာစားချင်စိတ် ပုံမှန်မရှိပါက ၎င်းတို့ ကြီးထွားဖွံ့ဖြိုးရန်အတွက် ပြဿနာများ ဖြစ်လာနိုင်သည်။ ဘာကြောင့် သင့်ကလေး၏ အစာစားချင်စိတ်က အရေးကြီးသလဲ ဆိုတာ အောက်တွင် ဖော်ပြထားသည်။

ကလေးတစ်ယောက်၏ ပထမဆုံး ၅နှစ် တာကာလသည် ကြီးထွားမှုအတွက် အရေးပါသော ကာလဖြစ်တယ်ဆိုတာ သင်သိပါသလား။ အစာစားချင်စိတ် မရှိခြင်းသည် စားသုံးသည့် ပမာဏကို ထိခိုက်နိုင်ပြီး ကြီးထွားမှုအတွက် လိုအပ်သည့် အာဟာရဓာတ် လုံလောက်စွာ မရရှိနိုင်ခြင်းမျိုး ဖြစ်တတ်သည်။

သင့်ကလေး၏ အစာအာဟာရတွင် သံဓာတ်ပါဝင်စေဖို့ကိုလည်း ဂရုပြုရမည်။ အဘယ်ကြောင့်ဆိုသော် သံဓာတ် ချို့တဲ့သော ကလေးများသည် အစာစားချင်စိတ် နည်းပါးတတ်သည်။ သံဓာတ်ရရှိစေရန် ကိုက်လန်နှင့် အသားများ စသည့် သံဓာတ်ကြွယ်ဝသည့် အစားအစာများ ကျွေးရမည်။

သင့်ကလေးငယ်အား ကိုယ်ခံအား ကောင်းမွန်စေရန်အတွက် လိုအပ်သည့် အာဟာရဓာတ်များ ကျွေးရန် လိုအပ်သည်။ သင့်ကလေး မကြာခဏ ဖျားပါက ကြီးထွားမှု၊ အသိအမြင်ခံစားတတ်မှု နှင့် လူမှုကိစ္စများကို ထိခိုက်နိုင်သည်။

ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများ ဖြစ်သည့် ပရီဘိုင်အိုတစ် နှင့် ပရိုဘိုင်အိုတစ် တို့သည် သင့်ကလေး၏ အူလမ်းကြောင်းအား ကျန်းမာစေရန် အထောက်ကူ ပေးတယ်ဆိုတာ သင်သိပါသလား။ ပရိုဘိုင်အိုတစ်သည် အူလမ်းကြောင်းအတွင်း၌ ရှိသည့် အကျိုးပြု ဘက်တီးရီးယားဖြစ်ပြီး ပရီဘိုင်အိုတစ်သည် ၎င်းအကျိုးပြု ဘက်တီးရီးယားအား ကြီးထွားစေရန် အထောက်အကူပေးသည့် အရာဖြစ်သည်။ တနည်းပြောရလျှင် ပရီဘိုင်အိုတစ်သည် ပရိုဘိုင်အိုတစ်၏ အစာဖြစ်သည်။

မူကြိုကျောင်းတွင် သင့်ကလေးသည် စွမ်းရည်အသစ်များ၊ ဗဟုသုတများနှင့် ပျော်ရွှင်မှုများအတွက် အားအင်လိုအပ်သည်။ သင့်ကလေး စာဖတ်ဖို့ လေ့လာသည်ဖြစ်စေ၊ ဉာဏ်စမ်းဖြေရှင်းသည်ဖြစ်စေ၊ ကစားကွင်းတွင် ဆော့ကစားသည်ဖြစ်စေ၊ ယင်းအား တက်ကြွနေစေဖို့ စွမ်းအင်လိုအပ်သည်။  ဒီတော့ သင့်ကလေးငယ်တွင် လုံလောက်သည့် အားအင်ရှိမရှိ ဘယ်လို တိုင်းတာမည်နည်း။ သူတို့ တစ်နေ့တာ လုံလောက်သော စွမ်းအင်အတွက် စားသုံးသော အစားအစာတွင် အရေးကြီးသော အာဟာရဓာတ်များဖြစ်သည့် ကာဘိုဟိုက်ဒရိတ် နှင့် ပရိုတင်းဓာတ်များကို ရရှိစေရန် ဂရုပြုရမည်။

သင့်ကလေး၏ စားသောက်ပုံသည် သူ့ဘဝ တစ်လျှောက်လုံးကို အကျိုးသက်ရောက်သည်ကို သိပါသလား။ ငယ်ဘဝအစောပိုင်းသည် သူတို့၏ အစားအသောက်အလေ့အထကို လေ့ကျင့်ပေးရန် ရွှေအခွင့်အရေးဖြစ်သည်။ မိဘတစ်ဦးအနေနှင့် သင့်ကလေးအား သင့်တင့်မျှတသည့် အစာအာဟာရကို စားသုံးတတ်ရန် အားပေးဖို့ အရေးကြီးသည်။ သင့်ကလေးအား အာဟာရဖြစ်စေသည့် အစားအစာများနှင့် အသားကျစေရန် လေ့ကျင့်ပေးရမည်။