ကိုယ်ခံအားစနစ် ဖွံ့ဖြိုးမှု: ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယား Probiotic နှင့် Prebiotic

သင့်ကလေး၏ ကိုယ်ခံအားစနစ်သည် ဘက်တီးရီးယားများအား ကာကွယ်ပေးသည့် တံခါးနှင့်တူပြီး ဗိုင်းရပ်စ်များနှင့် ဖျားနာစေမှုများမှ တားဆီးကာကွယ်ပေးသည်။ လုံလောက်သော အာဟာရဓာတ်များ၏ အကူအညီနှင့် သင့်ကလေး၏ ကျန်းမာသော အူလမ်းကြောင်းစနစ်ကို ထိန်းသိမ်းပေးနိုင်ပြီး ဆဲလ်များ ဖွံ့ဖြိုးခြင်းနှင့် ပဋိဇာတ် များအား ခုခံပေးသော Antibodies များကိုလည်း မြှင့်တင်ပေးသည်။ အာဟာရမျှတစွာစားသုံးခြင်းသည် ကျန်းမာသော ကိုယ်ခံစနစ်ကို တည်ဆောက်ရေးအတွက် လွန်စွာအရေးပါသည်။

အူလမ်းကြောင်းကျန်းမာရေးအတွက် ပထမအဆင့်

သင့်အာဟာရများအား ကောင်းစွာနားလည်ပါ!

အူလမ်းကြောင်းကျန်းမာရေးအတွက် ပထမအဆင့်

  • Nucleotides- သာမာန်ဆဲလ် အလုပ်လုပ်ဆောင်ခြင်းနှင့် ပုံတူပွားခြင်းအတွက် အရေးပါသည်။
  • Prebiotics- Fructooligosaccharides (FOS) & Galacto-oligosaccharides (GOS) တို့သည် Probiotics များ ကြီးထွားရေးအတွက် ထောက်ပံ့ပေးသော အစာများဖြစ်သည်။
  • Zinc နှင့် ဗီတာမင် A,C နှင့် E- ဆဲလ်များအား ကလေးငယ် ခန္ဓာကိုယ်တွင်းမှ လွတ်မြောက်လာသော Free Radicals များမှ ကူညီပေးသည်။

ကိုယ်ခံအားမြှင့်တင်ခြင်းဆိုင်ရာ နည်းလမ်းများ

  • အစားအသောက်မှာ အာဟာရပါ- ဗီတာမင်နှင့် သတ္တုဓာတ်များ မပါဝင်ခြင်းသည် ကိုယ်ခံအား၏ တုံ့ပြန်မှုကို အားနည်းစေသည်။ Nucleotides ကြွယ်ဝသော အစာများဖြစ်သည့် အဆီနည်းသော အသားနှင့် မှိုများ၊ Prebiotics ကြွယ်ဝသည့် အစေ့၊ အဆန်နှင့် ဂျုံစပါးများနှင့် Probiotics ကြွယ်ဝသည့် ဒိန်ချဉ်တို့သည် ကိုယ်ခံအားကို မြှင့်တင်ပေးသည်။
  • ဖြည်းညှင်းစွာ အသက်ရှူပါ- ကိုယ်ခံအားကို လျော့နည်းစေမည့် စီးကရက်ငွေ့နှင့် အဆိပ်ဖြစ်စေသည့် ဖုန်စုပ်စက်၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့နှင့် ထိတွေ့ခြင်းအား ရှောင်ကြဉ်ပါ။
  • လေ့ကျင့်ခန်းလုပ်ပါ- လေ့ကျင့်ခန်းသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုပါပေးသည့်အပြင် ကိုယ်ခံအားကိုလည်း သန်မာစေမှာ အမှန်ပင်ဖြစ်သည်။

Reference(s):

  1. https://abbottfamily.com.sg/articles/science/immune-system