ကလေးအရိုးဖွံ့ဖြိုးဖို့ လိုအပ်သော အာဟာရဓာတ်များ

သင့်အရိုးသန်မာလျှင် သင့်ခန္ဓာကိုယ်လည်း သန်မာမည်မှာ အမှန်ပင်ဖြစ်သည်။ ခန္ဓာကိုယ်အတွက် အရိုးသည် ဖွဲ့စည်းပုံအဖြစ် တည်ရှိပြီး ကလီစာများကိုလည်း ကာကွယ်ပေးသည်။ ခန္ဓာကိုယ်အား လမ်းလျှောက်နိုင်စေရန်၊ ပြေးနိုင်စေရန်နှင့် လှုပ်ရှားနိုင်စေရန် တောင့်တင်းသော ဘောင်အဖြစ် ပြုမူပေးသည်။ ကလေးငယ်တစ်ဦး၏ အရိုးကြီး ဖြောင့်မတ်ပြီး ကြီးထွားစေရန် ငယ်စဉ်ကတည်းက သန်မာပြီး ကျန်းမာစေရန် လိုအပ်သည်။ နောက်ဆုံး ကြီးထွားမည့် အရိုးပမာဏအား အသက် ၁၀ နှစ်မှ ၁၈ အတွင်း ရရှိပြီး အရိုးထုနည်းသော ကလေးများသည် အရိုးကျိုးနိုင်ချေ မြင့်မားသည်။ ကယ်လ်ဆီယမ်ဓာတ် စားသုံးပေးလျှင် အရိုးမှစုပ်ယူပြီး ခွန်အားကို ဖြစ်လာစေသည်။ အဘယ်ကြောင့်ဆိုသော် အသက် ၃၀ အရွယ်တွင် အရိုးထု ကျဆင်းလာသောကြောင့် သင့်ကလေးအား စောစောစီးစီး အရိုးတည်ဆောက်ရန် အရေးကြီးသည်။

ကျန်းမာသော အရိုးဖွံ့ဖြိုးလာစေရန် အောက်ပါအာဟာရဓာတ်များသည် အရေးပါသည်။

ကယ်လ်ဆီယမ်- အရိုးနှင့် သွားကျန်းမာရေးအတွက် လူတိုင်းသိကြသည့် တစ်ခုတည်းသော အာဟာရဓာတ်ဖြစ်သည်။

ဗီတာမင် D– သင့်ခန္ဓာကိုယ်အား ကယ်လ်ဆီယမ်စုပ်ယူပြီး အရိုးသန်မာလာစေရန် ကူညီပေးသည်

အာဂျီနင်း – အမိုက်နိုအက်ဆစ်ဖြစ်ပြီး အရိုးဖွံ့ဖြိုးမှုအား လှုံ့ဆော်ပေးသည့် ကြီးထွားဟော်မုန်း ထုတ်လွှတ်ရန် ဖန်တီးပေးသည်။

သဘာဝ ဗီတာမင် K2– ဗီတာမင် K2 သည် အရိုးတွင်းသို့ ကယ်လ်ဆီယံကို ပေါင်းစည်းပို့ဆောင်ပေးသည့် Osteocalcin ကို ဖြစ်ထွန်းစေပြီး သဘာဝခွန်အားနှင့် အရိုးဖွံ့ဖြိုးစေရန် ကူညီပေးသည်။

ဖော့စဖရတ်– ကယ်လ်ဆီယမ်နှင့် ပေါင်းစပ်သည့်အခါ ကယ်လ်ဆီယမ်ဖော့စဖိတ်ဖြစ်သွားပြီး ကလေးအရိုးပဒေသာအား အခြေခိုင်ရန် ပံ့ပိုးပေးသည်။

သံဓာတ်– တစ်ကိုယ်လုံးမှ သံဓာတ် ၅၀ %ကို အရိုးတွင်တွေ့ရပြီး အရိုးတည်ဆောက်ပုံကို အကျိုးပြုသည်။

သင့်ကလေး ကျန်းမာသော အရိုးကို ထိန်းသိမ်းစေရန် အကြံကောင်းများ

ကယ်လ်ဆီယမ်ကို မမေ့ပါနှင့်- နို့နှင့် အခြား ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာများသည် သင့်ကလေး၏ နေ့စဉ်အစားအသောက်တွင် ပါပါစေ။ ကလေးတစ်ဦးနှင့်တစ်ဦး လိုအပ်သော ကယ်လ်ဆီယမ်ပမာဏ မတူညီသောကြောင့် ကျန်းမာရေးပါရဂူနှင့်တိုင်ပင်ပါ။

မျှတသောအာဟာရ ရရှိပါစေ– အရိုးကျန်းမာရေးနှင့် မျှတသော အာဟာရအတွက် ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝစွာ ရရှိပါစေ။

နေပူထဲထွက်ပါ- ကယ်လ်ဆီယမ်နှင့် ဗီတာမင် D အတူအလုပ်လုပ်ဆောင်ပြီး အရိုးတည်ဆောက်မှုနှင့် ထိန်းသိမ်းမှုအတွက် ကာကွယ်ပေးသည်။

တက်ကြွပါ- အာဟာရဓာတ်ကြွယ်ဝသော အစားအသောက်စားသည့်အပြင် ကိုယ်လက်လှုပ်ရှားမှုကလည်း အရိုးကျန်းမာရေးအတွက် အရေးပါသည်။ အသက်အရွယ်အလိုက် ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ရှိပါစေ။ သင်လည်း သူတို့နှင့်အတူ ပါဝင်နိုင်သည်။