အာဟာရပညာရှင်၏ အကူအညီကို ဘယ်အချိန်တွင် ယူရမလဲ။

ယနေ့ခေတ်လျှင်မြန်စွာပြောင်းလဲလာသော လူနေမှုပုံစံသည် မိသားစုထမင်းစားချိန်ကို အပြောင်းအလဲမြန်စေသည်။ မိဘများသည် အသက်မွေးဝမ်းကျောင်းအလုပ်နှင့် မိသားစုဘဝတို့အတွက် ကျန်းမာစေသောဟင်းလျာများချက်ပြုရာတွင် အချိန်များစွာနှင့် စဉ်းစားချိန်မရှိချေ။

ပုံမှန်စီစဉ်ထားသော မိသားစုထမင်းစားချိန်နှင့်နေရာသည် ဘာကြောင့်အကျိုုးရှိသနည်း၊ ဘယ်လိုလုပ်ရမလဲ ဆိုသည့်အကြုဉာဏ်များကို အောက်တွင်ဖော်ပြထားပါသည်။

 

ဘာကြောင့်ကူညီနိုင်သလဲ။

ဘဝတွင်ခိုင်မာသည့် ဖွဲ့စည်းပုံရှိခြင်းသည် အရာအားလုံးကို များစွာအကျိုးရှိစေဖို့ ကူညီပေးပါသည်။ အထူးသဖြင့် သင့်ကလေးကို အစာကျွေးသည့်အချိန်တွင် ပိုမိုမှန်ကန်ပါသည်။ ၎င်းသည် ပတ်ဝန်းကျင်နှင့် အစားအစာ၏ လုံခြုံရေးခံစားမှုကို ဖြည့်ပေးပါသည်။ ၎င်းသည် ကလေးများ၏ ဗိုက်ဆာလောင်မှုကို ထိန်းညှိရန်နှင့် ဗိုက်ပြည့်သောအခါ အစာစားခြင်းကို ရပ်တန့်ရန် ကူညီပေးသည်။ ထို့အပြင် အာဟာရပြည့်ဝ စေသောအစာ နှင့်ပေါင်းစပ်လိုက်သည့်အခါ ကလေးများကြီးပြင်းလာသည့် တစ်လျှောက်တွင် ဖျားနာမှုများ ပိုနည်းလာသည်။ သူတို့နေမကောင်းဖြစ်မှုနည်းသောအခါ ပိုကောင်းသည့်ဦးနှောက်စွမ်းအားများနှင့် မှီခိုမှုနည်းလာပြီး မိဘများအ‌ပေါ် ဗိုလ်ကျခြင်းများလျော့နည်းစေပါသည်။

 

လွယ်ကူသောအစားအစာ စီစဉ်ခြင်းဆိုင်ရာသိကောင်းစရာများ

အစီစဉ်ချခြင်းနှင့်ပတ်သတ်လာပါက သင့်ကလေးအလွယ်တကူ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်မည့် အစီစဉ်ကိုသာ ဦးစားပေးသင့်ပါသည်။ ထို့ကြောင့် ပြောင်းလွယ်ပြင်လွယ်ခြင်းသည် အဓိကသော့ချက်ဖြစ်သည် အခြားသူများ၏ကလေးများတွင် အဆင်ပြေသော အစီစဉ်သည် သင့်ကလေးတွင် အဆင်မပြေနိုင်ပါ။

၁။ ပထမဆုံးအနေနှင့်နေရာကို အရင်စီစဉ်ပါ။

အကယ်၍သင့်အိမ်ကခွင့်ပြုလျှင် သက်သောင့်သက်သာ ရှိသည့် ထမင်းစားမည့်နေရာကို မီးဖိုချောင်၊ ထမင်းစားခန်း (သို့မဟုတ်) ဧည့်ခန်းရှိစားပွဲ၌ ပြုလုပ်ထားပါ။ ထို့နောက် သင့်ကလေးသည် ထမင်းစားချိန်ရောက်လျှင် ဘယ်ကိုလာရမလဲဆိုတာ ကိုသိအောင်လုပ်ပါ။ ထိုသို့လုပ်ခြင်းသည် ကလေးအတွက်တင်မက မိဘတစ်ယောက်အနေနှင့်ပါ သူနှင့်အတူရှိပြီးထမင်းစားဖို့ လိုအပ်ပါသည်။ အခြေအနေအရလိုအပ်လျှင် သင်၏တည်နေရာပြောင်းနိုင်သည်။ သို့သော် ၎င်းကို ချွင်းချက်တစ်ခုအနေနှင့် မကြာခဏမပြုလုပ်သင့်ကြောင်း သင့်ကလေးကို အသိပေးပါ။

၂။ အချိန်သတ်မှတ်ပါ။

မနက်စာကို မနက် ၇ နာရီ၊ နေ့လည်စာကို နေ့လည် ၁ နာရီနှင့် ညစာကို ညနေ ၆း၃၀ တို့သည် အကြုံပြုထားသော အချိန်များဖြစ်သည်။ ကလေးသည် အသက်ကြီးလာသည်နှင့်အမျှပြောင်းလဲသွား လိမ့်မည်။ ထို့ကြောင့် အလွယ်တကူပြောင်းလဲနိုင်သော အချိန်ဇယားကို သတ်မှတ်ထားခြင်းသည် အကျိုးရှိစေပါသည်။ ၎င်းသည်ကလေးတစ်ဦးချင်းစီပေါ်တွင်မူတည်သည်။ သို့သော် တစ်နေ့လျှင် ထမင်း ၃နပ် နှင့် သရေစာစားချိန်သည် ၂ ကြိမ်မှ ၃ကြိမ်သည် အားလုံးတွင်တူညီသည်။ သရေစာစားချိန်သည် ထမင်းစားချိန်နှင့် ၃ နာရီမှ ၄နာရီခန့်ခွာထားသင့်သည်။ ထမင်းစားချိန်သည် အချိန်လွဲနိုင်သည်။ သို့သော် မူလသတ်မှတ်ထားသော အချိန်ထက် အတိုးအလျော့ကို မိနစ် ၃၀ ထက်မပိုပါစေနှင့်။

၃။ စားသောက်မည့် မီနူးများကို လှည့်လည်ပါ။

အရွယ်ရောက်သူတစ်ဦးအနေနှင့်ပင် ကျွန်ုပ်တို့သည် အစားအစာတစ်ခုကို ငြီးငွေ့လာလျှင် အစားပြေမုန့်များကို ပြောင်းစားလေ့ရှိပြီး ၎င်းတို့သည်များသောအားဖြင့် အာဟာရတန်ဖိုးမရှိပါ။ အလှည့်အပြောင်းများပြုလုပ်ခြင်း သည် အိမ်တွင်မည့်သည့်ပစ္စည်များရှိသည်ကို သိပြီး စွန့်ပစ်ရမှုလျော့နည်စေခြင်းနှင့် သင့်ကလေး၏ အကြိုက်ဆုံးအစားအစာကို ပါရှာတွေ့နိုင်ပါသည်။ သင့်ကလေးသည် သရေစာစားချိန်ကို ပိုမိုစိတ်ဝင်စားနိုင်သည် ။ ထို့ကြောင့် အာဟာရပြည့်ဝသောရွေးချယ်စရာများကို သေချာစွာထုတ်ပိုးပါ။

အစီစဉ်ချခြင်း၊ အချိန်ဇယားဆွဲခြင်း နှင့်ချက်ပြုတ်ခြင်းများအားလုံးပြီးသောအခါ သင့်ကလေးကို သင်လိုချင်သည့်ပုံစံအတိုင်း ပုံစံချမည်ဟူသောအတွေးကို ဖယ်ရှားရန် ကြိုးစားရပါမည်။ သင်သည်အမြဲတမ်း အတင်းအကျပ်ခိုင်းသည့်အခါတွင် မကောင်းသည့် အစာစားသည့်အကျင့်ကို ဖြစ်စေပါသည်။ ကလေးများအတွက် ရွေးချယ်မှုပြုလုပ်နိုင်ရန် အခွင့်အလမ်းများကို ဖန်တီပေးပါ။ အဓိကပန်းတိုင်မှာ သူတို့ကို အစာစားဖို့သက်သက်မဟုတ်ဘဲ သူတို့၏စားချင်စိတ်ကို ထိန်းညှိဖို့နှင့် ပုံမှန်အစားအစားဖို့သာဖြစ်ပါသည်။

 

Reference(s):

  1. https://pediasurearabia.com/ae/en/child-nutrition/fun-with-nutrition/follow-set-meal-and-snack-time-schedule
  2. https://pediasurearabia.com/ae/en/child-nutrition/fun-with-nutrition/create-a-family-table-and-model-enjoyable-eating
  3. https://nutritioninbloom.com/blog/2019/4/5/how-scheduling-meals-and-snacks-can-help
  4. https://jillcastle.com/childhood-nutrition/meal-schedule-without-controlling/