သင့်ကလေးသည်အစားအသောက်ရွေးသောသူ ဖြစ်ပါသလား။

  • သင့်ကလေးသည် အစာစားရန်ထပ် ကစားဖို့ကို ပိုနှစ်သက်ပါသလား။
  • သင့်ကလေးဟာ အစားအစာ၏ အရသာ၊ အနံ့၊ အမြင် ပေါ်မူတည်ပြီး အစာရွေးချယ်မှုတို့ ပြုလုပ်တတ်ပါသလား။
  • သင်၏ကလေးသည် အစားအစာကို မြင်သည်နှင့်ငိုယိုပြီး မကြွေးရန်တောင်းဆို၍ ပါးစပ်ကိုပိတ်ထားပါသလား။
  • သင့်ကလေးသည် အစားမျိုးစုံစားခြင်းထက် အစားစားချင်စိတ် အနည်းငယ်သာရှိသူ ဖြစ်နေပါသလား။
သင့်ကလေး ကြီးထွားဖွံ့ဖြိုးမှု လမ်းကြောင်းပေါ် ရောက်ရှိဖို့အတွက် ကောင်းမွန်သော အစားအသောက် ကျွေးမွေးမှုပုံစံကို ရွေးချယ်ပြီး သင့်ကလေး အစာစားဖို့အတွက် ကျင့်သုံးသင့်ပါသည်။

စားသောက်ချိန်များကိုစီမံခန့်ခွဲခြင်း

  • ပုံမှန်စားနေကြ စားသောက်ချိန်ကိုသတ်မှတ်ပါ။(၃နာရီမှ ၄နာရီခွာ၍)

  • အစာစားချိန်ကို မိနစ်၃၀ သာသတ်မှတ်ထားပါ။

သင့်တော်သည့် အစားအသောက်ကို ရွေးချယ်ပါ။

  • သင်၏ကလေးကို ပျော့ပျောင်း၍စားရလွယ်သော အစားအသောက်များကို ဝါးစားတတ်စေရန် နှင့် မြိုချတတ်စေရန် လေ့ကျင့်ပေးပါ။

ကြောက်ရွံ့မှုကို ဖြေရှင်းပါ။

  • အစာစားချိန်ပြင်ပ၌ အစားနှင့် ပက်သက်ဆက်စပ်သည့် ထိုင်ခုံ၊ စားပွဲ၊ ဇွန်း၊ ခရင်း စသည့်တို့ကိုမိတ်ဆက်ပေးပါ။

သင့်ကလေး၏ဆာလောင်ခြင်း အချက်ပြမှုကို နားလည်အောင်လေ့လာပါ။

  • သင့်ကလေးဆာလောင်သည်ဟု အချက်ပြမှသာ အစာကျွေးရန်နှင့် သင့်ကလေးအစာဝကြောင်း ပြပါက အစာကျွေးခြင်းကိုရပ်တန့်လိုက်ပါ။

အာဟာရပြည့်ဝ၍ ကျန်းမာစေမည့်အစားအသောက်များကို ရွေးချယ်ပါ။

  • သစ်သီးဝလံများ၊ဟင်းသီးဟင်းရွက်များ၊ စီရီရယ်များ၊ အစေ့အဆံများ၊ အခွံမာအသီးများ၊ အသားများ၊ နို့နှင့် နို့ထွက်ပစ္စည်းများကိုကျွေးပါ။

မိသားစုထမင်းဝိုင်းကိုတည်ဆောက်ပါ။

  • အစာစားချိန်တိုင်း မိသားစုများတူတူစားပါ။

  • သင့်ကလေး၏အာဟာရကို PediaSure ဖြည့်စွက်အစားအစာကျွေးခြင်းဖြင့် သင်၏ကြောက်ရွံမှုကို လျော့ချပါ။

အစားအစာအသစ်များကိုမကြာခဏ ကျွေးမွေးပါ။

  • အနည်းဆုံး၁ရက်လျှင် ၁ကြိမ်သင့်ကလေးမစားသော(သို့မဟုတ်)မစားဖူးသော အစားအစာများကို ကျွေးပါ။ သင့်ကလေး၏ပန်းကန်တွင် အစားအစာသစ်ကို ကလေးကြိုက်သောအရာနှင့် တွဲ၍ကျွေးပါ။

အစားအစာအသစ်များကိုမကြာခဏ ကျွေးမွေးပါ။

  • အနည်းဆုံး၁ရက်လျှင် ၁ကြိမ်သင့်ကလေးမစားသော(သို့မဟုတ်)မစားဖူးသော အစားအစာများကို ကျွေးပါ။ သင့်ကလေး၏ပန်းကန်တွင် အစားအစာသစ်ကို ကလေးကြိုက်သောအရာနှင့် တွဲ၍ကျွေးပါ။