Role of Arginine in Kids
ကလေးများအတွက် အမိုင်နိုအက်စစ်၏ အရေးပါပုံ

ပထမဆုံး ၅နှစ်တာကာလမှာ လိုအပ်သော အာဟာရဓာတ်နှင့် ဖျားနာမှုကင်းစင်ပါက ကလေးတိုင်းတွင် တူညီသော ကြီးထွားဖွံ့ဖြိုးမှုရရှိရန် တန်းတူအခွင့်အရေး ရှိကြပါသည်။ ဒါကြောင့် အရိုးများ ကျန်းမာသန်စွမ်းဖို့ လိုအပ်သော အာဟာရဓာတ်များရရှိဖို့က အလွန်အရေးကြီးပါသည်။
ဆေးသုတေသန လေ့လာမှုများအရ ကြီးထွားဖွံ့ဖြိုးမှုနည်းသော ကလေးများသည် ကြီးထွားဖွံ့ဖြိုးမှု ပုံမှန်ရှိသော ကလေးများနှင့်ယှဉ်လျှင် အာဂျီနင်းဓာတ်နည်းနေသည်ကို တွေ့ရှိရသည်။
အာဂျီနင်းဓာတ်ရရှိမှုသည် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် သက်ဆိုင်နေသည်။ အာဂျီနင်းသည် အမိုင်နိုအက်ဆစ်ဓာတ်တစ်မျိုးဖြစ်ပြီး အသားဓာတ်ကြွယ်၀သော အစားအစာများဖြစ်သည့် အခွံမာသီး၊ အစေ့အဆံ၊ အသား၊ ပင်လယ်စာ၊ နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ပါရှိပါသည်။ အာဂျီနင်းဓာတ်က အရိုးများ ကြီးထွားဖွံ့ဖြိုးဖို့အတွက် တစ်ရှူးများမှ လိုအပ်သော ကြီးထွားဖွံ့ဖြိုးမှုဟော်မုန်း ထွက်ပေါ်လာမှုကို ကူညီပေးပြီး အရိုးများကို ပိုမိုကြီးထွားစေသည်။ နေ့စဉ်စားသုံးသော အာဟာရထဲတွင် အာဂျီနင်းဓာတ် လုံလောက်စွာ မရရှိပါက ကလေးများကြီးထွားဖွံ့ဖြိုးရန်အတွက် မိဘတို့အနေဖြင့် အာဂျီနင်းဓာတ်ပါသော ဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးခြင်းကို ထည့်သွင်းစဉ်းစားနိုင်သည်။