ဗီတာမင်ကေ ၂ က အရိုးများ သန်မာမှုအတွက် အရေးပါသော အာဟာရဓာတ်တစ်မျိုး ဖြစ်သည်။ ဗီတာမင်ကေ ၂ ဓာတ် ချိုတဲ့ပါက အရိုးသိပ်သည်းဆနည်းပြီး အရိုးကျိုးလွယ်ခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ဗီတာမင်ကေ ၂ က Osteocalcin ၏ လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပြီး အရိုးကြံ့ခိုင်မှုအတွက် လိုအပ်သော ကယ်လ်ဆီယမ်ဓာတ် ရရှိအောင် ထောက်ပံ့ပေးခြင်းဖြင့် အရိုးများကို သဘာ၀အတိုင်း သန်စွမ်းအောင် ကူညီပေးသည်။
ကလေးများ အရိုးသန်စွမ်းဖို့အတွက် ကယ်လ်ဆီယမ်ဓာတ်လုံလောက်စွာ ရရှိဖို့ လိုအပ်ပြီး ဗီတာမင်ကေ ၂ က အရိုးများ သန်စွမ်းကျန်းမာဖို့အတွက် အရေးပါသော အခန်းကဏ မှ ကူညီပံ့ပိုးပေးသည်။ လုံလောက်သော အာဟာရဓာတ်ကို မရရှိဘဲ သားသားမီးမီးတို့ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပူပန်နေပါက အာဟာရဓာတ် လုံလောက်စွာ ထောက်ပံ့ပေးနိုင်ဖို့ နေ့စဉ်အစားအစာထဲတွင် ဖြည့်စွက်အာဟာရကို ထည့်သွင်းခြင်းကိုလည်း စဉ်းစားနိုင်သည်။