ကလေးများအတွက် အာရုံခံနှင့် အပြုအမူကျွေးမွေးခြင်းဆိုင်ရာပြဿနာများ
ကလေးများအတွက် အာရုံခံနှင့် အပြုအမူကျွေးမွေးခြင်းဆိုင်ရာပြဿနာများ
အစားကြေးများခြင်း – ဟုသိထားသော အစားအစာရွေးချယ်ခြင်းသည် တစ်နည်းအစားဖြင့် ကလေးငယ်တစ်ဦးသည် အစားအစာတစ်ခု၏ အရသာကို အခြားအစားအစာ တစ်ခုထက်ပိုနှစ်သက်သည်။ ဥပမာအားဖြင့် သူတို့သည် အမဲသားကို စားနိုင်သော်လည်း ဆိတ်သား၏အရသာကို မနှစ်သက်ပါ။ အခြားအကြောင်းအရာ တစ်ခုမှာ အသားကြော်နှင့် ဟင်းချိုတွင် ပြုတ်ထားသော အသီးအရွက်များကို ဦးစားပေးစားသည်။ အာရုံခံစားမှုများသည် တစ်ခါတစ်ရံအစားအစာ၏ အနံ့အထိပါဝင်နိုင်သည်။ တကယ်တော ၎င်းသည် တစ်ခုခုကို မကြိုက်တာထက် အစာစားခြင်ကို မကောင်းသော အတွေ့အကြုံတစ်ခု ကဲ့သို့မှတ်ယူတာထက်ပိုမို နက်ရှိုင်းသည့် အဆင့်ကို ရောက်ရှိသွားသည်။
အာရုံခံစားမှုနှင့် အကျင့်စာရိတ္တဆိုင်ရာပြဿနာများတွင် မည်သည့်လက္ခဏာများပါဝင်သနည်း။
အာရုံခံစားမှု – အကယ်၍သင့်ကလေးသည် အစာကို အကြာကြီးဝါးစားတာကို သတိထားမိခြင်း၊ အစားကိုမျိုးမချဘဲ ပါးစပ်ထဲတွင်ငုံထားခြင်း၊ အစားစားရန်အတွက်အချိန်အကြာကြီးယူခြင်း (သို့မဟုတ်) အစားအစာကို စားဖို့ထိဖို့ ငြင်းခြင်းနှင့် ပိုမို ဆိုးရွားသော ပြဿနာများဖြစ်လာနိုင်သောကြောင့် ကလေးအထူးကုဆရာဝန်(သို့မဟုတ်) ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်သင့်ပါသည်။
အပြုအမူ – အာရုံခံစားမှုနှင့် အပြုအမူဆိုင်ရာပြဿနာများသည် ရောယှက်နိုင်သည်။ အစာစားချိန်တွင် အပြင်ထွက်ခြင်း နှင့် တက်နိုင်သမျှငြိမ်ငြိမ်ထိုင်ရန် တွန်းလှန်ခြင်းကဲ့သို့သော အပြုအမူများ။ မိဘ၏ခြိမ်းခြောက်မှု အောက်၌ပင် အစာစားရန်ငြင်းဆန်ခြင်း၊ အစားအစာများကိုလွှင့်ပစ်ခြင်း၊ အော်ဟစ်ခြင်း၊ အန်ခြင်း (သို့) အစားအစာခြင်းမှ ပြင်းပြင်းထန်ထန်ရုန်းထွက်ပြေးခြင်းတို့သည် ၎င်းတို့တွင်ဖြစ်နိုင်သော အာရုံခံစားမှုဆိုင်ရာ ပြဿနာတစ်ခုမှအစပြုနိုင်သည်။
ဘယ်လိုရင်ဆိုင်ဖြေရှင်မလဲ?
စားသောက်ဆိုင်များ (သို့မဟုတ်) အခြားအစားအစာပွဲများသို့သွားခြင်းသည် အာရုံခံစားမှုနှင့်အစာကျွေးမှု အပြုအမူဆိုင်ရာပြဿနာရှိသောကလေးများတွင် မိဘနှင့်ကလေးနှစ်ယောက်လုံးသည် စိတ်ဖိစီးမှုကို ဖြစ်စေသည်။ အောက်တွင်ရင်ဆိုင်ဖြေရှင်ရန် အကြံပြုချက်အချို့ကို ဖော်ပြထားပါသည်။
၁။ ဖိအားမပေးပါနှင့် – သင်၏တုံပြန်မှုက သူတို့သည် အစားအစာကို စားရမည်ဖြစ်သောကြောင့် သူတို့သည် ၎င်းအစားအစာကို စားကိုစားရပါမည်။ အာရုံခံစားမှုဆိုင်ရာပြဿနာရှိသော ကလေးတစ်ဦးအတွက် အစားအစာကို နာကျင်မှုအဖြစ် ရှုမြင်သွားနိုင်သည်။ ထို့ကြောင့် ထိုနာကျင်မှုကို ကြောက်ရွံ့ခြင်းဖြင့် ကုသခြင်းသည် အခြေအနေကို တိုးတတ်စေမည်မဟုတ်ပါ။ သင့်ကလေးကို အကောင်းဆုံးဦးတည်ချက်မှာ သင့်ကလေးကို စောင့်ကြည့်ခြင်းနှင့် သင့်ကလေးကိုယ်တိုင်စူးစမ်းလေ့လာခွင့်ပေးပါ။
၂။ သင့်ကလေးကို ဆန်းစစ်ပါ – အာရုံခံစားမှုနှင့် အပြုအမူများသည်ရောယှက်နေသော်လည်း ၎င်းသည် ကျန်းမာရေးဆိုင်ရာပြဿနာတစ်ခုလည်း ဖြစ်နိုင်သည်။ ခံတွင်း, အစာခြေဖျက်မှု (သို့မဟုတ်) အာဟာရချို့တဲ့မှုသည် အစားမစားခြင်းကြောင့် ဖြစ်စေနိုင်သော အကြောင်းအရင်များဖြစ်သည်။ သင်၏ကလေးကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးနှင့် တိုင်ပင်ခြင်းသည်အကောင်းဆုံး ဖြစ်သော်လည်း ထိုအချိန်တွင် သင့်ကလေးအားစကားပြောပါ သူတို့၏စိတ်ဖိစီးမှုများကို သင်လည်းနားလည်းသိရှိကြောင်း အသိပေးပါ။
၃။ အသစ်အဆန်းများကို ကြိုးစားခြင်းသည် လွယ်ကူသည် – အသစ်ဆန်းများနှင့်ရောနှော၍ ၎င်းတို့ မနှစ်သက်သည့်အရာများကို ဖြည်းဖြည်းချင်းလျော့ချရန် စမ်းသပ်ပါ။ အတူတကွချက်ပြုတ်ခြင်းသည် ၎င်းတိုအား အရာဝတ္တုအသစ်များနှင့် ထိတွေခံစားစေခြင်း (သို့မဟုတ်) ယခင်က ၎င်းတို့ကြောက်ခဲ့သော အရာဟောင်းများကို အမြင်ပြောင်းလဲစေခြင်း စသည့်အတွေ့ကြုံများကို ပေးပါလိမ့်မည်။ သူတို့အား အစားစားရန် အလွယ်ကူဆုံးမှာ ပထမအနေဖြင့် အနံ့ ထို့နောက် လက် (သို့မဟုတ်) ပါးစပ်တို့နှင့်ထိတွေ့ခြင်းမှ တိုးတတ်လာသည်။ သူတို့သည် အနံ့ခံခြင်းကို ကျော်လွန်သွားပါက ကိုက်ကြည့်ခြင်းနှင့် နောက်ဆုံးတွင် မြို့ချခြင်းကို ကြိုးစားပါလိမ့်မည်။ ထိုအခါတွင် သူတို့ကို ချီးမွမ်းပြီး ဆုချပါ။
Reference(s):