သင့်ကလေးကြီးထွားမှုနှုန်း ကျဆင်းနေသည်ကို ပြောသည့်လက္ခဏာများ

ကြီးထွားမှုတစ်ခုစီ၏ အဓိကဖြတ်သန်းသည့်နှစ်များမှာ ၂၄ လမှ ၃၆ လအထိကြာသည်။ မိန်းကလေးများသည် အသက် ၁၀နှစ်မှ ၁၄ နှစ်ကြားတွင် ကြီးထွားမှုနှုန်းဖြစ်လေ့ရှိပြီး ယောကျာ်လေးများသည် အသက် ၁၂ မှ ၁၆ နှစ် အကြားတွင် ဖြစ်လေ့ရှိပါသည်။

ကြီးထွားဖွံ့ဖြိုးမှုတွင် အာဟာရသည် အဘယ်ကြောင့်အဓိကဖြစ်သနည်း။

ကလေးတစ်ဦး၏ ကောင်းစွာကြီးထွားဖွံ့ဖြိုးခြင်း၊ အာဟာရများအရေးကြီးသော အစိတ်အပိုင်းများသည် ဟော်မုန်းများနှင့် မျိုးရိုးဗီဇများပေါ်တွင် ဖြတ်ပြီး အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ကယ်လ်ဆီယမ်၊ ဖော့စဖရတ်၊ ဗီတာမင် ဒီ၊ ဇင့်နှင့် အခြားဗီတာမင် များကဲ့သို့သော အာဟာရများသည် ကလေးတစ်ဦး၏ ကြီးထွားမှုကို အထောက်အကူပြုပါသည်။ ကလေးများ၏ ကိုယ်ခန္ဓာသည် ကြီးထွားရန် အရှိန်မြှင့်နေစဉ်အတွင် ရေမြှပ်နှင့်တူသည်။ ၎င်းသည် လိုအပ်သောအကူအညီများကို ရရှိရန်လိုအပ်သည်။ ဤအချက်များသည် မိဘများအနေဖြင့် ကလေးများ၏ ကြီးထွားမှုနှုန်းကို အခြေခံနိုင်သည့် နည်းလမ်းအချို့ဖြစ်သည်။ အခြားကြီးထွားမှု ဆိုင်ရာစိုးရိမ်မှုများအတွက် ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ ကလေးတို့သည် အမြဲတမ်းဗိုက်ဆာနေကြသည်

သင့်ကလေးသည် ထမင်းစားပြီးနောက် ဗိုက်ဆာနေသေးလျှင် ၎င်းသည်ကြီးထွားမှုတိုးပွားလာခြင်း၏ သာမန် လက္ခဏာတစ်ရပ်ဖြစ်သည်။ ဤကြီးထွားမှုတိုးတတ်နှုန်း မတိုင်မီနှင့် ကြီးထွားနေသည့်ကာလအတွင် ဖြစ်ပျက်သည်ကို  သင်တွေ့မြင်ရပြီး ၂၄ လမှ ၃၆လ အထိကြာနိုင်သည်။ ၎င်းအဆင့်တွင် အသင့်စားအစားအစာများ စားသုံးခြင်းကို ကန့်သတ်ပြီး အာဟာရသိပ်သည်းမှုများသော အစားအစာများကို ပိုမို ကျွေးမွေးပေးပါ။ ၎င်းအချက်သည် သင့်ကလေး၏ ကလေးဘဝတွင် ဆီးချိုရောဂါဖြစ်ပွားမှု အန္တရာယ်ကို ရှောင်ရှားရန်ဖြစ်ပါသည်။

သာမန်အဝတ်အစားများနှင့် အံကိုက်မဖြစ်ခြင်း

သင်၏ကလေးသည် ကြီးထွားတိုးတတ်မှုနှုန်းကို ဖြတ်သန်းနေကြောင်း ရိုးရှင်းသည့် ဖော်ပြချက်သည် သူတို့၏ပုံမှန် အဝတ်အစားများနှင့် မတော်တော့ပါ။ ကလေးများ၏ကြီးထွားနှုန်းသည် မျိုးရိုးဗီဇနှင့် အာဟာရဆိုင်ရာများ၏ အချက်များနှင့် ကွဲပြားခြားနားသည်။

အိပ်ငိုက်ခြင်း

ကလေးငယ်တစ်ဦး၏ ကြီးထွားမှု အများစုသည် အိပ်ချိန်တွင် ဖြစ်တတ်သည်။ ထို့ကြောင့် ကလေးငယ်များ၏ကြီးထွားမှု ဟော်မုန်းသည် အိပ်ရာဝင်သည့်အချိန်တွင်အများဆုံးထွက်သောကြောင့် ကလေးငယ်များ၏ခန္ဓာကိုယ်သည် အိပ်စက်အနားယူရန်အတွက် အချက်ပြလေ့ရှိသည်။ အသက်အရွယ်ပေါ်မူတည်၍ ကလေးငယ်တစ်ဦးသည် ၈ နာရီမှ ၁၀ နာရီအထိ အနားယူအိပ်စက်သင့်သည်။

ကိုယ်အလေးချိန်တိုးလာခြင်း

ကြီးထွားမှုဖြစ်စဉ်အရှိန်အဟုန်ဖြင့် ဖြစ်သည့်အခါတွင် ကလေးငယ်များ၏ ကိုယ်အလေးချိန်သည် ၃ ဆအထိတိုးလာနိုင်သည်။ ၎င်းတို့စားသော အစားအစာများ၊ ကိုယ်လက်လှုပ်ရှားမှုများနှင့် ဖြစ်နိုင်ချေရှိသော ရောဂါများကို ခြေရာခံခြင်းဖြင့် ၎င်းတို့အလေးချိန် မည်သို့တိုးတတ်လာသည်ကို ဂရုပြုပါ။ စိတ်ပိုင်းဆိုင်ရာကို ပံ့ပိုးပေးခြင်းဖြင့် ၎င်းတို့သည် ကျန်းမာသော ခန္ဓာကိုယ် ပုံရိပ်ကို ထိန်းသိမ်းထားနိုင်ပါသည်။

၎င်းတို့သည် မကြာသေးမီအချိန်တွင် အပျိုဖော်ဝင် ခြင်း

ကြီးထွားမှုဖြစ်မှုအရှိန်မြင့်လာခြင်းသည် အပျိုဖော်ဝင်စဉ်ကာလအတွင်းတွင် ဖြစ်လေ့ရှိပြီး ထိုနှစ်များတွင် အမြင့်ဆုံးနှုန်းကို ရရှိသည်။ အကောင်းဆုံးကြီးထွားမှုအတွက် ပရိုတင်း၊ ဗီတာမင် ဒီ၊ ပိုတတ်စီယမ်နှင့် ကယ်လ်ဆီယမ် ကြွယ်ဝသောအစားအစာများနှင့် အာဟာရကို မျှမျှတတ စားသုံးပါ။ ကျန်းမာသောအူကို ပိုင်ဆိုင်သော ကလေးငယ်တစ်ဦးဖြစ်ရန်အတွက် ၎င်းတို့စားသုံးသောအစားအစာတွင်အမျှင်ဓာတ်များ ပါဝင်အောင်စားသုံပါ။ အရိုးများကြီးထွားခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ အပျိုဖော်ဝင်ခြင်းနှင့် ဆာလောင်ခြင်းတို့သည် ကလေးငယ်တစ်ဦးကြီးပြင်းလာခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မှန်ကန်သော အာဟာရနှင့် ပတ်ဝန်းကျင်ကို ပံ့ပိုးပေးရန်မှာ မိဘ၏တာဝန်ဖြစ်သည်။

Reference(s):

  1. https://www.nutritionnews.abbott/pregnancy-childhood/kids-growth/6-signs-your-kid-is-having-a-growth-spurt/