ကလေးများ၏စားသောက်ခြင်းဆိုင်ရာပြဿနာများ
ကလေးများ၏စားသောက်ခြင်းဆိုင်ရာပြဿနာများ
အစာစားခြင်းသည် ကလေးတစ်ဦးအတွက် ကြီးထွားခြင်း၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မိဘတစ်ဦးအား အစားအစာ နှင့် ပတ်သတ်၍သင်ကြားမှုအခွင့်အလမ်းများစွာပေးသည်။ တစ်ခါတစ်ရံသင်သည် ပြစ်ဒဏ်များ သို့မဟုတ် လာဘ်ပေးလာဘ်ယူမှုများကို ပြုလုပ်လိုသော်လည်း မိဘများ ရင်ဆိုင်ရလေ့ရှိသော အစားစားချိန်ပြဿနာများကို နားလည် ခြင်းအားဖြင့် ကျန်းမာသောအစားအစာများကို စားသုံးဖို့အားပေးပါ။
သင်၏ကလေးသည် အမြဲတမ်းဆာလောင်ခြင်း သို့မဟုတ် အစာစားရန်ငြင်းဆန်ခြင်း
ကလေးများ၏ကြီးထွားမှု အတက်အကျကြောင့် အစားအစာလိုအပ်ချက်မှာ ကွဲပြားပါလိမ့်မည်။ တစ်နေ့လျှင် အစားအစာများကို ၃ ကြိမ် အတင်းအကျပ်ကျွေးမည့်အစား ၊ ကလေးများအတွက် သင့်လျော်သော ပမာဏဖြင့် ၅ ကြိမ်အထိ ခွဲကျွေးရန်ကြိုးစားပါ။ သင့်ကလေးအတွက် အစားအစာအသစ်များစားသုံးနိုင်ရန်အတွက် အချိန်ပေးပြီး စိတ်ရှည်သင့်ပါသည်။
သင့်ကလေးသည် အစားအစာအသစ်များကို စားသုံးရန်ငြင်းဆန်ခြင်း။
သင့်ကလေးသည် Neophobic ဖြစ်သောကြောင့် အစားအစာ အသစ်များကို စားသုံးရန်စိတ်မပါခြင်းဖြစ်နိုင်သည်။ ကလေးများသည် အကျွမ်းတဝင်ရှိသော အရာများကို အမြဲတမ်းပုံမှန် ပြန်ကျင့်သုံးတတ်ကြသည်။ ထို့ကြောင့် ၎င်းတို့အမြဲစားသောအစားအစာများသည် သူတို့အတွက် အဆင်ပြေဖြစ်ကြသည်။ အပြောင်းအလဲကို အတင်းအကြပ်လုပ်မည့်အစား ၎င်းတို့ကြိုက်သည့်အစားအစားများတွင် အမျိုးမျိုးထည့်ဖို့ ကြိုးစားပါ။ သင်သည့်အချို့သောအရာများကို ချက်ပြုတ်သည့်ပုံစံပြောင်းလဲခြင်းဖြင့် ၎င်းတို့သည် အရသာခံစားမှု အတွေ့အကြုံအသစ်များရရှိနိုင်သည်။
သင်သည်သင့်ကလေးထက်ပို၍အဆင်မပြေဖြစ်သည်
ကလေးများသည် အစားအစာကို မကြိုက်ပါက သင့်ကို ပြောရန်မတွန့်ဆုတ်ပါ ၎င်းအချက်သည် ပုံမှန်အတိုင်းသာဖြစ်ပါသော်လည်း သင့်ကို စိတ်ပျက်သွားစေနိုင်ပါသည်။ ၎င်းတို့ကို ပျော်ရွှင်စေသည့်လုပ်ဆောင်မှုများကို အော်ဟစ်ခြင်း သို့မဟုတ် လက်မခံခြင်းများမပြုလုပ်ပါနှင့်။ ကလေးများသည် အပြုအမူကို သင်ယူတတ်သောကြောင့် သင့်ကိုယ်ပိုင်တုံ့ပြန်မှုကို ထိန်းသိမ်းပါ။ ဥပမာအားဖြင့် ဦးဆောင်ပါ။ သကြားလုံးများနှင့် အသင့်စားအစားအစာများကို ဘယ်တော့အခါမှ ဆုအဖြစ်မပေးပါနှင့်။ အဘယ်ကြောင့်ဆိုသော် ကလေးများသည် ၎င်းတို့စားရမည့်အစားအစာနှင့် အပျက်သဘောဆောင်သည့် ဆက်နွယ်မှုကို ဖြစ်စေသောကြောင့်ဖြစ်ပါသည်။ ကလေးများကို ဈေးဝယ်သည့်အချိန်တွင် ပါဝင်ခိုင်းခြင်း၊ အချို့သော အစားအစားမျာကို ရှင်းပြခြင်း နှင့် အချို့သောပုံပြင်များနှင့် တွဲ၍ရှင်းပြပါ။ ကလေးများသည် အစားအစာကို အာရုံစူးစိုက်ရန်လိုအပ်သည် ထို့ကြောင့် အစားအစာများစားသုံးချိန်တွင် TV သို့မဟုတ် မိုဘိုင်း ဖုန်းများ ပေးသုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
Reference(s):
Hmm it appears like your website ate my first comment (it was super
long) so I guess I’ll just sum it up what I wrote and say, I’m thoroughly enjoying your blog.
I too am an aspiring blog blogger but I’m still new to everything.
Do you have any tips for novice blog writers? I’d definitely
appreciate it.
Attractive section of content. I just stumbled upon your blog and in accession capital to assert that I acquire actually
enjoyed account your blog posts. Any way I will be subscribing to your feeds and even I achievement you access consistently quickly.
Highly energetic blog, I enjoyed that bit. Will there be a part 2?
Keep on writing, great job!
Hello i am kavin, its my first time to commenting anyplace, when i read this piece of writing i thought i could also make comment due
to this sensible piece of writing.