သင့်ကလေး၏အစားစားရန်ငြင်းဆန်သည့် အဓိကအကြောင်းအရင်းများ

မိဘများအနေဖြင့် ၎င်းတို့၏ကလေးများအတွက် မေတ္တာဖြင့် ပြင်ဆင်ပေးထားသော အစားအစာများကို အမြဲငြင်းဆန်သောအခါ စိတ်ပျက်လေ့ရှိကြသည်။ မြန်မာအများစုပြောကြသည့် “အောင်မြင်သည်အထိကြိုးစားပြီး ကြိုးစားပါ” ဟုပြောဆိုခြင်းသည် အထူးသဖြင့် အစားရွေးသည့် ကလေးများကို အစားကျွေးရာတွင် သာ အကျိုးသက်ရောက်နိုင်သည်ဟုသင်ထင်လိမ့်မည်။

ဆူပူကြိမ်းမောင်းခြင်းမပြုမီ သိုမဟုတ် သင်၏ကလေးကို အချိုစားစရာများနှင့် မမျှားမီ သင့်ကလေး၏ အစားစားရန် ငြင်းဆန်သည့် အဓိကအကြောင်းအရင်းများကို အရင်လေ့လာသင့်သည််။

၁။ အရသာအာရုံခံအဖုများဖွံ့ဖြိုးဆဲဖြစ်ခြင်း

ငယ်ရွယ်သည့်အသက်အရွယ်များတွင် ကလေးများ၏အာရသာခံအဖုများသည် ဖွံ့ဖြိုးဆဲဖြစ်သည်။ ၎င်းတို့တွင် ချိုခြင်းကို အရသာခံသည့်အဖုများသည် အပြည့်အဝဖွံ့ဖြိုးပြီးဖြစ်သော်လည်း ခါးခြင်းနှင့် ချဉ်ခြင်းကို အရသာခံသော အဖုများသည် အပြည့်အဝဖွံ့ဖြိုးခြင်းမရှိသေးပါ။ ထို့ကြောင့်ခါးသောအရသာရှိသော ဟင်းသီးဟင်းရွက်များကို ကလေးများက သဘာဝအားဖြင့် ငြင်းပယ်ကြပါသည်။ ထို့အပြင် ကလေးငယ်များသည် အရွယ်ရောက်ပြီးသူများနှင့် နှိုင်းယှဉ်လျှင် ပိုမို၍ထိခိုက်လွယ်သောအာရုံခံအဖုများရှိကြသည်။ ဆိုလိုသည်မှာ ၎င်းတို့ကို ကျန်းမာသောအစားအစာအမျိုးမျိုးကို ကျွေးမွေးခြင်းဖြင့် ၎င်းအစားအစာများသည် ကလေးများ၏အာရုံခံအဖုများဖွံ့ဖြိုးမှုကို ကူညီပေးပါသည်။ ထို့ကြောင့်မိဘများသည် ဤအာဟာရရှိသော အစားအစာများကို ဖော်ထုတ်ပေးရပါမည်။

၂။ အစားစားချိန်ကိုက်သတ်မှတ်ခြင်း။

ထမင်းစားချိန်နှင့် သရေစာစားချိန်များကို သေချာစွာပြုလုပ်ထားသည့်တိုင်ကလေးငယ်များသည် တစ်ခါတစ်ရံတွင် သရေစာများကို ပိုမိုတောင်းဆိုလေ့ရှိကြသည်။ အရာနှစ်ခုတွင် ဤတွင် ဖြစ်ပျက်နိုင်ပါသည်။ ဖွံ့ဖြိုးခြင်းဖြစ်စဉ်တွင်ရောက်နေသာ ကလေးများသည် စွမ်းအင်များစွာအသုံးပြုသောကြောင့် ဤစွမ်းအင်များအတွက် ကာဘိုဟိုက်ဒရိတ်ကိုပိုမိုလိုအပ်သောကြောင့်ဖြစ်သည်။ သို့မဟုတ် မကြာခဏဖြစ်နိုင်သည်မှာ ဆာလောက်နေသောကြောင့်ဖြစ်သည် အဘယ်ကြောင့်ဆိုသော် အများအားဖြင့် နောက်ဆုံးစားလိုက်သည့်အစားစားချိန်တွင် ကောင်းစွာမစားလိုက်သောကြောင့်ဖြစ်နိုင်သည်။

 

၃။ အစားစားချိန်အာရုံပျံ့လွင့်ခြင်း။

TV သို့မဟုတ် IPad ကြည့်နေစဉ်အစားစားခြင်း၊ အစားစားသည့်အချိန်တွင် စားပွဲပေါ်သို့ ကစားစရာပစ္စည်းများ ယူလာခြင်း သို့မဟုတ် ဆာလောက်နေသည့်အချိန်တွင် အစားမစားခြင်းတို့ဖြစ်သည်။ ကလေးများသည် အစားစားချိန်ခြင်းကို အလေးမထားသောအခါ ၎င်းတို့သည် အစားအစာနှင့် အပြန်အလှန် ဆက်သွယ်မှုမရှိတော့ပါ။  သင်ယူမှုများမရှိသောကြောင့် ၎င်းတို့သည် အစားအစာများ၏ အရသာအာရုံခံခြင်းခံစားမှု မရရှိတော့ပါ။ ထို့ကြောင့်ကလေးများသည် ၎င်းတို့၏ ဆာလောက်မှုနှင့် ပြည့်ဝမှုကို သတိမပြုမိကြပါ။ ၎င်းအချက်များသည် ကလေးများအစားအစာအလွန်စားခြင်းကြောင့် ကြီးထွားလာပြီး အဝလွန်ခြင်း သို့မဟုတ် အစားမစားနိုင်ခြင်းတို့ဖြစ်စေနိုင်သည်။

၄။ ပင်ပန်းနွမ်းနယ်ခြင်း။

ညစာစားသုံးခြင်းသည် ကလေးများအတွက် မကြာခဏ နေ့တစ်နေ့၏အဆိုးဆုံး အစားစားချိန်ဖြစ်သည်။ အလုပ်များသောနေ့တစ်နေ့၏အဆုံးဖြစ်ပြီး ကလေးများသည် အိပ်ရာဝင်ဖို့ အဆင်သင့်ဖြစ်နေကြသည်။ ကလေးများသည် အစားမစားမီကြိုတင်ပြင်ဆင်ထားသော အသင့်စားအစားများဖြစ်သည့် ကြက်သားကြော်နှင့် Hot dog ကဲ့သို့သောအစားအစာများသည် အရမ်းဝါးရန်မလိုသောကြောင့် ကလေးများကို မကြာခဏဆွဲဆောင်လေ့ရှိသည်။ အဖြေတစ်ခုမှာ ထမင်းစားချိန်ကို ပြောင်းလဲခြင်းဖြစ်သည်။ နေ့လည်စာကို ပိုမိုကျွေးပြီး ညစာကို လျော့ချကျွေးပါ။ ညအိပ်ရာဝင်ချိန် တွင် နို့သောက်ခြင်းအလေ့အကျင့်တစ်ခုဖြစ်အောင် မိတ်ဆက်ပေးသင့်ပါသည်။

 

Reference(s):

  1. https://www.childrensnutrition.co.uk/full-blog/toddlers-wont-eat
  2. https://www.ncbi.nlm.nih.gov/pmc/articles/PMC2721271/