အာဟာရပညာရှင်၏ အကူအညီကို ဘယ်အချိန်တွင် ယူရမလဲ။
အာဟာရပညာရှင်၏ အကူအညီကို ဘယ်အချိန်တွင် ယူရမလဲ။
ကလေးအာဟာရနှင့်ပတ်သတ်လျှင် ကာကွယ်ခြင်းသည် ကြားဝင်ကုသခြင်းထက် ပိုကောင်းသည်။ မိဘတစ်ဦး အနေဖြင့် ၎င်းတို့၏ကလေးများ မှန်ကန်သောအာဟာရကို ရရှိစေရန် အစွမ်းကုန်ကြိုးစားကြမည်။ သို့သော် တစ်ခါတစ်ရံအကူအညီရယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ သင့်ကလေးအတွက် အာဟာရပညာရှင်တစ်ဦး ၏အကူအညီလိုအပ်နိုင်သည့် အကြောင်းအရင်းအချို့ကို အောက်တွင်ဖော်ပြထားပါသည်။
ကိုယ်အလေးချိန်အမြန်ကျသွားခြင်း (သို့မဟုတ်) အဝလွန်ခြင်း၊ အစားအစာကြေးများခြင်း
သင့်ကလေးသည် ၎င်းတို့၏အသက်အရွယ်ငယ်သေးသည့်အတွက် ကျွမ်းကျင်သူတစ်ဦးထံမှ လမ်းညွှန်မှု လိုအပ်ကောင်းလိုအပ်နိုင်ပါသည်။ သင့်ကလေးသည် အစားစားပြီး ကိုယ်အလေးချိန်တတ်နေလျှင်တောင် ၎င်းတို့တွင်လိုအပ်သော အာဟာရချို့တဲ့ပြီး ဖွံ့ဖြိုးမှုနောက်ကျခဲ့ပါက ကြီးထွားမှုတွင် ပြဿနာများစွာ ဖြစ်နိုင်ပါသည်။ ကိုယ်အလေးချိန်မတတ်ခြင်း( ကြီးထွားမှုနှေးကွေးခြင်း)၊ အဝလွန်ခြင်း ( နှလုံးဆိုင်ရာပြဿနာ များနှင့် ဆီးချိုရောဂါ) ကဲ့သို့ တူညီသည့် ဘေးထွက်ဆိုးကျိုးများစွာရှိသည်။ ထို့ကြောင့် အာဟာရပညာရှင် တစ်ဦးနှင့်တိုင်ပင်ဆွေးနွေးခြင်းသည် ၎င်းတို့၏အစားအစာကို ထိန်းညှိပေးပါလိမ့်မည်။
အစားအစာအလွန်ကြေးများခြင်း၊ အာရုံခံအစားအစာခြင်းတို့သည် ကလေးတစ်ဦး၏ ရရှိသင့်သော အာဟာရကို ထိခိုက်စေနိုင်သည်။ မိဘတစ်ဦးသည် အစားရွေးသည့်ကလေးအတွက် ဖြည့်ဆည်းပေးနိုင်သည်။ သို့သော် အာဟာရမရှိသည့်သရေစာများ၊ ထုတ်ပိုးထားသောဖျော်ရည်များ၊ ချောကလတ်များနှင့် အရောင်မဲ့ပြီး အရသာမရှိသောအသားများသည် မရှိမဖြစ်လိုအပ်သော အာဟာရများနှင့် ဗီတာမင်များ မပါဝင်သောကြောင့် ဗီတာမင်ချို့တဲ့ခြင်းနှင့် ကြီးထွားမှုနှေးကွေးခြင်းတို့ကို ဖြစ်စေနိုင်သည်။
ရောဂါတစ်မျိုးဟု သတ်မှတ်သည်။
သင့်ကလေးသည် အဆီနှင့်ဆား အနည်းငယ်သာလိုအပ်သည်ဟု ယူဆပြီး (သို့မဟုတ်) သင်သည်လည်း ဓာတ်တည့်သောကြောင့် Gluten မပါသောအစားအစာများကိုသာလိုအပ်သည်ဟု ယူဆပြီး ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ခြင်းမရှိဘဲ ကန့်သတ်ချက်များပြုလုပ်ခြင်းသည် သင့်တော်သော ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။ သင့်ကလေးသည် ယခင်ကဆီးချိုရောဂါလက္ခဏာများရှိခဲ့ဖူးလျှင်၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာပြဿနာများ၊ အတိတ်ကဖြစ်ခဲ့သော အူလမ်းကြောင်းဆိုင်ရာပြဿနာများ (သို့မဟုတ်) ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါရှိခဲ့လျှင် ကလေးအာဟာရဆိုင်ရာ ပညာရှင်သည် သင့်တော်သောအစားအစာကို စီစဉ်ပေးနိုင်ပါသည်။
ဓာတ်မတည့်ခြင်း သို့ သည်းမခံနိုင်ခြင်း
သင့်ကလေးသည် မကြာခဏ အင်ပျဉ်ထခြင်း၊ မျက်နှာနှင့် ခြေလက်တို့တွင် ရောင်ရမ်းခြင်း (သို့မဟုတ်) ဘာပဲစားစားနေမကောင်းမဖြစ်လျှင် အာဟာရပညာရှင်ထံသွားရောက်၍ တိုင်ပင်ခြင်းသည် ၎င်းတို့၏ ဓာတ်မတည်မှုများနှင့် သည်းမခံနိုင်ခြင်းများအတွက် ကူညီလမ်းညွှန်ပေးနိုင်ပါသည်။ နို့ထွက်ပစ္စည်းများကို သည်းမခံနိုင်ခြင်း၊ Gluten နှင့်ဓာတ်မတည့်ခြင်း ( ပုံမှန်မဟုတ်သော ဝမ်းသွားခြင်းနှင့် ပျို့အန်ခြင်း) ၊ အခွံမာသီများနှင့်ဓာတ်မတည့်ခြင်း၊ စိတ်ကသိကအောက်ဖြစ်ခြင်းနှင့် သကြားအလွန်အကျွံစားခြင်းကြောင့် အိပ်ငိုက်ခြင်း (သို့မဟုတ်) Celiac Disease တို့သည် ဓာတ်မတည့်မှုနှင့် သည်းမခံနိုင်မှုကြောင့် ကလေးများတွင် အဖြစ်များသည်။ တစ်ချိန်တည်းမှာပင် ပညာရှင်သည် ပျင်းရိခြင်းနှင့် အာဟာရချို့တဲ့ခြင်းကို ကာကွယ်ရန် မည်သည့်သို့ချက်ပြုတ်ရမည်ကို သင့်အားပြောပြပါလိမ့်မည်။
အာဟာရပညာရှင်တစ်ဦးသည် ဆေးဝါး (သို့မဟုတ်) အပြုအမူဆိုင်ရာ ကုသမှုများအတွက် အခြားဆေးဖက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ရန်အကြုံပြုနိုင်သည်။ သို့သော် များသောအားဖြင့် အစားအစားအမျိုးအစားများ၊ အချိန်များနှင့် ခံတွင်ဖြည့်စွက်စာ အကြံပြုချက်များသည် လုံလောက်ပါသည်။ Pediasure ကဲ့သို့သော ခံတွင်းဖြည့်စွက်စာများသည် အာဟာရလိုအပ်ချက်ကို ဖြည့်စွက်ရာတွင် ကူညီပေးနိုင်သည်။ Pediasure တွင်သာပါဝင်သော TripleSure, အထူးပေါင်းစပ်ထားသော Triple Protein Complex သည် လုံလောက်သော အာဟာရဓာတ် ၃၇ မျိုး၊ ဗီတာမင်များနှင့် အခြားအာဟာရဓာတ်များကို ထိထိရောက်ရောက် ပို့ဆောင်ပေးနိုင်သည်။ အမျိုးမျိုးသောဓာတ်မတည့်မှုများ၊ သည်းမခံနိုင်မှုများနှင့် အရသာဦးစားပေးမှုများကို ထည့်သွင်းစဉ်းစားထားသောကြောင့် Pediasure ကို ကလေးများအတွက် ကြိုက်နှစ်သက်စေသောအရသာများ နှင့် ပုံစံအမျိုးမျိုးဖြင့် ရှိနိုင်ပါသည်။
Reference(s):