အစာစားခြင်းနှင့်ပတ်သတ်၍ မှန်ကန်သောဆက်ဆံရေးတည်ဆောက်ခြင်းသည် ဘာကြောင့်အရေးကြီးသနည်း။
အစာစားခြင်းနှင့်ပတ်သတ်၍ မှန်ကန်သောဆက်ဆံရေးတည်ဆောက်ခြင်းသည် ဘာကြောင့်အရေးကြီးသနည်း။
မိဘတိုင်းသည် သူတို့၏ကလေးများကို အစာကြေးများသူဟုအခိုင်အမာဆိုကြသော်လည်း အစာကြေးများခြင်းသည် ကလေးများအကြားတွင် အတော်အဖြစ်များသည်။ အစာကြေးများခြင်း အလေ့အထသည် အရွယ်ရောက်သည်အထိ ကူးသွားနိုင်သည်။ သင့်ကလေးသည်အစားအစာနှင့် ပတ်သတ်ပြီး ဇွတ်တရွတ်နိုင်သည် ( သို့မဟုတ်) ဖြေရှင်းရန်လိုအပ်သော ကျန်းမာရေးပြဿနာတစ်မျိုးရှိသော်လည်း မည်သို့ပင်ဖြစ်စေ အစာစားခြင်းနှင့်ပတ်သတ်၍ ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ခြင်းသည် အရေးကြီးသည်။
သူတို့သည်ရွေးချယ်ခြင်းပျက်စီးမှုကို တိုးတတ်စေသည်။
ကလေးများသည် အစားအစာနှင့်ကောင်းမွန်သည့်ဆက်ဆံရေးမရှိသည့်အခါ ၎င်းတို့သည် မကောင်းသည့် အစားစားသည့် အလေ့အထကို တည်ဆောက်လိမ့်မည်။ သူတို့သည်အစားအစာကို လုံးဝမစားဘဲနေခြင်းနှင့် အစားမစားဘဲ ဗိုက်ပြည့်နေကြောင်းပြောသည့်အလေ့အထများ ဖြစ်နိုင်သည်။
- ဤအရာသည် သူတို့၏ ပန်းကန်ပြားပေါ်တွင် ရှိသမျှအရာအားလုံးကုန်အောင်စားရန် ဖိအားပေး ခံရခြင်းမှစတင်နိုင်သည်။
- ၎င်းသည်သင်နှင့်အတူလုပ်ဖူးသည့်ဆုပေးသည့်အလေ့အကျင့်ကြောင့်လည်းဖြစ်နိုင်သည်။ ဥပမာ – ထမင်းစားမပြီးမချင်း TV ပေးမကြည့်ခြင်း သို့မဟုတ် ပေးမကစားခြင်း။
- သူတို့သည် မကြာခဏဖျားနာခဲ့ပါက သူတို့စားခဲ့သောအစားအစာများကို စားချင်စိတ်ကို လျော့နည်းစေသည်။
- ကလေးတစ်ဦး၏တောင်းဆိုချက်များကို လိုက်လျောခြင်း (သို့မဟုတ်) အလွန်အကျွံဗိုလ်ကျခြင်းများသည် နောက်ဆုံးတွင် တရားဝင်အပြုအမူဆိုင်ရာ စားသောက်ဆိုင်ရာပြဿနာများ ဖြစ်လာနိုင်သည်။
- သူတို့စားချင်သည့်အရာကို စိတ်အားထက်သန်သည့်အခါတွင် သူတို့ကြိုက်တာကို စားချင်နေတာတွေ့ရပါလိမ့်မည်။
- သူတို့သည်မကောင်းသည့်ခံစားချက်များကို အစားအစာနှင့် ပေါင်းစပ်လိုက်သည်အခါတွင် အပြင်းထန်ငြင်းဆန်မှုများ ဖြစ်လာနိုင်ပါသည်။
- သူတို့သည် ကျန်းမာရေးနှင့်ညီညွတ်သည့် အရောင်၊ အတွေ့အထိ သို့မဟုတ် အနံ့များကြေင့် ရိုးရှင်းသေားအစားအစာများကို ငြင်းဆန်လိမ့်မည်။ ထို့ကြောင့် သူတို့၏ သူတို့၏အာဟာရလိုအပ်ချက် များကို ကန့်သတ်လိုက်သည်။
၎င်းသည်သူတို့ကြီးထွားမှုအပေါ် အကျိုးသက်ရောက်မှုရှိလိမ့်မည်။
အစာစားခြင်းနှင့် အဆင်မပြေသောဆက်ဆံရေးသည် အစာစားချင်စိတ်ကို ထိန်းညှိရုံသာမက ကလေး၏ ကျန်းမာရေးအတွက်လည်း အရေးကြီးသည်။ ကောင်းကောင်းမစားသော ကလေးငယ်သည် ဘာတွေဖြစ်နိုင်သလဲ။
- ပျက်စီးလွယ်သော အရိုးများနှင့် ကြီးထွားမှုနှေးကွေးခြင်း။
- သူတို့၏အသက်အရွယ်တွင် ပိန်လွန်းခြင်း (သို့မဟုတ်) အာဟာရထိန်းညှိမှုအားနည်းသောကြောင့် အဝလွန်ခြင်းတို့ ဖြစ်နိုင်ချေရှိသည်။
- အကျိုးပြု ဗီတာမင်နှင့် သတ္တုဓာတ်များမရှိခြင်းကြောင့် ကိုယ်ခံအားနည်းသွားလိမ့်မည်။
- သက်လုံ၊ အာရုံစူးစိုက်မှုနှင့် တုံ့ပြန်မှုကဲ့သို့သော သိမြင်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များသည်လည်း နှေးကွေးနိုင်သည်။ ၎င်းအားနည်းချက်မှ မိမိကိုယ်ကိုယ်ယုံကြည်မှု နည်းသွားခြင်းကြောင့် ပညာရေးနှင့် လူမှုဆက်ဆံရေးတွင် ညံ့ဖျင်းခြင်းကို ဖြစ်ပေါ်စေပါသည်။
တိုးတတ်အောင်လုပ်ဆောင်ခြင်းနည်းလမ်းများ
ဤအချက်များသည် စည်းမျဉ်း၊စည်းကမ်းများမဟုတ်ပါ။ သို့သော် သင့်ကလေးများသည် အစာစားခြင်းနှင့် ပတ်သတ်၍ ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်သည့်အခါတွင် သတိပြုရမည့် သဘောတရားများ ဖြစ်ပါသည်။
၁။ သင်ကိုယ်တိုင်စံနာမူနာကောင်းပြသပါ။
၂။ အစားအစာ (သို့မဟုတ်) ကစားချိန်ကို ဆုလာဘ်အဖြစ်မသုံးပါနှင့်။
၃။ ပျော်စရာကောင်းသောလှုပ်ရှားမှုများ (သို့မဟုတ်) ကြိုက်နှစ်သက်သော အစားအစာများကို ဓားစာခံအဖြစ် မထားပါနှင့်။
၄။ သင်မကြိုက်သော ကြောင့် အချို့သောအစားအစာများကို ခွင့်မပြုခြင်းများ မပြုလုပ်ပါနှင့်။
၅။ ပြီးပြည့်စုံအောင် အတင်းအကျပ်မလုပ်ခိုင်းပါနှင့်။
Reference(s):