ကြီးထွားဖွံ့ဖြိုးအပေါ် သဘာဝနှင့် ပြုစုပျိုးထောင်မှုများ၏ သက်ရောက်ပုံ

ကြီးထွားခြင်းနှင့် ဖွံ့ဖြိုးခြင်းကို အပြန်အလှန် အားဖြင့် အသုံးပြုကြသော်လည်း တစ်ခုနှင့်တစ်ခု ကွာခြားမှုများရှိပါသည်။ သဘာဝ(မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်) နှင့် ပျိုးထောင်ခြင်း (အာဟာရ)တို့သည် ကလေးတစ်ဦး၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှု နှစ်ခုလုံးအတွက် အထောက်အပံ့ပေးပါသည်။ သို့သော် မိဘထံမှရရှိသော မျိုးရိုးဗီဇ၊ စားသောက်သည့်အစားစာ ( အစာ နှင့် Pediasure 3+ ကဲ့သို့ ကလေးများအတွက် ဖော်စပ်ဖြည့်စွက်စာ) နှင့် မည်သည့်နေရာတွင် ကြီးပြင်းလာသည်တို့က ကြီးမားသော ခြားနားချက်ကို ဖြစ်စေပါသည်။ သင့်ကလေးသည် သင်ထင်ထားသလို ကြီးထွားမှုမရှိဟု ခံစားနေရပါက စောင့်ကြည့်ရမည့်အချက်များကို အောက်တွင်ဖော်ပြထားပါသည်။16

သဘာဝ၏ သက်ရောက်မှု

ကလေးတစ်ဦး၏ ခန္ဓာကိုယ်သည် ပတ်ဝန်းကျင်နှင့် ၎င်းတို့ကို ပြုစုပျိုးထောင်မှုတို့အပေါ် မူတည်ပြီး ဖွံ့ဖြိုးကြသည်။ သင့်ကလေးရရှိနိုင်သော အရပ်နှင့် ကိုယ်လုံးပုံစံသည် သင်နှင့် သင့်မတိုင်ခင်မျိုးဆက်အပေါ်တွင် မူတည်နေပါသည်။ သို့သော် အာဟာရဓာတ်များနှင့် ကောင်းမွန်စွာ ပြုစု ပျိုထောင်းပေးပါက ကြီးထွားဖွံ့ဖြိုးမှုကို ကူညီထောက်ပံ့ပေးနိုင်ပါသည်။1,2 အာဟာရဓာတ်သည် ကြီးထွားမှုလမ်းကြောင်းကို ဖွင့်ပေးသော သော့ချက်တစ်ခုဖြစ်နိုင်ပြီး သင့်ကလေး၏ ကြီးထွားမှုကို လမ်းကြောင်းမှန်အောင် ထိန်းညှိပေးနိုင်ပါသည်။ သင်၏ကလေး တစ်နေ့လျှင် ထမင်းသုံးကြိမ်ဖြင့် ကြားထဲတွင် မုန့်စားခြင်း ရှိမရှိ၊ ၎င်းတို့၏ အစားကြေးများသော အလေ့အကျင့် သို့မဟုတ် ၎င်းတို့စားသော အစားအစာများတွင် ကယ်လိုရီမြင့်ပြီး အာဟာရဓာတ်နည်းသော အစာများ ပါမပါ ကြည့်ကြည့်ပါ။ ထိုအချက်များသည် ကြီးထွားမှုအပေါ် သက်ရောက်မှုရှိနိုင်သော အချက်များဖြစ်သောကြောင့် ထိုမေးခွန်းသည် အရေးပါပါသည်။ သင့်ကလေး၏ အမြင့်ဆုံး (အလားလာ အများဆုံး) သော ကြီးထွားဖွံ့ဖြိုးလာနိုင်မှုကို ပိုမိုနားလည်လာနိုင်ရန်အတွက် Pediasure Myanmar ဝက်ဘ်ဆိုဒ်တွင် တင်ထားသော ကြီးထွားဖွံ့ဖြိုးမှု ရာခိုင်နှုန်းကို တွက်ချက်ပေးသော Calculator နှင့် မိတ်ဆက်ပေးချင်ပါသည်။ သင့်ကလေး၏ ကျား/မ၊ မွေးနေ့၊ ၎င်းတို့၏ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ မိခင်၏ အရပ်အမြင့်နှင့် ဖခင်၏ အရပ်အမြင့်တို့ကို ထည့်သွင်းလိုက်ပါက သင့်ကလေး၏ ကြီးထွားဖွံ့ဖြိုးလာနိုင်တဲ့ အလားလာ ကို တွေ့မြင်နိုင်ပါသည်။8

အာဟာရ အာမခံချက်

ကိုယ့်ကလေး၏ အရပ်ကို ပိုရှည်လာအောင် လုပ်နိုင်ပါသလား။ ရပါသည်။ ထိုအချက်အတွက် အာဟာရဓာတ်သည် အရေးကြီးသော အခန်းမှ ပါဝင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အာဟာရဓာတ် မပြည့်ဝခြင်း သို့မဟုတ် အလွန်အကျွံစားခြင်းသည် ကြီးထွားမှုကို ဆိုးရွားစွာ ထိခိုက်စေနိုင်သော ကျန်းမာရေး ပြဿနာများသို့ ဦးတည်နေသောကြောင့် ဖြစ်သည်။ ကျန်းမာရေးနှင့်ညီသော ကြီးထွားမှုကို ထောက်ပံ့ပေးသည့် အရေးပါသော အာဟာရဓာတ်များမှာ ဗီတာမင်များ (K2, D, ဟင်းရွက်များ)၊ သတ္တုဓာတ်များ (ကယ်လ်ဆီယမ်၊ ဘနို့၊ ပဲ၊ အစေ့အဆန်များ)၊ အာမီနို အက်စစ် (အာဂျင်နင်း၊ အနီရောင်ရှိသော အသား၊ ကြက်သား၊ ဖရုံစေ့များ)၊ ပရိုတိန်း ( ဥများ၊ ပဲများ၊ ငါး)၊ ကာဗိုဟိုက်ဒရိတ် ( ဂျုံနှင့်လုပ်သော အစားအစာများ၊ quinoa (အစေ့အဆံတစ်မျိုး) ၊ လုံးတီးဂျုံ (whole-wheat couscous) နှင့် ဆန်လုံးညို(brown rice)) နှင့် အဆီများ ( အစေ့အဆန်များ၊ အစေ့အဆန်များမှထုတ်လုပ်သော အဆီများ)တို့ဖြစ်သည်။ ဗီတာမင် D သည် ပိုမိုခိုင်ခံ့သော အရိုးကိုရရှိနိုင်ရန်နှင့် ကောင်းမွန်စွာ ကြီးထွားစေရန်အတွက် အဓိကလိုအပ်သော ကယ်လ်ဆီယမ်ကို သင့်ကလေးခန္ဓာကိုယ်မှ စုပ်ယူနိုင်ရန် ကူညီပေးသည်။ ဗီတာမင် C နှင့် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များမှရသော အန်တီအောက်ဆီးဒင့်သည် ကိုယ်ခံစွမ်းအားစနစ်ကို ထောက်ပံ့ပေးသောကြောင့် သင့်ကလေး ကြီးထွားဖွံ့ဖြိုးနိုင်သော ကာလကို ပိုမိုရှည်ကြာစေပါသည်။345

ပြည့်စုံမျှတသော အစားအသောက်ပုံစံကဲ့သို့ပင် သဘာဝသည်လည်း ကလေးတစ်ဦး၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအတွက် အရေးပါပါသည်။ ကျန်းမာပြီး မျှတသည့် အစားအသောက်ပုံစံတွင် ထမင်းတစ်ခါစားတိုင်း ကာဗိုဟိုက်ဒရိတ်၊ ပရိုတိန်း၊ အဆီများ၊ ဗီတာမင်များနှင့် အမျှင်ဓာတ်တို့ကို လိုအပ်သည့်ပမာဏအတိုင်း ပါဝင်ပါသည်။ ကျန်းမာရေးနှင့်ညီသည့် အစားအစာများကို အမြဲရွေးချယ်ရမည်ဖြစ်ပြီး အစားတစ်မျိုးတည်းဖြင့် မလုံလောက်သောအချိန် သို့မဟုတ် အစားကြေးများသူနှင့် တွေ့ရသောအချိန်တွင် Pediasure 3+ မှကူညီပေးနိုင်ပါသည်။ အာဂျင်နင်း နှင့် သဘာဝဗီတာမင် K2 တို့အပါအဝင် အရေးပါသော အာဟာရဓာတ် ၃၇မျိုးကို သင့်တင့်မျှတစွာဖြင့် အခြေပြုထုတ်လုပ်ထားသော Pediasure 3+သည် လိုအပ်နေသော ကလေးများအား ကြီးထွားမှုကို အလှမ်းမီစေရန် ထောက်ပံ့ပေးနိုင်ပါသည်။ Pediasure 3+ ကို ကျွမ်းကျင်သူများ၏ လမ်းညွန်မှုအတိုင်း ကလေးများအတွက် ဖော်စပ်ဖြည့်စွက်စာ အနေနဲ့ သောက်သုံးနိုင်သလို အစားပြေအနေဖြင့် သောက်သုံးနိုင်ပါသည်။ Pediasure 3+ကို သင့်ကလေး ကြိုက်မကြိုက် သိလိုပါသလား။ Pediasure Myanmar သို့လာရောက် စာရင်းသွင်းပြီး နမူနာ ရယူလိုက်ပါ။679

References:

  1. https://parenting.firstcry.com/articles/factors-that-affect-growth-and-development-in-children/
  2. https://www.momjunction.com/articles/foods-for-increasing-height-in-children_00121489/
  3. https://www.healthxchange.sg/children/food-nutrition/healthy-food-growing-children
  4. https://raisingchildren.net.au/school-age/nutrition-fitness/daily-food-guides/school-age-food-groups#:~:text=Protein%2Drich%20foods%20include%20lean,and%20omega%2D3%20fatty%20acids.
  5. https://www.eatright.org/health/wellness/healthy-aging/nutrition-for-growing-bodies
  6. https://pediasuremyanmar.com/formulation-support/
  7. https://abbottfamily.com.sg/products/page/pediasure
  8. https://growthtracker.pediasuremyanmar.com/mm

^^  Alarcon PA, et al. Clin Pediatr (Phila). 2003

Additional Readings:

  1. https://pediasuremyanmar.com/request-a-free-sample/