ကြီးထွားဖွံ့ဖြိုးဆဲ ကလေးများ၏ အရိုးဖွံ့ဖြိုးမှုအတွက် ကောင်းမွန်စေသော အာဟာရ ၃ မျိုး
ကြီးထွားဖွံ့ဖြိုးဆဲ ကလေးများ၏ အရိုးဖွံ့ဖြိုးမှုအတွက် ကောင်းမွန်စေသော အာဟာရ ၃ မျိုး
သင့်ကလေး၏ ကြီးထွားဆဲ နှစ်အပိုင်းအခြားတွင် အရိုးကျန်းမာရေးကို ဂရုစိုက်ပေးခြင်းသည် ကလေး၏ ကြီးထွားမှုကို ထောက်ပံ့ကူညီပေးနိုင်သလို အရိုးနှင့် သက်ဆိုင်သော ရောဂါများ (အရိုးပွခြင်း၊ အရိုးအားနည်းခြင်း) ဖြစ်ပွားနိုင်ချေကို လျော့ကျစေပါသည်။ ဗီတာမင် K2 နှင့် အာဂျင်နင်းတို့သည် အရိုးအရည်အသွေးနှင့် အရိုးကျန်းမာရေးအတွက် လိုအပ်သည်ကို သတိထားမိကြသော်လည်း ဖော့စဖရပ်နှင့် မဂနီဆီယမ်တို့၏ (အခန်းကဏ္ဍ) လုပ်ဆောင်ချက်ကို လူသိနည်းကြသည်။ ထိုအာဟာရဓာတ်များသည် အစားအစာများတွင် အမြောက်အမြားတွေ့ရတတ်သော်လည်း ကလေးများ၏ စားသောက်မှု ပုံစံကိုလိုက်၍ ရရှိမှု မလုံလောက်နိုင်ချေရှိသောကြောင့် လိုအပ်သောနေရာတွင် အားဖြည့်ရန် ကလေးများအတွက် ဖော်စပ်ဖြည့်စွက်စာ (ဥပမာ – Pediasure 3+)ကို လိုအပ်နိုင်ပါသည်။1, 7
ကျန်းမာသော အရိုးဖွံ့ဖြိုးလာစေရန် အောက်ပါအာဟာရဓာတ်များသည် အရေးပါသည်။
အာဂျင်နင်း
အာမီနိုအက်စစ် တစ်မျိုးဖြစ်သည့် အာဂျင်နင်း (Arginine) သည် အရိုးအပေါ်ယံအလွှာရှိ ဆဲလ်များကို အကျိုးရှိရှိကြီးထွားစေရန် ဆပွားတိုးစေသော အရာဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ အရိုးကြီးထွားမှု ဖြစ်ပေါ်လာစေရန် ကူညီထောက်ပံ့ပေးသည်။7
သဘာဝ ဗီတာမင် K2
၎င်းသည် အရိုးအဟောင်းများကို ဖြိုချ(အရိုးဆွေးခြင်းကြောင့်ဖြစ်သော)ပြီး အရိုးအသစ်များကို တည်ဆောက် (အရိုးဆွေးခြင်းကြောင့်ဖြစ်သော) ပေးသော အရိုးဆဲလ်များ၏ လုပ်ဆောင်ချက်များကို ကူညီပေးသည်။ ၎င်းသည် အရိုးများ သန်မာပြီး ကြီးထွားစေရန် ကယ်လ်ဆီယမ်နှင့် ပေါင်းစည်းပေးသည်။7
ကယ်လ်ဆီယမ်
ကယ်လ်ဆီယမ် (Calcium)သည် သင့်ကလေးအရိုးအတွက် အဓိက အခြေခံ သတ္တုဓာတ်ဖြစ်သည်။ ၎င်းသည် အရိုးစုအား သန်မာမှုနှင့် မာကျောမှုကို ပေးစွမ်းပြီး အရိုး၏ ထိရောက်စွာ စုပ်ယူမှုကို ကူညီပေးရန်အတွက် အခြားသော အာဟာရများအပေါ် မှီခိုအားထားခြင်းဖြစ်သည်။2, 7
ဖော့စ်ဖရပ်
ဖော့စ်ဖရပ် သည် ကယ်လ်ဆီယမ်နှင့် ပေါင်းစပ်၍ ကျွန်ုပ်တို့၏ အရိုးစုအား မာကျောစေသော ကယ်လ်ဆီယမ် ဖော့စ်ဖရိတ် ဖြစ်ပေါ်လာသည်။ ဖော့စ်ဖရပ်သည် ကယ်လ်ဆီယမ်နှင့် ပရိုတိန်း အမြောက်အမြားပါဝင်သော သတ္တဝါနှင့် ဟင်းသီးဟင်းရွက်များ၏ အစားအစာရင်းမြစ်ဖြစ်သည်။ မျှတသော စားသောက်မှုပုံစံသည် လိုအပ်သော ဖော့စ်ဖရပ်ဓာတ်ကို ရရှိစေနိုင်သော်လည်း သင့်ကလေးတွင် ဖော့စ်ဖရပ်ချို့တဲ့ပါက အစားစားချင်စိတ်မရှိခြင်း၊ အဆစ်နာခြင်း၊ မောလွယ်ခြင်း၊ စိတ်တိုခြင်း၊ အားနည်းခြင်းနှင့် ကိုယ်အလေးချိန် ပြောင်းလဲခြင်း တို့ကဲ့သို့သော လက္ခဏာများ ပြတတ်သဖြင့် ထိုလက္ခဏာများကို ဂရုစိုက် ကြည့်ရှုသင့်ပါသည်။2, 3
မဂ္ဂနီဆီယမ်
မဂ္ဂနီဆီယမ် သည် ဗီတာမင် D ကို အသုံးပြု၍ရသော ပုံစံအဖြစ် ပြောင်းလဲပေးပြီး အရိုး ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအတွက် ဟော်မုန်းများကို လည်ပတ်စေသည်။ မဂ္ဂနီဆီယမ်သည် စိတ်ကြည်စေခြင်း၊ ကြီးထွားမှုနှင့် ပြန်လည်အင်အားဖြည့်တင်းမှုတို့အတွက် ခွန်အားထုတ်လုပ်မှုနှင့် ကြွက်သားလုပ်ဆောင်ချက်များ အတွက်လည်း အထောက်အပံ့ပေးသည်။ မဂ္ဂနီဆီယမ်ကို အထူးသဖြင့် ဟင်းရွက်များ၊ သဖန်းသီး၊ ဆွံပလွန်သီး၊ အစေ့အဆန်များနှင့် အခွံမာသီးများတွင် အမြောက်အများတွေ့နိုင်သည်။2, 4
ရေ
ကျွန်ုပ်တို့၏ အရိုးများသည် ကျန်းမာသောအချိန်တွင် သတ္တုဓာတ်များ၊ ကော်လီဂျင်နှင့် ရေ ၃၁ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။5,6 ရိုးတွင်းခြင်ဆီသည် သွေးနီဆဲလ်များ ထုတ်လုပ်ရန်အတွက် ရေဓာတ်အပေါ် မှီခိုနေသောကြောင့် ရေဓာတ်ခန်းခြောက်ခြင်းသည် အရိုးနှင့် အခြားသော ကျန်းမာရေးအတွက် အာဂျင်နင်း၊ ဗီတာမင် K2၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ် နှင့် ဖော့စဖရပ် စသည့် အာဟာရဓာတ်များကို သယ်ယူပို့ဆောင်ပေးရာတွင် နှောင့်နှေးမှုကို ဖြစ်စေနိုင်ပါသည်။ တစ်နည်းပြောရလျှင် ရေဓာတ်ခန်းခြောက်ခြင်းသည် အရိုးပွခြင်း ကဲ့သို့သော အရိုးနှင့်ကြွက်သားဆိုင်ရာ ရောဂါများ ဖြစ်ပွားစေနိုင်ပါသည်။ သင့်ကလေး ရေများများသောက်စေရန်အတွက် ၎င်းတို့ကြိုက်သော အသီးများနှင့် ရောစပ်၍ သို့မဟုတ် သဘာဝ သစ်သီးများနှင့် ပေါင်းစပ်၍ တိုက်ပေးရပါမည်။5, 6
ပြည့်စုံမျှတသော အာဟာရဓာတ်သည် ကလေးများ ကြီးထွားနေသော နှစ်အပိုင်းအခြားအတွက် အလွန်အရေးပါပါသည်။ အမြင့်ဆုံးသော ကြီးထွားမှုကို ရရှိနိုင်ရန် ကျွန်ုပ်တို့သည် ဗီတာမင် D၊ E၊ C၊ ကယ်လ်ဆီယမ်နှင့် ပရိုတိန်းတို့ကို ဦးစားပေးထားသော်လည်း အာဟာရဓာတ်စုပ်ယူမှုကို အထောက်အပံ့ဖြစ်စေရန် ကလေးများသည် ဖော့စ်ဖရပ်နှင့် မဂ္ဂနီဆီယမ်မှရရှိသော အကျိုးကျေးဇူးများကဲ့သို့ပင် အာဂျင်နင်းနှင့် K2 ကဲ့သို့သော အရေးပါသည့် အာဟာရဓာတ်များကို လိုအပ်ပါသည်။ ကျန်းမာရေးနှင့်ညီသည့် အစားအစာများကို အမြဲရွေးချယ်ရမည်ဖြစ်ပြီး အစားတစ်မျိုးတည်းဖြင့် မလုံလောက်သောအချိန် သို့မဟုတ် အစားကြေးများသူနှင့် တွေ့ရသောအချိန်တွင် Pediasure 3+ မှကူညီပေးနိုင်ပါသည်။ အာဂျင်နင်း နှင့် သဘာဝဗီတာမင် K2 တို့အပါအဝင် အရေးပါသော အာဟာရဓာတ် ၃၇မျိုးကို သင့်တင့်မျှတစွာဖြင့် အခြေပြုထုတ်လုပ်ထားသော Pediasure 3+သည် လိုအပ်နေသော ကလေးများအား ကြီးထွားမှုကို အလှမ်းမှီစေရန် ထောက်ပံ့ပေးနိုင်ပါသည်။^^ Pediasure 3+ ကို ကျွမ်းကျင်သူများ (ကလေးအထူးကု ဆရာဝန်များ)၏ လမ်းညွန်မှုအတိုင်း ပုံမှန်အတိုင်းပဲ ဖော်စပ်ဖြည့်စွက်စာ အနေဖြင့်သော်လည်းကောင်း အစာပြေအနေဖြင့်သော်လည်းကောင်း သောက်သုံးနိုင်ပါသည်။ ယနေ့ပဲ Pediasure Myanmar သို့လာရောက် စာရင်းပေးသွင်းပြီး နမူနာ ရယူလိုက်ပါ။7
References:
- https://www.frontiersin.org/articles/10.3389/fnut.2021.773425/full
- https://www.healthychildren.org/English/healthy-living/nutrition/Pages/Minerals-Calcium-Phosphorus-and-Magnesium.aspx
- https://www.mountsinai.org/health-library/supplement/phosphorus#:~:text=When%20there%20is%20more%20phosphorus,lower%20the%20risk%20of%20osteoporosis.
- https://www.ethicalnutrients.com.au/bodytalk/200-magnesium-for-children#:~:text=Bone%20Development%20in%20the%20Early,for%20bone%20growth%20and%20development.
- https://www.wataugaortho.com/2018/04/20/how-proper-hydration-affects-bone-health/
- https://doulton.in/health-wellness/does-drinking-water-make-your-bones-stronger/
- https://pediasuremyanmar.com/formulation-support/
^^ Alarcon PA, et al. Clin Pediatr (Phila). 2003
Additional Readings:
References:
- https://www.frontiersin.org/articles/10.3389/fnut.2021.773425/full
- https://www.healthychildren.org/English/healthy-living/nutrition/Pages/Minerals-Calcium-Phosphorus-and-Magnesium.aspx
- https://www.mountsinai.org/health-library/supplement/phosphorus#:~:text=When%20there%20is%20more%20phosphorus,lower%20the%20risk%20of%20osteoporosis.
- https://www.ethicalnutrients.com.au/bodytalk/200-magnesium-for-children#:~:text=Bone%20Development%20in%20the%20Early,for%20bone%20growth%20and%20development.
- https://www.wataugaortho.com/2018/04/20/how-proper-hydration-affects-bone-health/
- https://doulton.in/health-wellness/does-drinking-water-make-your-bones-stronger/
- https://pediasuremyanmar.com/formulation-support/
^^ Alarcon PA, et al. Clin Pediatr (Phila). 2003