ကလေးများကြားတွင် ဖြစ်နေကျ ကြီးထွားဖွံ့ဖြိုးမှု ပြဿနာ (အစားရွေးသူများ)

အရွယ်ရောက်ပြီးသာ လူငယ်များကဲ့သို့ ကလေးငယ်များတွင် အစားအစာနှင့် အာဟာရဓာတ်များ ကြားတွင် ရှုပ်ထွေးသော ဆက်သွယ်မှုများ ရှိနိုင်ပါသည်။ အကြောင်းမှာ အကယ်၍ ကလေးတစ်ဦးသည် ကြီးထွားဖွံ့ဖြိုးဆဲကာလတွင် အစားအစာနှင့်ပတ်သက်၍ ကောင်းမွန်သော ဆက်နွယ်မှုကို ရရှိခဲ့ပါက ၎င်းတို့၏ ဆယ်ကျော်သက်အရွယ်သို့ ရောက်သောအခါ ကျန်းမာရေးကောင်းမွန်ခြင်း သို့မဟုတ် ငယ်စဉ်ကတည်းက ကျန်းမာရေးကောင်းမွန်ခြင်းတို့ ဖြစ်တတ်ပါသည်။ ထိုအချက် (အစားသောက် ကြေးများခြင်း) သည် မိဘများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပါသည်။ အစားကြေးများခြင်းတို့ကြောင့် လိုအပ်သော အာဟာဓါတ်များကို မှန်ကန်သော အစားအစာရွေးချယ်မှုနှင့် Pediasure 3+ ကဲ့သို့သော ကလေးအာဟာရ ဖြည့်စွက်စာများမှ ထောက်ပံ့ပေးရန် လိုအပ်ပါသည်။ 25

ကလေးငယ်များကို ဘယ်အရာက အစားရွေးသူ ဖြစ်စေသလဲ။ 

ကလေးတစ်ဦး ကြီးပြင်း အရွယ်ရောက်လာသည်နှင့်အမျှ အရသာခံစားမှုနှင့် စားသောက်မှု ပုံစံများ ပြောင်းလဲလာတတ်ပါသည်။ ကလေးများ အစားရွေးခြင်း ဖြစ်ပေါ်လာအောင် လုပ်လိုက်တဲ့အရာတွေက တစ်ဦးနှင့်တစ်ဦး မတူညီပါ။ အစားရွေးချယ်ခြင်းကို ဖြစ်စေသော အချက်များသည် သတ်မှတ်ထားခြင်း မရှိသော်လည်း အထူးသဖြင့် အစားအစာတစ်ခုအပေါ် မကောင်းသော တုံ့ပြန်မှုရှိခြင်း၊ မိဘများ၏ အစားစားသောပုံစံကို အတုယူခြင်း သို့မဟုတ် ၎င်းတို့ကိုယ်တိုင် မကြိုက်ခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။ သင့်ကလေး၏ စားချင်စိတ်ကို ဖြစ်စေရန် ပြုလုပ်သော အခါတွင် ဖိအားပေး၍ကျွေးခြင်းသည် ထိုအရာကို ပို၍မစားခြင်း ဖြစ်စေတတ်သလို၊ သွားရည်စာများအား မကောင်းသော အစားအစာများ အဖြစ် ကန့်သတ်လိုက်ပါက ကလေးငယ်များအနေဖြင့် ၎င်းတို့ကို ပို၍ စားချင်လိုစိတ်ဖြစ်ခြင်းတို့ကို ဖြစ်စေပါသည်။12

ထိုအချက်က ကြီးထွားဖွံ့ဖြိုးမှုကို မည်မျှ သက်ရောက်မှု ရှိသနည်း။

အစားရွေးခြင်းသည် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးသည့် သံဓာတ်နှင့် ဇင့်ဓာတ် ကဲ့သို့သော ဗီတာမင်များနှင့် သတ္တုဓာတ်များရရှိနိုင်မှုကို လျော့ကျစေနိုင်ပါသည်။ ထို့ပြင် အခြားအာဟာရဓာတ်များ နည်းပါးမှုကြောင့် အစားရွေးသော ကလေးသည် ကြီးထွားဖွံ့ဖြိုးမှု နှေင့်နှေးစေခြင်း၊ အရိုးအားနည်းခြင်း ( ကယ်လ်ဆီယမ်ဓာတ် မလုံလောက်မှု )၊ အရွယ်နှင့် မလိုက်အောင် ခန္ဓာကိုယ် သေးငယ်ခြင်း သို့မဟုတ် ထိန်းသိမ်းမှုအားနည်းခြင်းကြောင့် အဝလွန်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။2 ကျန်းမာ ကြံ့ခိုင်မှု အားနည်းခြင်းတို့ကြောင့် သက်လုံအားနည်းခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်းနှင့် တုံ့ပြန်မှုများတွင် နှေးကွေးခြင်းများ ဖြစ်တတ်ပါသည်။ အစားအစာစားသောက်မှုတွင် အမျှင်ဓာတ် လုံ့လောက်စွာ မရရှိသော ကလေးတစ်ယောက်တွူင် အူလမ်းကြောင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ထိုအချက်သည် ကိုယ်ခံအားကိုလည်း ထိခိုက်မှုရှိနိုင်ပါသည်။ ကလေးတစ်ဦး၏ ခန္ဓာကိုယ်သည် ထိုအမျှင်ဓာတ်များနှင့် ဗီတာမင် စီ ကဲ့သို့သော ဗီတာမင်များကို ရောဂါကူးစက်ခြင်းအား တိုက်ထုတ်ရန်အတွက် လိုအပ်ပြီး ထိုဓာတ်များမရရှိသောအခါ ခန္ဓာကိုယ်အား ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ကြီးထွားဖွံ့ဖြိုးမှုအတွက် ရည်ရွယ်ထားသော စွမ်းအင်ကို အသုံးပြုစေပါသည်။ ရောဂါကူးစက်ခြင်းအား တိုက်ထုတ်မှုအပေါ် အချိန်ကြာကြာ အသုံးပြုလေလေ ကြီးထွားဖွံ့ဖြိုးမှု အပေါ်စွမ်းအား အသုံးပြုသော အချိန် နည်းလေလေ ဖြစ်ပါသည်။25

အလေ့အထ ပြောင်းလဲခြင်းနှင့် ကောင်းမွန်သော အာဟာရထောက်ပံ့ခြင်း အကူအညီများ

ကလေးများသည် သင့်ထံမှ သင်ယူတတ်သောကြောင့် ၎င်းတို့ကို ကျန်းမာစေလိုပါက သင်၏ အစားအစာစားသောက်မှုပုံစံကို ပြန်လည်ဆန်းစစ်ရမည် ဖြစ်သည်။ သင်စားသောအခါ အသီးအရွက်များ ပါပါသလား။ အသင့်ထုပ်ပိုးပြီးသော အစားအစာများ ပါနေသလား။ အစားများခြင်းနှင့် ဗိုက်ဝခြင်းတို့၏ မတူညီမှုကို သင်သိပါသလား။ သင့်ကလေးသည် သင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများအား နှစ်ခြိုက်စွာ စားနေသည်ကို မြင်ပါက ၎င်းတို့လည်း စားကြည့်နိုင်ချေ ပို၍များသည်။ မှန်ကန်တဲ့ စားသောက်မှု ပုံစံကို ဘယ်လို ထားရှိမလဲ။ အကယ်၍ အစားအစာစားသောက်မှု ပုံစံတစ်ခု တည်ဆောက်ထားခြင်းမရှိလျှင် ၎င်းတို့သည် အလွန်အကျွံစားသောက်ခြင်း သို့မဟုတ် အစားစားချိန်တစ်ခုနှင့် တစ်ခုကြားတွင် သွားရည်စာများစား၍ ဗိုက်ပြည့်ခြင်းတို့ ဖြစ်တတ်ပါသည်။ မိသားစုတစ်ခုလုံး အတူတူစားသောက်နိုင်သော အချိန်၊ နေရာနှင့် အမြဲပြောင်းလဲနေသော အစားအစာမီနူးတစ်ခု သတ်မှတ်ရပါမည်။ ကလေးစားသော အစားအစာသည် မိဘများ၏ ထိန်းချုပ်မှုအောက်တွင် ရှိသောကြောင့် သင့်ကလေး တစ်ဦးခြင်းစီ၏ အာဟာရလိုအပ်ချက်များအပေါ်  ပိုမိုအာရုံစိုက်ပေးခြင်းသည် အရေးကြီးပါသည်။34

အတိအကျသတ်မှတ်ထားခြင်းမရှိသော်လည်း ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးသော အာဟာရဓာတ်များမှာ ကြွက်သား တစ်ရှူးများတည်ဆောက်ပေးသောာ အာမီနို အက်စစ် ( အာဂျင်နင်း) အတွက် ပရိုတိန်း၊ ကြွက်သားများ ပြုပြင်ထိန်းသိမ်းမှုအတွက် ဗီတာမင် ဒီ နှင့် အရိုးများသန်မာစေရန် ကယ်လ်ဆီယမ်ဓာတ် စုပ်ယူမှုအတွက် မဂ္ဂနီဆီယမ်တို့ ဖြစ်ပါသည်။ ထိုအာဟာရဓာတ်များသည် မည်သည့် ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အစေ့အဆန်များ၊ ပဲအပင်များနှင့် ငါးများတွင်မဆို လွယ်ကူစွာ တွေ့ရှိနိုင်ပါသည်။ သင့်တင့်မျှတသော အာဟာရဓာတ်သည် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါသဖြင့် အစားအစာ တစ်မျိုးတည်းနှင့် မလုံလောက်သောအချိန်တွင် ကလေးများအတွက် အာဟာရဓာတ်များ သင့်တင့်မျှတစွာ ပါဝင်သည့် Pediasure 3+ ကဲ့သို့သော ကလေးအာဟာရဖြည့်စွက်စာများက အကူအညီပေးနိုင်ပါသည်။ အာဂျင်နင်း၊ ပရိုတိန်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် ဒီနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အမျှင်ဓာတ်များ အပါအဝင် မရှိမဖြစ် အရေးကြီးသော အာဟာရဓာတ် ၃၇ မျိုးဖြင့် ပေါင်းစပ်ထုတ်လုပ်ထားသည့်အတွက် အစားကြေးများသော ကလေးများ ကြီးထွားဖွံ့ဖြိုးမှု ရရှိနိုင်ဖို့ ကူညီထောက်ပံ့ပေးနိုင်ပါသည်။ အခုပဲ Pediasure Myanmar website သို့ ဝင်ရောက်ပြီး Pediasure 3+ နမူနာ ရယူလိုက်ပါ။ 5

References:

  1. https://www.childrensnutrition.co.uk/full-blog/refuse-meals
  2. https://my.theasianparent.com/picky-eating-in-children-affect-growth
  3. https://www.nurturelife.com/blog/kids-food-creating-positive-relationship/
  4. https://thenourishedchild.com/meal-schedule-without-controlling/
  5. https://abbottfamily.com.sg/products/page/pediasure

^^  Alarcon PA, et al. Clin Pediatr (Phila). 2003

Additional Readings:

  1. https://pediasuremyanmar.com/request-a-free-sample/