ကလေးများ၏ ဖွံ့ဖြိုးတိုးတတ်မှုတွင် ဗီတာမင် K2 အရေးပါပုံ
ကလေးများ၏ ဖွံ့ဖြိုးတိုးတတ်မှုတွင် ဗီတာမင် K2 အရေးပါပုံ
ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် အရိုးများသန်မာစေရန်အတွက် ကယ်လ်ဆီယမ်နှင့် ဗီတာမင် D တို့အပြင် ကယ်လ်ဆီယမ်များ အလေအလွင့်မရှိစေရန်၊ အရိုးနှင့် ကယ်လ်ဆီယမ်များ ပေါင်းစည်းပြီး အရိုးသစ်များ ဖြစ်ပေါ်လာစေရန်တို့အတွက် ဗီတာမင် K2 တို့၏ အကူအညီကို လိုအပ်ပါသည်။ သင့်ကလေးသည် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ နှင့် အသားတို့ကို အမြောက်အမြား စားသော်လည်း အစားစားသောက်မှုပုံစံနှင့် အရသာ ရွေးချယ်မှုတို့ကြောင့် ကယ်လ်ဆီယမ်၊ ဗီတာမင် D နှင့် ဗီတာမင် K2 တို့ လုံလောက်သည့် ပမာဏ ရရှိနိုင်ဖို့မဖြစ်နိုင်ပေ။1 ဗီတာမင်ဓာတ် ချို့တဲ့ခြင်းသည် စိုးရိမ်စရာ အခြေအနေတစ်ခုဖြစ်သောကြောင့် မိဘများအနေဖြင့် ဗီတာမင် K2 ပိုမိုပါဝင်သော အာဟာရ ( ဥပမာ – Pediasure 3+ နှင့် Pediasure 3+ Sucrose Free) များဖြင့် ထောက်ပံ့ရန် ရွေးချယ်သင့်ပါသည်။5, 6
ဗီတာမင် K1 နှင့် K2 နှိုင်းယှဉ်ခြင်း
ဗီတာမင် K1 (ဖီလိုကွီနှုန်း phylloquinone) ကို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များတွင် အများဆုံးတွေ့ရပြီး သွေးခဲခြင်းအတွက် ကောင်းမွန်ပါသည်။ ထိုဗီတာမင်သည် သက်တမ်းတို၍ အစားအစာဖြင့် အမြဲတစေ ထောက်ပံ့ပေးရန် လိုအပ်ပြီး ထိုဗီတာမင်၏ ပမာဏအနည်းငယ်သည် အူအတွင်းရှိ ဘက်တီးရီးယားများ၏ အကူအညီဖြင့် ဗီတာမင် K2 အဖြစ်သို့ ပြောင်းလဲနိုင်သည်။1, 2
ဗီတာမင် K2(မန်နာကွီနှုန်း menaquinone) သည် အရိုးသန်မာမှုနှင့် သိပ်သည်းဆကောင်းစေရန်အတွက် ကယ်လ်ဆီယမ်ကို အရိုးနှင့် ပေါင်းစည်းရာတွင် ကူညီပေးသည်။ ထိုဗီတာမင်သည် သွေးကြောများအတွင်း နှလုံးရောဂါအထိ ဖြစ်လာစေနိုင်သော ပိုလျှံနေသည့် အဆီများကို ဖယ်ရှားရာတွင်လည်း အကူအညီပေးပါသည်။1, 2
ဖွံ့ဖြိုးမှုတွင် ဗီတာမင် K2 က ထောက်ပံ့ပေးပုံ
ဗီတာမင် K2 သည် ကယ်လ်ဆီယမ်ကို အရိုးနှင့် ပေါင်းစည်းစေပြီး အရိုးများကို သန်မာလာစေရန်၊ သိပ်သည်းဆ တိုးလာစေရန်နှင့် ကြီးထွားမှု မြင့်တက်လာစေရန် အကူအညီပေးပါသည်။ အကြောင်းမှာ အရိုးတွင်ပါဝင်သော အဓိက ပရိုတိန်းဖြစ်သည့် အိုစတီရိုကယ်လ်ဆင် သည် အလုပ်လုပ်ရန်အတွက် ဗီတာမင် K2 အပေါ် မှုတည်နေသောကြောင့်ဖြစ်သည်။ အသင့်ထုပ်ပိုးပြီးသား မုန့်များကို အများဆုံးစားသုံးသော ကလေးသည် ဗီတာမင် K2 ချို့တည့်မှုဖြစ်ရန် ပမာဏအများဆုံးသောသူများ ဖြစ်ကြသည်။ အကြောင်းမှာ ထိုကဲ့သို့သော အစားအစာများသည် အရသာကောင်းသော်လည်း အရေးပါသော အာဟာရများ မပါဝင်သောကြောင့်ဖြစ်သည်။ အကယ်၍ ကယ်လ်ဆီယမ်ဓာတ်သည် အရိုးအတွက်အထောက်အကူဖြစ်စေရန် ပေါင်းစည်း၍မရသောအခါ ကလေးများတွင် အရိုးပွရောဂါ (အရိုးအားနည်းခြင်းနှင့် ကျိုးလွယ်ခြင်း)နှင့် ကြီးထွားမှု တန့်သွားခြင်းတို့ ဖြစ်စေနိုင်ပါသည်။3, 4
ကလေးတစ်ဦးအတွက် ဗီတာမင် K2 ပမာဏ မည်မျှလိုအပ်သနည်း
ဂေါ်ဖီထုပ်၊ ဟင်းနုနယ်ရွက်နှင့် အစိမ်းရင့်ရောင် အရွက်သုပ်များ သို့မဟုတ် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ ပြည့်စုံလုံလောက်စွာပါဝင်သော စားသောက်မှုပုံစံတစ်ခုသည် ကလေးတစ်ဦးကို လုံလောက်သည့် ဗီတာမင် K ပမာဏရရှိစေရန် ထောက်ပံ့ပေးနိုင်ပါသည်။ ဟင်းရွက်ဆီများ (ပဲ၊ (canola) ကာနိုလာ၊ သံလွင်၊ ပြောင်းဖူး) နှင့် မာဂျယ်ရင်း များသည် ဗီတာမင် K ရရှိနိုင်သည့် ကောင်းမွန်သော အရင်းမြစ်များဖြစ်သည်။ ကိန်းဂဏန်းများအရ ကလေးတစ်ဦး၏ အသက်၊ ခန္ဓာကိုယ်အရွယ်အစား၊ ကျား/မ ပေါ် မူတည်၍ ကလေးတစ်ဦးသည် ဗီတာမင် K ပမာဏ ၃၀ မှ ၅၅ micrograms ကြား နေ့စဉ် ရရှိရန် လိုအပ်မည် ဖြစ်သည်။3 ဗီတာမင် K2 ရရှိရန်အတွက် အနီရောင်အသားများ၊ ချိစ့်များ နှင့် ဥများ သို့မဟုတ် အခြား တိရိစ္ဆာန်ထွက် ပစ္စည်းများသည် အကောင်းဆုံးသော အရင်းမြစ်များဖြစ်သည်။3, 4
အာဟာရဓာတ်သည် လိုချင်သည်ထက် လိုအပ်သည့်အပေါ်တွင် အမြဲအခြေပြုထားပါသည်။ သင်သည် အရိုးအတွက် ကယ်လ်ဆီယမ်ကို ပို၍ လိုချင်သော်လည်း ထိုကယ်လ်ဆီယမ်ဓာတ်သည် အရိုးနှင့် ပေါင်းစည်းရန်အတွက် ဗီတာမင် K2 ကိုလိုအပ်ပါသည်။ သင်သည် သင့်ကလေး စားသော အစားအစာများ၏ အရည်အသွေးကို ထိန်းချုပ်ထားသော်လည်း အစားအစာဖြင့်ထောက်ပံ့ခြင်းသည် ကန့်သတ်ချက်ရှိနေမည်ကို စိုးရိမ်ပါက Pediasure 3+ ကဲ့သို့သော ပြည့်ဝမျှတသည့် ကလေးအာဟာရဓာတ် ဖြည့်စွက်စာမှ အကူအညီပေးနိုင်ပါသည်။5 အမှုန့်ပုံစံဖြင့်ပါ ရရှိနိုင်သော Pediasure 3+သည် ပါဝင်သော အာဟာရဓာတ် ၃၇မျိုးထဲတွင် အာဂျင်နင်း၊ သဘာဝ ဗီတာမင် K2 တို့ကို အားဖြည့်ပေးထားသောကြောင့် သင့်ကလေး၏ အရပ်ကို အမြင့်ဆုံးအထိ ရှည်လာစေရန်အတွက် အထောက်အကူပြုပေးပါသည်။7 ကလေးများအကြိုက် စတော်ဘယ်ရီအရသာနှင့် ဗနီလာ အရသာတို့အပြင် သကြားမပါသော ပုံစံအသစ်ဖြင့်ပါ ရရှိနိုင်ပါသည်။ တက်ကြွစွာနေတတ်သော ကလေးများအတွက် အာဟာရဓာတ် လိုလာပါက အသင့်သောက်သုံးနိုင်သော ပုံစံဖြင့် ထုတ်လုပ်ထားသော Pediasure RPB သည် သရေစာ မုန့်အစားထိုး အနေဖြင့် အလွယ်တကူ သောက်သုံးနိုင်ပါသည်။ နမူနာရယူရန်အတွက် Pediasure Myanmar သို့ ယနေ့ပဲ လာရောက် စာရင်းပေးသွင်းလိုက်ပါ။
References:
- https://thehealthyrd.com/5-reasons-why-kids-need-a-vitamin-k2-supplement/
- https://www.nutritionaloutlook.com/view/new-review-highlights-importance-of-vitamin-k2-for-children
- https://thenourishedchild.com/vitamin-k-kids/
- https://www.naturalproductsinsider.com/womens-health/vitamin-k2-child-development-why-it-should-be-included-prenatal-childrens
- https://pediasuremyanmar.com/pediasure-overview/
- https://pediasuremyanmar.com/available-products/
- Alarcon PA, et al. Clin Pediatr (Phila). 2003