သင်၏ကလေး အရွယ်ရောက်လာသည့် လက္ခဏာများ
သင်၏ကလေး အရွယ်ရောက်လာသည့် လက္ခဏာများ
ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု သို့မဟုတ် ဉာဏ်ရည်ဖွံ့ဖြိုးမှုသည် မိန်းကလေးများတွင် အသက် ၁၀နှစ်မှ ၁၄ နှစ် အတွင်းဖြစ်ပေါ်တတ်ပြီး ယောက်ျားလေးများတွင် ၁၂နှစ်မှ ၁၆နှစ်အတွင်း ဖြစ်ပေါ်တတ်ပါသည်။ ထိုကဲ့သို့သော ဖွံ့ဖြိုးမှုများသည် ၂၄လမှ ၃၆လအတွင်း တိုးပွားလာတတ်သည်။ ထိုအခြေအနေများကြောင့် သင်မသိလိုက်သော အချိန်အတွင်း သင်၏မျက်စိထဲတွင် ကလေးဟုမြင်နေသော အဖိုးတန် ကလေးလေးသည် အရွယ်ရောက်သွားနေပြီဖြစ်သည်။ သင့်ကလေး၏ဆရာဝန်သည် ကလေး၏ကြီးထွားဖွံ့ဖြိုးမှုနှုန်းကို တိုင်းတာနိုင်သော မှန်ကန်သည့် ကိရိယာများကို ပေးနိုင်မည်ဖြစ်သော်လည်း ကလေး၏ ဆာလောင်ခြင်းကြောင့် နာကျင်မှုများ၊ ကိုယ်အလေးချိန် အတတ်အကျဖြစ်ခြင်းများနှင့် အိပ်ချိန်ပြောင်းလဲခြင်းများသည် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကိုဖော်ပြ နိုင်သော လက္ခဏာရပ်များ ဖြစ်သည်ကို သင်သိပါသလား။ အထက်ပါ အချက်များအပြင် ကောင်းမွန်သောအထောက်အပံ့ ဖြစ်စေရန်အတွက် အစားအစာများနှင့် ဖြည့်စွက်စာများ (ဥပမာ – Pediasure) ကိုအသုံးပြုထားသည့် လွယ်ကူရိုးရှင်းသော အာဟာရဖြည့် နည်းလမ်းများကိုပါ လေ့လာနိုင်ရန် ဆက်လက်ဖတ်ရှုပေးပါ။1, 5, 6
ဆာလောင်ခြင်းသည် လွယ်ကူစွာမြင်နိုင်သော လက္ခဏာတစ်ရပ်ဖြစ်သည်။
ရိုးရှင်းစွာဆိုရလျှင် မည်သည့်အရာမဆို လှုပ်ရှားရန် သို့မဟုတ် ကြီးထွားရန်အတွက် တစ်နေရာရာမှ စွမ်းအင် ရယူရန် လိုအပ်သည်။ ထိုအချက်သည် ကြီးထွားဖွံ့ဖြိုးမှုအတွက်ဆိုလျှင် အထူးတလည် အရေးပါသည်။ ကလေး ဘဝ၏ ပထမဆုံး ၅နှစ်မှ ၁၀နှစ်တာအတွင်း ဆာလောင်မှုကို ပြင်းပြင်းထန်ထန် ခံစားရလိမ့်မည်။ သင့်ကို အဆာပြေမုန့်များပို၍တောင်းလာခြင်း သို့မဟုတ် အစားပိုတောင်းလာခြင်းများကို သင်သတိထားမိပါက ထိုအချက်များသည် ကြီးထွားဖွံ့ဖြိုးမှုကိုပြသော လက္ခဏာဖြစ်နေနိုင်ပါသည်။ ထိုအစားအစာများသည် ကယ်လိုရီကို တိုးစေခြင်း သို့မဟုတ် ခဏတာ အဆာပြေစေခြင်းတို့ကိုသာ ပေးစွမ်းနိုင်သော်လည်း ကျန်းမာရေးနှင့်ညီသော မုန့်များနှင့် အသင့်စား အစားအစာများကို ပမာဏတစ်ခုအထိသာ ကျွေးရန်မှာ သင့်တာဝန်သာဖြစ်သည်။ အသင့်ထုတ်လုပ်ထားသော အစားအစာများသည် ကယ်လိုရီမပါဝင်ခြင်း ပြုပြင်ထားသော ကစီဓာတ်များပါဝင်ခြင်းနှင့် သဘာဝအစားအစာများတွင်တွေ့နိုင်သော အာဟာရဓာတ်အနည်းငယ်သာ ဖြည့်စွက်ထားခြင်းဖြစ်သည်။ 1, 2, 4
အလေးချိန် တက်ခြင်း သို့မဟုတ် ကျခြင်း
ကြီးထွားလာသော အရိုးအလေးချိန်၊ ကြွက်သား သိပ်သည်းမှု၊ အဆီများလာနိုင်ခြင်းတို့ကြောင့် ကလေး၏ ခန္ဓာကိုယ်အလေးချိန် များလာခြင်းသည် ပုံမှန်သာဖြစ်သည်။ ဝဖြိုးသောကလေးများသည် အမြင်အရ ချစ်စရာကောင်းသော်လည်း အလွယ်တကူ အဝလွန်တတ်သောကြောင့် သတိထားသင့်ပါသည်။ ကလေးများတွင် အဝလွန်ခြင်းသည် အသက်ကြီးသောအခါ နှလုံး၊ ကိုလက်စထရောတို့နှင့် သက်ဆိုင်သည့်ရောဂါများဖြစ်နိုင်သည့်အပြင် ခန္ဓာကိုယ်အချိုးအစားမလှပခြင်းလည်း ဖြစ်နိုင်ပါသည်။ ခန္ဓာကိုယ်အချိုးအစားပြဿနာများသည် ကလေးများ၏ လူမှုကွန်ရက်အသုံးပြုမှုတွင် အတွေ့များတတ်ပါသည်။ အတုယူလွယ်တတ်သော အသက်အရွယ်အတွင်း အစားအသောက် မှန်ကန်စေရန်၊ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ရန် နှင့် တစ်ဦးနှင့်တစ်ဦး ခန္ဓာကိုယ်ဖွံ့ဖြိုးပုံ မတူညီကြောင်း မှန်ကန်သောပုံစံဖြင့် လမ်းပြပေးသင့်ပါသည်။1, 4
အိပ်ချိန်ဇယား
ကျန်းမာရေးကောင်းခြင်း၊ ပြုပြင်ခြင်းနှင့်ကြီးထွားခြင်း စသည့် ခန္ဓာကိုယ်ဇီဝဖြစ်စဉ် လုပ်ဆောင်ချက်အများစုသည် အိပ်နေချိန်ကာလအတွင်း ဖြစ်ပေါ်သည်။ ခန္ဓာကိုယ်ကြီးထွားခြင်းစက်ဝန်းကို ဖြတ်သန်းနေသည့် အချိန်အတွင်း ကလေးသည် ပင်ပန်းခြင်းကို ခံစားရလိမ့်မည်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုသည် နှစ်အစောပိုင်းတွင် အကြိမ်ရေများစွာ ဖြစ်ပွားတတ်သောကြောင့် ကလေးများသည် မကြာခဏ အိပ်ငိုက်တတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော ဟော်မုန်းဓာတ်သည် ညဘက်တွင် အမြောက်အများ ထွက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၅နှစ်အရွယ် ကလေးတစ်ယောက်ကို တစ်ညလျှင် အိပ်စက်ချိန် ၁၀နာရီမှ ၁၃နာရီအတွင်းရှိအောင် လုပ်ရမည်ဖြစ်ပြီး အသက် ၆နှစ်မှ ၁၃နှစ်အတွင်း ရောက်လာသည့်အခါ တစ်ညလျှင် အိပ်စက်ချိန် ၉နာရီမှ ၁၁နာရီအထိ ထားရှိပေးရမည် ဖြစ်ပါသည်။1, 3
ပံ့ပိုးမှုပေးနည်း
အာဟာရ သဘောတရားအရ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများမှ ဗီတာမင်၊ ထုံးဓာတ်၊ ဖော့စဖရတ်၊ အာဂျင်နင်း များကိုရရှိနိုင်ပြီး အစေ့အဆံများတွင် ကျန်းမာစေသောကစီဓာတ်များမှရသော စွမ်းအင်များနှင့် အမျှင်ဓာတ်များကို ရရှိနိုင်ပါသည်။ သီချင်းနားထောင်ခြင်းကို အားပေးခြင်း၊ မိသားစုပွဲများ ပြုလုပ်ခြင်း၊ အိမ်ပြင်ထွက်ပြီး သဘာဝကိုခံစားခြင်းများကို ကိုယ်တိုင်ဦးဆောင်၍ လုပ်ပေးခြင်းသည် ကလေးတွေ၏စိတ်ကို မြှင့်တင်သည့်အပြင် လူမှုရေးသောကများကိုပါ လျော့ပါးစေသည်။ အစားအစာတစ်ခုတည်းနှင့်မလုံလောက်ဖြစ်မည်ကို စိုးရိမ်နေသည့် မိဘတွေအတွက် Pediasure ကဲ့သို့သော အာဟာရဓာတ် ၃၇မျိုးဖြင့် သင့်တင့်မျှတစွာ ပေါင်းစပ်ပြုလုပ်ထားသည့် ဖြည့်စွက်စာများ ရှိပါသည်။ ပရိုတိန်း ၃ဆ ပါဝင်သော ထူးခြားသည့် ဓာတ်ပေါင်း၊ ကျန်းမာရေးနှင့်ကိုက်ညီသော အာမီနို အက်စစ်၊ အလွယ်တကူ ကြေညက်နိုင်စေသော အရသာတို့အပြင် ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါသော ကယ်လ်ဆီယမ်၊ ဗီတာမင် ဒီ၊ ဗီတာမင် ကေ၊ ဖော့စဖရတ်တို့ဖြင့် ပေါင်းစပ်ပြုလုပ်ထားပါသည်။ သင့်ကလေး စတင်ဖွံ့ဖြိုးသော နှစ်အပိုင်းအခြားသည် အရေးပါပြီး သင့်တင့်မျှတသော အာဟာရဓာတ်ဖြင့် ပံ့ပိုးပေးရန် အလွန်အရေးကြီးပါသည်။1, 5, 6
References:
- https://www.nutritionnews.abbott/pregnancy-childhood/kids-growth/6-signs-your-kid-is-having-a-growth-spurt/
- https://pediasure.com/child-development-nutrition/5-food-groups-kids?utm_campaign=new-abbott-nutrition-news-links&utm_medium=tag-referral&utm_source=new-nutritionnews-abbott&utm_content=new-6-signs-your-kid-is-having-a-growth-spurt&utm_term=variety-of-healthy-foods-and-nutrients
- https://www.sleepfoundation.org/how-sleep-works/how-much-sleep-do-we-really-need
- https://nurtureandthriveblog.com/signs-of-a-growth-spurt-in-childhood/
- https://abbottfamily.com.sg/products/page/pediasure
- https://pediasuremyanmar.com/formulation-support/
Additional Readings: